======

လေယာဉ် ဘာကြောင့်ပျက်ကျတာလဲဆိုတာကို အတိအကျ ဖော်ပြနိုင်တဲ့ Black Box အကြောင်း သိလိုသူများအတွက်

Black Box ဆိုတာ ဘာလဲ...?
ကျေးဇူးတင်ပါတယ်...
ဘဝခါးခါး✏
 Black Box ဆိုတာ ဘာလဲ...?
Black Box ဆိုသည်မှာ လေယာဉ်ပျံ တစ်စင်းရဲ့ လှုပ်ရှားသွာလာမှု အချက်အလက် အားလုံးကို တိကျမှန်ကန်စွာ ဖမ်းယူထားတဲ့ စက်ကရိယာ ဖြစ်ပါတယ်။
တနည်းအားဖြင့် သူ့ကို( Flight Recorder) လို့ခေါ်ပါတယ်။
ကျွန်တော် မှတ်သားဖူးတာက ဟိုးးယခင်က Black Box ရဲ့အရောင်ဟာ အနက်ရောင်လို့ပြောပါတယ်။အနက်ရောင်ဟာ လေယာဉ်ပျက်ကျလို့ blackboxကိုရှာဖွေတဲ့နေရာမှာ ခက်ခဲမှုရှိလို့ဆိုပြီး အနီရောင်(Rex Box)အဖြစ် ပြောင်းလဲတတ်ဆင်ထားတယ်လို့ ဆိုပါတယ်။
Black Box ဟာ လေယာဉ်ပျံတွေရဲ့ အမြီးပိုင်းမှာသာ တပ်ဆင်ထားပါတယ်။
သူဟာ အကြမ်းခံ ပစ္စည်းပါ(မတင်ညွှန့်လိုပေါ့😃)..တော်ရုံဖြင့် မပျက်ပစ္စည်းပါဘူး..လေယာဉ် ပျက်ကျပြီးလို့ (၄၅)ရက်ကြာသည့်အထိ့ သူ့ရဲ့ ဘက္ထရီအားဟာ လည်ပတ်နိုင်စွမ်း ရှိပါတယ်။
(၄၅)ရက် ကျော်လွန်သွားရင်တော့ သူ့ကို ရှာတွေ့ဖို့ မလွယ်ကူတော့ပါဘူး..
သူဟာ လေယာဉ်ပျက်ကျပြီးသည့်သကာလ Black Box မှတဆင့် အချက်ပေး အသံလိုင်း အဆက်မပြတ် ထုတ်လွှတ်ပေးပါတယ်။
သူ့ကို ခြေရာခံလိုက်ပြီး ရှာတွေ့ပါက အတွင်းမှာရှိတဲ့ အချက်အလက်(data)တွေကို ကွန်ပြုတာဖြင့် ချိတ်ဆက်၍ ပျက်ကျလေယာဉ်ဟာ အဘယ့်ကြောင့် ပျက်ကျသွားသလဲဆိုတာ သူ့အထဲမှာ အတိအကျ ဖော်ပြပါတယ်။
ဒါ့ကြောင့် လေယာဉ်ပျက်ကျသွားပြီဆိုတာနဲ့ Black Boxကို အရင်အဦးဆုံး ရှာဖွေ တွေ့ရှိဖို့က အလွန်အရေးကြီးပါကြောင်း ဖော်ပြလိုက်ပါသည်။
ကျေးဇူးတင်ပါတယ်...
ဘဝခါးခါး✏








Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...