Loading...

ေဆးရံု ကိုအားကိုးေသာ ဝိညာဥ္


(တကယ့္ အျဖစ္အပ်က္ ပါ ။နာမည္ေတြေတာ့ လႊဲထားပါသည္ ။ )
ဆရာမေလး သူဇာ အေရးေပၚ ဌာနမွာ ညဂ်ဳတီ ဆင္းရတာ ငါးရက္ေျမာက္ေန႕ ။ အနည္းငယ္ေတာ့ ေျခကုန္လက္ပန္း က်ေနသည္ ။ ညဂ်ဳတီ ဆိုေပမယ့္ ေန႔ခင္းေန႕လည္လည္း ေကာင္းေကာင္းအနားမရ။ ေဆးရံု ဂ်ဴတီ ျပီးလို႕အိမ္ျပန္ေရာက္လည္း သမီးငယ္ကို မူႀကိဳပို႕ရေယာက်္ား ထမင္းခ်ိဳင့္ အမွီ ခ်က္ျပဳတ္ရနွင့္အိမ္ေဝယာဝစၥ ေတြႏွင့္ လံုးလည္ခ်ာလည္ ။ဒီည ဂ်ဴတီ ကေတာ့ သိပ္မဆိုးလွ။ည ၁၂နာရီ ထိုးခါနီး မွာေတာ့ အေရးေပၚ ဌာန မွာ လူနာရွင္းစျပဳျပီ။ဝမ္းေလ်ာလို႕ ေဆးပုလင္းႀကီး ခ်ိတ္လက္စ အေဒၚႀကီး တစ္ဦးသာ က်န္ေတာ့သည္။အေဒၚႀကီးရဲ႕ လူနာေစာင့္ ခေလးမေလးမွာလည္းစတင္ငိုက္ျမည္းစ ျပဳေနျပီ။ေဒၚႀကီး ပုလင္းကုန္ခါနီး က်ရင္လူနာေစာင့္ကိုလာေခၚခိုင္းလိုက္ ။ က်မ အခန္းထဲမွာ သြားနားလိုက္ဦးမယ္ ။ ျပီးရင္ ေသြးေပါင္ျပန္ခ်ိန္ေပးမယ္ ေနာ္ေဒၚႀကီး ။ဆရာမေလး သူဇာဟာ သူမ နားေနခန္း ကုတင္ေပၚ လဲွခ် လိုက္တာနဲ႕ အိပ္ေရးပ်က္ညေတြရဲ႕ အရွိန္နဲ႕ ခ်က္ခ်င္း အိပ္ေပ်ာ္သြားပါတယ္ ။သူမ နွစ္နွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ျပီး တစ္နာရီေလာက္ အႀကာ မွာေတာ့သူမ ေျခေထာက္ကို ေအးစက္ မာေႀကာတဲ႔ လက္တစ္စံု က လႈပ္နိႈးတာခံလိုက္ရပါတယ္ ။ပထမေတာ့ ဆရာမေလးဟာေဆးပုလင္းခ်ိတ္ထားတဲ႔ လူနာေစာင့္ မိန္းခေလးပဲ ထင္မွတ္ရင္း အိပ္ခ်င္မူးတူးမ်က္စိကို ပြတ္သပ္ရင္း ထထိုင္လိုက္ခ်ိန္မွာသူ႕ေျခရင္းမွာ မတ္တပ္ရပ္ျပီး စိုးရိမ္ေသာက မ်က္နွာနဲ႕ရပ္ေနသူဟာအသက္ ၃၀ ဝန္းက်င္ ေယာက်္ားသား တစ္ေယာက္ ျဖစ္ေနေလေတာ့ အလြန္လန္႕ဖ်န္႕သြားပါတယ္ ။ရွင္ဘာလို႕ က်မ အခန္းထဲကို အသံမေပးပဲဇြတ္ဝင္လာတာလဲ ။ဆရာမ ေလးရဲ႕ အသံဟာ ေဒါသသံ ပါေနေပမယ့္တုန္ရီေနပါတယ္ ။က်ေနာ့္ကို ကယ္ပါဆရာမရယ္ ။ေဆးကုေပးပါ။က်ေနာ္ မေသခ်င္ေသးဘူး ။ထိုလူ ပါးစပ္မွ ပလံုးပေထြး စကားလံုး ေတြေျပာျပီး ေနာက္မွာေတာ့ ထိုသူဟာ ဆရာမေလးေျခရင္းမွာပဲ ရုတ္တရက္ ေပ်ာက္ကြယ္ သြားခဲ႔ပါတယ္ ။ဆရာမေလးဟာလည္းေခါင္းနပန္းႀကီး သြားျပီး ဝါတာကိုလာက ေရေအးေအးကို ကတိုက္ကရိုက္သြားေသာက္ျပီးေဆးပုလင္းခ်ိတ္ထားတဲ႔ အေဒၚႀကီးရဲ႕ေဘးနားသြားထိုင္ျပီး သံဗုေဒၶရြတ္ေနလိုက္တယ္ ။ငါးမိနစ္ေလာက္ အႀကာ မွာ အေဒၚႀကီး ေဆးပုလင္းကုန္တာနဲ႕ ပုလင္းျဖဳတ္ေသြးေပါင္ခ်ိန္ျပန္တိုင္းေသြးေပါင္ ျပန္မွန္လာတာေႀကာင့္ တာဝန္က်အေရးေပၚ ဆရာဝန္ကို သြား အေႀကာင္းႀကားျပီးဆရာဝန္ ညႊန္ႀကားတဲ႔ ေသာက္ေဆးေတြဓာတ္ဆားထုပ္ေတြ အေဒၚႀကီးကို ေပးရင္းေသာက္ပံုေသာက္နည္းေတြ ရွင္းျပအေဒၚႀကီးတို႔ သားအမိ သံုးဘီး ဆိုင္ကယ္ေလးနဲ႕ ျပန္သြားခ်ိန္မွာေတာ့ဆရာမ ေလးဟာ အထီးက်န္စြာ က်န္ရစ္ခဲ႔ပါတယ္ ။သူမ အိပ္လက္စ ကုတင္နားကိုေတာ့ျပန္မသြားရဲေသးတာနဲ႕ေကာင္တာမွာ ဘုရားစာ ပဲ ထိုင္ရြတ္ေနမိတယ္ ။ဆယ္မိနစ္ေလာက္ အႀကာမွာေတာ့လူနာတင္ လူမႈကူညီေရး ကားတစ္စင္းေရာက္လာပါေတာ့တယ္ ။လာေနက် အသင္းရဲ႕ ကားျဖစ္တာေႀကာင့္ဒရိုင္ဘာ ဟာ ဆရာမေလး နဲ႕ ခင္မင္ရင္းနွီးစြဲရွိျပီးသားပါ ။ဒရိုင္ဘာ နဲ႕ သူ႕အေဖာ္ ကားေပၚက အရင္ဆင္းလာျပီး ဆရာမေလးဆီေလ်ွာက္လာပါတယ္ ။ဆရာမလူနာေတာ့ ဆံုးေနျပီနဲ႕ တူတယ္ ။ဆိုင္ကယ္စီးရင္း ကားတိုက္သြားတယ္နဲ႕တူတယ္။တိုက္သြားတဲ႔ ကားကေတာ့ေမာင္းေျပးသြားတဲ႔ ပံုပဲ ။လမ္းေဘး လဲက်ေနတာနဲ႕ ေတြ႕တဲ႕သူေတြအေႀကာင္းႀကားလို႕ က်ေနာ္တို႕သြားေကာက္လာတာ။ကားေပၚ တင္ခါစ က နည္းနည္းလႈပ္ေသးျငီးေသးတယ္ ။ေဆးရံု ကို ေမာင္းလာရင္းတေျဖးေျဖး ျငီးသံ ေပ်ာက္ျပီး ျငိမ္သြားတာ။ကားေပၚပဲ ဆရာဝန္ကို တက္ႀကည့္ခိုင္းေပးပါလားဆရာမ ။အသက္မရွိေတာ့ရင္လည္း က်ေနာ္တို႕ ေမာ္ဂ်ဴရီကို တခါတည္း ေမာင္းပို႕ ေပးခဲ႔ေတာ့မယ္ ။ဆရာမေလးလည္းတာဝန္က် ဆရာဝန္ကို သြားနိႈးအက်ိဳးအေႀကာင္းေျပာျပီးမွာကားေပၚကိုနွစ္ဦးသား တက္ႀကည့္ဖို႕ျပင္ပါတယ္။လူနာရဲ႕ ဦးေခါင္းဟာတစ္ဖက္ေဘးကို လည္က်ေနတာေႀကာင့္ဆရာဝန္ကဆရာမေရ လူနာေခါင္းေလး တည့္ေပးပါလားက်ေနာ္ pupil (သူငယ္အိမ္) ႀကည့္ရေအာင္လို႕ ေျပာတာနဲ႕ ဆရာမေလးလဲ လက္အိတ္ဝတ္ထားတဲ႔ သူမ လက္ေလးနဲ႕လူနာရဲ႕ မ်က္မွာကို လွမ္းတည့္လိုက္ခ်ိန္မွာဆရာမေလး တစ္ကိုယ္လံုး ေတာင့္တင္းျပီးျဖဴဖပ္ျဖဴေရာ္ ျဖစ္သြားပါတယ္ ။ပါးစပ္ကလည္းအမေလး ဆိုတဲ႔ အာေမဋိတ္ အသံက်ယ္ေလာင္စြာ ထြက္ေပၚလာလို႕ဆရာဝန္ကေတာင္ အံ႕ႀသတႀကီးျဖစ္သြားခဲ႔ပါတယ္။ကားေပၚမွာ ေသဆံုးေနတဲ႕ လူနာရဲ႕မ်က္နွာဟာလြန္ခဲ႔တဲ႔ ၁၅ မိနစ္ေလာက္ကသူမ ေျခေထာက္ကို လာ လႈပ္ခါ နိႈးျပီးေဆးကုေပးဖို႕ ေတာင္းဆိုတဲ႔သူရဲ႕မ်က္နွာ ျဖစ္ေနလို႕ပါပဲ ။သူရဲ႕ ဝိဥာဥ္ဟာလူနာတင္ကားထက္ေစာလ်င္စြာအေရးေပၚဌာနကို အေရာက္လာခဲ႔ေပမယ့္သူ႕ကိုယ္ခႏၶာ ကေတာ့ ေသဆံုးေနခဲ႔ပါျပီ။ဆရာဝန္ရဲ႕ death certified အျပီးမွာေမာ္ဂ်ဴရီ ဘက္ကို ေမာင္းသြားတဲ႔ လူနာတင္ကားကို တုန္ရီ ေနတဲ႔ ရင္အစံုနဲ႕ေငးမိေနတဲ႔ ဆရာမေလးဟာသူမေျခေထာက္ကို လာလႈပ္ခါနိႈးတဲ႔ဝိဥာဥ္ရဲ႕ ေတာင္းပန္စကားသံ ေတြကိုျပန္ႀကားေနမိေတာ့တယ္။
က်ေနာ့္ကို ကယ္ပါ ဆရာမရယ္ေဆးကုေပးပါ ။က်ေနာ္ မေသခ်င္ေသးဘူး ။ထိုညကဆရာမေလးျပန္အိပ္၍ မရေတာ့ငုတ္တုတ္ မိုးလင္းခဲ႔ရေလသည္။
Tayza Kyaw

http://mmstar.net

Unicode

(တကယ့် အဖြစ်အပျက် ပါ ။နာမည်တွေတော့ လွှဲထားပါသည် ။ )
ဆရာမလေး သူဇာ အရေးပေါ် ဌာနမှာ ညဂျုတီ ဆင်းရတာ ငါးရက်မြောက်နေ့ ။ အနည်းငယ်တော့ ခြေကုန်လက်ပန်း ကျနေသည် ။ ညဂျုတီ ဆိုပေမယ့် နေ့ခင်းနေ့လည်လည်း ကောင်းကောင်းအနားမရ။ ဆေးရုံ ဂျူတီ ပြီးလို့အိမ်ပြန်ရောက်လည်း သမီးငယ်ကို မူကြိုပို့ရယောကျာ်း ထမင်းချိုင့် အမှီ ချက်ပြုတ်ရနှင့်အိမ်ဝေယာဝစ္စ တွေနှင့် လုံးလည်ချာလည် ။ဒီည ဂျူတီ ကတော့ သိပ်မဆိုးလှ။ည ၁၂နာရီ ထိုးခါနီး မှာတော့ အရေးပေါ် ဌာန မှာ လူနာရှင်းစပြုပြီ။ဝမ်းလျောလို့ ဆေးပုလင်းကြီး ချိတ်လက်စ အဒေါ်ကြီး တစ်ဦးသာ ကျန်တော့သည်။အဒေါ်ကြီးရဲ့ လူနာစောင့် ခလေးမလေးမှာလည်းစတင်ငိုက်မြည်းစ ပြုနေပြီ။ဒေါ်ကြီး ပုလင်းကုန်ခါနီး ကျရင်လူနာစောင့်ကိုလာခေါ်ခိုင်းလိုက် ။ ကျမ အခန်းထဲမှာ သွားနားလိုက်ဦးမယ် ။ ပြီးရင် သွေးပေါင်ပြန်ချိန်ပေးမယ် နော်ဒေါ်ကြီး ။
ဆရာမလေး သူဇာဟာ သူမ နားနေခန်း ကုတင်ပေါ် လှဲချ လိုက်တာနဲ့ အိပ်ရေးပျက်ညတွေရဲ့ အရှိန်နဲ့ ချက်ချင်း အိပ်ပျော်သွားပါတယ် ။သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး တစ်နာရီလောက် အကြာ မှာတော့သူမ ခြေထောက်ကို အေးစက် မာကြောတဲ့ လက်တစ်စုံ က လှုပ်နှိုးတာခံလိုက်ရပါတယ် ။ပထမတော့ ဆရာမလေးဟာဆေးပုလင်းချိတ်ထားတဲ့ လူနာစောင့် မိန်းခလေးပဲ ထင်မှတ်ရင်း အိပ်ချင်မူးတူးမျက်စိကို ပွတ်သပ်ရင်း ထထိုင်လိုက်ချိန်မှာသူ့ခြေရင်းမှာ မတ်တပ်ရပ်ပြီး စိုးရိမ်သောက မျက်နှာနဲ့ရပ်နေသူဟာအသက် ၃၀ ဝန်းကျင် ယောကျာ်းသား တစ်ယောက် ဖြစ်နေလေတော့ အလွန်လန့်ဖျန့်သွားပါတယ် ။ရှင်ဘာလို့ ကျမ အခန်းထဲကို အသံမပေးပဲဇွတ်ဝင်လာတာလဲ ။ဆရာမ လေးရဲ့ အသံဟာ ဒေါသသံ ပါနေပေမယ့်တုန်ရီနေပါတယ် ။ကျနော့်ကို ကယ်ပါဆရာမရယ် ။ဆေးကုပေးပါ။ကျနော် မသေချင်သေးဘူး ။ထိုလူ ပါးစပ်မှ ပလုံးပထွေး စကားလုံး တွေပြောပြီး နောက်မှာတော့ ထိုသူဟာ ဆရာမလေးခြေရင်းမှာပဲ ရုတ်တရက် ပျောက်ကွယ် သွားခဲ့ပါတယ် ။ဆရာမလေးဟာလည်းခေါင်းနပန်းကြီး သွားပြီး ဝါတာကိုလာက ရေအေးအေးကို ကတိုက်ကရိုက်သွားသောက်ပြီးဆေးပုလင်းချိတ်ထားတဲ့ အဒေါ်ကြီးရဲ့ဘေးနားသွားထိုင်ပြီး သံဗုဒ္ဓေရွတ်နေလိုက်တယ် ။ငါးမိနစ်လောက် အကြာ မှာ အဒေါ်ကြီး ဆေးပုလင်းကုန်တာနဲ့ ပုလင်းဖြုတ်သွေးပေါင်ချိန်ပြန်တိုင်းသွေးပေါင် ပြန်မှန်လာတာကြောင့် တာဝန်ကျအရေးပေါ် ဆရာဝန်ကို သွားအကြောင်းကြားပြီးဆရာဝန် ညွှန်ကြားတဲ့ သောက်ဆေးတွေဓာတ်ဆားထုပ်တွေ အဒေါ်ကြီးကို ပေးရင်းသောက်ပုံသောက်နည်းတွေ ရှင်းပြအဒေါ်ကြီးတို့ သားအမိ သုံးဘီး ဆိုင်ကယ်လေးနဲ့ ပြန်သွားချိန်မှာတော့ဆရာမ လေးဟာ အထီးကျန်စွာ ကျန်ရစ်ခဲ့ပါတယ် ။သူမ အိပ်လက်စ ကုတင်နားကိုတော့ပြန်မသွားရဲသေးတာနဲ့ကောင်တာမှာ ဘုရားစာ ပဲ ထိုင်ရွတ်နေမိတယ် ။ဆယ်မိနစ်လောက် အကြာမှာတော့လူနာတင် လူမှုကူညီရေး ကားတစ်စင်းရောက်လာပါတော့တယ် ။လာနေကျ အသင်းရဲ့ ကားဖြစ်တာကြောင့်ဒရိုင်ဘာ ဟာ ဆရာမလေး နဲ့ ခင်မင်ရင်းနှီးစွဲရှိပြီးသားပါ ။ဒရိုင်ဘာ နဲ့ သူ့အဖော် ကားပေါ်က အရင်ဆင်းလာပြီး ဆရာမလေးဆီလျှောက်လာပါတယ် ။ဆရာမလူနာတော့ ဆုံးနေပြီနဲ့ တူတယ် ။ဆိုင်ကယ်စီးရင်း ကားတိုက်သွားတယ်နဲ့တူတယ်။တိုက်သွားတဲ့ ကားကတော့မောင်းပြေးသွားတဲ့ ပုံပဲ ။လမ်းဘေး လဲကျနေတာနဲ့ တွေ့တဲ့သူတွေအကြောင်းကြားလို့ ကျနော်တို့သွားကောက်လာတာ။ကားပေါ် တင်ခါစ က နည်းနည်းလှုပ်သေးငြီးသေးတယ် ။ဆေးရုံ ကို မောင်းလာရင်းတဖြေးဖြေး ငြီးသံ ပျောက်ပြီး ငြိမ်သွားတာ။ကားပေါ်ပဲ ဆရာဝန်ကို တက်ကြည့်ခိုင်းပေးပါလားဆရာမ ။အသက်မရှိတော့ရင်လည်း ကျနော်တို့ မော်ဂျူရီကို တခါတည်း မောင်းပို့ ပေးခဲ့တော့မယ် ။ဆရာမလေးလည်းတာဝန်ကျ ဆရာဝန်ကို သွားနှိုးအကျိုးအကြောင်းပြောပြီးမှာကားပေါ်ကိုနှစ်ဦးသား တက်ကြည့်ဖို့ပြင်ပါတယ်။လူနာရဲ့ ဦးခေါင်းဟာတစ်ဖက်ဘေးကို လည်ကျနေတာကြောင့်ဆရာဝန်ကဆရာမရေ လူနာခေါင်းလေး တည့်ပေးပါလားကျနော် pupil (သူငယ်အိမ်) ကြည့်ရအောင်လို့ ပြောတာနဲ့ ဆရာမလေးလဲ လက်အိတ်ဝတ်ထားတဲ့ သူမ လက်လေးနဲ့လူနာရဲ့ မျက်မှာကို လှမ်းတည့်လိုက်ချိန်မှာဆရာမလေး တစ်ကိုယ်လုံး တောင့်တင်းပြီးဖြူဖပ်ဖြူရော် ဖြစ်သွားပါတယ် ။ပါးစပ်ကလည်းအမလေး ဆိုတဲ့ အာမေဋိတ် အသံကျယ်လောင်စွာ ထွက်ပေါ်လာလို့ဆရာဝန်ကတောင် အံ့သြတကြီးဖြစ်သွားခဲ့ပါတယ်။ကားပေါ်မှာ သေဆုံးနေတဲ့ လူနာရဲ့မျက်နှာဟာလွန်ခဲ့တဲ့ ၁၅ မိနစ်လောက်ကသူမ ခြေထောက်ကို လာ လှုပ်ခါ နှိုးပြီးဆေးကုပေးဖို့ တောင်းဆိုတဲ့သူရဲ့မျက်နှာ ဖြစ်နေလို့ပါပဲ ။သူရဲ့ ဝိဉာဉ်ဟာလူနာတင်ကားထက်စောလျင်စွာအရေးပေါ်ဌာနကို အရောက်လာခဲ့ပေမယ့်သူ့ကိုယ်ခန္ဓာ ကတော့ သေဆုံးနေခဲ့ပါပြီ။ဆရာဝန်ရဲ့ death certified အပြီးမှာမော်ဂျူရီ ဘက်ကို မောင်းသွားတဲ့ လူနာတင်ကားကို တုန်ရီ နေတဲ့ ရင်အစုံနဲ့ငေးမိနေတဲ့ ဆရာမလေးဟာသူမခြေထောက်ကို လာလှုပ်ခါနှိုးတဲ့ဝိဉာဉ်ရဲ့ တောင်းပန်စကားသံ တွေကိုပြန်ကြားနေမိတော့တယ်။
ကျနော့်ကို ကယ်ပါ ဆရာမရယ်ဆေးကုပေးပါ ။ကျနော် မသေချင်သေးဘူး ။ထိုညကဆရာမလေးပြန်အိပ်၍ မရတော့ငုတ်တုတ် မိုးလင်းခဲ့ရလေသည်။
#Tayza Kyaw

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...