======

အိန္ဒိယ နဲ့ မြန်မာ ရုပ်ရှင်ရိုက်ကူးမှု အများကြီးကွာခြားတယ်ဆိုတဲ့ လူမင်း


အစ်ကို အသိမိတ်ဆွေ တွေနဲ့ ဆက်သွယ်ပြီးတော့ ဘောလိဝုဒ် မှာ အနုပညာ နဲ့ပတ်သက်ပြီး အရမ်း အောင်မြင်နေတာကို လေ့လာချင်လို့ သွားဖြစ်ခဲ့ပါတယ်။ အများကြီးလည်းလေ့လာခဲ့ရပါတယ်။ ထုတ်လုပ်သူတွေနဲ့ ဆွေးနွေးပြီးတော့ အများကြီးလုပ်လို့ရမယ့် အကြောင်းအရာတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ ဇာတ်ညွှန်းပိုင်းတွေက အရမ်းကောင်းတယ်။

အဲဒါ ကြောင့် သူတို့ရဲ့ ဇာတ်ညွှန်း တွေကို ဟိုနဲ့ဒီ အဆက်အသွယ်မရှိဘူးဆိုပြီး ဒီမှာ ကော်ပီလုပ်ပြီး ကူးရိုက်တာမျိုး မဟုတ်ဘဲနဲ့ သူတို့ဆီက ဇာတ်ညွှန်း ကို တရားဝင်ဝယ်ပြီးရိုက်လို့ရမယ့်နည်းလမ်းတွေ။ နောက်ပြီးတော့ အိန္ဒိယ မှာသွားပြီး ရုပ်ရှင်ရိုက်နိုင်ဖို့၊ သူတို့ ဆီက ထုတ်လုပ်သူတွေနဲ့ ဖက်စပ်ပြီးတော့ ဘယ်လိုရိုက်လို့ရမလဲဆိုတာမျိုးတွေ။

သူတို့ဆီက အနုပညာ သင်တန်းကျောင်း တွေ လေ့လာခဲ့တယ်။ အဲဒီလိုမျိုး သင်တန်းကျောင်း တွေကို ဒီမှာ ဘယ်လိုဖွင့်လို့ရမလဲ ဆိုတာမျိုးတွေပါ လေ့လာခဲ့ပါတယ်။ ကိုယ့်တိုင်းပြည်အခြေအနေနဲ့ ဆက်စပ်ပြီးတော့ သူတို့ဆီမှာ အောင်မြင် နေတဲ့ ရုပ်ရှင်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို လေ့လာခဲ့တာပါ။ လေ့လာခဲ့ရတာတွေထဲက နံပါတ်တစ်လုပ် ဖြစ်မယ့်အရာဆိုရင် သူတို့ဆီက ဇာတ်ညွှန်း ကို ရုပ်ရှင်ရိုက်ဖို့ အရင် ဆုံးလုပ်ဖြစ်မယ်ထင်ပါတယ်။

အိန္ဒိယနဲ့ မြန်မာရိုက်ကူးမှုကွာခြားချက်က အများကြီးကွာခြားပါတယ်။ ကျွန်တော်ကြည့်ခဲ့တဲ့ ရိုက်ကွင်းတွေ ဆိုရင်တော့ သူတို့ဆီက အားလုံးက ပရော်ဖက်ရှင်နယ်တွေ ဖြစ်ကြတယ်။ မြန်မာနိုင်ငံအနေနဲ့ အဲဒီလိုမျိုး မဟုတ်တောင် ရုပ်ရှင်လောကတိုး တက်လာဖို့အတွက်က အလွှာအသီးသီးက လူတွေအကုန်လုံးရဲ့ အတွေ့ အကြုံတွေ၊ စွမ်းရည်တွေ၊ အတွေးအခေါ်ကအစ အကုန်လုံး မြှင့်တင်ဖို့ လိုပါတယ်လို့ 8Day မီဒီယာကိုဖြေကြားခဲ့ပါတယ်။

မကြာသေးမီကတင် လူမင်း ဟာ ဆင်ဆာအဖွဲ့ မှ ရိုက်ကူးခွင့်မကျသေးတဲ့ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ခဲ့သဖြင့် ဒါရိုက်တာဝိုင်း မှ လူမင်း ကို ပိုက်ဆံမျက်နှာတခုတည်းသာကြည့်တဲ့ ဥက္ကဌလို့ ဝေဖန်ခဲ့ဖူးပါတယ်။
Credit to: 8 Days
http://www.myanmarcelewiki.com/

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...