======

ေရေဝးသုႆာန္ၿပီးစီးခါစ တစ္ႏွစ္ေက်ာ္အၾကာက ေသြးပ်က္စရာ အျဖစ္အပ်က္



ေရေဝးသုႆာန္ၿပီးစီးခါစ တစ္ႏွစ္ေက်ာ္အၾကာမွာပါ။
ကၽြန္ေတာ္ရယ္ ကၽြန္ေတာ့္ဦးေလးနဲ႔ ကၽြန္ေတာ့္ သူငယ္ခ်င္း ေျခာက္ေယာက္ ..စုစုေပါင္းရွစ္ေယာက္ အရက္ဝိုင္းဖြဲ႕ၿပီး သီခ်င္းေတြတီးမႉတ္ေနရာကေန အလာပ သလာပေျပာရင္း နာနာဘာဝဝိနာဘာဝေတြ အေၾကာင္းကိုေရာက္သြားပါတယ္ ။
ယံုတဲ့သူကယံုသလို မယံုတဲ့သူက မယံုၾကေလ ေတာ့ အၿငင္းအခုန္ျဖစ္လာၾကပါေတာ့တယ္ ။
ကၽြန္ေတာ္တို႔အဖြဲ႕ထဲမွာ သရဲအလြန္ေၾကာက္တတ္တဲ့ သူရွိေနပါတယ္ ။ သူကေတာ့ ေဘ့စ္ဂစ္တာတီးတဲ့ ကိုျမင့္ေရႊပါပဲ ။သရဲေၾကာက္တတ္ေပမယ့္ မေၾကာက္ခ်င္ ေယာင္ေဆာင္ၿပီး စတင္စိန္ေခၚသူကလဲ သူပါပဲ ။
" ေလးေလး..ကၽြန္ေတာ္ေတာ့မယံုဘူး.."
" မင္းကစိန္ေခၚတာလား ျမင့္ေရႊ "
" စိန္ေခၚတာေတာ့မဟုတ္ဖူး..မ်က္လံုးနဲ႔တပ္အပ္ျမင္မွပဲယံုမယ္ဗ်ာ "
" ေကာင္းၿပီေလ..သားငယ္..ေသာက္စရာ စားစရာေတြ အကုန္ယူၿပီး ကားေပၚတင္လိုက္.. မယံုဘူးဆိုတဲ့ေကာင္ ကို လက္ေတြ႕ျပမယ္ "

ကိုျမင့္ေရႊလဲကိုယ့္စကားနဲ႔ကိုယ္ဆိုေတာ့ ဘာမွ မတတ္ႏိုင္ ေတာ့ပါဘူး ။ ဒီလိုနဲ႔ ကၽြန္ေတာ္တို႔အဖြဲ႕ လဲ ပါပလစ္ကာ ကားေလးေပၚ အရက္ေတြ အျမည္းေတြ ဂစ္တာေတြတင္ၿပီး ထြက္လာခဲ့ၾကပါေတာ့တယ္ ။

အဲဒီအခ်ိန္က ေရေဝးသုႆန္က ေျမနီလမ္းက်ဥ္းေလးပဲ ရွိပါေသးတယ္ ။ အခ်ိန္ကလဲ ညကိုးနာရီေက်ာ္ေနပါၿပီ ။ ကားေမာင္းဝင္လာရင္း ေခါင္းျပန္လွည့္ဖို႔အတြက္ မီးသၿဂႋဳလ္စက္ကို ေခါင္းထိုးလိုက္တဲ့အခါမွာေတာ့ ကား မီးေရာင္ေရွ႕မွာ မနက္မီးသၿဂႋဳလ္မယ့္ မဲေလးမသာ. ပိုင္ရွင္မဲ့ အေလာင္းႏွစ္ခုက လက္တြန္းလွည္းေပၚ ဆန္႔ဆန္႔ႀကီး ရွိေနတာေတြ႕လိုက္ရပါတယ္ ။ အဲဒီအခါမွပဲ ကိုျမင့္ေရႊတစ္ေယာက္ ထိတ္ထိတ္ျပာျပာ ျဖစ္ၿပီး ေၾကာက္လန္႔ေနပါၿပီ ။

ကားကိုျပန္လွည့္ၿပီး လမ္းေပၚရပ္ရင္း ပါတ္ဝန္းက်င္ကို ေလ့လာမိတဲ့အခါ လူေနတဲ့အရိပ္အေယာင္ ေတာင္ မေတြ႕ရပဲ ေျမပံုေလးေတြနဲ႔တိတ္ဆိတ္ေနပါတယ္ ။

လမ္းလည္ေခါင္မွာေနရာယူၿပီး ဝိုင္းဖြဲ႕ကာ ခပ္လွမ္းလွမ္း မွ ေျမပံုတစ္ခုအေၚမွာ အရက္ပုလင္းနဲ႔ ခြက္ကိုတင္ထား လိုက္ပါတယ္။ေျခလွမ္းသံုးေလးဆယ္ေလာက္သြားရတဲ့ ေျမပံုေပၚကအရက္ကို ေသာက္ၿပီးရင္ အဖြဲ႕စီ ျပန္လာရ ပါတယ္ ။ ကိုျမင့္ေရႊမွာ ေၾကာက္ေပမယ့္ အားတင္းထား ပံုရပါတယ္ ။
တစ္ေယာက္တစ္လဲအရက္သြားေသာက္ၾကရင္းနဲ႔ ဂစ္တာတီးၿပီးသီခ်င္းဆိုရတာ တိတ္ဆိတ္ေနတဲ့အတြက္ နားေထာင္လို႔ တီးလို႔အရမ္းေကာင္းပါတယ္ ။ အဲဒီအခ်ိန္မွာ စၿပီးစည္းေဖာက္သူကေတာ့ ကၽြန္ေတာ့္ သူငယ္ခ်င္း ရစ္သမ္သမား ေက်ာ္မိုးပါ ။တီးေနတဲ့ သီခ်င္း ကလဲ ဦးေက်ာ္ဟိန္းရဲ႕ ဒိုးရေတာ့မယ္အခ်စ္ရယ္ ။ ဆိတ္ၿငိမ္ေနတဲ့အတြက္ ဂစ္တာေလးလက္ရဲ႕အသံက ၿမိဳင္ေနတာေၾကာင့္ ကၽြန္ေတာ့္ရဲ႕ lead တီးေနတဲ့ လက္ေတြ က ဂစ္တာ flat board ေပၚမွာေျပးလႊား ေနပါၿပီ ။
" ေဟး..သူငယ္ခ်င္းတို႔..ေပ်ာ္ခ်င္ရင္လာၾက "
" ျဖန္း "

ရစ္သမ္တီးေနရာကေနထေအာ္လိုက္တဲ့ ေက်ာ္မိုးရဲ႕ စကားအဆံုးမွာပဲ ဦးငယ္ေလးက ေက်ာ္မိုးရဲ႕ပါးကို ျဖတ္႐ိုက္လိုက္ပါေတာ့တယ္ "

သူ႔စကားမွားသြားမွန္းသိသြားတဲ့အတြက္ ပါးကိုပြတ္ၿပီး စပ္ၿဖဲၿဖဲလုပ္ေနတဲ့ေက်ာ္မိုးရဲ႕အေနာက္မွာ ႐ုတ္တရက္ ေရာက္လာတာက အရိပ္မဲႀကီးပါ ။
" ကၽြီ..ကၽြီ..ကၽြီ..ကၽြီ "

မထင္မွတ္တဲ့ျမင္ကြင္းက ကၽြန္ေတာ္တို႔အားလံုးပါးစပ္ ေဟာင္းေလာင္ျဖစ္သြားခဲ့ရပါတယ္ ။ ပါပေလကာ ကားေလးက လူေတြဆြဲခိုေနသလို ယိမ္းထိုးေနပါၿပီ ။
" ေခြးမသား..မင္းစည္းေဖာက္တာေတြ႕လား ..သားငယ္..ျပန္ၾကမယ္ "

အခ်ိန္က ဆယ့္ႏွစ္နာရီထိုးပါေတာ့မယ္ ။ ေကာင္းကင္ေပၚက လျခမ္းေကြးအေရာင္ကမွိန္ျပျပ ။
" ဟာ..အန္ကယ္..ဟိုမွာၾကည့္ဦး..."
" ဟာ..ဘုန္းႀကီးကြ.. သုႆာန္ဓူတင္ေဆာင္တယ္နဲ႔ တူတယ္..ငါတို႔ေၾကာင့္အေႏွက္အယွက္ျဖစ္ရၿပီ "

ခပ္လွမ္းလွမ္းက လာေနတဲ့ ရဟန္းတစ္ပါးကို ကၽြန္ေတာ္တို႔ ရွစ္ေယာက္စလံုးျမင္ေနရပါတယ္ ။ ပထမဆံုးစေတြ႕သူက ခရစ္ယာန္ဘာသာကိုးကြယ္တဲ့ Drumer ကိုဗန္ဆူးပါ ။
" အန္ကယ္တို႔ဘာသာမွာ အဲ့ဒီလိုလဲရွိတယ္ေနာ္ "
" ရွိတာေပါ့ကြာ.. သုႆန္ဓူတင္ေဆာင္တဲ့ ရဟန္းေတြ အမ်ားႀကီးေပါ့ "
အဝါေရာင္သကၤန္းနဲ႔ရဟန္းေတာ္နီးလာတာေၾကာင့္ ကၽြန္ေတာ္တို႔အဖြဲ႕ေတြ လမ္းရွင္းေပးလိုက္ပါတယ္ ။

ၾကည့္ေနရင္းကပဲ အရပ္ပုလာသလို အသက္ ႏွစ္ဆယ္ေက်ာ္အရြယ္အမ်ိဳးသမီးတစ္ဦးပံုေပါက္လာၿပီး ကုတ္အက်ႌအျပာရင့္ကိုလက္နိႉက္ကာ ကၽြန္ေတာ္တို႔ ၾကားထဲကျဖတ္သြားပါေတာ့တယ္ ။ ကၽြန္ေတာ္တို႔ ႏွာေခါင္းထဲမွာ စိမ္းေရႊေရႊ နႏြင္းနံ႔ကေထာင္းေထာင္း ထက်န္ခဲ့ပါတယ္ ။
" ေျခာက္ၿပီေဟ့..အားလံုးတက္ၾက "

ဦးငယ္ရဲ႕ေအာ္ေျပာလိုက္သံေၾကာင့္ ကၽြန္ေတာ္တ ို႔အားလံုးကားေပၚကိုေျပးတက္ရင္းစက္နိႉးလိုက္ပါတယ္ ။
" ေမာင္းေတာ့သားငယ္..ဘာျမင္ျမင္မရပ္နဲ႔ "

ဦးငယ္ေလးက ေနာက္ကေနလွမ္းေအာ္ေပမယ့္ 1st ဂီယာထိုးၿပီး လီဘာဘယ္ေလာက္နင္းနင္း ကားက ဘီးလိမ့္ရံုသာသာပဲသြားပါတယ္ ။ ပစ္ကပ္ကားေလး ချမာ ဝိတ္အရမ္းမ်ားလို႔ ေခါင္းေထာင္ေနပါၿပီ ။
" သားငယ္..ရပ္..အကုန္ျပန္ဆင္းၾက..."

ဦးငယ္က အကုန္ျပန္ဆင္းခိုင္းၿပီး အမွားအယြင္းေတြ အတြက္ေတာင္းပန္သလို နံမည္ေခၚၿပီးကားေပၚ တက္ခိုင္းပါတယ္ ။
" ဗန္ဆူး..ဗန္ဆူးဘယ္ေရာက္ေနလဲ "

ကၽြန္ေတာ္လဲစိတ္ပူၿပီး ကားမီးႀကီးသာမက ႏွင္းကြဲမီး ေလးလံုးကိုတစ္ၿပိဳင္နက္ထိုးလိုက္တဲ့အခါမွာေတာ့ ကိုဗန္ဆူးကိုျမင္ရပါၿပီ ။ ဓါတ္တိုင္ႏွစ္တိုင္အကြာမွာ တစ္ေယာက္ထဲလမ္းေလွ်ာက္ေနတဲ့ ကိုဗန္ဆူး ။
" သားငယ္..ျမန္ျမန္ေမာင္းစမ္း "

ကားကိုလီဘာနင္းေပမယ့္ အရင္လိုေပါ့ေပါ့ပါးပါး မဟုတ္ဖူးဆိုတာသတိထားမိပါတယ္ ။ ကိုဗန္ဆူးအနား ေရာက္တဲ့အခ်ိန္မွာေတာ့ ကားကိုခ်က္ခ်င္းရပ္ၿပီး သူ႔ကို အတင္းဆြဲေခၚရပါေတာ့တယ္ ။
" ေဟ့ေကာင္.. မင္းဘာလို႔တစ္ေယာက္ထဲ ေလွ်ာက္သြားေနတာလဲ "
" အန္ကယ္ကလဲ.. ေစာ္ကမိုက္တယ္ဗ်... ကၽြန္ေတာ္နဲ႔ စကားေတြေျပာေနတာ အဆင္ေျပေနၿပီ "
" သူေတာင္းစား..ဘယ္မွာလဲ အဲဒီဟာမ.. ေသေသခ်ာခ်ာၾကည့္စမ္း "

ကားမီးေရာင္ထဲမွာ ဘာမွမေတြ႕တဲ့အခါမွာေတာ့ ကိုဗန္ဆူးတစ္ေယာက္ မ်က္လံုးျပဴးက်ယ္သြားပါၿပီ ။
" သားငယ္... သုနႏၲာကေရကန္မွာရပ္.. ကားကို ေရေဆးမယ္ ။ မင့္ညီမေတြက ငယ္ေသးေတာ့ မေကာင္းဘူး "
( သုနႏၲာေရကန္မွာ ယခုအခါ ဓါတ္ဆီဆိုင္ျဖစ္ေနပါၿပီ )

သူငယ္ခ်င္းေတြကိုျပန္ပို႔ၿပီး အိမ္ျပန္ေရာက္တဲ့အခါမွာ ေတာ့ ေခါင္မိုးေပၚကေနဝုန္းဒိုင္းႀကဲၿပီး ေလွ်ာက္ေျပး သလို ကၽြန္ေတာ့္အခန္းကမွန္ျပဴတင္းေပါက္ကို တဘုန္းဘုန္းနဲ႔ထုပါေတာ့တယ္ ။ ကၽြန္ေတာ့္အခန္းထဲမွာ လဲ ေဆးျပင္းလိပ္နံ႔ နႏြင္းနံ႔ေတြရေနပါတယ္ ။

ေဘးအိမ္ေတြပါလန္႔ႏိုးရတဲ့အထိေသာင္းက်န္းလြန္းတာ ေၾကာင့္ ေဖေဖနဲ႔ေမေမပါႏိုးလာခဲ့ပါေတာ့တယ္ ။

ေဖေဖနဲ႔ေမေမ့ကိုအႀကိဳးအေၾကာင္းေျပာျပတဲ့အခါ ဘဝ ျခားေနတဲ့ ပရေလာကသားေတြကို စိန္မေခၚ သင့္ေၾကာင္း.. မေႏွာက္ယွက္သင့္တဲ့အေၾကာင္းေျပာၿပီး ေမတၱာသုတ္နဲ႔ အာ႗ာနာ႗ိယပရိတ္ေတြရြတ္ၿပီး ေမတၱာပို႔ေပးတာေၾကာင့္ ေတာက္ေခါက္သံအက်ယ္ႀကီး ၾကားရျပီး ၿငိမ္သက္သြားပါတယ္ ။

ဦးငယ္ေလးကေတာ့ ကေလးေတြငယ္ေသးတဲ့အတြက္ အိမ္ထဲကိုကားမထည့္ပဲ အိမ္ေရွ႕မွာပဲရပ္ၿပီးအိပ္ပါတယ္ ။ အဲဒီေန႔ကေတာ့ ကားေပၚကေန ဆြဲခ်တဲ့အထိ ၾကံဳခဲ့ရ လို႔ ဘုန္းႀကီးေက်ာင္းကိုေျပးၿပီး ပရိတ္ရည္ျဖန္းရင္း အလႉ အတန္းလုပ္ အမွ်ေဝခဲ့ရပါတယ္ ။
ကိုယ္တိုင္ေတြ႕ၾကံဳခဲ့ေသာျဖစ္ရပ္မွန္ျဖစ္သည့္အတြက္အမည္မွန္မ်ားကိုသာတင္ျပထားပါသည္ ။
ကိုျမင့္ေရႊ..ကိုဗန္ဆူးႏွင့္ ျမင့္ေအာင္တို႔ကဆံုးပါး သြား ေသာ္လည္း က်န္ရွိေနေသးသည့္ ကၽြန္ေတာ္တို႔အားလံုး ကေတာ့ထိုသို႔အေပ်ာ္အပ်က္မ်ားကိုမလုပ္ေတာ့ပါ ေၾကာင္း ။
===============
ရေဝေးသုဿာန်ပြီးစီးခါစ တစ်နှစ်ကျော်အကြာမှာပါ။
ကျွန်တော်ရယ် ကျွန်တော့်ဦးလေးနဲ့ ကျွန်တော့် သူငယ်ချင်း ခြောက်ယောက် ..စုစုပေါင်းရှစ်ယောက် အရက်ဝိုင်းဖွဲ့ပြီး သီချင်းတွေတီးမှူတ်နေရာကနေ အလာပ သလာပပြောရင်း နာနာဘာဝဝိနာဘာဝတွေ အကြောင်းကိုရောက်သွားပါတယ် ။
ယုံတဲ့သူကယုံသလို မယုံတဲ့သူက မယုံကြလေ တော့ အငြင်းအခုန်ဖြစ်လာကြပါတော့တယ် ။
ကျွန်တော်တို့အဖွဲ့ထဲမှာ သရဲအလွန်ကြောက်တတ်တဲ့ သူရှိနေပါတယ် ။ သူကတော့ ဘေ့စ်ဂစ်တာတီးတဲ့ ကိုမြင့်ရွှေပါပဲ ။သရဲကြောက်တတ်ပေမယ့် မကြောက်ချင် ယောင်ဆောင်ပြီး စတင်စိန်ခေါ်သူကလဲ သူပါပဲ ။
" လေးလေး..ကျွန်တော်တော့မယုံဘူး.."
" မင်းကစိန်ခေါ်တာလား မြင့်ရွှေ "
" စိန်ခေါ်တာတော့မဟုတ်ဖူး..မျက်လုံးနဲ့တပ်အပ်မြင်မှပဲယုံမယ်ဗျာ "
" ကောင်းပြီလေ..သားငယ်..သောက်စရာ စားစရာတွေ အကုန်ယူပြီး ကားပေါ်တင်လိုက်.. မယုံဘူးဆိုတဲ့ကောင် ကို လက်တွေ့ပြမယ် "

ကိုမြင့်ရွှေလဲကိုယ့်စကားနဲ့ကိုယ်ဆိုတော့ ဘာမှ မတတ်နိုင် တော့ပါဘူး ။ ဒီလိုနဲ့ ကျွန်တော်တို့အဖွဲ့ လဲ ပါပလစ်ကာ ကားလေးပေါ် အရက်တွေ အမြည်းတွေ ဂစ်တာတွေတင်ပြီး ထွက်လာခဲ့ကြပါတော့တယ် ။

အဲဒီအချိန်က ရေဝေးသုဿန်က မြေနီလမ်းကျဉ်းလေးပဲ ရှိပါသေးတယ် ။ အချိန်ကလဲ ညကိုးနာရီကျော်နေပါပြီ ။ ကားမောင်းဝင်လာရင်း ခေါင်းပြန်လှည့်ဖို့အတွက် မီးသင်္ဂြိုလ်စက်ကို ခေါင်းထိုးလိုက်တဲ့အခါမှာတော့ ကား မီးရောင်ရှေ့မှာ မနက်မီးသင်္ဂြိုလ်မယ့် မဲလေးမသာ. ပိုင်ရှင်မဲ့ အလောင်းနှစ်ခုက လက်တွန်းလှည်းပေါ် ဆန့်ဆန့်ကြီး ရှိနေတာတွေ့လိုက်ရပါတယ် ။ အဲဒီအခါမှပဲ ကိုမြင့်ရွှေတစ်ယောက် ထိတ်ထိတ်ပြာပြာ ဖြစ်ပြီး ကြောက်လန့်နေပါပြီ ။

ကားကိုပြန်လှည့်ပြီး လမ်းပေါ်ရပ်ရင်း ပါတ်ဝန်းကျင်ကို လေ့လာမိတဲ့အခါ လူနေတဲ့အရိပ်အယောင် တောင် မတွေ့ရပဲ မြေပုံလေးတွေနဲ့တိတ်ဆိတ်နေပါတယ် ။

လမ်းလည်ခေါင်မှာနေရာယူပြီး ဝိုင်းဖွဲ့ကာ ခပ်လှမ်းလှမ်း မှ မြေပုံတစ်ခုအေါ်မှာ အရက်ပုလင်းနဲ့ ခွက်ကိုတင်ထား လိုက်ပါတယ်။ခြေလှမ်းသုံးလေးဆယ်လောက်သွားရတဲ့ မြေပုံပေါ်ကအရက်ကို သောက်ပြီးရင် အဖွဲ့စီ ပြန်လာရ ပါတယ် ။ ကိုမြင့်ရွှေမှာ ကြောက်ပေမယ့် အားတင်းထား ပုံရပါတယ် ။
တစ်ယောက်တစ်လဲအရက်သွားသောက်ကြရင်းနဲ့ ဂစ်တာတီးပြီးသီချင်းဆိုရတာ တိတ်ဆိတ်နေတဲ့အတွက် နားထောင်လို့ တီးလို့အရမ်းကောင်းပါတယ် ။ အဲဒီအချိန်မှာ စပြီးစည်းဖောက်သူကတော့ ကျွန်တော့် သူငယ်ချင်း ရစ်သမ်သမား ကျော်မိုးပါ ။တီးနေတဲ့ သီချင်း ကလဲ ဦးကျော်ဟိန်းရဲ့ ဒိုးရတော့မယ်အချစ်ရယ် ။ ဆိတ်ငြိမ်နေတဲ့အတွက် ဂစ်တာလေးလက်ရဲ့အသံက မြိုင်နေတာကြောင့် ကျွန်တော့်ရဲ့ lead တီးနေတဲ့ လက်တွေ က ဂစ်တာ flat board ပေါ်မှာပြေးလွှား နေပါပြီ ။
" ဟေး..သူငယ်ချင်းတို့..ပျော်ချင်ရင်လာကြ "
" ဖြန်း "

ရစ်သမ်တီးနေရာကနေထအော်လိုက်တဲ့ ကျော်မိုးရဲ့ စကားအဆုံးမှာပဲ ဦးငယ်လေးက ကျော်မိုးရဲ့ပါးကို ဖြတ်ရိုက်လိုက်ပါတော့တယ် "

သူ့စကားမှားသွားမှန်းသိသွားတဲ့အတွက် ပါးကိုပွတ်ပြီး စပ်ဖြဲဖြဲလုပ်နေတဲ့ကျော်မိုးရဲ့အနောက်မှာ ရုတ်တရက် ရောက်လာတာက အရိပ်မဲကြီးပါ ။
" ကျွီ..ကျွီ..ကျွီ..ကျွီ "

မထင်မှတ်တဲ့မြင်ကွင်းက ကျွန်တော်တို့အားလုံးပါးစပ် ဟောင်းလောင်ဖြစ်သွားခဲ့ရပါတယ် ။ ပါပလေကာ ကားလေးက လူတွေဆွဲခိုနေသလို ယိမ်းထိုးနေပါပြီ ။
" ခွေးမသား..မင်းစည်းဖောက်တာတွေ့လား ..သားငယ်..ပြန်ကြမယ် "

အချိန်က ဆယ့်နှစ်နာရီထိုးပါတော့မယ် ။ ကောင်းကင်ပေါ်က လခြမ်းကွေးအရောင်ကမှိန်ပြပြ ။
" ဟာ..အန်ကယ်..ဟိုမှာကြည့်ဦး..."
" ဟာ..ဘုန်းကြီးကွ.. သုဿာန်ဓူတင်ဆောင်တယ်နဲ့ တူတယ်..ငါတို့ကြောင့်အနှေက်အယှက်ဖြစ်ရပြီ "

ခပ်လှမ်းလှမ်းက လာနေတဲ့ ရဟန်းတစ်ပါးကို ကျွန်တော်တို့ ရှစ်ယောက်စလုံးမြင်နေရပါတယ် ။ ပထမဆုံးစတွေ့သူက ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ Drumer ကိုဗန်ဆူးပါ ။
" အန်ကယ်တို့ဘာသာမှာ အဲ့ဒီလိုလဲရှိတယ်နော် "
" ရှိတာပေါ့ကွာ.. သုဿန်ဓူတင်ဆောင်တဲ့ ရဟန်းတွေ အများကြီးပေါ့ "
အဝါရောင်သင်္ကန်းနဲ့ရဟန်းတော်နီးလာတာကြောင့် ကျွန်တော်တို့အဖွဲ့တွေ လမ်းရှင်းပေးလိုက်ပါတယ် ။

ကြည့်နေရင်းကပဲ အရပ်ပုလာသလို အသက် နှစ်ဆယ်ကျော်အရွယ်အမျိုးသမီးတစ်ဦးပုံပေါက်လာပြီး ကုတ်အကျႌအပြာရင့်ကိုလက်နှိူက်ကာ ကျွန်တော်တို့ ကြားထဲကဖြတ်သွားပါတော့တယ် ။ ကျွန်တော်တို့ နှာခေါင်းထဲမှာ စိမ်းရွှေရွှေ နနွင်းနံ့ကထောင်းထောင်း ထကျန်ခဲ့ပါတယ် ။
" ခြောက်ပြီဟေ့..အားလုံးတက်ကြ "

ဦးငယ်ရဲ့အော်ပြောလိုက်သံကြောင့် ကျွန်တော်တ ို့အားလုံးကားပေါ်ကိုပြေးတက်ရင်းစက်နှိူးလိုက်ပါတယ် ။
" မောင်းတော့သားငယ်..ဘာမြင်မြင်မရပ်နဲ့ "

ဦးငယ်လေးက နောက်ကနေလှမ်းအော်ပေမယ့် 1st ဂီယာထိုးပြီး လီဘာဘယ်လောက်နင်းနင်း ကားက ဘီးလိမ့်ရုံသာသာပဲသွားပါတယ် ။ ပစ်ကပ်ကားလေး ခမြာ ဝိတ်အရမ်းများလို့ ခေါင်းထောင်နေပါပြီ ။
" သားငယ်..ရပ်..အကုန်ပြန်ဆင်းကြ..."

ဦးငယ်က အကုန်ပြန်ဆင်းခိုင်းပြီး အမှားအယွင်းတွေ အတွက်တောင်းပန်သလို နံမည်ခေါ်ပြီးကားပေါ် တက်ခိုင်းပါတယ် ။
" ဗန်ဆူး..ဗန်ဆူးဘယ်ရောက်နေလဲ "

ကျွန်တော်လဲစိတ်ပူပြီး ကားမီးကြီးသာမက နှင်းကွဲမီး လေးလုံးကိုတစ်ပြိုင်နက်ထိုးလိုက်တဲ့အခါမှာတော့ ကိုဗန်ဆူးကိုမြင်ရပါပြီ ။ ဓါတ်တိုင်နှစ်တိုင်အကွာမှာ တစ်ယောက်ထဲလမ်းလျှောက်နေတဲ့ ကိုဗန်ဆူး ။
" သားငယ်..မြန်မြန်မောင်းစမ်း "

ကားကိုလီဘာနင်းပေမယ့် အရင်လိုပေါ့ပေါ့ပါးပါး မဟုတ်ဖူးဆိုတာသတိထားမိပါတယ် ။ ကိုဗန်ဆူးအနား ရောက်တဲ့အချိန်မှာတော့ ကားကိုချက်ချင်းရပ်ပြီး သူ့ကို အတင်းဆွဲခေါ်ရပါတော့တယ် ။
" ဟေ့ကောင်.. မင်းဘာလို့တစ်ယောက်ထဲ လျှောက်သွားနေတာလဲ "
" အန်ကယ်ကလဲ.. စော်ကမိုက်တယ်ဗျ... ကျွန်တော်နဲ့ စကားတွေပြောနေတာ အဆင်ပြေနေပြီ "
" သူတောင်းစား..ဘယ်မှာလဲ အဲဒီဟာမ.. သေသေချာချာကြည့်စမ်း "

ကားမီးရောင်ထဲမှာ ဘာမှမတွေ့တဲ့အခါမှာတော့ ကိုဗန်ဆူးတစ်ယောက် မျက်လုံးပြူးကျယ်သွားပါပြီ ။
" သားငယ်... သုနန္တာကရေကန်မှာရပ်.. ကားကို ရေဆေးမယ် ။ မင့်ညီမတွေက ငယ်သေးတော့ မကောင်းဘူး "
( သုနန္တာရေကန်မှာ ယခုအခါ ဓါတ်ဆီဆိုင်ဖြစ်နေပါပြီ )

သူငယ်ချင်းတွေကိုပြန်ပို့ပြီး အိမ်ပြန်ရောက်တဲ့အခါမှာ တော့ ခေါင်မိုးပေါ်ကနေဝုန်းဒိုင်းကြဲပြီး လျှောက်ပြေး သလို ကျွန်တော့်အခန်းကမှန်ပြူတင်းပေါက်ကို တဘုန်းဘုန်းနဲ့ထုပါတော့တယ် ။ ကျွန်တော့်အခန်းထဲမှာ လဲ ဆေးပြင်းလိပ်နံ့ နနွင်းနံ့တွေရနေပါတယ် ။

ဘေးအိမ်တွေပါလန့်နိုးရတဲ့အထိသောင်းကျန်းလွန်းတာ ကြောင့် ဖေဖေနဲ့မေမေပါနိုးလာခဲ့ပါတော့တယ် ။

ဖေဖေနဲ့မေမေ့ကိုအကြိုးအကြောင်းပြောပြတဲ့အခါ ဘဝ ခြားနေတဲ့ ပရလောကသားတွေကို စိန်မခေါ် သင့်ကြောင်း.. မနှောက်ယှက်သင့်တဲ့အကြောင်းပြောပြီး မေတ္တာသုတ်နဲ့ အာဋ္ဋာနာဋ္ဋိယပရိတ်တွေရွတ်ပြီး မေတ္တာပို့ပေးတာကြောင့် တောက်ခေါက်သံအကျယ်ကြီး ကြားရပြီး ငြိမ်သက်သွားပါတယ် ။

ဦးငယ်လေးကတော့ ကလေးတွေငယ်သေးတဲ့အတွက် အိမ်ထဲကိုကားမထည့်ပဲ အိမ်ရှေ့မှာပဲရပ်ပြီးအိပ်ပါတယ် ။ အဲဒီနေ့ကတော့ ကားပေါ်ကနေ ဆွဲချတဲ့အထိ ကြုံခဲ့ရ လို့ ဘုန်းကြီးကျောင်းကိုပြေးပြီး ပရိတ်ရည်ဖြန်းရင်း အလှူ အတန်းလုပ် အမျှဝေခဲ့ရပါတယ် ။
ကိုယ်တိုင်တွေ့ကြုံခဲ့သောဖြစ်ရပ်မှန်ဖြစ်သည့်အတွက်အမည်မှန်များကိုသာတင်ပြထားပါသည် ။
ကိုမြင့်ရွှေ..ကိုဗန်ဆူးနှင့် မြင့်အောင်တို့ကဆုံးပါး သွား သော်လည်း ကျန်ရှိနေသေးသည့် ကျွန်တော်တို့အားလုံး ကတော့ထိုသို့အပျော်အပျက်များကိုမလုပ်တော့ပါ ကြောင်း ။
#Credit_လွင်ဦးဟန်

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...