======

မိန်းကလေး မျက်ရစ် ဗေဒင်


မိန်းကလေးတွေရဲ့ မျက်ရစ်ကို ကြည့်ပြီး ဇနီးကောင်းဖြစ်နိုင်လား၊ ဖောက်ပြန်တတ်သူ ဖြစ်နိုင်သလားဆိုတာကို ကြည့်လို့ရတယ်လို့ ဆိုပါတယ်။

ကဲ မှန်လေးကို လက်ထဲထားပြီး ကိုယ့်ရဲ့မျက်ရစ်ကို ကြည့်လိုက်နော်။

1.မျက်ရစ်မျဉ်းနှစ်ချောင်းက မျက်တောင်အစမှာ စုံနေရင် .... ဇနီးကောင်း

သူကတော့ လောကရဲ့ကျင့်ဝတ်ကို နားလည်ပြီး တစ်ယောက်ဆို တစ်ယောက်တည်း ချစ်မြတ်နိုးပြီး တသက်လုံး ပါရမီဖြည့်ပေးသွားမယ့်သူ ဖြစ်ပါလိမ့်မယ်။ အပျော်သဘော အချစ်ရေးကို စဉ်းစားလေ့မရှိပဲ၊ အချစ်ရေး အိမ်ထောင်ရေးကို လေးလေးနက်နက် စဉ်းစားသူပါ။ ပါရမီဖြည့်ဘက်ကို တန်ဖိုးထားတဲ့အတွက် ယောင်္ကျားဖြစ်သူကလည်း တန်ဖိုးထား လေးစားပါလိမ့်မယ်။

2.မျက်ရစ်မျဉ်းနှစ်ချောင်းက မျက်တောင်အစမှာ မစုံခဲ့ရင် .... ဖောက်ပြန်တတ်သူ

သူကတော့ လောကကျင့်ဝတ် စည်းကမ်းထက် စိတ်ခံစားမှုကို အဓိကထားပြီး စဉ်းစားတဲ့အတွက် ချစ်သွားပြီဆိုရင်တော့ အေးအေးဆေးဆေး တွေးတော စဉ်းစားနိုင်တဲ့ အင်အားက နည်းပါလိမ့်မယ်။ ပတ်ဝန်းကျင်ကိုလည်းမေ့သွားပြီး သူချစ်တဲ့သူ တစ်ယောက်တည်းကိုပဲ မျက်စိထဲ မြင်ပါတော့တယ်။ ဒါကြောင့် ပတ်ဝန်းကျင်ကသူတွေကို စိတ်ဆင်းရဲစေတာတွေ၊ အနှောက်အယှက်တွေကိုလည်း ပေးမိမှာပါ။ စိတ်ထဲပေါ်ရာကိုလုပ်တတ်တဲ့အတွက် တစ်သက်တာထက် ခဏတာ အချိန်ကို ပိုပြီး စိတ်ဝင်စားသွားမိတဲ့အခါမျိုးရှိတဲ့အတွက် ဖောက်ပြန်နေတဲ့သူလေးလို့ ပတ်ဝန်းကျင်ရဲ့ ထင်မြင်မှုကို ခံရပါလိမ့်မယ်။

ဖောက်ပြန်တတ်တယ်ဆိုပင်မဲ့လည်း အားလုံးကို ဆိုလိုခြင်းမဟုတ်ပါ။ ဖြစ်နိုင်ချေများတဲ့ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါကြောင့် ကိုယ့်အကြောင်းကို ပြန်လည်သုံးသပ်ပြီး တည်တည်ငြိမ်ငြိမ်နေလိုက်ရင်တော့ အားလုံးအဆင်ပြေသွားမှာပါ။

Chelmo Team

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...