Loading...

နေ့လည်ဘက်တွင် ကြာကြာအိပ်စက်ခြင်းက စောစီးစွာ သေဆုံးနိုင်မှုကို မြင့်မားစေ


နေ့လည်ပိုင်းမှာ မိနစ်လေးဆယ်ထက် ပိုအိပ်တာက စောစီးစွာသေဆုံးနိုင်မှုကို မြင့်မားစေတယ်လို့ လေ့လာမှုအသစ် တစ် ရပ်က ဆိုပါတယ်။
လူသုံးသိန်းလောက်ကို စမ်းသပ်ခဲ့ရာမှာတော့ နေ့လည်ဘက်မှာ အချိန်ကြာကြာ အိပ်စက်လေ့ရှိသူတွေဟာ ဇီဝကမ္မဆိုင် ရာဖြစ်စဉ်တွေ နှောင့်နှေးသွားပြီးတော့ သွေးဖိအားမြင့်မားတာတွေ ၊ ကိုလက်စထရော ပါဝင်မှုမြင့်တက်တာတွေ ဖြစ်လာ တယ်လို့ သိရပါတယ်။
လေ့လာမှုပေါင်း ၂၁ ခုနဲ့ လူသုံးသိန်းကျော်ကို စမ်းသပ်ခဲ့ပြီးမှ အမေရိကန်နိုင်ငံ နှလုံးဘက်ဆိုင်ရာ နှစ်ပတ်လည် အစည်း အဝေးမှာ အခုလိုမျိုး အတည်ပြု ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ နေ့လည်ပိုင်းမှာ ပင်ပန်းလို့ ခဏတာ အိပ်စက်ခြင်းဟာ လူကို အားပြည့်လန်းဆန်းစေပေမယ့်လည်း မိနစ်လေးဆယ်ထက်ပိုသွားရင်တော့ ကျန်းမာရေးဆိုးကျိုးတွေများမှာဖြစ်ပြီး အရွယ်မတိုင်ခင်သေဆုံးမှုကို အားပေးနေတယ်လို့ Daily Mail က ဖော်ပြခဲ့တာပါ။
လူတွေရဲ့ တစ်နေ့တာလှုပ်ရှားနေထိုင်မှုတွေကိုခြေရာခံကြည့်လိုက်တဲ့ အချိန်မှာတော့ မိနစ်လေးဆယ်ထက်ပိုအိပ် တ တ်သူတွေဟာ အဝလွန်တာတွေ ၊ ဆီးချိုသွေးချိုရောဂါတွေနဲ့ နှလုံးရောဂါလိုမျိုး သေစေနိုင်တဲ့ ရောဂါတွေရှိနေပြီး မိ နစ်လေးဆယ်ထက်ပိုမအိပ်သူတွေမှာ ဒီရောဂါအရိပ်အယောင်တွေကို မတွေ့ခဲ့ရပါဘူး။
နေ့လည်ပိုင်း အိပ်ချိန်ရှည်ကြာတဲ့သူတွေမှာဆိုရင်တော့ ခန္ဒာကိုယ်ရဲ့ ဇီဝကမ္မဗေဒဖြစ်စဉ်ဟာ ကမောက်ကမဖြစ်သွားပြီး အိပ်ရာထတဲ့အချိန်အထိ ပုံမှန်ပြန်မဖြစ်တော့တာကို တွေ့ခဲ့ရပါတယ်။ အကယ်လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သေး ဘူးဆိုရင်တော့ ဇီဝကမ္မဗေဒဖြစ်စဉ်ဟာ ပုံမှန်အတိုင်းပဲဆက်သွားနေတယ်လို့ သိရပါတယ်။
ဦးဆောင်လေ့လာသူ ဒေါက်တာ တိုမိုဟိုက်တမားဒါးကတော့ “နေ့လည်ဘက် အိပ်စက်တာက ကမ္ဘာတစ်ဝှမ်းမှာ ပြုလုပ်ေ လ့ရှိကြပါတယ်။ ဒီလိုမျိုး နေ့လည်ဘက် အချိန်ကြာအိပ်စက်မှုများလာရင်တော့ ဇီဝကမ္မဗေဒဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ ရောဂါတွေဖြစ်တယ်လေ။
ဒီလို အိပ်စက်တာနဲ့ အန္တရာယ်ရှိတဲ့ ရောဂါတွေကို ဖြစ်ပွားစေတယ်ဆိုတာကို လူတွေ သိမြင်အောင်ပါ။ ဒါဆိုရင်တော့ အဖြစ်များတဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်သလိုလည်း ဖြစ်စေပါတယ်” လို့ ပြောခဲ့ပါတယ်။
Credit to original

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...