======

နာမည္ႀကီးသြားတဲ့ ထိုတစ္ည အစ/အဆံုး (ေၾကာက္တတ္သူမ်ား မဖတ္ရ)

#ထို_တစ္ည#

ဂ်ိမ္း…ဂ်လိန္း ဂ်ိမ္း..ေ၀ါ..ေ၀ါ..ေ၀ါ
မုိးမွာ သည္းၾကီးမဲၾကီး ရြာသြန္းေနလွ်က္ ေလမ်ားကလည္း အဆက္မျပတ္တုိက္ခတ္ေနေသာေၾကာင့္ ေလသံနွင့္မုိးသံ တုိ့မွာေရာေနွာလ်က္ရွိသည္။
ထုိအခ်ိန္မွာ ည၁၁နာရီထိုးလုခါနီးအခ်ိန္ ျဖစ္သည္။
ပတ္၀န္းက်င္ကလည္းတိတ္ဆိတ္ျငိမ္သက္ေနၾကျပီ။သို႕ေသာ္ မုိးကေတာ့ တိတ္မည့္ပုံမေပၚေသး။ ကၽြန္ေတာ့္တြင္ တစ္ကုိယ္လုံးကုိ လုံေစေသာ မုိးကာအက်ီၤရွည္ၾကီးတစ္ထည္ႏွင့္ လက္ႏိွပ္ဓါတ္မီးတလက္မွလဲြ၍ ဘာမွ်မပါေပ။
ဘူတာရံုသို႕သြားရာလမ္းမွာလည္း ေျမနီလမ္းေလးျဖစ္သည့္ အေလွ်ာက္ မိုးရြာသည့္အခါ ရႊံ႕ဗြက္မ်ားႏွင့္ထူထပ္ေနေပသည္။ မည္သို႔ပင္ျဖစ္ေစ အေရးႀကီးသည္က ဘူတာရံုသို႕ျမန္ျမန္ေရာက္ဖို႔ပင္။
ဒီကေန႕ည၁၁နာရီေကာင္ႏွင့္ကြ်န္ေတာ့္အေမလိုက္ပါလာမည္ျဖစ္သည္။အေမကမ်က္စိမေကာင္းသည့္အျပင္ မိန္းမသားတစ္ဦးတည္းမို႕ ယခုလိုညႀကီးအခ်ိန္မေတာ္ မိုးသည္းထဲတြင္ ဘူတာရံုသို႕ ကြ်န္ေတာ္လာေရာက္ေစာင့္ႀကိဳရျခင္းျဖစ္သည္။
မၾကာမီ ပိန္းပိတ္ေအာင္ေမွာင္ေနေသာ ပတ္၀န္းက်င္ ထဲမွ မထင္ရွားသည့္ ၀ုိးတုိး၀ါးတား အရာတစ္ခုကုိစတင္ျမင္လုိက္ရသည္။
ထိုအရာကိုျမင္မွ ကြ်န္ေတာ္အားတက္သြားမိသည္။ဟုတ္ပါသည္။ထိုအရာမွာကြ်န္ေတာ္တို႕ရြာေလး၏ ရထားဘူတာရံုေလး။မိုးကလည္းတအားရြာေနသည္မို႕ ခိုက္ခိုက္တုန္ေအာင္ခ်မ္းေနျပီျဖစ္သည္။ထို႕ေၾကာင့္ ဘူတာရံုသို႕ ခပ္သြက္သြက္ေလးသုတ္ေခ်တင္လာလိုက္သည္။
ဘူတာရံုထဲကိုေရာက္ေတာ့ တဲမွာလူသူအရိပ္အေယာင္လံုးဝမေတြ႕ရ။လူတစ္ေယာက္တစ္ေလေတာ့ရွိတန္ေကာင္းပါရဲ႕ဆိုျပီးရွာေဖြၾကည့္ျပန္ေတာ့လည္း လူမေျပာႏွင့္ လူရိပ္ျမင္၍ ေဟာင္မည့္ေခြးတစ္ေကာင္ပင္မေတြ႕ရေခ်။မုိးမွာလည္းပုိ၍ပင္ သည္းလာသည္ဟုထင္ရသည္။
ဘူတာရံုေစာင့္အဘိုးႀကီးကေရာ ဘယ္ေရာက္ေနတာလဲ။မိုးေအးေအးျဖင့္ေကြးေနျပီလား။နာရီၾကည့္လိုက္ေတာ့၁၁နာရီေတာင္ေက်ာ္ေနျပီ။တကယ္ဆို ဘူတာရံုမွာရထားစီးခရီးသည္မရွိရင္ေတာင္မွ ေစ်းသည္တဦးတေလေတာ့ရွိသင့္တယ္ေလ။အခုဟာက လံုးဝတိတ္ဆိတ္ေျခာက္ကပ္ေနျပီး စိတ္ေျခာက္ျခားဖြယ္ရာအတိပဲ။
ဘာပဲျဖစ္ျဖစ္ လက္မွတ္ေရာင္းေကာင္တာမွာေတာ့တစ္ေယာက္ေယာက္ရွိေကာင္းပါရဲ႕ဆိုျပီးလွည့္ၾကည့္လိုက္ေတာ့…
"ေအာင္မေလးဗ်… … … …"
ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ ကြ်န္ေတာ့္ေခါင္းနားပန္းႀကီးသြားသည္။
ကြ်န္ေတာ္ျမင္လိုက္ရတာက
လက္မွတ္ေရာင္းတဲ့ေကာင္တာအေပါက္မွာထင္းထင္းႀကီးျပဳးထြက္ေနတဲ့မ်က္ႏွာႀကီးတခု။
ဆံပင္ မ်က္ခံုးေမႊး ႏႈတ္ခမ္းေမႊး မုတ္ဆိတ္ေမႊးမ်ားက ဆြတ္ဆြတ္ျဖဴေနသည္။
"ေကာင္ေလး မင္း ဘာလာလုပ္တာလဲ"
အသံၾကားေတာ့မွ ရထားဘူတာရံုေစာင့္အဘိုးႀကီးမွန္းသိေတာ့သည္။
"ဟာ…ဦးဘတင့္ႀကီးကလည္းဗ်ာ အသံေလးဘာေလးေပးတာမဟုတ္ဘူး"
"ဟေကာင္ရ …ငါမင္းကိုဒီေနရာကေနၾကည့္ေနတာၾကာျပီ မင္းဒီကို တစ္ေယာက္ထဲဘာလာလုပ္တာလဲ"
"ရထားလာေစာင့္တာေလဗ်ာ"
"ဒီေန႕ ရထားမလာဘူး"
"ဗ်ာ……"
"ေအး ဟုတ္တယ္ ပဲခူးမွာလည္းမိုးတအားရြာျပီး ရထားလမ္းေတြေရေက်ာ္ေနလို႕ ခရီးစဥ္ျဖတ္ထားတယ္ မနက္၄နာရီေကာင္ေတာ့ ဆိုက္မယ္"
"ဟာ…ဒုကၡပါပဲဗ်ာ"
"ဘာဒုကၡတာလဲကြ"
"အိမ္ကိုတေယာက္ထဲျပန္ရေတာ့မွာေပါ့"
"ဟေကာင္…မင္းလာတံုးကေရာတစ္ေယာက္ထဲမဟုတ္ဘူးလား"
"လာတံုးကေတာ့တစ္ေယာက္ထဲေပါ့ ဒါေပမယ့္အျပန္က်ရင္ အေမပါမယ္ဆိုတဲ့စိတ္ကေဆာင္ေနေတာ့ ဘာမွမျဖစ္ဘူးဗ်…အခုကတစ္ေယာက္ထဲျပန္ရမွာ…အခ်ိန္ကလည္းလင့္ေနပီ"
"ဘာလဲ ေကာင္ေလး မင္းကသရဲေၾကာက္လို႕လား"
"မေၾကာက္ပါဘူးဗ် သရဲကိုမေၾကာက္ဘူး.ေတာဆင္ကိုပဲေၾကာက္တာ"
"မင္းစိတ္ဓါတ္ကိုေတာ့ ႀကိဳက္သြားပီေကာင္ေလးေရ…မင္းေျပာသလိုပဲ ေလာကမွာ သရဲဆိုတာေၾကာက္စရာမေကာင္းပါဘူးကြာ…သူတို႕ကသနားစရာေလးေတြပါ"
"ဦးဘတင့္ႀကီးကေရာ မအိပ္ေသးဘူးလား"
"ငါက အသက္ႀကီးပီေလကြာ ဒီလိုအခ်ိန္မ်ိဳးဘယ္အိပ္ခ်င္ေသးပါ့မလဲ သက္ႀကီးေခါင္းခ်ခ်ိန္ဆိုတာမင္းၾကားဖူးမွာေပါ့ "
"ဟုတ္ၾကားဖူးပါတယ္ "
"ေအး ေကာင္ေလး မင္းဒီအခ်ိန္တစ္ေယာက္ထဲျပန္ရင္လမ္းမွာ ေတာဆင္ေတြနဲ႕ေတြ႕ေနဦးမယ္ မင္းအဆင္ေျပမယ္ဆို မနက္၄နာရီေကာင္ဝင္မွ မင္းအေမပါမပါၾကည့္ျပီး ျပန္ပါ့လား ပါလာေတာ့လဲ အခန္႕သင့္တာေပါ့ကြာ"
ဦးဘတင့္ေျပာတာလဲ သဘာဝက်သည္။ကြ်န္ေတာ္တို႕ရြာနဲ႕ ဘူတာရံုနဲ႕ၾကားမွာ ႀကံေတာႀကီးရွိသည္။ထိုေတာထဲသို႕ယခုလိုညအခ်ိန္မေတာ္ဆိုလွ်င္ ေတာဆင္ေတြက ႀကံဝင္စားတတ္ၾကသည္။ကြ်န္ေတာ္ေၾကာက္သည္ကလည္း ထိုေတာဆင္ေတြကိုပင္ျဖစ္သည္။ကြ်န္ေတာ္တို႕ရြာက လူအခ်ိဳ႕မွာ ေတာဆင္နင္းခံရျပီး အသက္ဆံုးရံႈးခဲ့ၾကရသည္ျဖစ္၍ မေၾကာက္လို႕မရေပ…။
ထို႕ေၾကာင့္ ရြာသားအားလံုးတစ္ေယာက္ထဲဆိုလွ်င္ မည္သူုမွ်မသြားဝံ့။အေရးတႀကီးသြားစရာရွိလွ်င္ အနည္းဆံုးႏွစ္ေယာက္ေလာက္ရွိမွသြားတတ္သည္။
ကြ်န္ေတာ္လာတံုးကလည္းဦးေလးကစိတ္မခ်သျဖင့္မွာလိုက္ေသးသည္။သို႕ေပမယ့္ ကြ်န္ေတာ္ရြာထဲကထြက္လာခ်ိန္က ဤမွ်ေလာက္ညမနက္ေသးသျဖင့္ သိပ္မစိုးရိမ္ခဲ့မိ။
"ကြ်န္ေတာ္လဲ အဲ့ဒါပဲစဥ္းစားေနတာဗ် အခုက ၁၁နာရီခြဲေနျပီ ေနာက္ သံုးနာရီေလာက္ဆို ၄နာရီေကာင္လဲဆိုက္မွာဆိုေတာ့ ဦးဘတင့္ေျပာသလိုအဲ့ေတာ့မွျပန္တာေကာင္းမယ္ထင္တယ္… မိုးေတြကလည္းတအားရြာေနေတာ့ေလ"
"အဲ့ဒါငါေျပာတာေပါ့ …ဒီမယ္ ေကာင္ေလး မင္းဘာမွစိတ္မပူနဲ႕ မင္းမျပန္ခင္အခ်ိန္ထိငါနဲ႕စကားထိုင္ေျပာၾကတာေပါ့ကြာ ငါလဲတေယာက္ထဲျဖစ္ေနေတာ့ စကားေျပာေဖာ္ကလည္းမရွိဘူးေဟ့"
"ဟုတ္ကဲ့ ဦးဘတင့္ ကြ်န္ေတာ္အဆင္ေျပပါတယ္ သက္ႀကီးစကားသက္ငယ္ၾကားရေတာ့ ကြ်န္ေတာ္လဲဗဟုသုတရတာေပါ့ ျပီးေတာ့ ဒီတိုင္းထိုင္ေစာင့္ေနမယ့္အတူတူ စကားေျပာေနေတာ့အပ်င္းေျပတာေပါ့"
"ေကာင္းသကြာ လာ ေကာင္ေလး အထဲဝင္ အျပင္မွာအရမ္းေအးတယ္ "
ဦးဘတင့္ႀကီးရဲ႕ ဖိတ္ေခၚမႈေၾကာင့္ လက္မွတ္ေရာင္းေသာ ေကာင္တာခန္းတြင္းသို႕ ကြ်န္ေတာ္ဝင္သြားလိုက္သည္။
အခန္းတြင္းေရာက္ေတာ့မွ အခ်မ္းဓာတ္အနည္းငယ္သက္သာရ ရေလသည္။
"ေကာင္ေလး ငါ့မွာလဲ ဧည့္ခံစရာဆိုလို႕ ေရေႏြးၾကမ္းပဲရွိတယ္ကြာ ေရာ့…အခ်မ္းေျပေရေႏြးၾကမ္းေလးေသာက္"
"ရပါတယ္ဦးဘတင့္ရယ္ ေရေႏြးၾကမ္းလည္း အခ်မ္းေျပတာပါပဲ ကြ်န္ေတာ္အဆင္ေျပပါတယ္"
ဘူတာရံုေလး၏ အျပင္ဖက္တြင္ ေသလုေမ်ာပါး ပိန္းၾကာပင္မ်ားနွင့္ အတုိင္းအဆမရွိ သန္စြမ္းေနၾကေသာ ေပါင္းပင္ၾကီးမ်ားသည္ မုိးဒဏ္ေလဒဏ္ေၾကာင့္ ပစ္စလတ္ခတ္ယိမ္းထုိးေနၾကေလသည္။
ဦးဘတင့္ႀကီးက
ေရေႏြးၾကမ္းတငံုကိုဟန္ပါပါတက်ိဳက္ေသာက္လိုက္ျပီး သူေသာက္ေနက် ေဆးေပါ့လိပ္အားမီးညိွကာ အားရပါးရဖြာရိႈက္ေနေလသည္။
ထို႕ေနာက္ ကၽြန္ေတာ္ကပင္ စကားစလုိက္သည္..။
"ဦးဘတင့္ သရဲေျခာက္ခံရဖူးလား…"
ကြ်န္ေတာ္ထိုသို႕ေမးေတာ့ ဦးဘတင့္က ကြ်န္ေတာ့္ကိုေသခ်ာၾကည့္သည္။
"ေကာင္ေလး မင္းဘာကိုဆိုလိုခ်င္တာလဲ"
"ဘာကိုမွမဆိုလိုပါဘူး ဦးဘတင့္ႀကီးခုနကေျပာတယ္ေလ…သရဲေတြကေၾကာက္စရာမေကာင္းပါဘူး သနားဖို႕ေကာင္းတယ္ဆိုလို႕ ကြ်န္ေတာ္ကေမးၾကည့္တာပါ"
"ေအာ္…ဒါလား…မင္းေမးေတာ့လဲ ငါကေျပာျပရတာေပါ့ကြာ…ငါအခုအသက္၇၀ေက်ာ္ျပီ ငါအသက္၃၅ႏွစ္ထဲက ဒီဘူတာမွာ ဘူတာေစာင့္လုပ္လာခဲ့တာကြ"
ဦးဘတင့္က သူ၏ စကားကိုေခတၱရပ္နား၍ ေရေႏြးၾကမ္းတစ္က်ိဳက္ေမာ့ခ်လိုက္သည္။ထို႕ေနာက္ဆက္လက္၍…
"ငါဘူတာရံုေစာင့္လုပ္ခဲ့တဲ့ အဲ့ဒီႏွစ္ေပါင္း ၃၅ႏွစ္ေက်ာ္အတြင္းမွာ သရဲတေစၦ ပရေလာကသားေတြနဲ႕လဲႀကံဳဖူးတာေပါ့ကြာ…"
"ဟုတ္လား…ဒါဆို ဦးဘတင့္ကသရဲအေျခာက္ခံဖူးတာေပါ့"
"ဒါေပါ့ ေကာင္ေလးရ…သိပ္အေျခာက္ခံခဲ့ရဖူးတာေပါ့ …အဟား…ဟား…ဟား…ဟား"
ဦးဘတင့္ႀကီး၏ စကားအဆံုးတြင္ ရီလိုက္သည့္အသံက ေျခာက္ကပ္ကပ္နိုင္လြန္းေနသည္ကို ကြ်န္ေတာ္သတိထားမိသည္။
"ဘယ္လိုမ်ား အေျခာက္ခံခဲ့ရတာလဲ ေျပာျပပါလား…"
"ေအး…ငါမွတ္မိသေလာက္ေတြေျပာရရင္ေတာ့ ငါဒီဘူတာမွာစလုပ္ျပီး တပတ္ေလာက္မွာျဖစ္လိမ့္မယ္ အဲ့မွာစအေျခာက္ခံရတာပဲ……
အဲ့ညမွာငါက တာဝန္အရရံုထဲလွည့္ပတ္စစ္ျပီးေတာ့ ငါ့အတြက္ေပးထားတဲ့အခန္းေလးထဲဝင္ထိုင္ေနတာေပါ့ကြာ…ျပီးေတာ့ထံုးစံအတိုင္းေဆးေပါ့လိပ္ဖြာေနတယ္ေပါ့…အဲ့ဒီအခ်ိန္မွာငါ့အခန္းေရွ႕ကိုလူတစ္ေယာက္ ေရာက္လာတယ္…
အဲ့ဒီအခ်ိန္ကလဲ ဘူတာရံုထဲမွာ ရထားစီးမယ့္ခရီးသည္ေတြေစ်းသည္ေတြလဲရွိေတာ့ ငါလဲအကူအညီတခုခုလိုလို႕လာေမးတာထင္ျပီး
ဘယ္သူလဲ ဘာလာလုပ္တာလဲေပါ့…
အဲ့လိုေမးလိုက္ေတာ့အေပါက္ဝမွာရပ္ေနတဲ့သူက ဘာေျပာတယ္မွတ္လဲ…
မီးေလးတတို႕ေလာက္တဲ့…
ငါလဲ…ေၾသာ္သူလဲကိုယ့္လိုေဆးလိပ္သမားပဲဆိုျပီးမီးျခစ္ယူေပးမလို႕လုပ္တုန္း…ငါ့ပါးစပ္မွာခဲထားတဲ့ ေဆးေပါ့လိပ္ကိုဆတ္ခနဲဆြဲျဖဳတ္သြားတယ္…
ပထမေတာ့ ငါဇေဝဝါျဖစ္သြားတယ္……ျပီးမွတျဖည္းျဖည္းျပန္စဥ္းစားေတာ့ သူရပ္ေနတဲ့ တံခါးဝနဲ႕ငါထိုင္ေနတဲ့ေနရာက ေလး ငါးေပေလာက္ေဝးေနသဟ…
သူအခန္းထဲဝင္မလာပဲ ငါ့ပါးစပ္ကေဆးေပါ့လိပ္ကိုဘယ္လိုယူလိုက္ပါလိမ့္ေပါ့…
ေတြးေနတံုးပဲရွိေသးတယ္ သူ႕လက္ႀကီးကငါ့ဆီရွည္ထြက္လာျပီးေဆးေပါ့လိပ္ျပန္ေပးတယ္… ျပီးလဲျပီးေရာ ေက်းဇူးပဲေနာ္တဲ့ ေျပာျပီးထြက္သြားပါေလေရာ…"
"အားပါးပါး……… ဦးဘတင့္ႀကီး အဲ့တံုးကမေၾကာက္ဘူးလား"
"ဟ…ေကာင္ေလးရ… ေနာက္ေန႕ငါ လန္႕ဖ်ားဖ်ားတာခြင့္ႏွစ္ပါတ္ယူလိုက္ရပါေလေရာလား"
"ဦးဘတင့္ေျပာေတာ့သရဲဆိုတာေၾကာက္စရာမေကာင္းဘူးဆို"
"ေအးေလကြာ ေၾကာက္စရာမေကာင္းဘူး…ဒါေပမယ့္လန္႕စရာေတာ့ေကာင္းတယ္ကြ…အဟား…ဟား…ဟား"
ဦးဘတင့္၏ ဒုတိယအႀကိမ္ေျမာက္ အက္ရွရွရီသံႀကီးေၾကာင့္ ကြ်န္ေတာ္ ၾကက္သီးေမြးညွင္းမ်ားပင္ ထသြားသည္။
ဦးဘတင့္ႀကီးကေတာ့ သတိျပဳမိဟန္မတူပဲေဆးေပါ့လိပ္ကိုဖြာျမဲဖြာေနသည္။
အျပင္မွာမိုးကေတာ့တိတ္သြားျပီျဖစ္သည္။နာရီကိုၾကည့္လိုက္ေတာ့၁နာရီထိုးေတာ့မည္။၄နာရီေကာင္ဆိုက္ဖို႕က ၃နာရီေလာက္လိုေသးသည္။
ဒီညမွပင္ အခ်ိန္ေတြကုန္သည္ကၾကာလြန္းေနသည္ဟုပင္ထင္ရသည္။
"အခ်ိန္ကုန္တာၾကာလို႕ဆိုျပီး ေတြးမေနစမ္းပါနဲ႕ကြာ "
"ဟင္! ကြ်န္ေတာ္ေတြးေနတာကို ဦးဘတင့္က ဘယ္လိုသိတာလဲ…"
"ေကာင္ေလးရာ မင္းငယ္ပါေသးတယ္…ငါအသက္၇၀ေက်ာ္ေနျပီ…ငါလူေပါင္းမ်ားစြာနဲ႕ႀကံဳခဲ့ဖူးတယ္ အဲ့ေတာ့ လူေတြရဲ႕စိတ္ကိုလဲ မ်က္ႏွာၾကည့္ရံုနဲ႕ ခန္႕မွန္းတတ္တာမဆန္းပါဘူးေကာင္ေလးရာ…"
ထိုသို႕ေျပာျပီးေနာက္ သူ၏ ေဆးေပါ့လိပ္အား တရိႈက္မတ္မတ္စြဲလန္းႏွစ္ျခိဳက္စြာ ဖြာရိႈက္ေနျပန္ေလသည္။
ႈီႈီဦးဘတင့္ႀကီးကို ဒီေန႕ၾကည့္ရတာအရင္ေန႕ေတြႏွင့္မတူ ထူးျခားေနသလိုကြ်န္ေတာ္ခံစားေနမိသည္။ဘာထူးျခားေနသည္ေတာ့ ကြ်န္ေတာ္လဲေျပာမျပတတ္ေပ။
* * * * * * * * * *
ဂီးးးးးးးး ခနဲေအာ္ျမည္ကာ ပ်ံသန္းသြားေသာ ငွက္ဆိုးတစ္ေကာင္၏ အသံၾကားမွ ကြ်န္ေတာ္ အသိျပန္ဝင္လာသည္။
ကြ်န္ေတာ္ အိပ္ရာကနိုးလာေသာသူတစ္ေယာက္ကဲ့သိုျဖစ္ေနသည္။
"ေကာင္ေလး…ႏိုးပီလား"
"ဟင္! ဦးဘတင့္…ကြ်န္ေတာ္အိပ္ေပ်ာ္သြားတာလား"
"ေအးေလ မင္းနဲ႕ငါ စကားေျပာေနရင္းနဲ႕ ငါအေပါ့ခဏသြားတယ္ေလ…ငါျပန္လာေတာ့ မင္းအိပ္ေပ်ာ္ေနတာပဲ"
ကြ်န္ေတာ့္ေခါင္းေတြေနာက္က်ိေနသည္။အိပ္ေရးမဝေသးေသာသူတစ္ေယာက္လိုခံစားမိသည္။
ခႏၶာကိုယ္အႏံွ႕အျပားမွလည္း နာက်င္ကိုက္ခဲမႈ အခ်ိဳ႕ကို ခံစားေနရသည္။ပိုဆိုးသည္က ႈီးဘတင့္ေျပာသြားသလို သူအေပါ့သြားတာကိုလည္းကြ်န္ေတာ္မမွတ္မိ။
ေနာက္ဆံုးမွတ္မိသည္က …
ကြ်န္ေတာ့္စိတ္ထဲတြင္စဥ္းစားေနေသာအေၾကာင္းအရာကို ဦးဘတင့္ႀကီးသိေနသျဖင့္ ဦးဘတင့္အေပၚ မသကၤာျဖစ္မိျခင္းပင္…။
က်န္တာဘာမွ်မမွတ္မိေတာ့…။
"ဦးဘတင့္…"
"ကြ်န္ေတာ္ ကိုယ္ေတြလက္ေတြ အရမ္းကိုက္ခဲေနတယ္ဗ်ာ…ျပီးေတာ့ ေခါင္းေတြလဲမူးေနတယ္…ဖ်ားခ်င္ေနျပီလားမသိဘူး"
"အိပ္ေရးပ်က္လို႕ေနမွာပါကြာ…ကဲ…ကဲ ေကာင္ေလး ၄နာရီေကာင္ဆိုက္ေတာ့မယ္…အဆင္သင့္လုပ္ထားေတာ့…"
"ဗ်ာ…ဟုတ္…ဟုတ္ကဲ့"
နာရီကိုလွမ္းၾကည့္လိုက္ေတာ့ မနက္၄နာရီထိုးဖို႕မိနစ္အနည္းငယ္မွ်ပင္လိုေတာ့သည္။ထို႕ေၾကာင့္ အခ်ိန္ဆြဲမေနေတာ့ပဲ လက္မွတ္ျဖတ္ေသာေကာင္တာခန္းေလးအတြင္းမွ ကြ်န္ေတာ္ထြက္လာလိုက္ေတာ့သည္။
မ်ားမၾကာမီအခ်ိန္အတြင္း၌ ရထားဥၾသဆြဲသံသဲ့သဲ့အား ၾကားရေလသည္။
* * * * * * * * * *
မနက္၆နာရီ…
ေမာင္ထြန္းေဇာ္ေလး တစ္ေယာက္ ၄နာရီရထားဆိုက္ပီးကတည္းက ေပ်ာက္သြားလိုက္တာ ကြ်န္ုပ္ကို္ပင္ ႏႈတ္ဆက္မသြားေတာ့…
သူ႕မိခင္ႏွင့္ေတြ႕၍ ဝမ္းသာအားရျဖစ္ကာ ကြ်ႏ္ုပ္အားဝင္ႏႈတ္ဆက္ရန္ေမ့ေလ်ာ့သြားျခင္းျဖစ္နိုင္သည္ဟုယူဆျပီး ကြ်ႏ္ုပ္လုပ္စရာရွိသည္မ်ားကို လုပ္ကိုင္ေနလိုက္ေလသည္။
ထိုအခ်ိန္၌ လူတခ်ိဳ႕စုရံုးစုရံုးျဖစ္ကာ တစံုတခုအားအေရးတႀကီးေျပာဆိုေနၾကသည္ကိုေတြ႕ျမင္ရသျဖင့္ ကြ်န္ုပ္၏ စူးစမ္းတတ္ေသာ ဥာဥ္အရ ထိုလူအုပ္အနီးသို႕ ခ်ဥ္းကပ္ကာ နားေထာင္ၾကည့္မိသည္။
"ဟုတ္တယ္ဗ်…ထြန္းေဇာ္မွ ထြန္းေဇာ္ အစစ္ပဲ…ႀကံေတာထဲမွာ ေသေနတာ ျမင္ရက္စရာေတာင္မရွိဘူး…"
"ခါးရိုးလဲထက္ပိုင္းက်ိဳးသြားတယ္ဆို"
"ေခါင္းပါပြင့္သြားတာဗ်…ေသခ်ာတာေတာ့ ေတာဆင္တစ္ေကာင္ထဲနင္းခံရတာမျဖစ္နိုင္ေလာက္ဘူး…သံုးေလးေကာင္ဆင္းလာတဲ့အခ်ိန္နဲ႕သြားတိုးမိတာျဖစ္မယ္ဗ်ာ…"
"ဟုတ္လိမ့္မယ္ဗ်ာ ေကာင္ေလးကေတာ့ သနားစရာပဲ ဘယ္အခ်ိန္ထဲကေသေနလဲမသိဘူး…သူ႕ဦးေလးက သူ႕အစ္မ( ထြန္းေဇာ္အေမ) ကိုသြားႀကိဳတာၾကာလို႕စိတ္မခ်လို႕လိုက္ၾကည့္ေတာ့မွ ႀကံေတာထဲမွာေသေနတာေတြ႕တာတဲ့ဗ်ာ…"
ဟင္…ထြန္းေဇာ္ဆိုပါလား…။
ကြ်ႏ္ုပ္ႏွင့္ညကတခ်ိန္လံုးစကားေျပာေနေသာထြန္းေဇာ္ေတာ့ျဖစ္ဟန္မထင္။ကြ်ႏ္ုပ္ကိုယ္တိုင္ေတာင္ ထြန္းေဇာ္အား ေတာဆင္ႏွင့္တိုးမည္စိုး၍ အိမ္မျပန္ရန္တားျမစ္ခဲ့ေသးသည္။ထို႕ေၾကာင့္ ေသခ်ာေစရန္ ေမးျမန္းၾကည့္လိုက္သည္။
"လူေလးတို႕…လူေလးတို႕ေျပာေနတဲ့ထြန္းေဇာ္ဆိုတာ ျမိဳ႕တက္ျပီးသနပ္ခါးေရာင္းတဲ့ ျမၾကည္ရဲ႕သားလား"
"မဟုတ္ပါဘူးဗ်ာ ျမိဳ႕မွာေက်ာင္းတက္ေနတဲ့ထြန္းေဇာ္ေလ…ေက်ာင္းပိတ္တုန္းရြာကိုခဏျပန္လာတဲ့ထြန္းေဇာ္"
ဘုရားဘုရား…။ၾကက္သီးေမႊးညင္းမ်ားထကာ ေခါင္းနားပန္းႀကီးသြားမိသည္။
သူတို႕ေျပာေနေသာ ထြန္းေဇာ္က ကြ်ႏ္ုပ္ႏွင့္ တညလံုးရွိေနသည့္ ထြန္းေဇာ္…။
ဘူတာရံုသို႕ တစ္ေယာက္ထဲလာခဲ့ေသာ ထြန္းေဇာ္…။
မနက္၄နာရီကတည္းကမေတြ႕ရေတာ့သည့္ထြန္းေဇာ္………………။
ယခုေတာ့ ထြန္းေဇာ္မွာ ညကတည္းကပင္ ေတာဆင္နင္းခံရလို႕ေသျပီတဲ့…။
ဒါဆို…ဒါဆို …ကြ်ႏ္ုပ္ႏွင့္ ညက တညလံုးရွိေနခဲ့သည္ ထြန္းေဇာ္က ………။
…………………
…………………………
ေၾသာ္…ဒါ့ေၾကာင့္မို႕ သူညက ကြ်ႏ္ုပ္ကို ေျပာခဲ့တာကိုး …သူကိုယ္ေတြလက္ေတြ အရမ္းကိုက္ေနတယ္ ေခါင္းလဲ အရမ္းမူးတယ္တဲ့…
အခုၾကားလိုက္ရတဲ့ သတင္းက ထြန္းေဇာ္တစ္ေယာက္ ေတာဆင္နင္းခံရတာ ေခါင္းလဲပြင့္သြားတယ္ ခါးလည္းထက္ပိုင္းက်ိဳးသြားတယ္တဲ့…။
"ေကာင္ေလးေရ…ငါျပဳသမွ်ကုသိုလ္ေကာင္းမႈေတြမင္းကို အမွ်ေဝပါတယ္…မင္းၾကားရာအရပ္ကေန သာဓုေခၚပါကြာ……………
အမွ်……အမွ်……အမွ် ယူပါေကာင္ေလးေရ……………"
ဦးဘတင့္ႀကီး၏ ရုတ္တရက္အျပဳအမူေၾကာင့္ ရပ္စကားေျပာေနေသာ လူတစ္စုမွာ ဦးဘတင့္ႀကီးအား စိုက္ၾကည့္ေနၾကေလသည္။
ထိုလူတစ္စုအျပင္ ဦးဘတင့္ႀကီးအားၾကည့္၍ ဝမ္းသာအားရ သာဓုေခၚေနေသာ တစံုတေယာက္ရွိေနသည္ကို ဦးဘတင့္ သိခဲ့ပါမူ………………………………………။ ။
* * * * * * * * * *
ၿပီးး ။ ။

Credit- ပရေလာက၏ သည္းထိတ္ ရင္ဖို ျဖစ္ရပ္မ်ား
==============

#ထို_တစ်ည#
++++++ (စ/ဆုံး)
ဂျိမ်း…ဂျလိန်း ဂျိမ်း..ဝေါ..ဝေါ..ဝေါ
မိုးမှာ သည်းကြီးမဲကြီး ရွာသွန်းနေလျှက် လေများကလည်း အဆက်မပြတ်တိုက်ခတ်နေသောကြောင့် လေသံနှင့်မိုးသံ တို့မှာရောနှောလျက်ရှိသည်။
ထိုအချိန်မှာ ည၁၁နာရီထိုးလုခါနီးအချိန် ဖြစ်သည်။
ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်ငြိမ်သက်နေကြပြီ။သို့သော် မိုးကတော့ တိတ်မည့်ပုံမပေါ်သေး။ ကျွန်တော့်တွင် တစ်ကိုယ်လုံးကို လုံစေသော မိုးကာအကျီင်္ရှည်ကြီးတစ်ထည်နှင့် လက်နှိပ်ဓါတ်မီးတလက်မှလွဲ၍ ဘာမျှမပါပေ။
ဘူတာရုံသို့သွားရာလမ်းမှာလည်း မြေနီလမ်းလေးဖြစ်သည့် အလျှောက် မိုးရွာသည့်အခါ ရွှံ့ဗွက်များနှင့်ထူထပ်နေပေသည်။ မည်သို့ပင်ဖြစ်စေ အရေးကြီးသည်က ဘူတာရုံသို့မြန်မြန်ရောက်ဖို့ပင်။
ဒီကနေ့ည၁၁နာရီကောင်နှင့်ကျွန်တော့်အမေလိုက်ပါလာမည်ဖြစ်သည်။အမေကမျက်စိမကောင်းသည့်အပြင် မိန်းမသားတစ်ဦးတည်းမို့ ယခုလိုညကြီးအချိန်မတော် မိုးသည်းထဲတွင် ဘူတာရုံသို့ ကျွန်တော်လာရောက်စောင့်ကြိုရခြင်းဖြစ်သည်။
မကြာမီ ပိန်းပိတ်အောင်မှောင်နေသော ပတ်ဝန်းကျင် ထဲမှ မထင်ရှားသည့် ဝိုးတိုးဝါးတား အရာတစ်ခုကိုစတင်မြင်လိုက်ရသည်။
ထိုအရာကိုမြင်မှ ကျွန်တော်အားတက်သွားမိသည်။ဟုတ်ပါသည်။ထိုအရာမှာကျွန်တော်တို့ရွာလေး၏ ရထားဘူတာရုံလေး။မိုးကလည်းတအားရွာနေသည်မို့ ခိုက်ခိုက်တုန်အောင်ချမ်းနေပြီဖြစ်သည်။ထို့ကြောင့် ဘူတာရုံသို့ ခပ်သွက်သွက်လေးသုတ်ချေတင်လာလိုက်သည်။
ဘူတာရုံထဲကိုရောက်တော့ တဲမှာလူသူအရိပ်အယောင်လုံးဝမတွေ့ရ။လူတစ်ယောက်တစ်လေတော့ရှိတန်ကောင်းပါရဲ့ဆိုပြီးရှာဖွေကြည့်ပြန်တော့လည်း လူမပြောနှင့် လူရိပ်မြင်၍ ဟောင်မည့်ခွေးတစ်ကောင်ပင်မတွေ့ရချေ။မိုးမှာလည်းပို၍ပင် သည်းလာသည်ဟုထင်ရသည်။
ဘူတာရုံစောင့်အဘိုးကြီးကရော ဘယ်ရောက်နေတာလဲ။မိုးအေးအေးဖြင့်ကွေးနေပြီလား။နာရီကြည့်လိုက်တော့၁၁နာရီတောင်ကျော်နေပြီ။တကယ်ဆို ဘူတာရုံမှာရထားစီးခရီးသည်မရှိရင်တောင်မှ စျေးသည်တဦးတလေတော့ရှိသင့်တယ်လေ။အခုဟာက လုံးဝတိတ်ဆိတ်ခြောက်ကပ်နေပြီး စိတ်ခြောက်ခြားဖွယ်ရာအတိပဲ။
ဘာပဲဖြစ်ဖြစ် လက်မှတ်ရောင်းကောင်တာမှာတော့တစ်ယောက်ယောက်ရှိကောင်းပါရဲ့ဆိုပြီးလှည့်ကြည့်လိုက်တော့…
"အောင်မလေးဗျ… … … …"
မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကျွန်တော့်ခေါင်းနားပန်းကြီးသွားသည်။
ကျွန်တော်မြင်လိုက်ရတာက
လက်မှတ်ရောင်းတဲ့ကောင်တာအပေါက်မှာထင်းထင်းကြီးပြုးထွက်နေတဲ့မျက်နှာကြီးတခု။
ဆံပင် မျက်ခုံးမွှေး နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးများက ဆွတ်ဆွတ်ဖြူနေသည်။
"ကောင်လေး မင်း ဘာလာလုပ်တာလဲ"
အသံကြားတော့မှ ရထားဘူတာရုံစောင့်အဘိုးကြီးမှန်းသိတော့သည်။
"ဟာ…ဦးဘတင့်ကြီးကလည်းဗျာ အသံလေးဘာလေးပေးတာမဟုတ်ဘူး"
"ဟကောင်ရ …ငါမင်းကိုဒီနေရာကနေကြည့်နေတာကြာပြီ မင်းဒီကို တစ်ယောက်ထဲဘာလာလုပ်တာလဲ"
"ရထားလာစောင့်တာလေဗျာ"
"ဒီနေ့ ရထားမလာဘူး"
"ဗျာ……"
"အေး ဟုတ်တယ် ပဲခူးမှာလည်းမိုးတအားရွာပြီး ရထားလမ်းတွေရေကျော်နေလို့ ခရီးစဉ်ဖြတ်ထားတယ် မနက်၄နာရီကောင်တော့ ဆိုက်မယ်"
"ဟာ…ဒုက္ခပါပဲဗျာ"
"ဘာဒုက္ခတာလဲကွ"
"အိမ်ကိုတယောက်ထဲပြန်ရတော့မှာပေါ့"
"ဟကောင်…မင်းလာတုံးကရောတစ်ယောက်ထဲမဟုတ်ဘူးလား"
"လာတုံးကတော့တစ်ယောက်ထဲပေါ့ ဒါပေမယ့်အပြန်ကျရင် အမေပါမယ်ဆိုတဲ့စိတ်ကဆောင်နေတော့ ဘာမှမဖြစ်ဘူးဗျ…အခုကတစ်ယောက်ထဲပြန်ရမှာ…အချိန်ကလည်းလင့်နေပီ"
"ဘာလဲ ကောင်လေး မင်းကသရဲကြောက်လို့လား"
"မကြောက်ပါဘူးဗျ သရဲကိုမကြောက်ဘူး.တောဆင်ကိုပဲကြောက်တာ"
"မင်းစိတ်ဓါတ်ကိုတော့ ကြိုက်သွားပီကောင်လေးရေ…မင်းပြောသလိုပဲ လောကမှာ သရဲဆိုတာကြောက်စရာမကောင်းပါဘူးကွာ…သူတို့ကသနားစရာလေးတွေပါ"
"ဦးဘတင့်ကြီးကရော မအိပ်သေးဘူးလား"
"ငါက အသက်ကြီးပီလေကွာ ဒီလိုအချိန်မျိုးဘယ်အိပ်ချင်သေးပါ့မလဲ သက်ကြီးခေါင်းချချိန်ဆိုတာမင်းကြားဖူးမှာပေါ့ "
"ဟုတ်ကြားဖူးပါတယ် "
"အေး ကောင်လေး မင်းဒီအချိန်တစ်ယောက်ထဲပြန်ရင်လမ်းမှာ တောဆင်တွေနဲ့တွေ့နေဦးမယ် မင်းအဆင်ပြေမယ်ဆို မနက်၄နာရီကောင်ဝင်မှ မင်းအမေပါမပါကြည့်ပြီး ပြန်ပါ့လား ပါလာတော့လဲ အခန့်သင့်တာပေါ့ကွာ"
ဦးဘတင့်ပြောတာလဲ သဘာဝကျသည်။ကျွန်တော်တို့ရွာနဲ့ ဘူတာရုံနဲ့ကြားမှာ ကြံတောကြီးရှိသည်။ထိုတောထဲသို့ယခုလိုညအချိန်မတော်ဆိုလျှင် တောဆင်တွေက ကြံဝင်စားတတ်ကြသည်။ကျွန်တော်ကြောက်သည်ကလည်း ထိုတောဆင်တွေကိုပင်ဖြစ်သည်။ကျွန်တော်တို့ရွာက လူအချို့မှာ တောဆင်နင်းခံရပြီး အသက်ဆုံးရှုံးခဲ့ကြရသည်ဖြစ်၍ မကြောက်လို့မရပေ…။
ထို့ကြောင့် ရွာသားအားလုံးတစ်ယောက်ထဲဆိုလျှင် မည်သူုမျှမသွားဝံ့။အရေးတကြီးသွားစရာရှိလျှင် အနည်းဆုံးနှစ်ယောက်လောက်ရှိမှသွားတတ်သည်။
ကျွန်တော်လာတုံးကလည်းဦးလေးကစိတ်မချသဖြင့်မှာလိုက်သေးသည်။သို့ပေမယ့် ကျွန်တော်ရွာထဲကထွက်လာချိန်က ဤမျှလောက်ညမနက်သေးသဖြင့် သိပ်မစိုးရိမ်ခဲ့မိ။
"ကျွန်တော်လဲ အဲ့ဒါပဲစဉ်းစားနေတာဗျ အခုက ၁၁နာရီခွဲနေပြီ နောက် သုံးနာရီလောက်ဆို ၄နာရီကောင်လဲဆိုက်မှာဆိုတော့ ဦးဘတင့်ပြောသလိုအဲ့တော့မှပြန်တာကောင်းမယ်ထင်တယ်… မိုးတွေကလည်းတအားရွာနေတော့လေ"
"အဲ့ဒါငါပြောတာပေါ့ …ဒီမယ် ကောင်လေး မင်းဘာမှစိတ်မပူနဲ့ မင်းမပြန်ခင်အချိန်ထိငါနဲ့စကားထိုင်ပြောကြတာပေါ့ကွာ ငါလဲတယောက်ထဲဖြစ်နေတော့ စကားပြောဖော်ကလည်းမရှိဘူးဟေ့"
"ဟုတ်ကဲ့ ဦးဘတင့် ကျွန်တော်အဆင်ပြေပါတယ် သက်ကြီးစကားသက်ငယ်ကြားရတော့ ကျွန်တော်လဲဗဟုသုတရတာပေါ့ ပြီးတော့ ဒီတိုင်းထိုင်စောင့်နေမယ့်အတူတူ စကားပြောနေတော့အပျင်းပြေတာပေါ့"
"ကောင်းသကွာ လာ ကောင်လေး အထဲဝင် အပြင်မှာအရမ်းအေးတယ် "
ဦးဘတင့်ကြီးရဲ့ ဖိတ်ခေါ်မှုကြောင့် လက်မှတ်ရောင်းသော ကောင်တာခန်းတွင်းသို့ ကျွန်တော်ဝင်သွားလိုက်သည်။
အခန်းတွင်းရောက်တော့မှ အချမ်းဓာတ်အနည်းငယ်သက်သာရ ရလေသည်။
"ကောင်လေး ငါ့မှာလဲ ဧည့်ခံစရာဆိုလို့ ရေနွေးကြမ်းပဲရှိတယ်ကွာ ရော့…အချမ်းပြေရေနွေးကြမ်းလေးသောက်"
"ရပါတယ်ဦးဘတင့်ရယ် ရေနွေးကြမ်းလည်း အချမ်းပြေတာပါပဲ ကျွန်တော်အဆင်ပြေပါတယ်"
ဘူတာရုံလေး၏ အပြင်ဖက်တွင် သေလုမျောပါး ပိန်းကြာပင်များနှင့် အတိုင်းအဆမရှိ သန်စွမ်းနေကြသော ပေါင်းပင်ကြီးများသည် မိုးဒဏ်လေဒဏ်ကြောင့် ပစ်စလတ်ခတ်ယိမ်းထိုးနေကြလေသည်။
ဦးဘတင့်ကြီးက
ရေနွေးကြမ်းတငုံကိုဟန်ပါပါတကျိုက်သောက်လိုက်ပြီး သူသောက်နေကျ ဆေးပေါ့လိပ်အားမီးညှိကာ အားရပါးရဖွာရှိုက်နေလေသည်။
ထို့နောက် ကျွန်တော်ကပင် စကားစလိုက်သည်..။
"ဦးဘတင့် သရဲခြောက်ခံရဖူးလား…"
ကျွန်တော်ထိုသို့မေးတော့ ဦးဘတင့်က ကျွန်တော့်ကိုသေချာကြည့်သည်။
"ကောင်လေး မင်းဘာကိုဆိုလိုချင်တာလဲ"
"ဘာကိုမှမဆိုလိုပါဘူး ဦးဘတင့်ကြီးခုနကပြောတယ်လေ…သရဲတွေကကြောက်စရာမကောင်းပါဘူး သနားဖို့ကောင်းတယ်ဆိုလို့ ကျွန်တော်ကမေးကြည့်တာပါ"
"အော်…ဒါလား…မင်းမေးတော့လဲ ငါကပြောပြရတာပေါ့ကွာ…ငါအခုအသက်ရဝကျော်ပြီ ငါအသက်၃၅နှစ်ထဲက ဒီဘူတာမှာ ဘူတာစောင့်လုပ်လာခဲ့တာကွ"
ဦးဘတင့်က သူ၏ စကားကိုခေတ္တရပ်နား၍ ရေနွေးကြမ်းတစ်ကျိုက်မော့ချလိုက်သည်။ထို့နောက်ဆက်လက်၍…
"ငါဘူတာရုံစောင့်လုပ်ခဲ့တဲ့ အဲ့ဒီနှစ်ပေါင်း ၃၅နှစ်ကျော်အတွင်းမှာ သရဲတစ္ဆေ ပရလောကသားတွေနဲ့လဲကြုံဖူးတာပေါ့ကွာ…"
"ဟုတ်လား…ဒါဆို ဦးဘတင့်ကသရဲအခြောက်ခံဖူးတာပေါ့"
"ဒါပေါ့ ကောင်လေးရ…သိပ်အခြောက်ခံခဲ့ရဖူးတာပေါ့ …အဟား…ဟား…ဟား…ဟား"
ဦးဘတင့်ကြီး၏ စကားအဆုံးတွင် ရီလိုက်သည့်အသံက ခြောက်ကပ်ကပ်နိုင်လွန်းနေသည်ကို ကျွန်တော်သတိထားမိသည်။
"ဘယ်လိုများ အခြောက်ခံခဲ့ရတာလဲ ပြောပြပါလား…"
"အေး…ငါမှတ်မိသလောက်တွေပြောရရင်တော့ ငါဒီဘူတာမှာစလုပ်ပြီး တပတ်လောက်မှာဖြစ်လိမ့်မယ် အဲ့မှာစအခြောက်ခံရတာပဲ……
အဲ့ညမှာငါက တာဝန်အရရုံထဲလှည့်ပတ်စစ်ပြီးတော့ ငါ့အတွက်ပေးထားတဲ့အခန်းလေးထဲဝင်ထိုင်နေတာပေါ့ကွာ…ပြီးတော့ထုံးစံအတိုင်းဆေးပေါ့လိပ်ဖွာနေတယ်ပေါ့…အဲ့ဒီအချိန်မှာငါ့အခန်းရှေ့ကိုလူတစ်ယောက် ရောက်လာတယ်…
အဲ့ဒီအချိန်ကလဲ ဘူတာရုံထဲမှာ ရထားစီးမယ့်ခရီးသည်တွေစျေးသည်တွေလဲရှိတော့ ငါလဲအကူအညီတခုခုလိုလို့လာမေးတာထင်ပြီး
ဘယ်သူလဲ ဘာလာလုပ်တာလဲပေါ့…
အဲ့လိုမေးလိုက်တော့အပေါက်ဝမှာရပ်နေတဲ့သူက ဘာပြောတယ်မှတ်လဲ…
မီးလေးတတို့လောက်တဲ့…
ငါလဲ…သြော်သူလဲကိုယ့်လိုဆေးလိပ်သမားပဲဆိုပြီးမီးခြစ်ယူပေးမလို့လုပ်တုန်း…ငါ့ပါးစပ်မှာခဲထားတဲ့ ဆေးပေါ့လိပ်ကိုဆတ်ခနဲဆွဲဖြုတ်သွားတယ်…
ပထမတော့ ငါဇဝေဝါဖြစ်သွားတယ်……ပြီးမှတဖြည်းဖြည်းပြန်စဉ်းစားတော့ သူရပ်နေတဲ့ တံခါးဝနဲ့ငါထိုင်နေတဲ့နေရာက လေး ငါးပေလောက်ဝေးနေသဟ…
သူအခန်းထဲဝင်မလာပဲ ငါ့ပါးစပ်ကဆေးပေါ့လိပ်ကိုဘယ်လိုယူလိုက်ပါလိမ့်ပေါ့…
တွေးနေတုံးပဲရှိသေးတယ် သူ့လက်ကြီးကငါ့ဆီရှည်ထွက်လာပြီးဆေးပေါ့လိပ်ပြန်ပေးတယ်… ပြီးလဲပြီးရော ကျေးဇူးပဲနော်တဲ့ ပြောပြီးထွက်သွားပါလေရော…"
"အားပါးပါး……… ဦးဘတင့်ကြီး အဲ့တုံးကမကြောက်ဘူးလား"
"ဟ…ကောင်လေးရ… နောက်နေ့ငါ လန့်ဖျားဖျားတာခွင့်နှစ်ပါတ်ယူလိုက်ရပါလေရောလား"
"ဦးဘတင့်ပြောတော့သရဲဆိုတာကြောက်စရာမကောင်းဘူးဆို"
"အေးလေကွာ ကြောက်စရာမကောင်းဘူး…ဒါပေမယ့်လန့်စရာတော့ကောင်းတယ်ကွ…အဟား…ဟား…ဟား"
ဦးဘတင့်၏ ဒုတိယအကြိမ်မြောက် အက်ရှရှရီသံကြီးကြောင့် ကျွန်တော် ကြက်သီးမွေးညှင်းများပင် ထသွားသည်။
ဦးဘတင့်ကြီးကတော့ သတိပြုမိဟန်မတူပဲဆေးပေါ့လိပ်ကိုဖွာမြဲဖွာနေသည်။
အပြင်မှာမိုးကတော့တိတ်သွားပြီဖြစ်သည်။နာရီကိုကြည့်လိုက်တော့၁နာရီထိုးတော့မည်။၄နာရီကောင်ဆိုက်ဖို့က ၃နာရီလောက်လိုသေးသည်။
ဒီညမှပင် အချိန်တွေကုန်သည်ကကြာလွန်းနေသည်ဟုပင်ထင်ရသည်။
"အချိန်ကုန်တာကြာလို့ဆိုပြီး တွေးမနေစမ်းပါနဲ့ကွာ "
"ဟင်! ကျွန်တော်တွေးနေတာကို ဦးဘတင့်က ဘယ်လိုသိတာလဲ…"
"ကောင်လေးရာ မင်းငယ်ပါသေးတယ်…ငါအသက်ရဝကျော်နေပြီ…ငါလူပေါင်းများစွာနဲ့ကြုံခဲ့ဖူးတယ် အဲ့တော့ လူတွေရဲ့စိတ်ကိုလဲ မျက်နှာကြည့်ရုံနဲ့ ခန့်မှန်းတတ်တာမဆန်းပါဘူးကောင်လေးရာ…"
ထိုသို့ပြောပြီးနောက် သူ၏ ဆေးပေါ့လိပ်အား တရှိုက်မတ်မတ်စွဲလန်းနှစ်ခြိုက်စွာ ဖွာရှိုက်နေပြန်လေသည်။
ှုီှုီဦးဘတင့်ကြီးကို ဒီနေ့ကြည့်ရတာအရင်နေ့တွေနှင့်မတူ ထူးခြားနေသလိုကျွန်တော်ခံစားနေမိသည်။ဘာထူးခြားနေသည်တော့ ကျွန်တော်လဲပြောမပြတတ်ပေ။
* * * * * * * * * *
ဂီးးးးးးးး ခနဲအော်မြည်ကာ ပျံသန်းသွားသော ငှက်ဆိုးတစ်ကောင်၏ အသံကြားမှ ကျွန်တော် အသိပြန်ဝင်လာသည်။
ကျွန်တော် အိပ်ရာကနိုးလာသောသူတစ်ယောက်ကဲ့သိုဖြစ်နေသည်။
"ကောင်လေး…နိုးပီလား"
"ဟင်! ဦးဘတင့်…ကျွန်တော်အိပ်ပျော်သွားတာလား"
"အေးလေ မင်းနဲ့ငါ စကားပြောနေရင်းနဲ့ ငါအပေါ့ခဏသွားတယ်လေ…ငါပြန်လာတော့ မင်းအိပ်ပျော်နေတာပဲ"
ကျွန်တော့်ခေါင်းတွေနောက်ကျိနေသည်။အိပ်ရေးမဝသေးသောသူတစ်ယောက်လိုခံစားမိသည်။
ခန္ဓာကိုယ်အနှံ့အပြားမှလည်း နာကျင်ကိုက်ခဲမှု အချို့ကို ခံစားနေရသည်။ပိုဆိုးသည်က ှုီးဘတင့်ပြောသွားသလို သူအပေါ့သွားတာကိုလည်းကျွန်တော်မမှတ်မိ။
နောက်ဆုံးမှတ်မိသည်က …
ကျွန်တော့်စိတ်ထဲတွင်စဉ်းစားနေသောအကြောင်းအရာကို ဦးဘတင့်ကြီးသိနေသဖြင့် ဦးဘတင့်အပေါ် မသင်္ကာဖြစ်မိခြင်းပင်…။
ကျန်တာဘာမျှမမှတ်မိတော့…။
"ဦးဘတင့်…"
"ကျွန်တော် ကိုယ်တွေလက်တွေ အရမ်းကိုက်ခဲနေတယ်ဗျာ…ပြီးတော့ ခေါင်းတွေလဲမူးနေတယ်…ဖျားချင်နေပြီလားမသိဘူး"
"အိပ်ရေးပျက်လို့နေမှာပါကွာ…ကဲ…ကဲ ကောင်လေး ၄နာရီကောင်ဆိုက်တော့မယ်…အဆင်သင့်လုပ်ထားတော့…"
"ဗျာ…ဟုတ်…ဟုတ်ကဲ့"
နာရီကိုလှမ်းကြည့်လိုက်တော့ မနက်၄နာရီထိုးဖို့မိနစ်အနည်းငယ်မျှပင်လိုတော့သည်။ထို့ကြောင့် အချိန်ဆွဲမနေတော့ပဲ လက်မှတ်ဖြတ်သောကောင်တာခန်းလေးအတွင်းမှ ကျွန်တော်ထွက်လာလိုက်တော့သည်။
များမကြာမီအချိန်အတွင်း၌ ရထားဥသြဆွဲသံသဲ့သဲ့အား ကြားရလေသည်။
* * * * * * * * * *
မနက်၆နာရီ…
မောင်ထွန်းဇော်လေး တစ်ယောက် ၄နာရီရထားဆိုက်ပီးကတည်းက ပျောက်သွားလိုက်တာ ကျွန်ုပ်ကို်ပင် နှုတ်ဆက်မသွားတော့…
သူ့မိခင်နှင့်တွေ့၍ ဝမ်းသာအားရဖြစ်ကာ ကျွန်ုပ်အားဝင်နှုတ်ဆက်ရန်မေ့လျော့သွားခြင်းဖြစ်နိုင်သည်ဟုယူဆပြီး ကျွန်ုပ်လုပ်စရာရှိသည်များကို လုပ်ကိုင်နေလိုက်လေသည်။
ထိုအချိန်၌ လူတချို့စုရုံးစုရုံးဖြစ်ကာ တစုံတခုအားအရေးတကြီးပြောဆိုနေကြသည်ကိုတွေ့မြင်ရသဖြင့် ကျွန်ုပ်၏ စူးစမ်းတတ်သော ဉာဉ်အရ ထိုလူအုပ်အနီးသို့ ချဉ်းကပ်ကာ နားထောင်ကြည့်မိသည်။
"ဟုတ်တယ်ဗျ…ထွန်းဇော်မှ ထွန်းဇော် အစစ်ပဲ…ကြံတောထဲမှာ သေနေတာ မြင်ရက်စရာတောင်မရှိဘူး…"
"ခါးရိုးလဲထက်ပိုင်းကျိုးသွားတယ်ဆို"
"ခေါင်းပါပွင့်သွားတာဗျ…သေချာတာတော့ တောဆင်တစ်ကောင်ထဲနင်းခံရတာမဖြစ်နိုင်လောက်ဘူး…သုံးလေးကောင်ဆင်းလာတဲ့အချိန်နဲ့သွားတိုးမိတာဖြစ်မယ်ဗျာ…"
"ဟုတ်လိမ့်မယ်ဗျာ ကောင်လေးကတော့ သနားစရာပဲ ဘယ်အချိန်ထဲကသေနေလဲမသိဘူး…သူ့ဦးလေးက သူ့အစ်မ( ထွန်းဇော်အမေ) ကိုသွားကြိုတာကြာလို့စိတ်မချလို့လိုက်ကြည့်တော့မှ ကြံတောထဲမှာသေနေတာတွေ့တာတဲ့ဗျာ…"
ဟင်…ထွန်းဇော်ဆိုပါလား…။
ကျွန်ုပ်နှင့်ညကတချိန်လုံးစကားပြောနေသောထွန်းဇော်တော့ဖြစ်ဟန်မထင်။ကျွန်ုပ်ကိုယ်တိုင်တောင် ထွန်းဇော်အား တောဆင်နှင့်တိုးမည်စိုး၍ အိမ်မပြန်ရန်တားမြစ်ခဲ့သေးသည်။ထို့ကြောင့် သေချာစေရန် မေးမြန်းကြည့်လိုက်သည်။
"လူလေးတို့…လူလေးတို့ပြောနေတဲ့ထွန်းဇော်ဆိုတာ မြို့တက်ပြီးသနပ်ခါးရောင်းတဲ့ မြကြည်ရဲ့သားလား"
"မဟုတ်ပါဘူးဗျာ မြို့မှာကျောင်းတက်နေတဲ့ထွန်းဇော်လေ…ကျောင်းပိတ်တုန်းရွာကိုခဏပြန်လာတဲ့ထွန်းဇော်"
ဘုရားဘုရား…။ကြက်သီးမွှေးညင်းများထကာ ခေါင်းနားပန်းကြီးသွားမိသည်။
သူတို့ပြောနေသော ထွန်းဇော်က ကျွန်ုပ်နှင့် တညလုံးရှိနေသည့် ထွန်းဇော်…။
ဘူတာရုံသို့ တစ်ယောက်ထဲလာခဲ့သော ထွန်းဇော်…။
မနက်၄နာရီကတည်းကမတွေ့ရတော့သည့်ထွန်းဇော်………………။
ယခုတော့ ထွန်းဇော်မှာ ညကတည်းကပင် တောဆင်နင်းခံရလို့သေပြီတဲ့…။
ဒါဆို…ဒါဆို …ကျွန်ုပ်နှင့် ညက တညလုံးရှိနေခဲ့သည် ထွန်းဇော်က ………။
…………………
…………………………
သြော်…ဒါ့ကြောင့်မို့ သူညက ကျွန်ုပ်ကို ပြောခဲ့တာကိုး …သူကိုယ်တွေလက်တွေ အရမ်းကိုက်နေတယ် ခေါင်းလဲ အရမ်းမူးတယ်တဲ့…
အခုကြားလိုက်ရတဲ့ သတင်းက ထွန်းဇော်တစ်ယောက် တောဆင်နင်းခံရတာ ခေါင်းလဲပွင့်သွားတယ် ခါးလည်းထက်ပိုင်းကျိုးသွားတယ်တဲ့…။
"ကောင်လေးရေ…ငါပြုသမျှကုသိုလ်ကောင်းမှုတွေမင်းကို အမျှဝေပါတယ်…မင်းကြားရာအရပ်ကနေ သာဓုခေါ်ပါကွာ……………
အမျှ……အမျှ……အမျှ ယူပါကောင်လေးရေ……………"
ဦးဘတင့်ကြီး၏ ရုတ်တရက်အပြုအမူကြောင့် ရပ်စကားပြောနေသော လူတစ်စုမှာ ဦးဘတင့်ကြီးအား စိုက်ကြည့်နေကြလေသည်။
ထိုလူတစ်စုအပြင် ဦးဘတင့်ကြီးအားကြည့်၍ ဝမ်းသာအားရ သာဓုခေါ်နေသော တစုံတယောက်ရှိနေသည်ကို ဦးဘတင့် သိခဲ့ပါမူ………………………………………။ ။
* * * * * * * * * *
ပြီးး ။ ။

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...