======

ဖေ့ဘုတ်တင်ချင်လို့ 15 ထပ်တိုက်ပေါ်ကနေ သားငယ်ကို တွဲလောင်းချပြတဲ့ ဖခင်



PannPwint

အယ်ဂျီးရီးယားနိုင်ငံမှာ ဖခင်တစ်ယောက်ကပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပေ ၁၅၀ မြင့်တဲ့ ၁၅ ထပ်တိုက်ပြတင်းပေါက်ကနေ ကလေးငယ်ရဲ့ တီရှပ်ကိုဆွဲကိုင်ပြီး တွဲလောင်းချပြခဲ့ပါတယ်။ ယင်းကိုဗွီဒီယိုရိုက်ထားပြီး ဖေ့ဘုတ်ပေါ်တင်ခဲ့ပါတယ်။ ကြည့်ရှုသူများများရပြီး Like 1000 ရလိုတဲ့အတွက် ယခုလိုလုပ်ခဲ့တာပါ။ 
"Like တစ်ထောင်ပေးကြမလား ဒါမှမဟုတ် ကလေးကို အောက်ပစ်ချရမလား" လို့ရေးပြီးတင်ခဲ့ပါတယ်။

ဗွီဒီယိုကိုယင်းမြို့မှာနေတဲ့ ဖေ့ဘုတ်သုံးသူတွေကသိသွားပြီး အရေးတကြီးပဲ ရဲအရာရှိတွေကို အကြောင်းကြားခဲ့ပါတယ်
ယင်းကြောင့် တနင်္လာနေ့တွင် တရားရုံးက သူ့ကို ထောင် ၂ နှစ်ချမှတ်တာ ခံလိုက်ရပါတယ်။
PannPwint

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...