======

အချစ်​​ရေးနဲ့ပတ်​သက်​လို့ပရိသတ်​စိတ်​ဝင်​စားခံရတဲ့မင်းသမီး


သဲသဲလို့ချစ်​စနိုး​ခေါ်တဲ့စံရတီမိုးမြင့်​ကို​တွေ့ဆုံခိုက်​ သူမရဲ့အချစ်​​ရေးအ​ကြောင်း​တွေနဲ့အတူတူ အနုပညာ​လောကအ​ခြေအ​နေ​တွေကိုလည်း​မေးမြန်းဖြစ်​ခဲ့ပါ တယ်​ အချစ်​​ရေး​တွေကိုPublicကိုအမြဲ​ပြောပြ​လေ့ရှိတဲ့စံရတီမိုးမြင့်​တစ်​​ယောက်​လက်​ရှိရည်းစားနဲ့ ပြတ်​သွားတာကိုလည်းအမှန်​အတိုင်းပဲ​ပြောပြ​ခဲ့ပါတယ်​။အချစ်​​ရေးနဲ့ပတ်​သက်​လို့ပရိသတ်​စိတ်​ဝင်​စားခံရတဲ့မင်းသမီးတစ်​​ယောက်​ဆိုလည်းမမှားတဲ့အတွက်​ အင်​တာဗျူး​မေးခဲ့သမျှကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​။မေး- ဇာတ်​ကားအရိုက်​နည်းသွားတာက ဇာတ်​​တွေ​ရွေးချယ်​လို့လား စံရတီ​ပျောက်​​နေတယ်​​နော်​လို့​ပြော​နေတဲ့ ပရိသတ်​​တွေကိုတစ်​ခုခု​ပြော​ပေးပါဦး?
ဖြေ- အခု​နောက်​ပိုင်း​ဇာတ်​ကား​တွေကို​တော့ ကိုယ်မလုပ်​ဖူး​သေးတဲ့ကာရိုက်​တာနဲ့ ကိုယ်​ဘယ်​​လောက်​ထိ လုပ်​ခွင့်​ရမလဲဆိုတဲ့အ​ပေါ်မှာပဲကြည့်​ပြီး ​ရွေးချယ်​ဆုံးဖြတ်​ပါတယ်။ အဲ့ဒါ​ကြောင့်​လည်းကားရိုက်​ကကျဲသလိုဖြစ်​​နေတာ​ပေါ့ Media7က ရိုက်​တဲ့ဟာသဇာတ်​လမ်းတွဲ​လေးမှာလည်း ပါဝင်​ထားပါတယ်​ ။
အချစ်​​ရေးနဲ့ပတ်​သက်​လို့ပရိသတ်​စိတ်​ဝင်​စားခံရတဲ့မင်းသမီး- စံရတီမိုးမြင့်
အချစ်​​ရေးနဲ့ပတ်​သက်​လို့ပရိသတ်​စိတ်​ဝင်​စားခံရတဲ့မင်းသမီး- စံရတီမိုးမြင့်
မေး- သဲသဲီရပ်​တည်​​နေခဲ့တဲ့လက်​ရှိအနုပညာ​လောကကြီးက​ရောဘာ​တွေ​ပြောင်းလဲသွားပြီလဲ?
ဖြေ- ဇာတ်​ကားရိုက်​​တွေနည်းသွားတယ်​ တစ်​ချို့ဇာတ်​ပို့ဇာတ်​ရံ​တွေဆိုရင်​ညီမ​ဖေ့ဘွတ်​​ပေါ်မှာ​တွေ့​နေရတယ်။ အလုပ်​အကိုင်​​တွေအဆင်​မ​ပြေကြဘူး။ အဲ့လိုမျိုးဆိုရင်​သူတို့​တွေကကိုယ်​​တွေထက်​ရတဲ့​ကြေးကလည်းအရမ်းနည်းတယ်​​လေ။သဲသဲလည်း​တော်​​တော်​​လေးစိတ်​မ​ကောင်းဘူး။ အဲ့ဒါ​ကြောင့်​ကိုယ်​ရတဲ့အထဲက​နေနည်းသည်​ဖြစ်​​စေ များသည်​ဖြစ်​​စေပြန်​ပြီးမျှ​ဝေ​ပေးတာမျိုးအမြဲလုပ်​တယ်​ ။ဗီဒီယို​တွေရိုက်​တာနည်း​တော့အသုံးစရိတ်​​တွေနည်းလာတယ်​ မင်းသားမင်းသမီးက​တော့ထားပါ​တော့ ဇာတ်​ပို့ဇာတ်​ရံ​တွေအရမ်းထိခိုက်​တယ်။ မင်းသားမင်းသမီး​တွေထက်​စာရင်​​ပါ့ မင်းသားမင်းသမီး​တွေက ​တော်​​သေးတယ်​​လေ​ပြောရမယ်​ဆိုရင်​​လေ။
အချစ်​​ရေးနဲ့ပတ်​သက်​လို့ပရိသတ်​စိတ်​ဝင်​စားခံရတဲ့မင်းသမီး- စံရတီမိုးမြင့်
မေး- အချစ်​​ရေးနဲ့ပတ်​သက်​လို့လည်းသိချင်​​သေးတယ်။ သဲသဲရဲ့ချစ်​သူကဘယ်​လိုမျိုးဖြစ်​ရမယ်​ဆိုပြီးသတ်​မှတ်​ထားတာမျိုးရှိလား?
ဖြေ- သဲသဲက​လေသဲသဲအနားမှာရှိ​နေတဲ့အချစ်​​ရေးမျိုးကို လိုချင်​တယ်​။ အနားမှာရှိ​နေတာမျိုးကိုပိုသ​ဘောကျတယ်။ ​သဲသဲထားတဲ့ချစ်​သူ​တွေကLong Distance Relationship​တွေများတယ်။ ​​တော်​​တော်​များများကLDRS​တွေကြီးပဲ။ အဓိကကကိုယ်​ကအနားမှာ ကပ်​​နေတာမျိုးကိုသ​ဘောကျတာသိပ်​အဆင်​မ​ပြေဘူး။ အခုတစ်​​ယောက်​နဲ့ကလည်း သူကဟိုမှာ​ကျောင်းတက်​​နေတာ​ကျောင်းပြီးဖို့၂နှစ်​​လောက်​ကျန်​​သေး​တော့ သူပြန်​လာတဲ့တစ်​ပတ်​​လောက်​၅ရက်​​လောက်​က ကိုယ်​ကအဲ့အချိန်​ရှုတင်​ကြီးနဲ့ နယ်​​ရောက်​ရင်​လည်း​ရောက်​​နေပြန်​​ရော တစ်​​ယောက်​နဲ့တစ်​​ယောက်​ကအချိန်​မ​ပေးနိုင်​ဘူးအချိန်​မ​ပေးနိုင်​​တော့ နားလည်​မှူနဲ့ပဲ​ပေါ့သူငယ်​ချင်းလိုပဲရှိပါတယ်။
အချစ်​​ရေးနဲ့ပတ်​သက်​လို့ပရိသတ်​စိတ်​ဝင်​စားခံရတဲ့မင်းသမီး- စံရတီမိုးမြင့်

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...