Loading...

အတွင်းခံနဲ့ ပစ်ပေါက်ခံရပေမဲ့ စိတ်မဆိုးခဲ့တဲ့ EXO အဖွဲ့


exo
အမှတ်တရရှိနေခဲ့တယ်လို့ ဆိုပါတယ်။EXO အဖွဲ့ဟာ ပြီးခဲ့တဲ့လက သူတို့ရဲ့ EXO’rDIUM ပွဲအတွက် နယူးယော့ခ်ကို သွားခဲ့စဉ်က iHeartRadio နဲ့ အင်တာဗျူးလုပ်ခဲ့ပြီး ယင်း အင်တာဗျူး မှာ EXO က သူတို့ရဲ့ အမှတ်တရအဖြစ်ဆုံး အချိန်၊ အမေရိက မှာ သူတို့ရဲ့အောင်မြင်မှုနဲ့ သူတို့အကြိုက်ဆုံး အမေရိကန်သီချင်းအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
အမေရိက နဲ့ အာရှ ပရိသတ် တွေအကြောင်း ကွာခြားမှုက ဘာလဲလို့ အစီအစဉ်မှူးက မေးမြန်းခဲ့ပါတယ်။
အမေရိက ပရိသတ် ရဲ့ တုံ့ပြန်မှုက အရမ်းကို အံ့သြစရာကောင်းပြီး မာန်အများကြီးပါတယ်လို့ Baekhyun က ပြန်ဖြေခဲ့ပါတယ်။ Suho ကလည်း Baekhyun စကားကို ထောက်ခံခဲ့ပြီး “မက္ကဆီကိုမှာဆိုရင် သူတို့ရဲ့အတွင်းခံနဲ့တောင် ပစ်ပေါက်ကြတယ်” လို့ ပြောပြပါတယ်။
CNBLUE, SUPER JUNIOR နဲ့ INFINITE တို့လို ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ များမှာလည်း ယင်းဖြစ်ရပ်မျိုးတွေ ကြုံတွေ့ခဲ့ဖူးကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဒါကို ပရိသတ် ရဲ့အားပေးမှုကို ဖော်ပြမှုနည်းလမ်းတစ်ခုအဖြစ် နားလည်ထားကြပါတယ်။
Source & Photos : ilovekstars
Credit : Duwun

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...