======

နင့္ရဲ႕႔ အပ်ိဳစင္ဘ၀ကို ဒုတိယတစ္ႀကိမ္က်ရင္ နင့္ရဲ႕စိတ္ဆႏၵနဲ႔ ငါ့ကိုေပးႏိုင္မလား?

ေကာင္မေလးတစ္ေယာက္ လူတစ္အုပ္စုရဲ႕ေစာ္ကားအႏိုင္က်င့္ျခင္းကို ခံလိုက္ရတယ္…
ဒါေၾကာင့္… သူ ေမွ်ာ္လင့္ခ်က္ေတြ ကင္းမဲ့ခဲ့တယ္…
သူ႔ဘ၀ကို အဆံုးစီရင္ဖို႔ စဥ္းစားခဲ့တယ္… ဒါေပမဲ့ သူခ်စ္တဲ့သူကို မထားရစ္ခဲ့ႏိုင္ဘူး…
ဒါနဲ႔သူ သူခ်စ္တဲ့သူကို ဖုန္းကေနတဆင့္ ပံုျပင္တစ္ပုဒ္ေျပာျပလိုက္တယ္…
ေကာင္ေလးက နားေထာင္ၿပီးေတာ့ သူ႔ပံုျပင္က ဘယ္သူ႔ကိုဆိုလိုတာလဲဆိုတာကို သိလိုက္တယ္…
... ဒါေပမဲ့ သူဒီလိုျဖစ္ရပ္မ်ိဳးကို ခ်က္ခ်င္းလက္မခံႏိုင္ဘူး… ေကာင္ေလးက ေကာင္မေလးကိုေျပာလိုက္တယ္…
သူ႔ကို ၁၂ နာရီ အခ်ိန္ေပးပါ…
ေကာင္မေလးက ဒီအေျဖကို သိေနၿပီ… မ်က္ႏွာကို အတင္းျပံဳးလိုက္ၿပီး “ေကာင္းၿပီေလ… နင့္ကို ၁၂ နာရီ အခ်ိန္ေပးမယ္… ငါ့ကို လဲ ၁၂ နာရီ အခ်ိန္ေပးလိုက္မယ္…”
မိုးတေျဖးေျဖးလင္းလာၿပီ… အေရွ႕ဘက္ကေန လင္းေရာင္ျခည္ကို ၀ိုးတိုး၀ါးတာျမင္ေနရၿပီ…
ေကာင္မေလးက သိလိုက္ၿပီ… သူ႔မွာေမွ်ာ္လင့္ခ်က္ မရွိေတာ့ဘူး။ ကိုယ့္ကိုယ္ကို လွလွပပျဖစ္ေအာင္ ျပင္ဆင္လိုက္တယ္…
အိပ္ေဆးပုလင္း ကိုၾကည့္ၿပီး ဖုန္းကို ေကာက္ကိုင္လိုက္တယ္…
သူ႔မွာ လက္မႈိင္က်စရာေတြ… တြန္႔ဆုတ္ေနတာေတြ ေရာေထြးေနတယ္…
အဲဒီ အခ်ိန္မွာဘဲ ဖုန္းသံျမည္လာတယ္… ေကာင္ေလးဆက္လာတာပါ…
“ငါတညလံုး စဥ္းစားထားၿပီးၿပီ… ငါနင္ကိုေျပာျပခ်င္တာက…”
ေကာင္မေလးက လုၿပီးေျပာလိုက္တယ္ “မေျပာနဲ႔ေတာ့… ငါသိတယ္… နင္ဘာေျပာမလဲဆိုတာကို။ နင္ငါ့ကိုခ်စ္တယ္လို႔ တစ္ခြန္းေလာက္ေျပာေပးပါလား…”
ေကာင္မေလးက အိပ္ေဆးေတြကို လက္ဖ၀ါးေပၚတြန္ခ်လိုက္တယ္… အလံုးတစ္ရာေလာက္ရွိတဲ့ ေဆးျပားေတြဟာ သူ႔လက္ေသးေသးေလးမွာ အျပည့္ပါဘဲ…
ေကာင္ေလးက ညင္သာစြာျပန္ေျပာလိုက္တယ္… “ အင္း… ငါနင့္ကိုခ်စ္တယ္…”
“ဒီကိစၥဟာနင့္ရဲ႕ အမွားမဟုတ္ပါဘူး… နင္လဲမျဖစ္ခ်င္ဘူး… ဒါေပမဲ့လဲ ဘယ္တတ္ႏိုင္မွာလဲ… ငါတစ္ခုေတာင္းဆို ခ်င္တယ္… လိုက္ေလ်ာႏိုင္မလား?”
“အင္း.. နင္ေျပာေလ… ငါနားေထာင္ေနမယ္… ဒီ အခ်ိန္တိုတိုေလးမွာ လုပ္ေပးႏိုင္မယ္ဆိုရင္ ငါလိုက္ေလ်ာေပးပါ့မယ္…”
“အခ်စ္…
ငါတို႔လက္မထပ္ ခင္ အထိ နင့္ရဲ႕႔ အပ်ိဳစင္ဘ၀ကို ဒုတိယတစ္ေခါက္ ေစာင့္ထိန္းေပးႏိုင္မလား?”
“ဘာ?” ေကာင္မေလး ခဏတာ မွင္သက္သြားၿပီး “ဒါမ်ိဳးက တစ္ႀကိမ္ဘဲရွိတာ… ဘယ္လိုလုပ္ၿပီးဒုတိယ တစ္ႀကိမ္ရွိမွာလဲ?”
“ဟုတ္တယ္၊ ပထမ တစ္ႀကိမ္တုန္းက နင္ မဆံုးရႈံးခ်င္ဘူး… နင့္ ဆႏၵမပါဘဲ ေပးလိုက္ရတာ… ဒုတိယတစ္ႀကိမ္ကိုေတာ့ နင့္ရဲ႕စိတ္ဆႏၵနဲ႔ ငါ့ကိုေပးႏိုင္မလား?”
ဘိ္ုင္း… ေဆးပုလင္းနဲ႔ ဖုန္း ေကာင္မေလးရဲ႕လက္ထဲကေန လြတ္က်သြားတယ္…
ေကာင္မေလးရဲ႕ ၾကည္လင္လွတဲ့ မ်က္ရည္ေတြဟာ သူ႔ရဲ႕မ်က္ႏွာျပင္အတိုင္းစီးက်လာတယ္…
“ဟဲလို… နင္ဘာျဖစ္သြားတာလဲ?”
ေကာင္ေလး ေတာ္ေတာ္ေလးလန္႔သြားတယ္… သူ ေျခကုန္လက္ပန္း ေကာင္မေလးရဲ႕ အိမ္ကို ေျပးလာခဲ့တယ္…
သူ သူ႔ကို ဆံုးရႈံးလို႔မျဖစ္ဘူး… သူ သူ႔ကိုခ်စ္တယ္…
သူဘာဘဲျဖစ္ေနပါေစ… သူသိတာက.. သူဟာ သူ႔ရဲ႕ အသက္… သူဟာ သူ႔ရဲ႕နတ္သမီး… သူဟာ သူ႔ရဲ႕တစ္ခုတည္းေသာ…
သူ ေမာေမာဟိုက္ဟိုက္နဲ႔ ေကာင္မေလးအိမ္တံခါးေရွ႕ေရာက္တဲ့အခ်ိန္မွာ…
တံခါးကိုဆြဲဖြင့္လိုက္တယ္… ေကာင္းမေလး ရဲ႕မ်က္ရည္ အဆက္မပ်က္ က်ဆင္းေနတဲ့ မ်က္၀န္းအစံုဟာ တံခါး၀ကို စိုက္ၾကည့္ေနတယ္…
“ဟူး…”သက္ျပင္းအရွည္ႀကီးတစ္ခ်က္ခ်လိုက္တယ္… “ ေတာ္ေသးတာေပါ့… ငါ့မွာလန္႔လို႔ေသေတာ့မယ္…”
ေကာင္မေလးက သူ႔ဆီက ေျပးဖက္လိုက္တယ္… ႏူးညံ့စြာ ေျပာလိုက္တယ္…
“ငါ ငါ့ရဲ႕ဒုတိယ တစ္ႀကိမ္ကို နင့္ကိုေပးမယ္… အခုေပးလဲရတယ္…”
ေကာင္ေလးက ေကာင္မေလးရဲ႕ လင္းလက္ေနတဲ့ မ်က္ရည္ကို အနမ္းေပးၿပီးေျပာလိုက္တယ္…
“မဟုတ္ဘူး… အဲဒီေန႔ကိုေစာင့္ပါ… အဲဒီေန႔မွာ နင္ငါ့ကိုေပးမယ္ဆိုမွငါယူမယ္… ငါေစာင့္မယ္… နင္လဲေစာင့္ရမယ္… သိလား?”
ေကာင္ေလးက ေကာင္မေလးရဲ႕ေကာင္းကို ပြတ္ၿပီးေျပာလိုက္တယ္ " နင္ေသသြားရင္ ငါနင့္ကို ဘယ္လိုဆက္ခ်စ္ရေတာ့မွာလဲ? ငါနင့္ကိုခ်စ္တာ နင့္ကိုေပ်ာ္ရႊင္ၾကည္ႏူးေစခ်င္လို႔ပါ..."
ေကာင္မေလး ျဖတ္သန္းလာခဲ့တဲ့ ေန႔မ်ားစြာမွာ ပထမဦးဆံုးေသာ “ၾကည္ႏူးမႈ အခ်စ္မ်က္ရည္က်ဆင္းခဲ့ရတယ္…”
လူတစ္ေယာက္ကို ခ်စ္တာ သူ႔ေကာင္းကြက္ကိုဘဲ ခ်စ္တာမဟုတ္ဘဲ သူ႔ရဲ႕ အားနည္းခ်က္၊ လိုအပ္ခ်က္၊ မွားယြင္းခ်က္ေလးေတြကိုပါ လက္ခံႏိုင္ဖို႔လိုပါလိမ့္မယ္.
=============
Unicode>>>
ကောင်မလေးတစ်ယောက် လူတစ်အုပ်စုရဲ့စော်ကားအနိုင်ကျင့်ခြင်းကို ခံလိုက်ရတယ်…
ဒါကြောင့်… သူ မျှော်လင့်ချက်တွေ ကင်းမဲ့ခဲ့တယ်…
သူ့ဘဝကို အဆုံးစီရင်ဖို့ စဉ်းစားခဲ့တယ်… ဒါပေမဲ့ သူချစ်တဲ့သူကို မထားရစ်ခဲ့နိုင်ဘူး…
ဒါနဲ့သူ သူချစ်တဲ့သူကို ဖုန်းကနေတဆင့် ပုံပြင်တစ်ပုဒ်ပြောပြလိုက်တယ်…
ကောင်လေးက နားထောင်ပြီးတော့ သူ့ပုံပြင်က ဘယ်သူ့ကိုဆိုလိုတာလဲဆိုတာကို သိလိုက်တယ်…
... ဒါပေမဲ့ သူဒီလိုဖြစ်ရပ်မျိုးကို ချက်ချင်းလက်မခံနိုင်ဘူး… ကောင်လေးက ကောင်မလေးကိုပြောလိုက်တယ်…
သူ့ကို ၁၂ နာရီ အချိန်ပေးပါ…
ကောင်မလေးက ဒီအဖြေကို သိနေပြီ… မျက်နှာကို အတင်းပြုံးလိုက်ပြီး “ကောင်းပြီလေ… နင့်ကို ၁၂ နာရီ အချိန်ပေးမယ်… ငါ့ကို လဲ ၁၂ နာရီ အချိန်ပေးလိုက်မယ်…”
မိုးတဖြေးဖြေးလင်းလာပြီ… အရှေ့ဘက်ကနေ လင်းရောင်ခြည်ကို ၀ိုးတိုးဝါးတာမြင်နေရပြီ…
ကောင်မလေးက သိလိုက်ပြီ… သူ့မှာမျှော်လင့်ချက် မရှိတော့ဘူး။ ကိုယ့်ကိုယ်ကို လှလှပပဖြစ်အောင် ပြင်ဆင်လိုက်တယ်…
အိပ်ဆေးပုလင်း ကိုကြည့်ပြီး ဖုန်းကို ကောက်ကိုင်လိုက်တယ်…
သူ့မှာ လက်မှိုင်ကျစရာတွေ… တွန့်ဆုတ်နေတာတွေ ရောထွေးနေတယ်…
အဲဒီ အချိန်မှာဘဲ ဖုန်းသံမြည်လာတယ်… ကောင်လေးဆက်လာတာပါ…
“ငါတညလုံး စဉ်းစားထားပြီးပြီ… ငါနင်ကိုပြောပြချင်တာက…”
ကောင်မလေးက လုပြီးပြောလိုက်တယ် “မပြောနဲ့တော့… ငါသိတယ်… နင်ဘာပြောမလဲဆိုတာကို။ နင်ငါ့ကိုချစ်တယ်လို့ တစ်ခွန်းလောက်ပြောပေးပါလား…”
ကောင်မလေးက အိပ်ဆေးတွေကို လက်ဖဝါးပေါ်တွန်ချလိုက်တယ်… အလုံးတစ်ရာလောက်ရှိတဲ့ ဆေးပြားတွေဟာ သူ့လက်သေးသေးလေးမှာ အပြည့်ပါဘဲ…
ကောင်လေးက ညင်သာစွာပြန်ပြောလိုက်တယ်… “ အင်း… ငါနင့်ကိုချစ်တယ်…”
“ဒီကိစ္စဟာနင့်ရဲ့ အမှားမဟုတ်ပါဘူး… နင်လဲမဖြစ်ချင်ဘူး… ဒါပေမဲ့လဲ ဘယ်တတ်နိုင်မှာလဲ… ငါတစ်ခုတောင်းဆို ချင်တယ်… လိုက်လျောနိုင်မလား?”
“အင်း.. နင်ပြောလေ… ငါနားထောင်နေမယ်… ဒီ အချိန်တိုတိုလေးမှာ လုပ်ပေးနိုင်မယ်ဆိုရင် ငါလိုက်လျောပေးပါ့မယ်…”
“အချစ်…
ငါတို့လက်မထပ် ခင် အထိ နင့်ရဲ့့ အပျိုစင်ဘဝကို ဒုတိယတစ်ခေါက် စောင့်ထိန်းပေးနိုင်မလား?”
“ဘာ?” ကောင်မလေး ခဏတာ မှင်သက်သွားပြီး “ဒါမျိုးက တစ်ကြိမ်ဘဲရှိတာ… ဘယ်လိုလုပ်ပြီးဒုတိယ တစ်ကြိမ်ရှိမှာလဲ?”
“ဟုတ်တယ်၊ ပထမ တစ်ကြိမ်တုန်းက နင် မဆုံးရှုံးချင်ဘူး… နင့် ဆန္ဒမပါဘဲ ပေးလိုက်ရတာ… ဒုတိယတစ်ကြိမ်ကိုတော့ နင့်ရဲ့စိတ်ဆန္ဒနဲ့ ငါ့ကိုပေးနိုင်မလား?”
ဘိ်ုင်း… ဆေးပုလင်းနဲ့ ဖုန်း ကောင်မလေးရဲ့လက်ထဲကနေ လွတ်ကျသွားတယ်…
ကောင်မလေးရဲ့ ကြည်လင်လှတဲ့ မျက်ရည်တွေဟာ သူ့ရဲ့မျက်နှာပြင်အတိုင်းစီးကျလာတယ်…
“ဟဲလို… နင်ဘာဖြစ်သွားတာလဲ?”
ကောင်လေး တော်တော်လေးလန့်သွားတယ်… သူ ခြေကုန်လက်ပန်း ကောင်မလေးရဲ့ အိမ်ကို ပြေးလာခဲ့တယ်…
သူ သူ့ကို ဆုံးရှုံးလို့မဖြစ်ဘူး… သူ သူ့ကိုချစ်တယ်…
သူဘာဘဲဖြစ်နေပါစေ… သူသိတာက.. သူဟာ သူ့ရဲ့ အသက်… သူဟာ သူ့ရဲ့နတ်သမီး… သူဟာ သူ့ရဲ့တစ်ခုတည်းသော…
သူ မောမောဟိုက်ဟိုက်နဲ့ ကောင်မလေးအိမ်တံခါးရှေ့ရောက်တဲ့အချိန်မှာ…
တံခါးကိုဆွဲဖွင့်လိုက်တယ်… ကောင်းမလေး ရဲ့မျက်ရည် အဆက်မပျက် ကျဆင်းနေတဲ့ မျက်ဝန်းအစုံဟာ တံခါးဝကို စိုက်ကြည့်နေတယ်…
“ဟူး…”သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်တယ်… “ တော်သေးတာပေါ့… ငါ့မှာလန့်လို့သေတော့မယ်…”
ကောင်မလေးက သူ့ဆီက ပြေးဖက်လိုက်တယ်… နူးညံ့စွာ ပြောလိုက်တယ်…
“ငါ ငါ့ရဲ့ဒုတိယ တစ်ကြိမ်ကို နင့်ကိုပေးမယ်… အခုပေးလဲရတယ်…”
ကောင်လေးက ကောင်မလေးရဲ့ လင်းလက်နေတဲ့ မျက်ရည်ကို အနမ်းပေးပြီးပြောလိုက်တယ်…
“မဟုတ်ဘူး… အဲဒီနေ့ကိုစောင့်ပါ… အဲဒီနေ့မှာ နင်ငါ့ကိုပေးမယ်ဆိုမှငါယူမယ်… ငါစောင့်မယ်… နင်လဲစောင့်ရမယ်… သိလား?”
ကောင်လေးက ကောင်မလေးရဲ့ကောင်းကို ပွတ်ပြီးပြောလိုက်တယ် " နင်သေသွားရင် ငါနင့်ကို ဘယ်လိုဆက်ချစ်ရတော့မှာလဲ? ငါနင့်ကိုချစ်တာ နင့်ကိုပျော်ရွှင်ကြည်နူးစေချင်လို့ပါ..."
ကောင်မလေး ဖြတ်သန်းလာခဲ့တဲ့ နေ့များစွာမှာ ပထမဦးဆုံးသော “ကြည်နူးမှု အချစ်မျက်ရည်ကျဆင်းခဲ့ရတယ်…”
လူတစ်ယောက်ကို ချစ်တာ သူ့ကောင်းကွက်ကိုဘဲ ချစ်တာမဟုတ်ဘဲ သူ့ရဲ့ အားနည်းချက်၊ လိုအပ်ချက်၊ မှားယွင်းချက်လေးတွေကိုပါ လက်ခံနိုင်ဖို့လိုပါလိမ့်မယ်.

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...