======

နာမည္ဆိုးႏွင့္ ေက်ာ္ၾကားသူ နန္းမေတာ္မယ္နု ရာဇဝင္

မယ္ႏု ကို တင္လာေသာ လွည္းပေတာင္းျမည္သံ ကို ၾကားေသာ္ အနီးရွိ ဘုန္းႀကီးေက်ာင္းေခြး မ်ား အူၾက သည္မွာ ကံၾကမၼာဆိုး အတြက္ ျမည္သံမ်ား ျဖစ္ေနသည္။ ေတာင္သမန္အင္းေရျပင္ အနီး သို႔ေရာက္ေသာ္ အာဏာ ပကြက္သား တို႔သည္ နန္းမေတာ္ မယ္ႏု အား...

နန္းမေတာ္ မယ္ႏု ဟုဆိုလိုက္သည္ႏွင့္ တိုင္းျပည္ “ခိုက္” ေသာေျမးအဖြား (၃) ဆက္ (ပထမအဂၤလိပ္-ျမန္မာ စစ္ရႈံးသူ မယ္ႏု ၊သူ႔သမီး ဆင္ျဖဴမရွင္ ‘နန္းတြင္း အာဏာလုပ ြဲအတြက္ မင္းတုန္းမင္း ၏ သားေတာ္(40)ေက်ာ္ကို သတ္ ကာ သီေပါမင္း ကို သူ႔ သမီး စုဖုရားလတ္ႏွင့္လက္ထပ္ေပးသူ၊ ေျမးမေတာ္ စုဖုရား လတ္ သီေပါမင္းကိုေက်ာ္ ၍ အမိန္႔ မနာခံေသာ) ဟု နာမည္ဆိုးႏွင့္ ေက်ာ္ၾကားသူ အျဖစ္သိၾကသလို အင္းဝရွိ မယ္ႏုအုဋ္ေက်ာင္းကိုလည္း ျမင္ေယာင္မိၾကမည္ျဖစ္ ပါသည္။ဟုတ္ပါသည္ မယ္ႏု သည္ မဟာေအာင္ေျမဘုံစံ မယ္ႏု အုဋ္ေက်ာင္းႀကီး၏ ဒကာမျဖစ္သလို သူမ ဘဝ၏ အံ့ဖြယ ္အတိတ္ကံ အက်ိဳးေပး၊ ပင္ကိုယ္ စိတ္ထက္ျမက္ ႂကြပ္ဆတ္မႈ ၊အတၱႀကီးၿပီး အေၾကာက္တရား ကင္းမႈ၊ ဆင္ျခင္တုံတရား နည္းၿပီး တဇြတ္ထိုးႏိုင္မႈ တို႔က သူမ ကို အထြဋ္ အထိပ္သို႔ ေရာက္ရွိေစခဲ့သည္။
 နန္းမေတာ ္မယ္ႏု သည္ ဖလံခုံရြာ ဇာတိေထာင္မႉး သီဟေက်ာ္စြာဘြဲ႕ခံ ဦးလႈပ္ႏွင့္ေဒၚငယ ္တို႕မွ 18.June.1783 အင္းဝျမိဳ႕၌ ေမြးဖြားသည္။ ေမြးခ်င္းႏွစ္ေယာက ္ရွိျပီးက်န္ တစ္ေယာက္မွာ ေမာင္အိုျဖစ္သည္။ မယ္ႏ ုသည္ ေရႊလင္ဗန္းႏွင့္ အခ်င္းေဆးေသာ ေတာ္ဝင ္မ်ိဳးရိုး မဟုတ္ သာမာန္ အရပ္သ ူတစ္ဦးသာ ျဖစ္ေသာ္လည္း သူမ ဘဝတြင္ ထူးဆန္းမႈႀကီးႀကီး မားမား (2) ႀကိမ္ၾကဳံ ေတြ႕ခဲ့သည္။မယ္ႏ ုငယ္စဥ္ က အိမ္မ ွလူၾကီး မိဘ မ်ားႏွင့္ တရြာမွ တရြာသို႕သြားလာရာ လမ္းဇရပ္ တစ္ခု၌ အိပ္ၾက သည္။
မယ္ႏု က ထမင္းခ်က ္တာဝန္ ယူ၍ ခ်က္ျပဳတ္ရာ မနက္ မိုးလင္းေသာ အခါ မယ္ႏု ထမင္းခ်က္ ခဲ့ေသာေနရာ ၌ မိႈပြင့္ၾကီး တစ္ပြင့္ ေပါက္လာရာ လူၾကီးမ်ား က အံ့ဘြယ္ နိမိတ္ေကာင္းဟု မွတ္ယူၾက သည္။ မယ္ႏု အသက္ ၁၂ႏွစ္ သမီးအရြယ္ ျမစ္ဆိပ ္၌ ေရခ်ိဳးခ်ိန္ တြင္ သူမ၏ အနီေရာင္ေရလဲ လုံခ်ည္ကို စြန္ရဲ တစ္ေကာင္မွ ခ်ီယူ သြားျပီး အမရပူရ နန္းေတာ္အတြင္းရွိ မိဖုရားမ်ား စံပယ္ရာ ေတာင္နန္းေဆာင္ အမိုး ၌ခ်ထားခဲ့သည္။ ဘိုးေတာ္ဘုရား က လုံခ်ည္ ပိုင္ရွင္ကို ရွာေဖ ြစစ္ေဆးေဖာ္ထုတ္ကာ မယ္ႏု ကို ေတာင္နန္း အပ်ိဳေတာ္ အျဖစ္ ခန္႕ထားလိုက္ ရာမွ အ႐ႈပ္ေတာ္ပုံ ဖန္တီးမည့္ အဓိကဇာတ္ေကာင္ ကို ေခၚမိသည့္ အမွားႀကီးတစ္ခု ဘိုးေတာ္ဘုရား ျပဳလုပ္မိသြားသည္။ ကုန္းေဘာင္ မင္းဆက္တြင္ နန္းသက္ အရွည္ဆုံး ဘိုးေတာ္ဘုရား သည္ (37) ႏွစ္ၾကာ နန္းစံၿပီး ဘႀကီးေတာ ္စစ္ကိုင္းမင္း ကို အိမ္ေရွ႔အရာ အပ္ႏွင္းၿပီး ညီေတာ္ သာယာဝတီ မင္းသား ကို ဒုတိယႏွင့္ ဘႀကီးေတာ ္၏ သားေတာ္ စၾကာမင္းသားေလး ကို တတိယ နန္းလ်ာထားသည္။ ဘႀကီးေတာ္ မွာ အိမ္ေရွ႕မင္း ရာထူးသာ ရွိေသးျပီး မိဖုရား ေခါင္ၾကီး မွာ ဆင္ျဖဳရွင္မယ္ျဖစ္သည္။
ဆင္ျဖဴမယ္ သည္ စၾကာမင္းသားေလး ကိုေမြးၿပီး ၁ ပတ္ အၾကာ 1812 ေအာက္တိုဘာလတြင္ ကြယ္လြန္ေလသည္။ မယ္ႏုသည္ စက္စက္ယိုေအာင္ လွသူဟု မဆိုႏိုင္သည့္တိုင္ ပကတ ိရုပ္ရည္ကား တည္ၾကည္သည္။ အေျပာခ်ိဳ ၍ ကိုယ္ေနဟန ္အခ်ိဳးက်ကာ သြယ္လ်ေက်ာ့ရွင္းၿပီး သူမ၏ နန္းမူရာမွာ နန္းတြင္းသူမ်ား အတုယူရသည ္အထိ မဟာဆန္သည္။ ေယာက်ာ္းတကာ တို႔ ႏွစ္သက ္ခံရၿပီး ထိုအထဲတြင ္အိမ္ေရွ႔ မင္း ဘႀကီးေတာ္ လည္းပါဝင္သည္။အမရပူရ နန္းတြင္း၌ အိမ္ေရွ႕မင္းအား မယ္ႏုထက္ မဟာဆီ မဟာေသြး အခ်င္းခ်င္း အိမ္ေထာင္ ျပဳေစ လိုဤ “လူမွာ အမ်ိဳး ၾကက္မွာ အရိုး” ဟု ဘႀကီးေတာ္ကို သတိေပးသည္။ မယ္ႏု ကလည္း “လူမွာ အခ်စ္ ၾကက္မွာ အျမစ္” ဟုေခ်ပကာ ဘႀကီးေတာ္ကို ရေအာင္ သိမ္းသြင္းခဲ့သည္။ ဘိုးေတာ္ဘုရား လြန္ေသာ္ ဘႀကီးေတာ္သည္ 1819 ဇြန္လ (5) ရက္တြင္ နန္းတက္ကာ (1823) ၿမိဳ႕ေတာ္ ကို အမရပူရ မွ အင္းဝသို႔ေရႊ႕သည္။ဘႀကီးေတာ္သည္ ခပ္ေအးေအးေနတတ္သလို မယ္ႏုကို အလြန ္ခ်စ္သျဖင့္ အဂၢမေဟသီ ေတာင္ညာစံ မိဘုရားေခါင္ေျမာက္ေလသည္။မယ္ႏုသည ္ပင္ကိုယ္ ထက္ျမက္သ ူပီပီ နန္းတြင္း တစ္ခုလုံး အေရးသာမက တိုင္းေရးျပည္ေရးကို စိတ္တိုင္းက် ခ်ယ္လွယ္ေတာ့သည္။နန္းတြင္းမ ွာလဲ အမ်ိဳးနိမ့္သူ မိဖုရားေခါင္ျဖစ္လာၿပီး ဓားထက္၍သာ ေၾကာက္ရသည္ မည္သူကမွ မယ္ႏ ုကို မၾကည္ျဖဴၾကေခ်။ ယခင္ ဘုရင္ႏွင့္ မိဘုရား ရာဇပလႅင္ေပၚ အတ ူမထိုင္ေသာ္လည္း မယ္ႏု သည္ ထို အစဥ္အလာ ကို ဖ်က္ကာ အတူထိုင္သျဖင့္ တရုတ္သံမႉးမ်ား အံ့အားသင့္ၾကသည္။ 1819 တြင္ မယ္ႏ ုသည္ သူ႕ေမာင္အရင္း ျဖစ္တဲ့ ေမာင္အို ကို စလင္းျမိဳ႕ကို စားေစျပီး နန္းေတာ္တြင္း သူမ ၏ အာဏာစက္ ကို ခိုင္မာေအာင္ တည္ေထာင္သည္။
ထို႔အျပင္ေမာင္အ ိုအား သတိုးဓမၼရာဇာ ဘြဲ႕ ခ်ီးျမင့္ လိုက္သလို ဘၾကီးေတာ္ ကလည္း သူ႕ေယာက္ဖ အားေျမႇာက္စားသည့္ အေနျဖင့္ ထိပ္တန္း မင္းညီ မင္းသား စာရင္းသြင္းကာ၊ လႊတ္ေတာ္တက္ခြင့္ ေပး သည့္အျပင္ ေရႊထီး ရွစ္ခ်က္မိုး ခစားခြင့္ေပးသျဖင့္ေမာင္အို သည္ နားထင္ ေသြးေရာက္သြားေလသည္။ ေရွးေခတ္က မင္းသားမ်ား ၏ အဆင့္အတန္း ကို ထီးေဆာင္း အေရအတြက္ အနည္း အမ်ားျဖင့္ ခြဲျခားေလ့ ရွိသည္။ ညီေတာ္ သာယာဝတီမ င္းပင္ ထီးဆယ္ခ်က ္သာ မိုးခြင့္ ရွိ၍ေယာက္ဖေတာ္ ေမာင္အို သည္ ညီေတာ္အိမ္ေရွ႕မင္းထက္ မဆို သေလာက္သာ နိမ့္သည့္သေဘာ သက္ေရာက္ေစသည္။ ေန႕ခ်င္း ညခ်င္း ေမာင္အို တန္ခိုးထြားလာသျဖင့္ ကုန္းေဘာင္ မ်ိဳးဆက္ ကို အျပဳတ္ျဖဳတ္ျပီး သူကိုယ္တိုင္ ဘုရင္ လုပ္ရန္ ၾကံေလေတာ့သည္။ထို႔ေၾကာင့္ နန္းတြင္း အားၿပိဳင္မႈ (3) စု ကြဲေပၚေပါက္လာသည္။(1) ႏိုင္ငံေရး အာဏာပိုင္ဆိုင္ေသာေမာင္အိုႏွင့္ မယ္ႏုက တစ္ဖြဲ႕(2) သူတို႔၏ မဟာၿပိဳင္ဘက္ မ်ားတြင္ဘၾကီးေတာ္ မင္းျပီးေနာက္ နန္းညြန္႕ နန္းလ်ာ ဆက္ခ ံဖို႕ အခြင့္ အေရး ရွိသူ သာယာဝတီမင္း သည္ ထိပ္ဆုံးျဖစ္သည္။
 သူ ကိုယ္တိုင္ လက္ရုံးရည္ႏွင့္ျပည့္စုံ သလို ေနာက္ လိုက္ အင္အားေကာင္း မ်ားစြာ ပိုင္ဆိုင္ထားသည္။(3) စၾကာမင္းသားေခၚ ေညာင္ရမ္းမင္းသားေလး သည္ ေမြးဖြားစဥ္ က စၾကဝေတးမင္း တို႕ ဘုန္းၾကီးသည့္ လကၡဏာ ရပ္မ်ားျဖစ္ၾကေသာ ဥကၠာပ်ံ ငလ်င္လႈပ္ ေတာ္လဲျမည္ျခင္း ၊လက္၀ါးမ်ားတြင ္ခရုပတ္ႏွင့္ မွဲ႕ရွင္ မ်ား ထူးျခား ထင္ရွားစြာေတြ႕ရျခင္း၊ အခ်င္း စလြယ္သိုင္းျခင္း၊ ခုနစ္ရက္ ရလွ်င္ မယ္ေတာ္ ကြယ္လြန္၍ ဖြားဖက္ေတာ္ ခုနစ္ဦးလည္းေပၚျခင္း၊ ရုပ္ရည္ အင္မတန္ ေခ်ာေမာလွပ၍ နန္းတြင္းသူ နန္းတြင္းသားမ်ား ၊ တိုင္းသူျပည္သားမ်ား က အလြန္ ခ်စ္ခင္ႏွစ္သက္ၾကသည့္ လူထု အင္အား ကို ပိုင္ဆိုင္ေသာ ဘႀကီးေတာ္ ၏ တစ္ဦးတည္းေသာ သား ျဖစ္သျဖင့္ ဘႀကီးေတာ္ က နန္းလႊဲ လိုသည္မွာေတြးၾကည့္ယုံျဖင့္ သိႏိုင္ပါ သည္။ ထို႔ေၾကာင့္ေမာင္အို သည္ စၾကာမင္းသားေလး နားထြင္းၿပီး အိမ္ေရွ႔အရာ အပ္ႏွင္းျခင္း ကိစၥကို အခ်ိန္ဆြဲ သည္။ အသက္ (20) က်မ ွနားထြင္းသည့္ တိုင္ ႏိုင္ငံေရး အာဏာကို မင္းသားေလး အား လႊဲမေပးခဲ့ေခ်။ မယ္ႏုႏွင့္ေမာင္အို သည္ ဘႀကီးေတာ္ႏွင့္ မယ္ႏု နန္းစံေသာ (18) ႏွစ္လုံးလုံး သာယာဝတီမင္း ကို အသ ိအမွတ္မျပဳ ခ်ယ္လွယ္ၿပီး ေနာင္ေတာ္ႏွင့္ေတြ႕ခြင့္ ပိတ္ပင္သည္။
 ထိုေခတ္က မယ္ႏုေၾကာက္ရသူ တစ္ဦး ရွိသည္ ထိုသူမွာ ဆရာေတာ ္ဦးဗုဓ္ျဖစ္သည္။ သကၠရာဇ္ 1822 ခုႏွစ္တြင္ ဘႀကီးေတာ္ႏွင့္ နန္းမေတာ္ မယ္ႏု တို႔ကေက်ာင္းေဆာက္ လုပ္ရာတြင္ ငါးႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ၿပီး သကၠရာဇ္ 1827 ခုႏွစ္တြင္ မဟာေအာင္ေျမဘံုစံ ဟု ကမၸည္း ထိုးကာ ေညာင္ကန္ ဆရာေတာ္ ဦးပို အား လွဴဒါန္းခဲ့သည္။ တစ္ႏွစ ္အၾကာတြင္ ဆရာေတာ္ ဦးပို ပ်ံလြန္ ေတာ္မူၿပီးေနာက္ ဒုတိယေညာင္ကန္ ဆရာေတာ္ ဦးဗုဓ္အား ထပ္မံ လွဴဒါန္းခဲ့သည္။ အုတ္ေက်ာင္း အက်ယ္အဝန္း မွာ အလ်ား 192 ေပ၊ အနံ 112 ေပ ႏွင့္ အျမင့္ 94 ေပရွိၿပီး ေက်ာင္း တည္ေဆာက္ ရာတြင္ ေငြက်ပ္ သံုးသိန္း ကုန္က်ေၾကာင္း၊ သကၠရာဇ္ 1838 ျပည့္ႏွစ္တြင္ ငလ်င္ ဒဏ္ေၾကာင့္ ၿပိဳက် ခဲ့ရာ နန္းမေတာ္ မယ္ႏု ၏ သမီးေတာ္ ဆင္ျဖဴမရွင္ က သကၠရာဇ္ 1872 ခုႏွစ္တြင္ ထပ္မံျပဳျပင္ခဲ့ေၾကာင္း မွတ္တမ္းမ်ား အရ သိရသည္။
 ေက်ာင္းႀကီး ကို အုတ္၊ အဂၤေတ တို႔ျဖင့္ မိဖုရား ေခါင္ႀကီး မယ္ႏု က တည္ေဆာက္ ခဲ့ေသာေၾကာင့္ မယ္ႏု အုတ္ေက်ာင္း ဟု ထင္ရွားခဲ့သည္။ ပညာရွင္မ်ား ၏ ဗိသုကာ လက္ရာ၊ ပန္းရန္ ႏွင့္ ပန္းတေမာ့ အႏုပညာ လက္ရာမ်ား ေက်ာင္းေဆာင္ႀကီး အတြင္းရွိ စႀကႍ ပတ္လမ္း ႏွင့္ အခန္း ဖြဲ႕စည္းပံုမ်ား၊ အဝင္ေပါက္ သစ္သား တံခါးမ်ား ကို ‘အသံ’ မ်ား ဖန္တီး တပ္ဆင္ပ ံုတို႔ေၾကာင့္ ခံ့ညား ထည္ဝါလွေသာ ေက်ာင္းႀကီးျဖစ္ သည္။ ဘႀကီးေတာ ္နန္းတက္ ဘိသိက္ မဂၤလာသြန္း အခမ္းအနား ဆင္ယင္ေသာ အခါ ၌ မဏိပူရေစာ္ဘြား မတက္ေရာက္ေခ်။ မဏိပူရေစာ္ဘြား ကို သင္ခန္းစာ ေပးရန္ လိုက္ဖမ္းရာ အဂၤလိပ္ ပိုင္နယ္ထ ဲအထိ ဝင္ေျပး သျဖင့္ အဂၤလိပ္တို႕ႏွင့္ နယ္စပ္ျပႆနာ’ၿငိ’လာ ရာမွ အဂၤလိပ္တို႔ (1824)တြင္ စစ္ေၾကညာသည္။ စစ္သူႀကီး မဟာဗႏၶဳလ သည္ ရခိုင္ တြင္ စခန္းခ်ကာ ျမဝတီမင္းႀကီး ဦးစ က ပန္းဝါ တြင္ အဂၤလိပ္တို႔ကို အႏိုင္ တိုက္သည္။ ျမန္မာ တပ္မ်ား ဘဂၤလားနယ္ အထိ ေရာက္ေန သျဖင့္ အဂၤလိပ္ဘုရင္ခံ ပင္ က်ီးလန္႔စာစားေနရသည္။ ဗႏၶဳလ သာ စစ္တေကာင္း ထိ တက္တိုက္၍ ဖိအားေပးခဲ့မည္ ဆိုလၽွင္ အဂၤလိပ္တို႔ ပ်ာယာခတ္သြားႏိုင္ သည္။ အဂၤလိပ္ တို႔သည္ ထို အေျခေနက ိုရိပ္စားမိသျဖင့္ ရန္ကုန္ ဖက္မ ွပတ္ဝင္၍ တန္ျပန္တိုက္ စစ္ ဆင္ေသာ ဗ်ဴဟာကို သုံးကာ စစ္မ်က္ႏွာေျပာင္းလိုက္ေလသည္။
ထိုအခ်ိန္ သာယာဝတီလို အဆင့္ျမင့္ မင္းသားက  ရန္ကုန္သို႔ ဆင္း၍ ကာကြယ္ရန ္သူစုေဆာင္း ထား သည့္ လူသူမ်ားႏွင့္ အဂၤလိပ္ စစ္သေဘၤာမ်ားကို ခုခံ တိုက္ခိုက္ လိုေၾကာင္း တင္ျပသည္။ ဘႀကီးေတာ္ ကလည္း သေဘာတူ ကာ အျမန္ေစလႊတ္ခ်င္ေသာ္လည္း ၿပိဳင္ဘက္ စလင္း မင္းသား ၾကီး ေမာင္အိုႏွင့္ မႉးမတ္ မ်ားက သာယာဝတီ မင္းသားအား လက္နက္ ဆင္၍ လႊတ္လိုက္လွ်င္ ပုန္ကန္ လိမ့္ မည္ဟု ကန္႔ကြက္ကာ ႏိုင္ငံ့ အေရးေတာ္ထက္ အာဏာ ရရွိ လိုေသာ ပုဂၢိဳလ္ေရး ကို ဦးစားေပးခဲ့သည္မွာ စိတ္ပ်က္ စရာျဖစ္ ေလသည္။ဘႀကီးေတာ္လည္း အရိပ္ ကို ရန္သူထင္၍ ေနာက္ဆုံး တြင္ မဟာဗႏၵဳလ ျပန္လာသည္ အထိ ေစာင့္ျပီးမွ သြားေရာက္ တိုက္ရန္ အမိန္႕ခ်လိုက္ေလသည္။ ထို႔ေၾကာင့္ ရခိုင္မ ွျပန္လာမည့္ ဗႏၵဳလ ကို ေစာင့္ရင္း ၅လ အထိ ၾကာသြား သျဖင့္ ထိုအခ်ိန္တြင္ အဂၤလိပ္တို႕ ကလည္း ေရႊတိဂုံ ကုန္းေတာ္ တစ္ဝိုက္ကို အခိုင္အမာ တပ္စြဲ ၍ အသာစီး ရသြားေတာ့သည္။ သာယာဝတီမင္း ၏ တပ္မ်ားသည္ ရန္ကုန္သို႔ ခ်ီ၍ က်ိဳက္ကလို႔ တြင္ တပ္ခ်ထားသည္။ အဂၤလိပ္ တို႔က သာယာဝတီ ၏ တပ္က ိုဝိုင္းတိုက္ေသာ္လည္း အႏိုင္ မရခဲ့ေခ်။

သာယာဝတီ မင္းသားၾကီးက အေျခအေန ရိပ္စား မိသျဖင့္ ေစာေစာစီးစီး စစ္ေျပျငိမ္းရန္ တင္ျပေသာ္လည္း ေမာင္အို၊ မယ္ႏု တို႕မွ လက္မခံပဲ စစ္ကို သာ ထပ္တိုး တိုက္သည္။ ဗႏၵဳလ ဓႏုျဖဴ တြင္ က်သြားသျဖင့္ အဂၤလိပ္ တပ္ေတြလည္း ေနျပည္ေတာ္ႏွင့္ မိုင္ ၄၀ သာေဝးသည့္ ရႏၲပိုရြာ သို႕ေရာက္မွ စစ္ေျပျငိမ္းေရး စာခ်ဴပ္ခ်ဳပ္ရေတာ့၏။ နယ္ေျမဆုံး၊ စစ္သူႀကီးက်၊ စစ္ေလ်ာ္ေၾကးေငြ (1) ကုေဋပါေပးရမည ္ျဖစ္သျဖင့္ ဘႀကီးေတာ္ မွာ မေထြးႏိုင္ မအံႏိုင္ စိတ္ဓာတ္ က်လာကာ စိတ္က်ေရာဂါ ပါ ဝင္လာေလေတာ့သည္။ ေငြမရွိ သျဖင့္ မယ္ႏု က သူပိုင ္ပစၥည္းမ်ား ထုခြဲ၍ စစ္ေလ်ာ္ေၾကးေငြ ပထအရစ္ ကို ေပးေလသည္။ အုပ္ခ်ဳပ္ေရးပိုင္း ကို မကိုင္တြယ္ႏိုင္ေတာ့ပဲ အစစအရာရာ ကို မယ္ႏုႏွင့္ စလင္း မင္းသားၾကီးေမာင္အို တို႕ျဖင့္သာ လႊဲအပ ္ထားေလေတာ့သည္။ သူတို႔ေမာင္ႏွမ ကို သာယာဝတီ အျပင္ ျပည္သူ မ်ားက စုန္းမ ဟ ုစြပ္စြဲ သလို သူတို႔ ကလည္း သူခိုးဓားျပ လက္ခံ ဟုသ ာယာဝတီကို စြပ္စြဲသည္။ ေမာင္အို သည္ မိမိ ရဲ့ ဆူးေျငႇာင့္ ခလုတ္ျဖစ္ေသာ သာယာဝတီ မင္း ကို ရွင္းရန္ ဓားျပမႈျဖင့္ အမႈဆင္ကာ သာယာဝတီမင္း ၏ အိမ္ကို လူ (200) ျဖင့္ ဝိုင္းေလရာ သာယာဝတီ ဘက္မွ လူမ်ား ခုခံရင္း ဧရာဝတီျမစ ္ကို ကူး၍ ေရႊဘိုသ ို႔ထြက္ေျပး ေရွာင္တိမ္း သည္။ မယ္ႏု တို႔က ိုျပည္သူမ်ား မႏွစ္သက္ သျဖင့္ အာဏာ သည္ သာယာဝတီ ဘက္သို႔ အလိုလိုေရာက္ သြားသည္။လူသူစ ုေဆာင္းကာ 1837 ေဖေဖာ္ဝါရီ လ တြင္အင္းဝကို ဝိုင္းသည္။ ၂ လ အၾကာတြင္ ေအာင္ျမင္ျပီး ဘၾကီးေတာ္ စစ္ကိုင္းမင္း ကို နန္းခ် ကာ မယ္ႏ ုကို အက်ယ္ခ်ဳပ္ ေမာင္အို တို႕လူစု ကို ေထာင္ထဲ ပို႔ေလသည္။ အရာရာသည္ေန႔ခ်င္း ညခ်င္း ေျပာင္းလဲသြားသည္။
မယ္ႏုတို႔ အုပ္စ ုသည္ ပုန္ကန္သည့္ အေနျဖင့္ အဂၤလိပ္တို႕ကို စာလႊတ္ ဆက္သြယ္၍ အဂၤလိပ္တို႕ အလိုရွိ သမွ် အကုန္ေပးကာ ဘၾကီးေတာ္အား ျပန္လည္ နန္းတင္ေပးရန္ အကူညီေတာင္းေသာ္လည္း အဂၤလိပ္တို႕ က နန္းက် ဘုရင္အား ဘာ အေၾကာင္း မ ွမျပန္ေတာ့ေခ်။ သာယာဝတီမင္း သေဘာထားၾကီးစြာျဖင့္ ေကာင္းမြန္စြာ ထားေသာ္လည္း ေမာင္အို တို႕ ေနာက္လိုက ္မ်ားက ပုန္ကန္ၾကေသာေၾကာင့္ အမရပူရၿမိဳ႕ အက်ဥ္းေထာင ္၌ သကၠရာဇ္ 1840 ခုႏွစ္၊ ေမလတြင္ ကြပ္မ်က္လုိက္သည္။ ေနာက္ဆုံး သာယာဝတီမင္း သည္ 12 May 1840 တြင္မ ယ္ႏုအား ေသဒဏ္ ခ်မည္ကို မင္းမ်ိဳးမင္းႏြယ္ အျဖစ္ အသိအမွတ္ျပဳေပးသည့္ အေနျဖင့္ မဟာဆီ မဟာေသြး ေျမမက်ရေစရန္ ေရတြင္ေဖ်ာက္ဖ်က္ဖို႕ အမိန္႕ခ်သည္။ ဘုန္းရွင္ ကံရွင ္မယ္ႏု တစ္ေယာက္ ကံတရား ၏  မ်က္ႏွာသာေပးျခင္းကား ဤေန႔သည္ေနာက္ဆုံးေန႔ ျဖစ္ေလေတာ့သည္။ မယ္ႏ ုလည္း ေနာက္ဆုံး အေနျဖင့္ မိမ ိကိုးကြယ္သည့္ ဆရာေတာ္ဦးဗုဒ္ အား ဖူးေျမႇာ္ခြင့္ျပဳရန္ ျမိဳ႕ဝန္အား ခြင့္ေတာင္းရာ ခြင့္ျပဳေသာေၾကာင့္ ေညာင္ကန္ေက်ာင္း (ယခု မဟာမုနိဘုရားႀကီးအေရွ႔ဘက္)သို႕ ေရာက္ေအာင္ ပို႕ေဆာင္ေပးခဲ့သည္ ။

မယ္ႏုေက်ာင္းသို႕ေရာက္ေသာ အခါ ဆရာေတာ ္မွာ စာၾကည့္ေနသည္။ မယ္ႏု မွ ဆရာေတာ္အား ေနာက္ ဆုံး ဖူးေျမႇာ္ေအာင္ လာရျခင္းျဖစ္ေၾကာင္း ေလွ်ာက္ထားရာ ဆရာေတာ္ ဦးဗုဒ္ မွ ရာဇဝင္ တြင္မည့္တရားကို တိုတို တုတ္တုတ္ မိန္႔ေတာ္မူသည္။“မိႏု၊ သူ႕ေႂကြး ရွိရင္ ဆပ္ရလိမ္႔မည္” ဟု မိန္႔ဆိုလိုက္သည္။ မယ္ႏ ုလည္း ဦးခ်ျပီး ျပန္ဆင္း လာရာေလွ ကား အေရာက္တြင္ “ေတာ္ျပီ၊ ငါေသဝံ့ျပီ၊ ငါေသရဲျပီ၊ငါေသေပ်ာ္ျပီ၊ ဆရာေတာ္ ဘုရားကို ႏွစ္ေပါင္းမ်ားစြာ ကိုးကြယ္ လာတာ ဘယ္အခါမွ ငါ့နာမည္ တပ္၍ စကားမေျပာဖူးဘူး။ ဤကဲ့သို႕ စာၾကည့္ရာမွေန၍ ငါ့ဘက္သို႕ လွည့္၍ၾကည့္သည္ ဟူ၍လည္း မရွိ၊ သည္ကေန႕မွပဲ ငါ့ဘက္ လွည့္တယ္။ ငါ့နာမည္ကို ေခၚေတာ္ မူတယ္။ ေဟာလိုက္တဲ့ တရားကလည္း မိႏု၊ သူ႕ေႂကြးရွိရင္ ဆပ္ရလိမ္႔မည္တဲ့။ ေတာ္ျပီ၊ ေသလမ္းေျဖာင့္ျပီ၊ ငါ့ကိုဆရာေတာ္က ေသစရိတ္ေပးလိုက္ျပီ” ဟု ထပ္တလဲလဲေျပာကာ ဝမ္းေျမာက္ ဝမ္းသာစြာႏွင့္ပင္ အာဏာ ပါးကြက္သားတို႕၏ ေခၚေဆာင္ရာသို႔ ညိဳးငယ္ျခင္း မရွိဘဲ လိုက္ပါ သြား ေလေတာ့သည္။ ဗုဒ ၶတရားေတာ္ကို အတိုခ်ဳပ္ သေဘာေပါက္ေစ ေသာ သာဓကမ်ား အနက္ မယ္ႏု သည္ ပဥၥဝဂၢီ တို႔မွ အငယ္ဆုံး ရွင္အႆဇိ၏  “ေယဓမၼာ”ဂါထာ ကို သတိရမိသည္။ ဘုရားရွင ္၏ တရားဦး နာၿပီး ရွင္အႆဇိ ရာဇၿဂိဳလ္ျပည္ ရွင္သာရိပုတၱရာႏွင့္ေတြ႕၍ ရွင္သာရိပုတၱရာ မွ သူ႔အားေမးသည္မွာ....... ” ငါ့ရွင္ ၊ သင္ ၏ မ်က္စိ တို႔သည္ ၾကည္လင ္ကုန္၏ ၊ အေရ အဆင္းလည္း သန္႔ရွင္း စင္ၾကယ္ကုန္၏ သင္သည္ အဘယ္သူက ိုရည္၍ ရဟန္းျပဳသနည္း ၊ အဘယ္သူက သင္ ၏ ဆရာနည္း၊ အဘယ္သူ၏ တရားက ိုႏွစ္သက္ သနည္း”ရွင္အႆဇိတ က “ငါ့ရွင္ ၊ ငါသည္ အငယ္ သည္သာတည္း ၊ အဘိဓမၼာ ကို အက်ယ္အားျဖင့္ သင့္ အားေဟာၾကား အံ့ေသာငွာ မတတ္ႏိုင္။ အက်ဥ္း အားျဖင့္ ေသာ္ကား အနက္ကို ငါဆိုအံ့ ဟုဆိုကာ ေယဓမၼာဂါထာ ကို ေဟာေတာ္မူ၏။ အဓိပၸါယ္ကား......“အၾကင္ တရားတို႔သည္ အေၾကာင္းလၽွင္ အမွန္ရွိကုန္၏ ။ ထို အေၾကာင္း ကို ျမတ္စြာဘုရားေဟာ၏ ။ ထို အေၾကာင္းတရား တို႔ ခ်ဳပ္ၿငိမ္းရာလည္း ရွိ၏ ။ ထို ခ်ဳပ္ျခင္း ကိုလည္း ျမတ္စြာဘုရားေဟာ၏ ။
 ငါ၏ ဆရာ ရဟန္းႀကီးသည္ ဤသို႔ အယူဝါဒ ရွိ၏  ”မယ္ႏု သည္ ထိုဂ ါထာေတာ္က ိုခ်င့္ခ်ိန္ၿပီး သာယာဝတီမင္း အသက္ကို ရန္ရွာ ခဲ့၍ သူႏွင့္ ယွဥ္ၿပိဳင္ရာ သူ အႏိူင္ရသည္။ ရန္ကို ရန္ခ်င္း တုံ႔ျပန္ျခင္းက လမ္းေဟာင္း ကိုသာ ျပန္ေရာက္ေစသည္။ ဤ အေၾကာင္းတို႔ ခ်ဳပ္ၿငိမ္း ျခင္းကား ရန္ညိဳးရန္စ တို႔ကို သင္ပုန္းေခ်၍ သူ႔ အေပၚတင္ခဲ့ေသာ အေႂကြး ျမန္ျမန္ ဆပ္ကာ ေႂကြးၿမီ ကင္းရွင္းၿပီး ၿငိမ္းခ်မ္းေသာ ဘဝသစ္ကေလး တစ္ခု ထူေထာင္ႏိုင္ရန္ ျဖစ္ေၾကာင္း ကို နားလည္သြားခဲ့သည္။ သတၱဝါတိုင္း သူ႔ထိုက္ သူ႔ကံ ျဖစ္သည္ ဆိုလၽွင္ တနည္းအားျဖင့္ ငါ့ထိုက္ ငါ့ကံျဖစ္သည္ မဟုတ္ပါေလာ။ ဆရာေတာ္ က တရားကား သူမ အတြက္ေတာ့ အဖိုးတန္ဆုံး ေသစရိတ္ေပးလိုက္ျခင္းဟု သေဘာေပါက္ေသာေၾကာင့္ မယ္ႏ ုဝမ္းသာသြား ရွာသည္ ။ထိုေန႔ ေန႔လည္ပိုင္း တြင္ မယ္ႏု သည္ ဘႀကီးေတာ္အား ေနာက္ဆုံး သြားေရာက္ကန္ေတာ့ ႏႈတ္ဆက ္ခဲ့သည္။ ႏွစ္ေပါင္းမ်ားစြာဘဝ ၊ အသက္ ၊ ရာထူး စည္းစိမ္ ၊ ႏိုင္ငံေတာ္ အရာ အားလုံး သူပိုင္ဆိုင္ႏိုင္ သမၽွ ကိုေပး၍ ခ်စ္ခဲ့ေသာ ၾကင္ယာေတာ္ ဘႀကီးေတာ္ ၏ ေျခေတာ္ အစုံေပၚ မ်က္ႏွာအပ္ကာ မ်က္ရည္စက္ မ်ားစြာ ေျခ ဖမိုးေတာ္ေပၚ က်လ်က္ လက္အုပ္ခ်ီ ကန္ေတာ့ရင္း အေရာင္ မွိန္မွိန္ အေဆာင္ေရာင္မဲ့ သလြန္ထက္တြင္ ထိုင္ေနေသာ နန္းက်ဘုရင္ လင္ေတာ္ေမာင္အား........နန္းမေတာ္မယ္ႏု ။ ။ “ေမာင္ေတာ္ဘုရား ႏွမေတာ္ ဒီကေန႔ ဘဝ ေျပာင္းရေတာ့မွာျဖစ္လို႔ ေမာင္ေတာ္ ဘုရား ကိုေနာက္ဆုံး ႏႈတ္ဆက္ ရွိခိုးကန္ေတာ့ခဲ့ပါတယ္ဘုရား။ ေမာင္ေတာ္ မင္းတရား ရဲ႕ ဘုန္းရိပ္ကို ခိုလႈံ စံစားခဲ့တဲ့ ႏွစ္ကာလမ်ား အတြင္း ႏွမေတာ္ ဘက္က ျပဳမိမွား ခဲ့တဲ့ အျပစ္ ရွိခဲ့ပါရင္ ခြင့္လႊတ္ သနားေတာ ္မူပါဘုရား။”ဘႀကီးေတာ ္သည္ သလြန္ေပၚမွ နန္းမေတာ္မယ္ႏု ၏ ဆံ ေကသာ ကို လက္ျဖင့္ အသာအယာ ထိထား သည္။

အရႈံးမ်ားစြာ ရႈံးၿပီးေနာက္ အခ်စ္ဆုံးသူ ကိုေသကြဲ ခြဲ ဆုံးရႈံးရမည့္ အခ်ိန္တို႔ ဆိုက္ေရာက္ လာၿပီျဖစ္ သျဖင့္ စိတ္ေသာကမီး တို႔ စိတ္ႏွလုံးကိုေလာင္ကၽြမ္း ကာ ပတ္ဝန္းက်င္ တစ္ခုလုံး မျမင္ႏိုင္ေတာ့ေအာင္ေဝ ဝါးသြား ေစသည့္ မ်က္ရည္မ်ား မ်က္ဝန္းအိမ ္၌ ျပည့္ေနသည္။ ဘႀကီးေတာ္ သည္ မ်က္ဝန္းမ်ား မွိတ္ခ်လိုက္ရာ နန္းမေတာ္မယ္ႏု ၏ ဆံေကသာေပၚ မ်က္ရည္မ်ား စီး က်ေလေတာ့သည္။ ရင္၌ ဆို႔ႏွင့္လြန္းလ ွသျဖင့္ ရႈိက္၍ ငိုခ်လိုက္သည္။ဘႀကီးေတာ္ ။ ။ “ႏွမေတာ္ရယ္ ၊ ႏွမေတာ္ မွာ ခြင့္မလႊတ္စရာ ဘာအျပစ္မ ွမရွိခဲ့ပါဘူးကြယ္”ဘႀကီးေတာ္ ၏ ခ်စ္ျခင္းေမတၱာ ကား ေလးစားစရာ ေကာင္းလွ သလို ထို အတြက္ေနာင္တ တစ္စုံတရာ လည္း မရခဲ့ေခ်။နန္းမေတာ္မယ္ႏု။ ။ “ေမာင္ေတာ္ဘုရားရယ္ ၊ ႏွမေတာ္ ရဲ႕ ေနာက္ဆုံး ဝင္သက္ ၊ ထြက္သက ္မရပ္သြားမွီ ႏွမေတာ္ရဲ႕ဘဝ ကို အျမင့္ဆုံးျမႇင့္တင္ေပးခဲ့တဲ့ ေမာင္ေတာ္ ဘုရားရဲ႕ ေက်းဇူးအေထြေထြ အတြက္ ေမာင္ေတာ္ ဘုရားရဲ႕ ေျခေတာ္အစုံ ကို ဦးတိုက္ၿပီး ေက်နပ္ေအာင္ ကန္ေတာ့ခြင့္ျပဳပါဘုရား” ဟုေျခေတာ ္အစုံအား မ်က္ႏွာနဖူးဆံပင္ တို႔ျဖင့္ ဦးတိုက္ကန္ေတာ့ေနစဥ္ အေဆာင္ေတာ္တြင္း သမီးေတာ္ကေလး မယ္သဲ ဝင္လာသည္။ သမီးေတာ္ေလး ၏ စ ိတ္တြင္ မေကာင္းမႈ တစ္စုံတခု ကို ခံစားမိေနသျဖင့္ မယ္ေတာ ္၏ ရင္ခြင္တြင္း ေျပး ဝင္ ဖက္၍ငိုေလသည္။သမီးေတာ္ေလး ။ ။ “မယ္မယ္ဘုရား၊ သမီးေတာ္ ကေလးက ို ပစ္ထားၿပီး ဘယ္ကိုသြားေနတာလဲ ဘုရား သမီးေတာ္ေလး မွာ လြမ္းလို႔ေသရေတာ့မယ္ ဘုရား”နန္းမေတာ္မယ္ႏု။ ။ “မယ္မယ္ဘုရား လည္း သမီးေတာ္ေလးကို လြမ္းေနပါတယ္။ အခုလည္း မယ္မယ္ ဘုရားေလ အေရးႀကီးတဲ့ကိစၥ ရွိလို႔ ဟိုး….. အေဝးႀကီ း ကို ခရီးထြက္ဖို႔ ရွိေသးတယ္။
 သမီးေတာ္ေလး ခမည္းေတာ္ဘုရားနဲ႔ အတူ လိမ္လိမ္ မာမာေနခဲ့ေနာ္ ၊ မယ္ဘုရား စကားကို နားေထာင္ပါကြယ္။”သားအမိႏွစ္ဦး ပါးခ်င္း အပ္ကာ ငိုရင္း............သမီးေတာ္ေလး။ ။”ဟင့္အင္း ဒီ တစ္ခါေတာ့ သမီးေတာ္ေလး ကို ပစ္ထားၿပီး ဘယ္မ ွမသြားရေတာ့ဘူး မယ္မယ္ဘုရား နဲ႔ လိုက္မွာပဲ ”ခမည္းေတာ္၊ မယ္ေတာ္၊ သမီးေတာ္ကေလးတ ို႔ မိသားစ ုအသိုက္အျမဳံၿ ပိဳကြဲၿပီး ေနာက္တစ္ႀကိမ္ ျပန္ဆ ုံခြင့္ ဟူေသာ ေမၽွာ္လင့္ခ်က္ ကေလးပင ္ဆုတ္ကိုင္ထားခြင့္ ကင္းမဲ့ သြားေသာ ေၾကကြဲဖြယ္ရာ ေခ်ာ့သူ မရွိငိုပြဲႀကီး ျဖစ္သည္။ မင္းမႈထမ္း ၊ရံေရြေတာ္ တို႔ ထိုျမင္ကြင္းကို မၾကည့္ရက ္သျဖင့္ တံခါးအကြယ္ တြင္ ႀကိတ္ငိုၾကသည္။ တာဝန ္အရ အမရပူရၿမိဳ႕ဝန္ ပင္ မ်က္ရည္က်မည ္စိုးသျဖင့္ အေဝးသို႔ ထြက္သြားကာ မင္းမႈထမ္းတစ္ဦးကို တီးတိုးေျပာသည္။ ထို မင္းမႈထမ္းသည္ မယ္ႏုဆီေရာက္လာ၍...မင္းမႈထမ္း။ ။ “မိဘုရားႀကီး ထြက္ခြာဖို႔ အခ်ိန္က်ပါၿပီလို႔ ၿမိဳ႕ဝန္မင္း ကေျပာပါတယ္၊ ေနရာက ထပါေတာ့”ေနာက္ထပ ္မင္းမႈထမ္း တို႔သည္ မယ္ႏုဆီ ဝင္လာၿပီး လက္ႏွစ္ဘက္ကို ဆြဲယူလိုက္ၾကသည္။ သမီးေတာ္ကေလး။ ။ “မသြားရဘူး မယ္မယ္ ဘုရား ဘယ္ကိုမွ မသြားရဘူး ၊သြားရင္ သမီးေတာ္ေလး လည္း လိုက္မွာပဲ ” ဟု တစာစာေအာ္ဟစ္ေနရာ မယ္ႏု ၏ နားမ်ား အတြင္း ပဲ့တင္ထပ္ကာ တျဖည္းျဖည္း ေဝးသြားေလေတာ့သည္။
 ေၾကးတိုက္မွ လာေသာ ႏြားလွည္းေပၚတက္ကာ ေနာက္သို႔ တစ္ခ်က္ပင္လွည့္ မၾကည့္ေတာ့ေခ်။ ေနလုံးႀကီး သည္ ဝင္းလက္ေသာ အလင္းေရာင္တို႔ကို ေလၽွာ့ခ်၍ အေနာက္ဘက္ေတာင္တန္းေပၚ နိမ့္ဆင္း သြားသည္။ မယ္ႏု ကို တင္လာေသာ လွည္းပေတာင္းျမည္သံ ကို ၾကားေသာ္ အနီးရွိ ဘုန္းႀကီးေက်ာင္းေခြး မ်ား အူၾက သည္မွာ ကံၾကမၼာဆိုး အတြက္ ျမည္သံမ်ား ျဖစ္ေနသည္။ ေတာင္သမန္အင္းေရျပင္ အနီး သို႔ေရာက္ေသာ္ အာဏာ ပကြက္သား တို႔သည္ နန္းမေတာ္ မယ္ႏု အား ခဲထည့္ ထားေသာ ေရႊနားကြတ ္ကတၱီပါ အိတ္နီ တြင္ ထည့္၍ ပိတ္ၿပီး ေရျပင္ သို႔ ျပစ္ခ်လိုက္ သည္။ ျမႇပ္ မျမႇပ္ေသခ်ာေအာင္ ခဏေစာင့္ၾကည့္သည္ ေတာင္သမန္ အင္းေရျပင္ေပၚတြင္ ေရပြက္ ကေလး တစ္ပြက္ ႏွစ္ပြက္ ထလာၿပီး ေရျပင္မွာ ျပကတိ ျပန္ၿငိမ္ သြားၿပီး ေလေျပညင္း ကေလး ေရျပင္ထက္မွ ျဖတ္သန္း တိုက္ခတ္သြားသည္။ နန္းမေတာ္ မယ္ႏု ၏ ေနာက္ဆုံးထြက္ သက္ ေရပြက္ကေလး မဟုတ္ပ ါေလာ။ ကုန္းေဘာင္ေခတ္ ၏ မြန္းတည့္ခ်ိန္ ဘုန္းဩဇာ အျပည့္ႏွင့္ ေရႊအိမ္နန္းၾကငွန္း ထက္တြင္ အမ်ိဳးသမီးတို႔အတြက္ အထြတ္ထိပ္ျဖစ္ေသာ အဂၢမေဟသီ မိဖုရားေခါင ္ရာထူးကို ရယူခဲ့ေသာ္လည္း လူ႔ဘဝ သည္ မည္သည့္ အရာမၽွၾကာရွည္ မတည္ျမဲဘဲ တစ္ခဏ အခ်ိန္တြင္းသာ ရွိသည္ကို နန္းမေတာ္ မယ္ႏ ုက သူမ ၏ေနာက္ဆုံး ထြက္သက္ ေရပြက္ကေလး အခ်ိန္မၽွျဖင့္ ကၽြႏ္ုပ္တို႔အား သင္ခန္္းစာ ေပးသြားခဲ့သည္ မဟုတ္ပါေလာ။ သတၱဝါ အေပါင္း ခ်မ္းသာကိုယ္စိတ္ျမဲပါေစ
သုခုမ အလင္းတန္းမ်ား

Unicode
နန်းမတော် မယ်နု ဟုဆိုလိုက်သည်နှင့် တိုင်းပြည် “ခိုက်” သောမြေးအဖွား (၃) ဆက် (ပထမအင်္ဂလိပ်-မြန်မာ စစ်ရှုံးသူ မယ်နု ၊သူ့သမီး ဆင်ဖြူမရှင် ‘နန်းတွင်း အာဏာလုပ ွဲအတွက် မင်းတုန်းမင်း ၏ သားတော်(40)ကျော်ကို သတ် ကာ သီပေါမင်း ကို သူ့ သမီး စုဖုရားလတ်နှင့်လက်ထပ်ပေးသူ၊ မြေးမတော် စုဖုရား လတ် သီပေါမင်းကိုကျော် ၍ အမိန့် မနာခံသော) ဟု နာမည်ဆိုးနှင့် ကျော်ကြားသူ အဖြစ်သိကြသလို အင်းဝရှိ မယ်နုအုဋ်ကျောင်းကိုလည်း မြင်ယောင်မိကြမည်ဖြစ် ပါသည်။ဟုတ်ပါသည် မယ်နု သည် မဟာအောင်မြေဘုံစံ မယ်နု အုဋ်ကျောင်းကြီး၏ ဒကာမဖြစ်သလို သူမ ဘဝ၏ အံ့ဖွယ ်အတိတ်ကံ အကျိုးပေး၊ ပင်ကိုယ် စိတ်ထက်မြက် ကြွပ်ဆတ်မှု ၊အတ္တကြီးပြီး အကြောက်တရား ကင်းမှု၊ ဆင်ခြင်တုံတရား နည်းပြီး တဇွတ်ထိုးနိုင်မှု တို့က သူမ ကို အထွဋ် အထိပ်သို့ ရောက်ရှိစေခဲ့သည်။ နန်းမတော ်မယ်နု သည် ဖလံခုံရွာ ဇာတိထောင်မှူး သီဟကျော်စွာဘွဲ့ခံ ဦးလှုပ်နှင့်ဒေါ်ငယ ်တို့မှ 18.June.1783 အင်းဝမြို့၌ မွေးဖွားသည်။ မွေးချင်းနှစ်ယောက ်ရှိပြီးကျန် တစ်ယောက်မှာ မောင်အိုဖြစ်သည်။ မယ်န ုသည် ရွှေလင်ဗန်းနှင့် အချင်းဆေးသော တော်ဝင ်မျိုးရိုး မဟုတ် သာမာန် အရပ်သ ူတစ်ဦးသာ ဖြစ်သော်လည်း သူမ ဘဝတွင် ထူးဆန်းမှုကြီးကြီး မားမား (2) ကြိမ်ကြုံ တွေ့ခဲ့သည်။မယ်န ုငယ်စဉ် က အိမ်မ ှလူကြီး မိဘ များနှင့် တရွာမှ တရွာသို့သွားလာရာ လမ်းဇရပ် တစ်ခု၌ အိပ်ကြ သည်။ မယ်နု က ထမင်းချက ်တာဝန် ယူ၍ ချက်ပြုတ်ရာ မနက် မိုးလင်းသော အခါ မယ်နု ထမင်းချက် ခဲ့သောနေရာ ၌ မှိုပွင့်ကြီး တစ်ပွင့် ပေါက်လာရာ လူကြီးများ က အံ့ဘွယ် နိမိတ်ကောင်းဟု မှတ်ယူကြ သည်။ မယ်နု အသက် ၁၂နှစ် သမီးအရွယ် မြစ်ဆိပ ်၌ ရေချိုးချိန် တွင် သူမ၏ အနီရောင်ရေလဲ လုံချည်ကို စွန်ရဲ တစ်ကောင်မှ ချီယူ သွားပြီး အမရပူရ နန်းတော်အတွင်းရှိ မိဖုရားများ စံပယ်ရာ တောင်နန်းဆောင် အမိုး ၌ချထားခဲ့သည်။ ဘိုးတော်ဘုရား က လုံချည် ပိုင်ရှင်ကို ရှာဖေ ွစစ်ဆေးဖော်ထုတ်ကာ မယ်နု ကို တောင်နန်း အပျိုတော် အဖြစ် ခန့်ထားလိုက် ရာမှ အရှုပ်တော်ပုံ ဖန်တီးမည့် အဓိကဇာတ်ကောင် ကို ခေါ်မိသည့် အမှားကြီးတစ်ခု ဘိုးတော်ဘုရား ပြုလုပ်မိသွားသည်။ ကုန်းဘောင် မင်းဆက်တွင် နန်းသက် အရှည်ဆုံး ဘိုးတော်ဘုရား သည် (37) နှစ်ကြာ နန်းစံပြီး ဘကြီးတော ်စစ်ကိုင်းမင်း ကို အိမ်ရှေ့အရာ အပ်နှင်းပြီး ညီတော် သာယာဝတီ မင်းသား ကို ဒုတိယနှင့် ဘကြီးတော ်၏ သားတော် စကြာမင်းသားလေး ကို တတိယ နန်းလျာထားသည်။ ဘကြီးတော် မှာ အိမ်ရှေ့မင်း ရာထူးသာ ရှိသေးပြီး မိဖုရား ခေါင်ကြီး မှာ ဆင်ဖြုရှင်မယ်ဖြစ်သည်။ ဆင်ဖြူမယ် သည် စကြာမင်းသားလေး ကိုမွေးပြီး ၁ ပတ် အကြာ 1812 အောက်တိုဘာလတွင် ကွယ်လွန်လေသည်။ မယ်နုသည် စက်စက်ယိုအောင် လှသူဟု မဆိုနိုင်သည့်တိုင် ပကတ ိရုပ်ရည်ကား တည်ကြည်သည်။ အပြောချို ၍ ကိုယ်နေဟန ်အချိုးကျကာ သွယ်လျကျော့ရှင်းပြီး သူမ၏ နန်းမူရာမှာ နန်းတွင်းသူများ အတုယူရသည ်အထိ မဟာဆန်သည်။ ယောကျာ်းတကာ တို့ နှစ်သက ်ခံရပြီး ထိုအထဲတွင ်အိမ်ရှေ့ မင်း ဘကြီးတော် လည်းပါဝင်သည်။အမရပူရ နန်းတွင်း၌ အိမ်ရှေ့မင်းအား မယ်နုထက် မဟာဆီ မဟာသွေး အချင်းချင်း အိမ်ထောင် ပြုစေ လိုဤ “လူမှာ အမျိုး ကြက်မှာ အရိုး” ဟု ဘကြီးတော်ကို သတိပေးသည်။ မယ်နု ကလည်း “လူမှာ အချစ် ကြက်မှာ အမြစ်” ဟုချေပကာ ဘကြီးတော်ကို ရအောင် သိမ်းသွင်းခဲ့သည်။ ဘိုးတော်ဘုရား လွန်သော် ဘကြီးတော်သည် 1819 ဇွန်လ (5) ရက်တွင် နန်းတက်ကာ (1823) မြို့တော် ကို အမရပူရ မှ အင်းဝသို့ရွှေ့သည်။ဘကြီးတော်သည် ခပ်အေးအေးနေတတ်သလို မယ်နုကို အလွန ်ချစ်သဖြင့် အဂ္ဂမဟေသီ တောင်ညာစံ မိဘုရားခေါင်မြောက်လေသည်။မယ်နုသည ်ပင်ကိုယ် ထက်မြက်သ ူပီပီ နန်းတွင်း တစ်ခုလုံး အရေးသာမက တိုင်းရေးပြည်ရေးကို စိတ်တိုင်းကျ ချယ်လှယ်တော့သည်။နန်းတွင်းမ ှာလဲ အမျိုးနိမ့်သူ မိဖုရားခေါင်ဖြစ်လာပြီး ဓားထက်၍သာ ကြောက်ရသည် မည်သူကမှ မယ်န ုကို မကြည်ဖြူကြချေ။ ယခင် ဘုရင်နှင့် မိဘုရား ရာဇပလ္လင်ပေါ် အတ ူမထိုင်သော်လည်း မယ်နု သည် ထို အစဉ်အလာ ကို ဖျက်ကာ အတူထိုင်သဖြင့် တရုတ်သံမှူးများ အံ့အားသင့်ကြသည်။ 1819 တွင် မယ်န ုသည် သူ့မောင်အရင်း ဖြစ်တဲ့ မောင်အို ကို စလင်းမြို့ကို စားစေပြီး နန်းတော်တွင်း သူမ ၏ အာဏာစက် ကို ခိုင်မာအောင် တည်ထောင်သည်။ ထို့အပြင်မောင်အ ိုအား သတိုးဓမ္မရာဇာ ဘွဲ့ ချီးမြင့် လိုက်သလို ဘကြီးတော် ကလည်း သူ့ယောက်ဖ အားမြှောက်စားသည့် အနေဖြင့် ထိပ်တန်း မင်းညီ မင်းသား စာရင်းသွင်းကာ၊ လွှတ်တော်တက်ခွင့် ပေး သည့်အပြင် ရွှေထီး ရှစ်ချက်မိုး ခစားခွင့်ပေးသဖြင့်မောင်အို သည် နားထင် သွေးရောက်သွားလေသည်။ ရှေးခေတ်က မင်းသားများ ၏ အဆင့်အတန်း ကို ထီးဆောင်း အရေအတွက် အနည်း အများဖြင့် ခွဲခြားလေ့ ရှိသည်။ ညီတော် သာယာဝတီမ င်းပင် ထီးဆယ်ချက ်သာ မိုးခွင့် ရှိ၍ယောက်ဖတော် မောင်အို သည် ညီတော်အိမ်ရှေ့မင်းထက် မဆို သလောက်သာ နိမ့်သည့်သဘော သက်ရောက်စေသည်။ နေ့ချင်း ညချင်း မောင်အို တန်ခိုးထွားလာသဖြင့် ကုန်းဘောင် မျိုးဆက် ကို အပြုတ်ဖြုတ်ပြီး သူကိုယ်တိုင် ဘုရင် လုပ်ရန် ကြံလေတော့သည်။ထို့ကြောင့် နန်းတွင်း အားပြိုင်မှု (3) စု ကွဲပေါ်ပေါက်လာသည်။(1) နိုင်ငံရေး အာဏာပိုင်ဆိုင်သောမောင်အိုနှင့် မယ်နုက တစ်ဖွဲ့(2) သူတို့၏ မဟာပြိုင်ဘက် များတွင်ဘကြီးတော် မင်းပြီးနောက် နန်းညွန့် နန်းလျာ ဆက်ခ ံဖို့ အခွင့် အရေး ရှိသူ သာယာဝတီမင်း သည် ထိပ်ဆုံးဖြစ်သည်။ သူ ကိုယ်တိုင် လက်ရုံးရည်နှင့်ပြည့်စုံ သလို နောက် လိုက် အင်အားကောင်း များစွာ ပိုင်ဆိုင်ထားသည်။(3) စကြာမင်းသားခေါ် ညောင်ရမ်းမင်းသားလေး သည် မွေးဖွားစဉ် က စကြဝတေးမင်း တို့ ဘုန်းကြီးသည့် လက္ခဏာ ရပ်များဖြစ်ကြသော ဥက္ကာပျံ ငလျင်လှုပ် တော်လဲမြည်ခြင်း ၊လက်ဝါးများတွင ်ခရုပတ်နှင့် မှဲ့ရှင် များ ထူးခြား ထင်ရှားစွာတွေ့ရခြင်း၊ အချင်း စလွယ်သိုင်းခြင်း၊ ခုနစ်ရက် ရလျှင် မယ်တော် ကွယ်လွန်၍ ဖွားဖက်တော် ခုနစ်ဦးလည်းပေါ်ခြင်း၊ ရုပ်ရည် အင်မတန် ချောမောလှပ၍ နန်းတွင်းသူ နန်းတွင်းသားများ ၊ တိုင်းသူပြည်သားများ က အလွန် ချစ်ခင်နှစ်သက်ကြသည့် လူထု အင်အား ကို ပိုင်ဆိုင်သော ဘကြီးတော် ၏ တစ်ဦးတည်းသော သား ဖြစ်သဖြင့် ဘကြီးတော် က နန်းလွှဲ လိုသည်မှာတွေးကြည့်ယုံဖြင့် သိနိုင်ပါ သည်။ ထို့ကြောင့်မောင်အို သည် စကြာမင်းသားလေး နားထွင်းပြီး အိမ်ရှေ့အရာ အပ်နှင်းခြင်း ကိစ္စကို အချိန်ဆွဲ သည်။ အသက် (20) ကျမ ှနားထွင်းသည့် တိုင် နိုင်ငံရေး အာဏာကို မင်းသားလေး အား လွှဲမပေးခဲ့ချေ။ မယ်နုနှင့်မောင်အို သည် ဘကြီးတော်နှင့် မယ်နု နန်းစံသော (18) နှစ်လုံးလုံး သာယာဝတီမင်း ကို အသ ိအမှတ်မပြု ချယ်လှယ်ပြီး နောင်တော်နှင့်တွေ့ခွင့် ပိတ်ပင်သည်။ ထိုခေတ်က မယ်နုကြောက်ရသူ တစ်ဦး ရှိသည် ထိုသူမှာ ဆရာတော ်ဦးဗုဓ်ဖြစ်သည်။ သက္ကရာဇ် 1822 ခုနှစ်တွင် ဘကြီးတော်နှင့် နန်းမတော် မယ်နု တို့ကကျောင်းဆောက် လုပ်ရာတွင် ငါးနှစ်ကျော် ကြာမြင့်ခဲ့ပြီး သက္ကရာဇ် 1827 ခုနှစ်တွင် မဟာအောင်မြေဘုံစံ ဟု ကမ္ပည်း ထိုးကာ ညောင်ကန် ဆရာတော် ဦးပို အား လှူဒါန်းခဲ့သည်။ တစ်နှစ ်အကြာတွင် ဆရာတော် ဦးပို ပျံလွန် တော်မူပြီးနောက် ဒုတိယညောင်ကန် ဆရာတော် ဦးဗုဓ်အား ထပ်မံ လှူဒါန်းခဲ့သည်။ အုတ်ကျောင်း အကျယ်အဝန်း မှာ အလျား 192 ပေ၊ အနံ 112 ပေ နှင့် အမြင့် 94 ပေရှိပြီး ကျောင်း တည်ဆောက် ရာတွင် ငွေကျပ် သုံးသိန်း ကုန်ကျကြောင်း၊ သက္ကရာဇ် 1838 ပြည့်နှစ်တွင် ငလျင် ဒဏ်ကြောင့် ပြိုကျ ခဲ့ရာ နန်းမတော် မယ်နု ၏ သမီးတော် ဆင်ဖြူမရှင် က သက္ကရာဇ် 1872 ခုနှစ်တွင် ထပ်မံပြုပြင်ခဲ့ကြောင်း မှတ်တမ်းများ အရ သိရသည်။ ကျောင်းကြီး ကို အုတ်၊ အင်္ဂတေ တို့ဖြင့် မိဖုရား ခေါင်ကြီး မယ်နု က တည်ဆောက် ခဲ့သောကြောင့် မယ်နု အုတ်ကျောင်း ဟု ထင်ရှားခဲ့သည်။ ပညာရှင်များ ၏ ဗိသုကာ လက်ရာ၊ ပန်းရန် နှင့် ပန်းတမော့ အနုပညာ လက်ရာများ ကျောင်းဆောင်ကြီး အတွင်းရှိ စင်္ကြံ ပတ်လမ်း နှင့် အခန်း ဖွဲ့စည်းပုံများ၊ အဝင်ပေါက် သစ်သား တံခါးများ ကို ‘အသံ’ များ ဖန်တီး တပ်ဆင်ပ ုံတို့ကြောင့် ခံ့ညား ထည်ဝါလှသော ကျောင်းကြီးဖြစ် သည်။ ဘကြီးတော ်နန်းတက် ဘိသိက် မင်္ဂလာသွန်း အခမ်းအနား ဆင်ယင်သော အခါ ၌ မဏိပူရစော်ဘွား မတက်ရောက်ချေ။ မဏိပူရစော်ဘွား ကို သင်ခန်းစာ ပေးရန် လိုက်ဖမ်းရာ အင်္ဂလိပ် ပိုင်နယ်ထ ဲအထိ ဝင်ပြေး သဖြင့် အင်္ဂလိပ်တို့နှင့် နယ်စပ်ပြဿနာ’ငြိ’လာ ရာမှ အင်္ဂလိပ်တို့ (1824)တွင် စစ်ကြေညာသည်။ စစ်သူကြီး မဟာဗန္ဓုလ သည် ရခိုင် တွင် စခန်းချကာ မြဝတီမင်းကြီး ဦးစ က ပန်းဝါ တွင် အင်္ဂလိပ်တို့ကို အနိုင် တိုက်သည်။ မြန်မာ တပ်များ ဘင်္ဂလားနယ် အထိ ရောက်နေ သဖြင့် အင်္ဂလိပ်ဘုရင်ခံ ပင် ကျီးလန့်စာစားနေရသည်။ ဗန္ဓုလ သာ စစ်တကောင်း ထိ တက်တိုက်၍ ဖိအားပေးခဲ့မည် ဆိုလျှင် အင်္ဂလိပ်တို့ ပျာယာခတ်သွားနိုင် သည်။ အင်္ဂလိပ် တို့သည် ထို အခြေနေက ိုရိပ်စားမိသဖြင့် ရန်ကုန် ဖက်မ ှပတ်ဝင်၍ တန်ပြန်တိုက် စစ် ဆင်သော ဗျူဟာကို သုံးကာ စစ်မျက်နှာပြောင်းလိုက်လေသည်။ ထိုအချိန် သာယာဝတီလို အဆင့်မြင့် မင်းသားက  ရန်ကုန်သို့ ဆင်း၍ ကာကွယ်ရန ်သူစုဆောင်း ထား သည့် လူသူများနှင့် အင်္ဂလိပ် စစ်သင်္ဘောများကို ခုခံ တိုက်ခိုက် လိုကြောင်း တင်ပြသည်။ ဘကြီးတော် ကလည်း သဘောတူ ကာ အမြန်စေလွှတ်ချင်သော်လည်း ပြိုင်ဘက် စလင်း မင်းသား ကြီး မောင်အိုနှင့် မှူးမတ် များက သာယာဝတီ မင်းသားအား လက်နက် ဆင်၍ လွှတ်လိုက်လျှင် ပုန်ကန် လိမ့် မည်ဟု ကန့်ကွက်ကာ နိုင်ငံ့ အရေးတော်ထက် အာဏာ ရရှိ လိုသော ပုဂ္ဂိုလ်ရေး ကို ဦးစားပေးခဲ့သည်မှာ စိတ်ပျက် စရာဖြစ် လေသည်။ဘကြီးတော်လည်း အရိပ် ကို ရန်သူထင်၍ နောက်ဆုံး တွင် မဟာဗန္ဒုလ ပြန်လာသည် အထိ စောင့်ပြီးမှ သွားရောက် တိုက်ရန် အမိန့်ချလိုက်လေသည်။ ထို့ကြောင့် ရခိုင်မ ှပြန်လာမည့် ဗန္ဒုလ ကို စောင့်ရင်း ၅လ အထိ ကြာသွား သဖြင့် ထိုအချိန်တွင် အင်္ဂလိပ်တို့ ကလည်း ရွှေတိဂုံ ကုန်းတော် တစ်ဝိုက်ကို အခိုင်အမာ တပ်စွဲ ၍ အသာစီး ရသွားတော့သည်။ သာယာဝတီမင်း ၏ တပ်များသည် ရန်ကုန်သို့ ချီ၍ ကျိုက်ကလို့ တွင် တပ်ချထားသည်။ အင်္ဂလိပ် တို့က သာယာဝတီ ၏ တပ်က ိုဝိုင်းတိုက်သော်လည်း အနိုင် မရခဲ့ချေ။ သာယာဝတီ မင်းသားကြီးက အခြေအနေ ရိပ်စား မိသဖြင့် စောစောစီးစီး စစ်ပြေငြိမ်းရန် တင်ပြသော်လည်း မောင်အို၊ မယ်နု တို့မှ လက်မခံပဲ စစ်ကို သာ ထပ်တိုး တိုက်သည်။ ဗန္ဒုလ ဓနုဖြူ တွင် ကျသွားသဖြင့် အင်္ဂလိပ် တပ်တွေလည်း နေပြည်တော်နှင့် မိုင် ၄၀ သာဝေးသည့် ရန္တပိုရွာ သို့ရောက်မှ စစ်ပြေငြိမ်းရေး စာချူပ်ချုပ်ရတော့၏။ နယ်မြေဆုံး၊ စစ်သူကြီးကျ၊ စစ်လျော်ကြေးငွေ (1) ကုဋေပါပေးရမည ်ဖြစ်သဖြင့် ဘကြီးတော် မှာ မထွေးနိုင် မအံနိုင် စိတ်ဓာတ် ကျလာကာ စိတ်ကျရောဂါ ပါ ဝင်လာလေတော့သည်။ ငွေမရှိ သဖြင့် မယ်နု က သူပိုင ်ပစ္စည်းများ ထုခွဲ၍ စစ်လျော်ကြေးငွေ ပထအရစ် ကို ပေးလေသည်။ အုပ်ချုပ်ရေးပိုင်း ကို မကိုင်တွယ်နိုင်တော့ပဲ အစစအရာရာ ကို မယ်နုနှင့် စလင်း မင်းသားကြီးမောင်အို တို့ဖြင့်သာ လွှဲအပ ်ထားလေတော့သည်။ သူတို့မောင်နှမ ကို သာယာဝတီ အပြင် ပြည်သူ များက စုန်းမ ဟ ုစွပ်စွဲ သလို သူတို့ ကလည်း သူခိုးဓားပြ လက်ခံ ဟုသ ာယာဝတီကို စွပ်စွဲသည်။ မောင်အို သည် မိမိ ရဲ့ ဆူးငြှောင့် ခလုတ်ဖြစ်သော သာယာဝတီ မင်း ကို ရှင်းရန် ဓားပြမှုဖြင့် အမှုဆင်ကာ သာယာဝတီမင်း ၏ အိမ်ကို လူ (200) ဖြင့် ဝိုင်းလေရာ သာယာဝတီ ဘက်မှ လူများ ခုခံရင်း ဧရာဝတီမြစ ်ကို ကူး၍ ရွှေဘိုသ ို့ထွက်ပြေး ရှောင်တိမ်း သည်။ မယ်နု တို့က ိုပြည်သူများ မနှစ်သက် သဖြင့် အာဏာ သည် သာယာဝတီ ဘက်သို့ အလိုလိုရောက် သွားသည်။လူသူစ ုဆောင်းကာ 1837 ဖေဖော်ဝါရီ လ တွင်အင်းဝကို ဝိုင်းသည်။ ၂ လ အကြာတွင် အောင်မြင်ပြီး ဘကြီးတော် စစ်ကိုင်းမင်း ကို နန်းချ ကာ မယ်န ုကို အကျယ်ချုပ် မောင်အို တို့လူစု ကို ထောင်ထဲ ပို့လေသည်။ အရာရာသည်နေ့ချင်း ညချင်း ပြောင်းလဲသွားသည်။ မယ်နုတို့ အုပ်စ ုသည် ပုန်ကန်သည့် အနေဖြင့် အင်္ဂလိပ်တို့ကို စာလွှတ် ဆက်သွယ်၍ အင်္ဂလိပ်တို့ အလိုရှိ သမျှ အကုန်ပေးကာ ဘကြီးတော်အား ပြန်လည် နန်းတင်ပေးရန် အကူညီတောင်းသော်လည်း အင်္ဂလိပ်တို့ က နန်းကျ ဘုရင်အား ဘာ အကြောင်း မ ှမပြန်တော့ချေ။ သာယာဝတီမင်း သဘောထားကြီးစွာဖြင့် ကောင်းမွန်စွာ ထားသော်လည်း မောင်အို တို့ နောက်လိုက ်များက ပုန်ကန်ကြသောကြောင့် အမရပူရမြို့ အကျဉ်းထောင ်၌ သက္ကရာဇ် 1840 ခုနှစ်၊ မေလတွင် ကွပ်မျက်လိုက်သည်။ နောက်ဆုံး သာယာဝတီမင်း သည် 12 May 1840 တွင်မ ယ်နုအား သေဒဏ် ချမည်ကို မင်းမျိုးမင်းနွယ် အဖြစ် အသိအမှတ်ပြုပေးသည့် အနေဖြင့် မဟာဆီ မဟာသွေး မြေမကျရစေရန် ရေတွင်ဖျောက်ဖျက်ဖို့ အမိန့်ချသည်။ ဘုန်းရှင် ကံရှင ်မယ်နု တစ်ယောက် ကံတရား ၏  မျက်နှာသာပေးခြင်းကား ဤနေ့သည်နောက်ဆုံးနေ့ ဖြစ်လေတော့သည်။ မယ်န ုလည်း နောက်ဆုံး အနေဖြင့် မိမ ိကိုးကွယ်သည့် ဆရာတော်ဦးဗုဒ် အား ဖူးမြှော်ခွင့်ပြုရန် မြို့ဝန်အား ခွင့်တောင်းရာ ခွင့်ပြုသောကြောင့် ညောင်ကန်ကျောင်း (ယခု မဟာမုနိဘုရားကြီးအရှေ့ဘက်)သို့ ရောက်အောင် ပို့ဆောင်ပေးခဲ့သည် ။ မယ်နုကျောင်းသို့ရောက်သော အခါ ဆရာတော ်မှာ စာကြည့်နေသည်။ မယ်နု မှ ဆရာတော်အား နောက် ဆုံး ဖူးမြှော်အောင် လာရခြင်းဖြစ်ကြောင်း လျှောက်ထားရာ ဆရာတော် ဦးဗုဒ် မှ ရာဇဝင် တွင်မည့်တရားကို တိုတို တုတ်တုတ် မိန့်တော်မူသည်။“မိနု၊ သူ့ကြွေး ရှိရင် ဆပ်ရလိမ့်မည်” ဟု မိန့်ဆိုလိုက်သည်။ မယ်န ုလည်း ဦးချပြီး ပြန်ဆင်း လာရာလှေ ကား အရောက်တွင် “တော်ပြီ၊ ငါသေဝံ့ပြီ၊ ငါသေရဲပြီ၊ငါသေပျော်ပြီ၊ ဆရာတော် ဘုရားကို နှစ်ပေါင်းများစွာ ကိုးကွယ် လာတာ ဘယ်အခါမှ ငါ့နာမည် တပ်၍ စကားမပြောဖူးဘူး။ ဤကဲ့သို့ စာကြည့်ရာမှနေ၍ ငါ့ဘက်သို့ လှည့်၍ကြည့်သည် ဟူ၍လည်း မရှိ၊ သည်ကနေ့မှပဲ ငါ့ဘက် လှည့်တယ်။ ငါ့နာမည်ကို ခေါ်တော် မူတယ်။ ဟောလိုက်တဲ့ တရားကလည်း မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်တဲ့။ တော်ပြီ၊ သေလမ်းဖြောင့်ပြီ၊ ငါ့ကိုဆရာတော်က သေစရိတ်ပေးလိုက်ပြီ” ဟု ထပ်တလဲလဲပြောကာ ဝမ်းမြောက် ဝမ်းသာစွာနှင့်ပင် အာဏာ ပါးကွက်သားတို့၏ ခေါ်ဆောင်ရာသို့ ညိုးငယ်ခြင်း မရှိဘဲ လိုက်ပါ သွား လေတော့သည်။ ဗုဒ ္ဓတရားတော်ကို အတိုချုပ် သဘောပေါက်စေ သော သာဓကများ အနက် မယ်နု သည် ပဉ္စဝဂ္ဂီ တို့မှ အငယ်ဆုံး ရှင်အဿဇိ၏  “ယေဓမ္မာ”ဂါထာ ကို သတိရမိသည်။ ဘုရားရှင ်၏ တရားဦး နာပြီး ရှင်အဿဇိ ရာဇဂြိုလ်ပြည် ရှင်သာရိပုတ္တရာနှင့်တွေ့၍ ရှင်သာရိပုတ္တရာ မှ သူ့အားမေးသည်မှာ....... ” ငါ့ရှင် ၊ သင် ၏ မျက်စိ တို့သည် ကြည်လင ်ကုန်၏ ၊ အရေ အဆင်းလည်း သန့်ရှင်း စင်ကြယ်ကုန်၏ သင်သည် အဘယ်သူက ိုရည်၍ ရဟန်းပြုသနည်း ၊ အဘယ်သူက သင် ၏ ဆရာနည်း၊ အဘယ်သူ၏ တရားက ိုနှစ်သက် သနည်း”ရှင်အဿဇိတ က “ငါ့ရှင် ၊ ငါသည် အငယ် သည်သာတည်း ၊ အဘိဓမ္မာ ကို အကျယ်အားဖြင့် သင့် အားဟောကြား အံ့သောငှာ မတတ်နိုင်။ အကျဉ်း အားဖြင့် သော်ကား အနက်ကို ငါဆိုအံ့ ဟုဆိုကာ ယေဓမ္မာဂါထာ ကို ဟောတော်မူ၏။ အဓိပ္ပါယ်ကား......“အကြင် တရားတို့သည် အကြောင်းလျှင် အမှန်ရှိကုန်၏ ။ ထို အကြောင်း ကို မြတ်စွာဘုရားဟော၏ ။ ထို အကြောင်းတရား တို့ ချုပ်ငြိမ်းရာလည်း ရှိ၏ ။ ထို ချုပ်ခြင်း ကိုလည်း မြတ်စွာဘုရားဟော၏ ။ ငါ၏ ဆရာ ရဟန်းကြီးသည် ဤသို့ အယူဝါဒ ရှိ၏  ”မယ်နု သည် ထိုဂ ါထာတော်က ိုချင့်ချိန်ပြီး သာယာဝတီမင်း အသက်ကို ရန်ရှာ ခဲ့၍ သူနှင့် ယှဉ်ပြိုင်ရာ သူ အနိူင်ရသည်။ ရန်ကို ရန်ချင်း တုံ့ပြန်ခြင်းက လမ်းဟောင်း ကိုသာ ပြန်ရောက်စေသည်။ ဤ အကြောင်းတို့ ချုပ်ငြိမ်း ခြင်းကား ရန်ညိုးရန်စ တို့ကို သင်ပုန်းချေ၍ သူ့ အပေါ်တင်ခဲ့သော အကြွေး မြန်မြန် ဆပ်ကာ ကြွေးမြီ ကင်းရှင်းပြီး ငြိမ်းချမ်းသော ဘဝသစ်ကလေး တစ်ခု ထူထောင်နိုင်ရန် ဖြစ်ကြောင်း ကို နားလည်သွားခဲ့သည်။ သတ္တဝါတိုင်း သူ့ထိုက် သူ့ကံ ဖြစ်သည် ဆိုလျှင် တနည်းအားဖြင့် ငါ့ထိုက် ငါ့ကံဖြစ်သည် မဟုတ်ပါလော။ ဆရာတော် က တရားကား သူမ အတွက်တော့ အဖိုးတန်ဆုံး သေစရိတ်ပေးလိုက်ခြင်းဟု သဘောပေါက်သောကြောင့် မယ်န ုဝမ်းသာသွား ရှာသည် ။ထိုနေ့ နေ့လည်ပိုင်း တွင် မယ်နု သည် ဘကြီးတော်အား နောက်ဆုံး သွားရောက်ကန်တော့ နှုတ်ဆက ်ခဲ့သည်။ နှစ်ပေါင်းများစွာဘဝ ၊ အသက် ၊ ရာထူး စည်းစိမ် ၊ နိုင်ငံတော် အရာ အားလုံး သူပိုင်ဆိုင်နိုင် သမျှ ကိုပေး၍ ချစ်ခဲ့သော ကြင်ယာတော် ဘကြီးတော် ၏ ခြေတော် အစုံပေါ် မျက်နှာအပ်ကာ မျက်ရည်စက် များစွာ ခြေ ဖမိုးတော်ပေါ် ကျလျက် လက်အုပ်ချီ ကန်တော့ရင်း အရောင် မှိန်မှိန် အဆောင်ရောင်မဲ့ သလွန်ထက်တွင် ထိုင်နေသော နန်းကျဘုရင် လင်တော်မောင်အား........နန်းမတော်မယ်နု ။ ။ “မောင်တော်ဘုရား နှမတော် ဒီကနေ့ ဘဝ ပြောင်းရတော့မှာဖြစ်လို့ မောင်တော် ဘုရား ကိုနောက်ဆုံး နှုတ်ဆက် ရှိခိုးကန်တော့ခဲ့ပါတယ်ဘုရား။ မောင်တော် မင်းတရား ရဲ့ ဘုန်းရိပ်ကို ခိုလှုံ စံစားခဲ့တဲ့ နှစ်ကာလများ အတွင်း နှမတော် ဘက်က ပြုမိမှား ခဲ့တဲ့ အပြစ် ရှိခဲ့ပါရင် ခွင့်လွှတ် သနားတော ်မူပါဘုရား။”ဘကြီးတော ်သည် သလွန်ပေါ်မှ နန်းမတော်မယ်နု ၏ ဆံ ကေသာ ကို လက်ဖြင့် အသာအယာ ထိထား သည်။ အရှုံးများစွာ ရှုံးပြီးနောက် အချစ်ဆုံးသူ ကိုသေကွဲ ခွဲ ဆုံးရှုံးရမည့် အချိန်တို့ ဆိုက်ရောက် လာပြီဖြစ် သဖြင့် စိတ်သောကမီး တို့ စိတ်နှလုံးကိုလောင်ကျွမ်း ကာ ပတ်ဝန်းကျင် တစ်ခုလုံး မမြင်နိုင်တော့အောင်ဝေ ဝါးသွား စေသည့် မျက်ရည်များ မျက်ဝန်းအိမ ်၌ ပြည့်နေသည်။ ဘကြီးတော် သည် မျက်ဝန်းများ မှိတ်ချလိုက်ရာ နန်းမတော်မယ်နု ၏ ဆံကေသာပေါ် မျက်ရည်များ စီး ကျလေတော့သည်။ ရင်၌ ဆို့နှင့်လွန်းလ ှသဖြင့် ရှိုက်၍ ငိုချလိုက်သည်။ဘကြီးတော် ။ ။ “နှမတော်ရယ် ၊ နှမတော် မှာ ခွင့်မလွှတ်စရာ ဘာအပြစ်မ ှမရှိခဲ့ပါဘူးကွယ်”ဘကြီးတော် ၏ ချစ်ခြင်းမေတ္တာ ကား လေးစားစရာ ကောင်းလှ သလို ထို အတွက်နောင်တ တစ်စုံတရာ လည်း မရခဲ့ချေ။နန်းမတော်မယ်နု။ ။ “မောင်တော်ဘုရားရယ် ၊ နှမတော် ရဲ့ နောက်ဆုံး ဝင်သက် ၊ ထွက်သက ်မရပ်သွားမှီ နှမတော်ရဲ့ဘဝ ကို အမြင့်ဆုံးမြှင့်တင်ပေးခဲ့တဲ့ မောင်တော် ဘုရားရဲ့ ကျေးဇူးအထွေထွေ အတွက် မောင်တော် ဘုရားရဲ့ ခြေတော်အစုံ ကို ဦးတိုက်ပြီး ကျေနပ်အောင် ကန်တော့ခွင့်ပြုပါဘုရား” ဟုခြေတော ်အစုံအား မျက်နှာနဖူးဆံပင် တို့ဖြင့် ဦးတိုက်ကန်တော့နေစဉ် အဆောင်တော်တွင်း သမီးတော်ကလေး မယ်သဲ ဝင်လာသည်။ သမီးတော်လေး ၏ စ ိတ်တွင် မကောင်းမှု တစ်စုံတခု ကို ခံစားမိနေသဖြင့် မယ်တော ်၏ ရင်ခွင်တွင်း ပြေး ဝင် ဖက်၍ငိုလေသည်။သမီးတော်လေး ။ ။ “မယ်မယ်ဘုရား၊ သမီးတော် ကလေးက ို ပစ်ထားပြီး ဘယ်ကိုသွားနေတာလဲ ဘုရား သမီးတော်လေး မှာ လွမ်းလို့သေရတော့မယ် ဘုရား”နန်းမတော်မယ်နု။ ။ “မယ်မယ်ဘုရား လည်း သမီးတော်လေးကို လွမ်းနေပါတယ်။ အခုလည်း မယ်မယ် ဘုရားလေ အရေးကြီးတဲ့ကိစ္စ ရှိလို့ ဟိုး….. အဝေးကြီ း ကို ခရီးထွက်ဖို့ ရှိသေးတယ်။ သမီးတော်လေး ခမည်းတော်ဘုရားနဲ့ အတူ လိမ်လိမ် မာမာနေခဲ့နော် ၊ မယ်ဘုရား စကားကို နားထောင်ပါကွယ်။”သားအမိနှစ်ဦး ပါးချင်း အပ်ကာ ငိုရင်း............သမီးတော်လေး။ ။”ဟင့်အင်း ဒီ တစ်ခါတော့ သမီးတော်လေး ကို ပစ်ထားပြီး ဘယ်မ ှမသွားရတော့ဘူး မယ်မယ်ဘုရား နဲ့ လိုက်မှာပဲ ”ခမည်းတော်၊ မယ်တော်၊ သမီးတော်ကလေးတ ို့ မိသားစ ုအသိုက်အမြြုံ ပိုကွဲပြီး နောက်တစ်ကြိမ် ပြန်ဆ ုံခွင့် ဟူသော မျှော်လင့်ချက် ကလေးပင ်ဆုတ်ကိုင်ထားခွင့် ကင်းမဲ့ သွားသော ကြေကွဲဖွယ်ရာ ချော့သူ မရှိငိုပွဲကြီး ဖြစ်သည်။ မင်းမှုထမ်း ၊ရံရွေတော် တို့ ထိုမြင်ကွင်းကို မကြည့်ရက ်သဖြင့် တံခါးအကွယ် တွင် ကြိတ်ငိုကြသည်။ တာဝန ်အရ အမရပူရမြို့ဝန် ပင် မျက်ရည်ကျမည ်စိုးသဖြင့် အဝေးသို့ ထွက်သွားကာ မင်းမှုထမ်းတစ်ဦးကို တီးတိုးပြောသည်။ ထို မင်းမှုထမ်းသည် မယ်နုဆီရောက်လာ၍...မင်းမှုထမ်း။ ။ “မိဘုရားကြီး ထွက်ခွာဖို့ အချိန်ကျပါပြီလို့ မြို့ဝန်မင်း ကပြောပါတယ်၊ နေရာက ထပါတော့”နောက်ထပ ်မင်းမှုထမ်း တို့သည် မယ်နုဆီ ဝင်လာပြီး လက်နှစ်ဘက်ကို ဆွဲယူလိုက်ကြသည်။ သမီးတော်ကလေး။ ။ “မသွားရဘူး မယ်မယ် ဘုရား ဘယ်ကိုမှ မသွားရဘူး ၊သွားရင် သမီးတော်လေး လည်း လိုက်မှာပဲ ” ဟု တစာစာအော်ဟစ်နေရာ မယ်နု ၏ နားများ အတွင်း ပဲ့တင်ထပ်ကာ တဖြည်းဖြည်း ဝေးသွားလေတော့သည်။ ကြေးတိုက်မှ လာသော နွားလှည်းပေါ်တက်ကာ နောက်သို့ တစ်ချက်ပင်လှည့် မကြည့်တော့ချေ။ နေလုံးကြီး သည် ဝင်းလက်သော အလင်းရောင်တို့ကို လျှော့ချ၍ အနောက်ဘက်တောင်တန်းပေါ် နိမ့်ဆင်း သွားသည်။ မယ်နု ကို တင်လာသော လှည်းပတောင်းမြည်သံ ကို ကြားသော် အနီးရှိ ဘုန်းကြီးကျောင်းခွေး များ အူကြ သည်မှာ ကံကြမ္မာဆိုး အတွက် မြည်သံများ ဖြစ်နေသည်။ တောင်သမန်အင်းရေပြင် အနီး သို့ရောက်သော် အာဏာ ပကွက်သား တို့သည် နန်းမတော် မယ်နု အား ခဲထည့် ထားသော ရွှေနားကွတ ်ကတ္တီပါ အိတ်နီ တွင် ထည့်၍ ပိတ်ပြီး ရေပြင် သို့ ပြစ်ချလိုက် သည်။ မြှပ် မမြှပ်သေချာအောင် ခဏစောင့်ကြည့်သည် တောင်သမန် အင်းရေပြင်ပေါ်တွင် ရေပွက် ကလေး တစ်ပွက် နှစ်ပွက် ထလာပြီး ရေပြင်မှာ ပြကတိ ပြန်ငြိမ် သွားပြီး လေပြေညင်း ကလေး ရေပြင်ထက်မှ ဖြတ်သန်း တိုက်ခတ်သွားသည်။ နန်းမတော် မယ်နု ၏ နောက်ဆုံးထွက် သက် ရေပွက်ကလေး မဟုတ်ပ ါလော။ ကုန်းဘောင်ခေတ် ၏ မွန်းတည့်ချိန် ဘုန်းဩဇာ အပြည့်နှင့် ရွှေအိမ်နန်းကြငှန်း ထက်တွင် အမျိုးသမီးတို့အတွက် အထွတ်ထိပ်ဖြစ်သော အဂ္ဂမဟေသီ မိဖုရားခေါင ်ရာထူးကို ရယူခဲ့သော်လည်း လူ့ဘဝ သည် မည်သည့် အရာမျှကြာရှည် မတည်မြဲဘဲ တစ်ခဏ အချိန်တွင်းသာ ရှိသည်ကို နန်းမတော် မယ်န ုက သူမ ၏နောက်ဆုံး ထွက်သက် ရေပွက်ကလေး အချိန်မျှဖြင့် ကျွန်ုပ်တို့အား သင်ခန်းစာ ပေးသွားခဲ့သည် မဟုတ်ပါလော။ သတ္တဝါ အပေါင်း ချမ်းသာကိုယ်စိတ်မြဲပါစေ
သုခုမ အလင်းတန်းများ

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...