======

15.6.2017 မှ 21.6.2017 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း


တနင်္ဂနွေ
ပညာရေးနဲ့ပက်သက်ပြီး စိတ်တထင့်ထင့်ဖြစ်နေတာ၊ ပူပန်သောကရောက်နေရတာမျိုးလဲကြံရမှာပါ။ ချစ်သူနဲ့ကတော့ ခွဲခွာနေရတတ်ပြီး အဝေးကနေပဲလွမ်းဆွတ်တမ်းတနေရတတ်ပါတယ်။ ကျန်းမာရေးကတော့ မဆိုးပါဘူး။ နှားစေးတာ ၊ခေါင်းကိုက်တာလောက်ပဲဖြစ်ပါလိမ့်မယ်။ဒီကာလအတွင်း လုပ်စရာကိစ္စတွေတစ်မျိုးပြီးတစ်မျိုးပေါ်လာရတတ်ပါတယ်။ ဒါကြောင့်ပဲ အလုပ်ရှုပ်၊ စိတ်ရှုပ်ရတာမျိုး ကတော့ ရှိနေမှာပါ။ ငွေကြေးနဲ့ ရန်ဖြစ်ထားသလားအောက်မေ့ရအောင် ငွေ ကမိမိဆီကိုအလည် အပတ်မလာတာ မျိုး ကြုံရမှာပါ။ ဘိုင်ပြတ်နေတတ်တယ်ပေါ့ဗျ။ အလုပ်ကံကမဆိုးပါဘူး ။ ဒါပေမဲ့ မိမိ လုပ်ထားပြီး လုပ်အားခချက်ချင်းမရတာ အကြွေးကျတာမျိုးလဲရှိတတ်ပါတယ်။
အကျိုးပေးဂဏန်း ၁/၂/၆ အထူးဟော .ခြေများနေရမည်။ ယတြာ အသက်ဂုဏ်ဝါကြီးသူတွေကို အာဟာရဖြစ်နေမဲ့ အစားအစာတစ်ခုလှူဒါန်းလိုက်ပါ။
တနလာၤ
ဒီကာလအတွင်းမှာ အခြားအချင်းအရာတွေထက် ကျန်းမာရေးကိုပိုပြီးဂရုစိုက်သင့်ပါတယ်။ မိန်းကလေး တွေအနေနဲ့ သွေး အားနည်းခြင်း၊ဓမ္မတာမမှန်ခြင်းမျိုးကြုံရတတ်သလို၊ ယောကျာ်းလေးတွေအနေနဲ့ဗိုက်အောက်ဗိုက်နာ ဖြစ်ရတ တ်ပါတ ယ်။
အိမ်တွင်းရေး မိသားစုအရေးကိစ္စတွေနဲ့ပက်သက်ပြီး ပူပန်သောကရောက်စရာလေးတွေတော့ ကြုံရနိုင်မဲ့ကာလတစ်ခုပါ။ ဒီကာလအတွင်း နှုတ်ဆိတ်နေတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ စကားပြောတိုင်းအမှားပါတတ်တဲ့ကာလမို့ပါ။
ငွေကတော့ အဝင်ကြမ်းအထွက်ကြမ်းနေပါလိမ့်မယ်။ ပညာရေးအပေါ် စိတ်နှစ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ စိ တ်လွင့်တတ်လို့ပါပဲ။ အချစ်ရေးမှာ မိမိကောင်းစေချင်လို့ပြောတဲ့စကားကို ချစ်သူ က အပြစ်ပြင်ပြီး မိမိအပေါ်နားလည်မှု လွဲသွားတတ်ပါတယ်။
အကျိုးပေးဂဏန်း ၃/၈/၉ အထူးဟော စိတ်တော့ အနည်းငယ်ပင်ပန်းရမည်။ ယတြာ ဗွက်ထနေတဲ့ / ပျက်နေတဲ့ လမ်းေ တွကို တတ်နိုင်သ၍ ပြုပြင်လိုက်ပါ။
အင်္ဂါ
ဒီကာလအတွင်း မိမိစိတ်ထဲတောင်းတနေတာလေးတွေ ဖြစ်ဖြစ်လာတတ်ပါတယ်။ စိတ်ကူးဆန္ဒတွေကို အကောင်အထ ည်ဖော်နိုင်မဲ့အချိန်ပါ။ ခရီးကိစ္စများ ရပ်ဝေးကိစ္စများ အဆင်ပြေချောမွတ်ပါလိမ့်မည်။ အလုပ်ခွင် အတွင်း နေရာပေးခြင်းခံ ရမည်။ အလုပ်သစ်များ/အလုပ်orderများ လက်ခံရရှိမည်။
ငွေကြေးကံကောင်းနေသလို ဇိမ်ခံပစ္စည်းတွေလဲ ဝယ်စရာပေါ်လာနိုင်တဲ့အတွက် ငွေကလဲကုန်ဖို့ရှိနေပါတယ်။ ကျန်း မာရေးကတော့ အထူးကောင်းမွန်နေမဲ့အချိန်ပါပဲ။ အဆင်မပြေတဲ့မိတ်ဆွေသူငယ်ချင်းတွေကို အကူအညီပေးရတ တ် ပါတယ်။
အားနည်းမှုတွေရှိနေတာကတော့ အချစ်ရေးပါ။ ချစ်သူနဲ့ အဆင်မပြေမှုတွေကြုံတွေ့ရမဲ့ကာလပါပဲ။ စာမေးပွဲကိစ္စများ၊ အင်တာဗျူးကိစ္စများရှိရင်တော့ အောင်မြင်စွာဖြေဆိုနိုင်မှာပါ။
အကျိုးပေးဂဏန်း ၃/၄/၈ အထူးဟော ကံကောင်းနေမဲ့အချိန်ပါပဲ။ ယတြာ လျှပ်စစ်ပစ္စည်းတစ်ခု ရဟန်းတစ်ပါးကို လှူဒါန်းပေးပါ။
ဗုဒ္ဓဟူး
အချစ်ရေး နဲ့ပက်သက်ပြီး ဆုံးဖြတ်ရခက်နေတာ၊ ဝေခွဲရခက်နေတာမျိုး ကြုံရမဲ့ကာလပါပဲ။ ချစ်သူရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် မိမိပါရောပြီး စိတ်ဆင်းရဲရပါလိမ့်မယ်။ ချစ်သူ မရှိသေးရင်တော့ ချစ်သူ သစ် ရမဲ့ကာလပါပဲ။ ရွှေထည် ပ စ္စည်းများ ဝင်လာတတ်ပါတယ်။ မိသားစုအတွင်း စိတ်ချမ်းမြေ့စရာကိစ္စများ ၊ပျော်ရွှင်ကြည်နူးစရာကိစ္စများပေါ်ေ ပါက် လာတတ်ပါတယ်။ အလုပ် စီးပွားတိုးတတ်နိုင်တဲ့ကာလတစ်ခုပါပဲ။
လူမျိုးခြား ဘာသာခြားတွေရဲ့ အကူအညီပေးခြင်းကိုခံရတတ်ပါတယ်။ ရပ်ဝေးနဲ့ ဆက်သွယ်လုပ်ကိုင်ရသော ကိစၥေ တြေ အာင်မြင်ပါလိမ့်မယ်။ ကျန်းမာရေးလဲအထူးကောင်းနေပါလိမ့်မယ်။ ထီကံကောင်းနေတဲ့ ဝါသနာပါရင် ဒီအပတ်ထဲ ထီထိုး ထားသင့်ပါတယ်။ ပညာရေးကံကတော့ အကောင်းဘက်ကို အလေးသာတဲ့အချိန်ပါပဲ။
အကျိုးပေးဂဏန်း ၇/၀/၄အထူးဟော မရည်ရွယ်ထားတာတွေကြုံလာရမည်။ ယတြာ ထန်းလျက်ခဲ ၁၁လုံး ဘုရားရှင် ကိုကပ်လှူပူဇော်ပါ။
ကြာသပတေး
ကြာသပတေး သားသမီးတွေ အနေနဲ့က ဒီကာလအတွင်းအဘက်ဘက်က ကံအားနည်းနေပါတယ်။ ကျန်းမာရေး လူမှုေ ရး ပညာရေး စီးပွားရေး အရာအားလုံးပေါ့။ မိခင်ရဲ့ ကျန်းမာရေးအထူးဂရုစိုက်သင့်တဲ့ကာလပါ။ ငွေပေးငွေယူသတိရှိပါ။ အာမခံပေးခြင်း သူများငွေလာအပ်တာလက်ခံခြင်းမျိုးရှောင်ပါ။ စပ်တူအလုပ် ရှယ်ယာအလုပ်များ လုံးဝမလုပ်ပါနဲ့။ ငွေချေး ငှားခြင်း မပြုသင့်ပါ။ ပညာရေးအနေနဲ့ စာမေးပွဲခန်းရောက်မှ စာတွေမေ့နေတာမျိုးဖြစ်တတ်ပါတယ်။
အကြောင်းအရင်းကတော့ အိပ်ရေးပျက်တာတွေများနေလို့ပါပဲ။ ကျန်းမာရေး အထူးဂရုပြုသင့်တဲ့ အချိန်ဖြစ်နေပါတယ်။ အားရှိတဲ့ အစားအစာစားပါ။ အားရှိအောင် အိပ်ပါ။ ညဥ့်နက်သည်အထိမနေပါနဲ့။ ဗိုက်အောက်ဗိုက်နာခြင်းမျိုး ကြုံရတတ် ပါတယ်။ ယာဉ်ကား သတိထားမောင်းနှင်ပါ။ အချစ်ရေး အကောင်းဆုံးအခြေအနေပါပဲ။ ချစ်သူရဲ့ နားလည်မှု မိမိအပေါ် မြတ်နိုးမှုတွေ အထူးရရှိမဲ့ကာလပါပဲ။
အကျိုးပေးဂဏန်း ၆/၈/၅ အထူးဟော ကံညံ့နေပါတယ်။ ယတြာ ရေနေသတ္တဝါတွေအား အစာကျွေးပါ။
သောကြာ
ကံကောင်းခြင်းတွေ ကံဆိုးခြင်းတွေ ဒွန်တွဲကြုံတွေ့ရမဲ့ကာလပါပဲ။ အောင်မြင်ခြင်းရဲ့ အစအဦးကာလ၊ မိုင်ထောင်ချီခရီး အတွက် ပထမခြေလှမ်း လို့ပြောရမဲ့အချိန်ပါပဲ။ ဒါကြောင့် အကောင်အထည်ဖော်စရာလုပ်ငန်းများ၊ ရည်မှန်းချက်များ ၊ စိ တ်ကူးထားသည်များ စတင်လုပ်ဆောင်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ခရီးကိစ္စများ ကုန်သွယ်မှုကိစ္စများ အထူးအဆင်ပြေေ နမဲ့ အချိန်ပါ။
လက်လီထက်လက်ကားအလုပ်တွေ အကျိုးဖြစ်ထွန်းပါလိမ့်မယ်။ ပညာရေးအနေနဲ့ကြိုးစားသလောက် ထွန်းပေါက် မဲ့ကာ လပါပဲ။ဒါပေမဲ့ အပျော်အပါး ဆင်ခြင်ပါ။ ညဥ့်နက်သန်းခေါင် အပြင်မထွက်ပါနဲ့။ပြဿ နာတတ်နိုင်လို့ပါ။
တန်ဖိုးရှိတဲ့ပစ္စည်းတွေမေ့ကျန်တတ်တဲ့အတွက် သတိပြုရမဲ့ကာလပါ။ ကျန်းမာရေးကတော့ ကောင်းနေပါလိမ့်မယ်။ အချ စ်ရေးကံကတော့ အကောင်းဘက်မှာရှိနေတဲ့ကာလပါပဲ။ ပျော်စရာ ကြည်နူးစရာကာလပါပဲ။
အကျိုးပေးဂဏန်း ၆/၄/၈ အထူးဟော ကံသင့်ပါသည်။ ယတြာ သောကြာထောင့်မှာ ဆီမီးပူဇော်ပါ။
စနေ
စီးပွားရေး ကံ အလုပ်ကံ ကတော့ ပြောစရာမလိုအောင်ကောင်းနေတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းများ ချဲ့ထွင်နိုင်သည် အ ထိ အကျိုးပေးပါတယ်။ မိမိဆိုင်လူစည်ကားနေတတ်သလို ဖောက်သည်အသစ်တွေလဲတိုးပွားပါလိမ့်မယ်။နိုင်ငံခြားကိစ္စ ရပ်ဝေးနဲ့ တိုက်ရိုက်ဆက်သွယ်လုပ်ကိုင်ရသောကိစ္စများ အဆင်ပြေပါလိမ့်မယ်။ ပညာရေးအနေနဲ့ အကောင်းအဆိုးဒွန် တွဲနေရမဲ့အချိန်ပါပဲ။
ကျန်းမာရေး အနေနဲ့ ခေါင်းမကြည်တာ ၊ ခေါင်းမူးခေါင်းကိုက်တာမျိုး ကြုံရပါလိမ့်မယ်။ စက်ပစ္စည်းများ ဝင်လာတတ်ပါ တယ်။ ရပ်ဝေးကနေ သတင်းကောင်းကြားရတတ်ပါတယ်။ အချစ်ရေးကံမကောင်းသေးပါ။ ချစ်သူ ရဲ့ အထင်လွဲခြင်း စိ တ်ကောက်ခြင်းမျိုးကြုံရပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၇/၀/၈ အထူးဟော မလန်းဆန်းသလို ခံစားရတတ်သည်။ ယတြာ လက်ဖက် ကိုးပုံပုံပြီးဘုရားကပ်ပါ။
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...