======

ညှိညှိနှိုင်းနှိုင်း လုပ်ကြပါ..။

နောက်နေ့ရောက်တော့
ဆိုင်းဘုတ်ကတော့
Pi Ti

============

ကြံစိုက်ခင်းထဲက ကြံတွေပျောက်ပျောက်နေလို့ ပိုင်ရှင်ကစိတ်တိုပြီးဆိုင်းဘုတ်ထောင်ထားလိုက်တယ်
``ကြံတစ်ဆစ် ထောင်တစ်နှစ်´´ တဲ့
နောက်နေ့လည်းကျရော... ကြံတွေကပိုပျောက်ပါလေရော
ဆိုင်းဘုတ်ကိုလည်းသူခိုးက ပြန်ပြီးထောင်သွားတယ်
``မီခြစ်တစ်ဆံ ကြံတစ်ခြံ´´ တဲ့
အဲဒီမှာ ပိုင်ရှင် အရမ်းလန့်သွားပြီး ဆိုင်းဘုတ်ကို ချက်ခြင်းပြန်ပြင်လိုက်တယ်
``တစ်ချောင်းတစ်လေ စားပေါ့လေ´´ တဲ့
နောက်နေ့ရောက်တော့
ကြံတွေက တစ်ချောင်းတစ်လေပဲ ပျောက်တော့တယ်
ဆိုင်းဘုတ်ကတော့
``ညှိညှိနှိုင်းနှိုင်း တို့မရိုင်း´´ တဲ့
သူခိုးက ပြန်ပြင်သွားပါတယ် ...😜
Pi Ti

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...