======

မလှိုင်ဘော်ဒါ ဘာလို့ အောင်ချက်ကောင်းတာလဲ?







#မလှိုင်ဘော်ဒါ ဘာလို့ အောင်ချက်ကောင်းတာလဲ?
မလှိုင်ဘော်ဒါရဲ့ စည်းကမ်းက ထောင် တွေထက်တောင်
ကောင်းတယ်။ အဲ့ဒီကို ရောက်သွားတဲ့
ကလေးတွေ အားလုံးဟာ အချိန်နဲ့ အလုပ်လုပ်ရတယ်။
ည ၁၂နာရီ မှ အိပ်ချိန်ပေးတယ်။
မနက် ၆ နာရီကတည်းက ည၁၂နာရီအထိစာသင်ခန်းထဲ
ဝင်ရတယ်။
ရေချိုးချိန်ကလွဲလို့ အားတဲ့အချိန်ဆိုတာ မရှိဘူး
ထမင်းတောင် စာသင်ခန်းထဲမှာ စားရတယ်
ထမင်းကို ဟင်းရည်ဆမ်းပြီး အတင်းမျိုချရတာပဲ
ထမင်း စားပီး Bio, def: တွေဆိုတာ မတ်တပ်ရပ်ပြီး ရွတ်ရပါတယ်။
ရေချိုးတာ နောက်ကျရင် ကန်ကြီးအကြီးကြီး၃.၄ကန်ရဲ့ ဖင်ကပ်ပဲ ကျန်တော့တဲ့ရေကို မနည်း ကုန်းခပ်ပြီး မဝတဝချိုးရတယ်။
တလကိုတခါ မိဘနဲ့ ၄နာရီကြာပဲ တွေ့ခွင့်ရပါတယ်။
သူများတွေလို အပျော်ခရီး ၅ ရက် ၁၀ ရက်
ထွက်မယ် မထင်နဲ့  ပုဂံ ကို နေ့ ချင်းပြန် သွားတာ
မလှိုင် ဘော်ဒါ ပါ။
Test တခုပြီးရင် အတန်းတခါ ခွဲပါတယ်။
အမှတ်အကန့်အသတ်နဲ့ အရိုက်ခံရတယ်။
ဥပမာ ၉၀အောက်ကို တမှတ်တချက်ဆိုရင်
၈၉ရတဲ့လူက တချက်
၈၅ရတဲ့သူက ၅ချက် အရိုက်ခံရတာပါ၊
ဘော်ဒါမှာ မှောက်ပွဲလဲရှိပါသေးတယ်။
ရည်းစားထား အောင်သွယ်လုပ်တဲ့လူတွေကို
ယောက်ျားလေးဆိုရင် တဘော်ဒါလုံးက ၉ တန်း ၁၀ တန်း ရှိသမျှယောက်ျားလေူအကုန်လုံးရဲ့ ရှေ့မှာ ခုံပေါ် မှောက်ခိုင်းပြီး ကြိမ်နဲ့ ရိုက်တာပါ။
မိန်းကလေးဆိုလဲ ထိုနည်းလည်းကောင်းပါပဲ
ယောက်ျားလေးနဲ့မိန်းကလေး ကြည့်လို့တောင် မရပါဘူး
အပြင်သွားရင် မျက်နှာကို စာအုပ်ကာ ခေါင်းကို ငုံ့ပြီး သွားရပါတယ်။
အင်္ဂလိပ်စာ အပုဒ်လိုက် ကျက်ရတယ်။
နယ်က လာပြီး စာကျက်နှေးတဲ့ လူတွေ နေ့ တိုင်း
ငိုရတယ်။
တစ်နေ့ ကုန် စာအုပ်နဲ့ မျက်နှာနဲ့ ခွာရပါတယ်ဆိုတဲ့
အချိန်ဟာ ရေချိုးချိန်ရယ် အိပ်ချိန်ရယ် ထမင်းစားချိန်
တောင် စာအုပ်ရှေ့ ထား စားရတာမျိုး။
ဒီတော့ မအောင်မှ နေရော စည်းကမ်းက လည်း
ရှယ်ကို ဇွန်းတပ်ပီးရှယ်တာ။
မိသားစုဝင် ၄ ယောက်ရှိတယ် ၄ ယောက်လုံးက
မန္တလေး ဆေးကျောင်းက ဆရာဝန်တွေချည်းဘဲ
သူတို့ ရထားတဲ့ ဘွဲ့ တွေက မရေနိုင်ဘူး။
ဟိုပြေး ဒီပြေး လာသင်ပေးကြတယ်။
မေးခွန်း ဝယ်တယ်ဆိုတာမျိုး လုံးဝ မရှိပါဘူး။
ဘော်ဒါရဲ့ စည်းကမ်းကောင်းမွန်မှုနဲ့ စာကျက်နှုန်းတွေက
ကလေးတွေကို တောက်ပြောင်စေတာပါ။
အာ့မှာ သွားထားရင် မအောင်ဖို့ ဆိုတာတော့ မပူနဲ့ 
၁၀ တန်းကျောင်းသားတွေ ဂုဏ်ထူး မပါ၊ ပါ ဘဲ
ကြည့်ရတယ် အားလုံးက ဂုဏ်ထူးတွေ အများကြီး
မှန်းထားတဲ့ အထဲမှာ ကြာလာတော့ သူ့ ထက် ငါ
အပြိုင် ကြိုးစား လာကြတယ်။
.credit@ မူရင်း​ရေးသားသူသို့

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...