======

ပရိသတ္ဆီက အသိအမွတ္ ျပဳမႈေလးရရင္ ေက်နပ္ပါၿပီဆိုတဲ႔ သုသု


ေန၀င္အိပ္တန္းတက္႐ုပ္ရွင္ကားကို ပ႐ိုဂ်ဴဆာလုပ္ၿပီး႐ိုက္ခဲ့တယ္ဆိုတာ ငယ္ငယ္ကတည္းက ႀကိဳက္ခဲ့တဲ့ ၀တၳဳမို႔ပါ။ ဆရာလကၤာရည္ေက်ာ္၀တၳဳကို ေက်ာင္းသူဘ၀ကတည္းက ဖတ္တယ္။ ဆရာ့၀တၳဳကို ဖတ္ၿပီး ႐ိုက္ခ်င္စိတ္ျဖစ္တာေၾကာင့္႐ိုက္ျဖစ္သြားတာပါ။ ကိုယ့္အတြက္ လုပ္ကြက္ရွိတဲ့ဇာတ္မို႔ ႐ိုက္ျဖစ္တာလားဆိုရင္ အမွန္တိုင္း၀န္ခံရရင္ ထုတ္လုပ္သူအစစ္မွ မဟုတ္တာ။ သ႐ုပ္ေဆာင္ျဖစ္တဲ့အတြက္ သုသု လံုး၀မလုပ္တတ္တဲ့ ဇာတ္႐ုပ္ပါ။ သုသုဘက္ကၾကည့္ရင္ ကိုယ့္အတြက္ ပညာတစ္ခုတိုးမယ္။ မလုပ္တတ္တဲ့ဇာတ္႐ုပ္ကို လုပ္ဖူးသြားမယ္။ ပရိသတ္ဘက္ကၾကည့္ရင္ ႐ုပ္ရွင္အျဖစ္ ၾကည့္ခ်င္တယ္။ ကို၀ိုင္းတို႔၊ မခိုင္ႀကီး(ထြန္းအိျႏၵာဗို) တို႔ပါတယ္။ ၀တၳဳနဲ႔ထပ္တူ ႐ုပ္ရွင္ကေကာင္းမယ္ထင္ၿပီး ႐ိုက္ျဖစ္သြားတာပါ။ ဒီႏွစ္က မင္းသမီးအားၿပိဳင္ တဲ့ဇာတ္ေတြမ်ားေတာ့ ေနာက္ႏွစ္မွ သာ႐ံုတင္မယ္ဆိုရင္ ကုိယ့္အတြက္ အကယ္ဒမီေမွ်ာ္လင့္ခ်က္မ်ားမလား။ ဒီႏွစ္ကိုဘာလို႔တင္ျဖစ္တာလဲဆိုရင္ သုသုအေနအထားက ပရိသတ္သိဖို႔ လည္းလိုတယ္။ ပရိသတ္အသိအ မွတ္လိုတာေၾကာင့္ ျမန္ျမန္တင္ျဖစ္ေလေကာင္းေလပါပဲ။ အဲဒါေၾကာင့္ B ႐ံုတြဲနဲ႔ တင္ျဖစ္လိုက္တာပါ။ အမွန္တိုင္းေျပာရရင္ ဒီကားကေန ပိုင္ၿဖိဳးသု ႀကိဳးစားရွာသားဆိုတဲ့ အသိအမွတ္ျပဳတာေလး ပရိသတ္ ဆီကရရင္ ေက်နပ္ၿပီ။ က်န္တာဘာမွ မေမွ်ာ္လင့္ထားဘူး။ ေအဒင္ရဲ႕ နတ္သမီးအစား ပရိသတ္ေတြထပ္ ေမွ်ာ္လင့္လို႔ရမယ့္ ကားလို႔ ပရိသတ္ ေတြထင္ၾကေပမယ့္ သုသုကေတာ့ မေမွ်ာ္လင့္ထားပါဘူး။ ကိုယ့္ထက္ အရမ္းေကာင္း၊ အရမ္းေတာ္တဲ့ စီနီယာေတြ ရွိတဲ့အတြက္ မေမွ်ာ္ လင့္ထားပါဘူး။ မမွန္းရဲပါဘူး။ K.M.N

#8days_a_week_journal 

=====
နေဝင်အိပ်တန်းတက်ရုပ်ရှင်ကားကို ပရိုဂျူဆာလုပ်ပြီးရိုက်ခဲ့တယ်ဆိုတာ ငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ ဝတ္ထုမို့ပါ။ ဆရာလင်္ကာရည်ကျော်ဝတ္ထုကို ကျောင်းသူဘဝကတည်းက ဖတ်တယ်။ ဆရာ့ဝတ္ထုကို ဖတ်ပြီး ရိုက်ချင်စိတ်ဖြစ်တာကြောင့်ရိုက်ဖြစ်သွားတာပါ။ ကိုယ့်အတွက် လုပ်ကွက်ရှိတဲ့ဇာတ်မို့ ရိုက်ဖြစ်တာလားဆိုရင် အမှန်တိုင်းဝန်ခံရရင် ထုတ်လုပ်သူအစစ်မှ မဟုတ်တာ။ သရုပ်ဆောင်ဖြစ်တဲ့အတွက် သုသု လုံးဝမလုပ်တတ်တဲ့ ဇာတ်ရုပ်ပါ။ သုသုဘက်ကကြည့်ရင် ကိုယ့်အတွက် ပညာတစ်ခုတိုးမယ်။ မလုပ်တတ်တဲ့ဇာတ်ရုပ်ကို လုပ်ဖူးသွားမယ်။ ပရိသတ်ဘက်ကကြည့်ရင် ရုပ်ရှင်အဖြစ် ကြည့်ချင်တယ်။ ကိုဝိုင်းတို့၊ မခိုင်ကြီး(ထွန်းအိန္ဒြာဗို) တို့ပါတယ်။ ဝတ္ထုနဲ့ထပ်တူ ရုပ်ရှင်ကကောင်းမယ်ထင်ပြီး ရိုက်ဖြစ်သွားတာပါ။ ဒီနှစ်က မင်းသမီးအားပြိုင် တဲ့ဇာတ်တွေများတော့ နောက်နှစ်မှ သာရုံတင်မယ်ဆိုရင် ကိုယ့်အတွက် အကယ်ဒမီမျှော်လင့်ချက်များမလား။ ဒီနှစ်ကိုဘာလို့တင်ဖြစ်တာလဲဆိုရင် သုသုအနေအထားက ပရိသတ်သိဖို့ လည်းလိုတယ်။ ပရိသတ်အသိအ မှတ်လိုတာကြောင့် မြန်မြန်တင်ဖြစ်လေကောင်းလေပါပဲ။ အဲဒါကြောင့် B ရုံတွဲနဲ့ တင်ဖြစ်လိုက်တာပါ။ အမှန်တိုင်းပြောရရင် ဒီကားကနေ ပိုင်ဖြိုးသု ကြိုးစားရှာသားဆိုတဲ့ အသိအမှတ်ပြုတာလေး ပရိသတ် ဆီကရရင် ကျေနပ်ပြီ။ ကျန်တာဘာမှ မမျှော်လင့်ထားဘူး။ အေဒင်ရဲ့ နတ်သမီးအစား ပရိသတ်တွေထပ် မျှော်လင့်လို့ရမယ့် ကားလို့ ပရိသတ် တွေထင်ကြပေမယ့် သုသုကတော့ မမျှော်လင့်ထားပါဘူး။ ကိုယ့်ထက် အရမ်းကောင်း၊ အရမ်းတော်တဲ့ စီနီယာတွေ ရှိတဲ့အတွက် မမျှော် လင့်ထားပါဘူး။ မမှန်းရဲပါဘူး။ K.M.N

#8days_a_week_journal 

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...