======

ခရီးသြားရင္း အသုဘတဲနဲ႕ လၻက္ရည္ဆိုင္မွားပီး သရဲေဖ်ာ္တဲ့ လၻက္ရည္ဝင္ေသာက္မိတဲ့ လူတစ္ေယာက္ရဲ့ ျဖစ္ရပ္မွန္ ...!

အဲ့ဒီညက ေတာ္ေတာ့္ကို ေမွာင္မိုက္တိတ္ဆိတ္ေနတဲ့ည…။ လမ္းမီးတိုင္မရွိ…လေရာင္မရွိတဲ့ အေဝးေျပးလမ္းမေပၚက လကြယ္ညကို ညီညီတစ္ေယာက္ ဆိုင္ကယ္မီးေရာင္အားကိုးနဲ႕သာ ျဖတ္ေက်ာ္ေနခဲ့ရတယ္။

ညီညီရဲ႕ အလုပ္က online ေပၚကေန ဆိုင္ကယ္ဝယ္ယူလိုသူတို႕ထံက စရံေငြယူျပီး က်ယ္ေဂါင္မွာ ဆိုင္ကယ္သြားဝယ္ေပးရတယ္…ျပီးရင္ မူဆယ္ ကားဂိတ္ကေနတဆင့္ မွာယူတဲ့နယ္အသီးသီးကို ကားနဲ႕ထည့္ေပးျပီး ဆိုင္ကယ္ေရာက္မွ သူ႕ဆီေငြအေက်ေခ်ေပးရတဲ့စနစ္နဲ႕ စီးပြားရွာေနသူတစ္ေယာက္ေပါ့…။

ဒီအလုပ္ကိုသူလုပ္လာခဲ့တာ တစ္ႏွစ္ေက်ာ္ႏွစ္ႏွစ္နီးပါးေတာ့ရွိျပီ…။ သူနဲ႕အက်ိဳးေပးတယ္ေျပာရမလားပဲ… ေအာ္ဒါေတြလဲအရမ္းတက္သလို ဝင္ေငြေတြလည္းျမိဳးျမိဳးျမတ္ျမတ္ရခဲ့တယ္…။

အဲ့ဒီကေနတဆင့္ ဆိုင္ကယ္အေၾကာင္းကိုတေျဖးေျဖးနားလည္လာေတာ့ ဆိုင္ကယ္ေလာကထဲကို သူတစတစဝင္ေရာက္လာခဲ့တယ္…။

ဆိုင္ကယ္ ေအာ္ဒါလက္ခံျပီးဝယ္ေပးတဲ့အလုပ္အျပင္ ဆိုင္ကယ္ဝယ္ေရာင္းအလုပ္ကိုပါတြဲျပီး လုပ္ကိုင္ခဲ့တယ္။
အခုလဲ မႏၲေလးကဆိုင္ကယ္second hand တစီးကို ဝယ္ျပီး မူဆယ္ကို ေမာင္းျပီးျပန္လာခဲ့တယ္ေပါ့…ေအာ္ဒါလက္ခံျပီးဝယ္ေပးတံုးက Express ကားနဲ႕ထည့္ေပးတာကအလုပ္ျဖစ္ေပမယ့္ ဝယ္ေရာင္းလုပ္တဲ့အခါက်ေတာ့ တြက္ေခ်မကိုက္ေတာ့ဘူး…အဲ့ဒါေၾကာင့္ကိုယ္တိုင္ပဲေမာင္းျပီး သူျပန္လာခဲ့တယ္…။

အရင္အေခါက္ေတြတံုးကေတာ့ မူဆယ္အနီးအနားေနရာေတြပဲ ဝယ္ေရာင္းလုပ္ခဲ့ေပမယ့္ အခုတေခါက္ မႏၲေလးက ဘီးတစီးက လက္မလြတ္နိုင္ေအာင္ကို တန္လြန္းေနတဲ့အတြက္ အရဲစြန္႕ျပီး သူလုပ္ခဲ့တယ္ေပါ့…။
အသြားတံုးက Express ကားေပၚမွာမို႕ ေဘးဘီဝဲယာ သိပ္သတိမထားမိေပမယ့္ အခုအျပန္က်ေတာ့ တစ္ေယာက္ထဲျဖစ္ေနတဲ့အတြက္ စိတ္ထဲအားငယ္သလိုလို ေၾကာက္သလိုလိုေတာ့ျဖစ္မိတယ္…။

ဆိုင္ကယ္ဒိုင္ခြက္မွာပါတဲ့ ဒစ္ဂ်စ္တယ္နာရီကိုၾကည့္လိုက္ေတာ့ မနက္ တစ္္နာရီေတာင္ထိုးေတာ့မယ္…။ “တစ္နာရီေတာင္ထိုးေတာ့မွာပဲ…” သူတီးတိုးေရရြတ္လိုက္တယ္…။

အေဝးေျပးလမ္းမႀကီးေပၚမွာ သူ႕ဆိုင္ကယ္တစ္စီးတည္း…။ ရံဖန္ရံခါမွ ကားတစီးတေလေလာက္ျဖတ္သြားတာကိုေတြ႕ရတယ္။ က်န္တဲ့အခ်ိန္ေတြကေတာ့ တေလာကလံုး သူ႕ဆိုင္ကယ္စက္သံကလြဲျပီး ေမွာင္လို႕ မဲလို႕ တိတ္လို႕ဆိတ္လို႕…။

ေမာင္းလာသည္မွာ အခ်ိန္အေတာ္ၾကာျပီျဖစ္ေသာေၾကာင့္ ခါးေတြေညာင္းျပီး လက္ေမာင္းေတြပါေတာင့္ေနျပီျဖစ္သည္။ “ေရွ႕နားမွာဆိုင္တဆိုင္ဆိုင္ေတြ႕ရင္ေတာ့ ဆိုင္ကယ္လဲခနအနားေပးရင္း လူလဲအေညာင္းေျပအညာေျပ ခနနားဦးမွ…” သူစိတ္ထဲမွာ ေတြးထားလိုက္ျပီး ဆိုင္ကယ္ကိုသာဂရုတစိုက္နဲ႕ဆက္လက္ေမာင္းေနလိုက္ေတာ့တယ္…။

အေတာ္ၾကာၾကာေမာင္းလာျပီးတဲ့ေနာက္မွာေတာ့ ေရွ႕ခပ္လွမ္းလွမ္းဆီက မီးေရာင္ေလးေတြကိုသူေတြ႕လိုက္ရတယ္…။

“ညလံုးေပါက္ဖြင့္တဲ့ဆိုင္တဆိုင္ဆိုင္ေတာ့ျဖစ္တန္ေကာင္းပါရဲ႕…” တစ္ေယာက္တည္း ကိုယ့္ကိုယ္ကိုအားေပးစကားဆိုလိုက္ရင္း ဆိုင္ကယ္အရွိန္ကို ေလွ်ာ့ခ်လိုက္တယ္။

တေျဖးေျဖးနဲ႕အနားနီးလာေတာ့ အလင္းေရာင္မႈန္မႈန္မႊားမႊားအခ်ိဳက မခို႕တရို႕ဖ်ာက်ေနေသာ လၻက္ရည္ဆိုင္တဆိုင္ကို ညီညီေတြ႕လိုက္ရတယ္။

“အဟား…ငါေတာ့ကံေကာင္းတာပဲ” ထိုင္ခံုေတြ စားပြဲေတြနဲ႕ မီးလင္းေနတဲ့ အဲ့ဒီခပ္ကုပ္ကုပ္ဆိုင္ေလးေရွ႕မွာ ဆိုင္ကယ္ကိုထိုးရပ္လိုက္တယ္…။

မွိန္ပ်ပ်မီးေရာင္ေအာက္မွာ လၻက္ရည္ဆိုင္က ေျခာက္ကပ္ကပ္နိုင္လြန္းေနသည္။ “လူလည္းတစ္ေယာက္မွမေတြ႕ပါလား…” ဆိုင္ရဲ႕အတြင္းဘက္ထိ သူေဝ့ၾကည့္လိုက္တယ္……။ အဲ့ဒီေတာ့မွ ေကာင္တာစားပြဲေပၚေခါင္းတင္ထားျပီး ပ်င္းရိပ်င္းတြဲပံုစံနဲ႕မိန္းမတစ္ေယာက္ကို ညီညီေတြ႕ေတာ့တယ္….။

“ဆိုင္ရွင္ျဖစ္မယ္ထင္တယ္……”ဆိုင္ရွင္မိန္းမကလည္း ဆိုင္ေပါက္ဝဘက္ကိုမ်က္ႏွာလွည့္ျပီးေမွာက္ေနတာမို႕ ညီညီဝင္လာတာကိုျမင္ရသည္။ အဲ့ဒီမိန္းမႀကီးက စားပြဲေပၚပါးအပ္ျပီး ျငိမ္သက္ေနေပမယ့္ မ်က္လံုးေတြကိုေတာ့ဖြင့္ထားတယ္…ျပီးေတာ့ညီညီ႕ကို စိုက္ၾကည့္ေနတယ္…။

“လၻက္ရည္ ေပါ့က် တစ္ခြက္ေလာက္…” အနားမွာေတြ႕တဲ့ ဝိုင္းတခုမွာ ဝင္ထိုင္ရင္း ညီညီလွမ္းမွာလိုက္တယ္…။ ေရွ႕ဆက္ျပီးေမာင္းရဦးမွာဆိုေတာ့ အိပ္မငိုက္ေအာင္ လၻက္ရည္ကို ခပ္က်က်ေလးေသာက္ဖို႕ ညီညီဆံုးျဖတ္ထားတယ္။

ဆိုင္ရွင္မိန္းမက စားပြဲေပၚပါးအပ္ျပီး ေမွာက္ေနရာကေန ေလးေလးတြဲ႕တြဲ႕ေျဖးေျဖးခ်င္းထလာတယ္…ျပီးေတာ့ အတြင္းဘက္ဝင္သြားတယ္… အဲ့ဒီေနာက္ လၻက္ရည္ေဖ်ာ္သံ…… လၻက္ရည္ခြက္ထဲဇြန္းထည့္ေမႊသံေတြၾကားေနရတယ္… ခဏေနေတာ့ သူ႕စားပြဲေပၚလၻက္ရည္ပန္းကန္လာလ်ေပးျပီး ဘာစကားမွမေျပာပဲ ျပန္လွည့္ထြက္သြားတယ္…။

ျပီးေတာ့ ခုနကစားပြဲေပၚမွာပါးအပ္ျပီး ျပန္ေမွာက္ေနျပန္တယ္…။ “ဘယ္လိုလၻက္ရည္ဆိုင္လဲဟ…တစ္ေယာက္ထဲရွိတဲ့လၻက္ရည္ဆိုင္လား…” ညီညီစိတ္ထဲ ဘဝင္မက်သလိုမသိုးမသန္႕ျဖစ္သလိုလိုျဖစ္သြားေပမယ့္ ဆိုင္ကယ္ေရာ လူေရာ ေခတၱအနားယူရန္မျဖစ္မေနလိုအပ္သည္မို႕ စိတ္ထဲမထားေတာ့ပဲ လၻက္ရည္ခြက္ကို ယူျပီးေမာ့ခ်လိုက္ေတာ့တယ္……။

“အား………………… ဘယ္လိုအရသာႀကီးလဲ ! ” အလန္႕တၾကားထေအာ္မိျပီး လၻက္ရည္ခြက္ကိုေအာက္ခံပန္းကန္ျပားေပၚျပန္တင္လိုက္တယ္…။

အရသာက သူတစ္ႀကိမ္တစ္ခါမွ မေသာက္ဖူးတဲ့ အရသာႀကီး…။ ခ်ိဳတာလည္းမဟုတ္…စိမ့္တာလည္းမဟုတ္… ခါးတာလည္းမဟုတ္…က်တာလည္းမဟုတ္… ဘာအရသာႀကီးမွန္းကိုမသိတဲ့ အရသာႀကီး……။ ေဒါသျဖစ္သြားတဲ့ ညီညီမ်က္လံုးေတြက လၻက္ရည္ေဖ်ာ္ေပးတဲ့ မိန္းမဆီေရာက္သြားတယ္…။

သူမကေတာ့စားပြဲေပၚပါးတင္ထားတံုး… ခံစားမႈမဲ့တဲ့ လူေသမ်က္လံုးေတြနဲ႕ သူ႕ကိုစိုက္ၾကည့္ေနတံုး… ညီညီ ရုတ္တရက္ေက်ာထဲစိမ့္ခနဲျဖစ္သြားတယ္…။ ေစာနကထြက္ေနတဲ့ ေဒါသေတြေတာင္ၾကက္ေပ်ာက္ငွက္ေပ်ာက္ေပ်ာက္ကုန္ၾကတယ္… ျပီးေတာ့ ဒီေနရာက ျမန္ျမန္သြားမွလို႕လည္းသူေတြးမိလိုက္တယ္…။

“ဒီမွာ ပိုက္ဆံ ထားခဲ့ျပီ…” သူက်သင့္ေငြကို စားပြဲေပၚတင္ျပီး ဘာမွန္းမသိတဲ့ လၻက္ရည္ဆိုင္ထဲကေန ခပ္သုတ္သုတ္ေျပးထြက္လာခဲ့လိုက္ေတာ့တယ္…။ ဆိုင္ကယ္ေပၚတက္ခြျပီး စက္မႏိႈးခင္ အဲ့မိန္းမႀကီးကို တစ္ခ်က္ျပန္ၾကည့္လိုက္ေတာ့… မိန္းမႀကီးက ထံုးစံအတိုင္း စားပြဲေပၚမ်က္ႏွာႀကီး တေစာင္းတင္ အသက္မပါတဲ့ မ်က္လံုးေတြနဲ႕ သူ႕ကိုၾကည့္ေနတံုးပဲ…။ ညီညီ ဘာမွဆက္စဥ္းစားမေနေတာ့ပဲ ဆိုင္ကယ္စက္ႏိႈးျပီး ေဝါခနဲေဆာင့္ထြက္လာခဲ့ေတာ့တယ္…။ တိတ္ဆိတ္ေျခာက္ကပ္ေနတဲ့ လမိုက္ညကို ညီညီ ဆိုင္ကယ္သံက ျပန္ျပီးလႊမ္းမိုးသြားျပန္တယ္။

“ေတာက္ခ္!…” အေရးထဲမွ အရာေပၚဆိုသလို လၻက္ရည္ဆိုင္နဲ႕ ဝါးႏွစ္ျပန္ေက်ာ္ေက်ာ္ေလာက္အကြာအေဝးမွာ ဆိုင္ကယ္က ထိုးရပ္သြားတယ္…။ စက္ႏိႈးလို႕လဲမရေတာ့… ညအခ်ိန္မေတာ္ လူကလဲျပတ္ ဆိုင္ကယ္ကလည္း ဆီေရေလဝိုင္ အကုန္စစ္ျပီးမွ စီးလာတာ…ခုမွဘာထေဖာက္မွန္း သူမသိ…။

ေတာ္ေတာ္ေတာ့အႀကံအိုက္သြားတယ္။ နာရီဝက္နီးပါးၾကာတဲ့အထိ ဆိုင္ကယ္ကိုစက္ျပန္ႏိႈးလိုက္ ပလပ္ျဖဳတ္ေဆးလိုက္စသျဖင့္မ်ိဳးစံုလုပ္ေနေပမယ့္ စက္ကႏိႈး၍ မရ…။ ဒီပံုအတိုင္းဆိုလမ္းမေပၚမွာပဲမိုးလင္းေတာ့မယ့္ပံု…။ ျခင္ေတြကလည္းမတရားကိုက္လာသည္။ ျခင္ေျပးလိုေျပးညား စီးကရက္တလိပ္မီးညိွေသာက္ေသာ္လည္းမရ…။

စီးကရက္ေသာက္ရင္း ညီညီ စဥ္းစားလိုက္တယ္။ ခုနကသူဝင္ခဲ့သည့္လၻက္ရည္ဆိုင္ကသူၾကားဖူးတဲ့ က်တ္ကုန္းတို႕ဘာတို႕လိုျဖစ္ေနမလား… ဒါမွမဟုတ္တကယ္ပဲ လၻက္ရည္ဆိုင္အစစ္လား…။ ဒါကိုလဲသူသိခ်င္တယ္…။

“ဟူးး…မထူးေတာ့ဘူး ေနာက္ျပန္လွည့္တြန္းသြားျပီး အကူအညီေတာင္းရေတာ့မွာပဲ…”
စီးကရက္လက္က်န္ေလးကို ခပ္ျပင္းျပင္းဖြာရိႈက္လိုက္ျပီး နင္းေခ်ပစ္ကာ ဆိုင္ကယ္ကို လၻက္ရည္ဆိုင္ဘက္သို႕ျပန္တြန္းလာခဲ့လိုက္ေတာ့တယ္…။

“လၻက္ရည္ဆိုင္ေတာ့လွမ္းျမင္ရျပီ…ဒါဆိုငါေတြ႕ခဲ့တာက်တ္ကုန္းေတာ့မျဖစ္နိုင္ေလာက္ေတာ့ဘူး…
ဘာပဲျဖစ္ျဖစ္ ေရြးခ်ယ္စရာကလဲဒီတနည္းပဲရွိေတာ့တယ္…” တစ္ေယာက္ထဲ တီးတိုးေရရြတ္ရင္း ဆိုင္ကယ္ကို ဆက္တြန္းလာလိုက္တယ္။ လူကလည္းအေတာ့္ကိုေမာေနျပီ္။ေခြ်းမ်ားလဲရႊဲနစ္ေနျပီ…။

လၻက္ရည္ဆိုင္ေရွ႕ေရာက္ေတာ့ ဆိုင္ကယ္ကိုေဒါက္ေထာက္ျပီး ဆိုင္ထဲလွမ္းၾကည့္လိုက္ေတာ့… “ဆိုင္ကယ္ပ်က္လာတာလား…” ဆိုင္ရွင္မိန္းမႀကီးကလွမ္းေမးတယ္…။ “ဟုတ္ကဲ့…” “မနက္က်ရင္ေတာ့ ဆိုင္ကိုလူေတြလာလိမ့္မယ္…အဲ့ခါက်……အကူအညီေတာင္းလိုက္ေပါ့…ဒီညေတာ့……ဒီမွာပဲခနတည္း
လိုက္ေလ…”
“ဟုတ္ကဲ့…ေက်းဇူးတင္ပါတယ္ခဗ်…ဒီအခ်ိန္ႀကီးလမ္းမေပၚမွာက်ေတာ့က်ေနာ္တစ္ေယာက္ထဲအဆင္မေျပလို႕
ပါ” “ရတယ္…” ဆိုင္ရွင္မိန္းမႀကီး၏ အသံကေျခာက္ကပ္ကပ္နိုင္ေနတယ္။

ရုတ္တရက္ ညီညီ မ်က္လံုးတို႕က သူထိုင္ခဲ့ေသာဝိုင္းသို႕ေရာက္သြားေတာ့… “ဟင္! ” သူတင္ထားခဲ့ေသာ ပိုက္ဆံနဲ႕ လၻက္ရည္ခြက္က အခုထိမသိမ္းရေသး…။ဒီမိန္းမႀကီးေတာ္ေတာ္အပ်င္းႀကီးတာပဲလို႕ ညီညီေတြးလိုက္မိတယ္…။

“ဒါနဲ႕ အမက ဒီမွာတစ္ေယာက္ထဲေနတာလား…” “ေအး……ဟုတ္……တယ္” “ညလံုးေပါက္ဖြင့္တာလား…”
“ေအး……ဟုတ္……တယ္” “ေယာက်္ားသားမရွိဘူးလား ညလံုးေပါက္ဖြင့္တဲ့ဆိုင္မွာ အမ်ိဳးသမီးတစ္ေယာက္ထဲဆိုေတာ့အဆင္ေျပရဲ႕လား…” ပ်င္းေျခာက္ေျခာက္ျဖစ္ေနလို႕ ညီညီ က ဟိုေမးဒီေမးေမးေနလိုက္တယ္…
“ရွိတယ္…ငါ့ေယာက်္ားကျမိဳ႕ေပၚတက္ျပီး…ဆိုင္အတြက္လိုအပ္တာေတြသြားဝယ္ေနလို႕……ဒီေန႕ေတာ့ ငါတစ္ေယာက္ထဲပဲ……”

“ေအာ္…ဟုတ္ကဲ့…” “မင္းအနားယူရင္ယူေတာ့ေလ…လြတ္လြတ္လပ္လပ္ေနလို႕ရတယ္……ငါတစ္ေယာက္ထဲမို႕လို႕သာ ဆိုင္ထိုင္ေစာင့္ေနရတာ……အရမ္းအိပ္ခ်င္ေနျပီ……ငါဝင္အိပ္ေတာ့မယ္……” “ဟုတ္……ဟုတ္” ဆိုင္ရွင္မိန္းမႀကီးက ပ်င္းရိေလးတြဲ႕စြာထျပီး အတြင္းထဲသို႕ ေျဖးညွင္းစြာ တလွမ္းခ်င္းဝင္သြားတယ္… “သူေတာ္ေတာ္အိပ္ခ်င္ေနပံုပဲ…ငါ့လိုသူစိမ္းကိုေတာင္စိတ္ခ်လက္ခ်ထားျပီး ဝင္အိပ္သြားတယ္……” ဘာရယ္မဟုတ္ ညီညီေတြးမိလိုက္တယ္…။အဲ့ဒီေနာက္ ခရီးလဲပန္းလာတာမို႕ စားပြဲႏွစ္လံုးဆက္ျပီးတက္အိပ္လိုက္ေတာ့တယ္…။

“ညီေလး…ညီေလး……” တစံုတေယာက္ရဲ႕လႈပ္ႏိႈးမႈေၾကာင့္ ညီညီ အိပ္ေနရာကေနလန္႕ႏိုးသြားတယ္…။ “ထပါအံုးညီေလးရဲ႕…” “ဗ်ာ…ဟုတ္…” မ်က္လံုးႏွစ္လံုးကိုအားယူျပီးဖြင့္ၾကည့္လိုက္ေတာ့ မိုးစင္စင္ေတာင္လင္းေနျပီ…။လူႀကီးတစ္ေယာက္ႏွင့္အတူ အျခားလူငယ္သံုးေလးဦးကိုေတြ႕လိုက္ရသည္။

“ညီေလးက ဘယ္ကလဲ…ဒီကိုဘာလာလုပ္တာလဲ…” “ဗ်ာ…က်ေနာ္…က်ေနာ္ကခရီးသြားပါ…ညကဆိုင္ကယ္ပ်က္သြားလို႕ ဒီဆိုင္မွာအကူအညီေတာင္းျပီး ခနဝင္တည္းတာပါ…” “ေဟ…” ညီညီစကားကိုၾကားေတာ့ အဲ့လူေတြမ်က္ႏွာမွာ အံ့ၾသသလိုလို ထိတ္လန္႕သြားသလိုလို အမူအရာေတြ ျဖစ္ကုန္ၾကတယ္…။

“ဘာျဖစ္လို႕လဲခဗ်…” “ဘာ……ဘာမွမျဖစ္ပါဘူး…ညီ…ညီေလးညကဘယ္သူု႕ကို အကူအညီေတာင္းခဲ့တာလဲ”
“ဘယ္သူရွိရမွာလဲဗ်…ဒီဆိုင္ရွင္မိန္းမႀကီး ကိုေပါ့ဗ်ာ……” “ဟာ”…… လူစိမ္းတစ္သိုက္ ေနာက္ကိုအနညး္ငယ္ဆုတ္သြားၾကတယ္…ဒီလူေတြရဲ႕အမူအရာကနည္းနည္းေတာ့ထူးဆန္းေနတယ္…

“ဘာမ်ားျဖစ္လို႕လဲခင္ဗ်…” “ညီ…ညီေလး…ညက အကူအညီေတာင္းခဲ့တဲ့ မိန္းမက ညီေလးေနာက္က မိန္းမလား……” လူစိမ္းေတြေျပာလို႕ညီညီေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့… “ေအာင္မေလးဗ်………” ငယ္သံပါေအာင္ေအာ္ျပီး သူထဆင္းေျပးလာလိုက္တယ္။

မေျပးေနနိုင္ရိုးလား… သူအိပ္ေနတဲ့ေနရာရဲ႕ေနာက္မွာ မိန္းမအေလာင္းတေလာင္းကဆန္႕ဆန္႕ႀကီး…။ “ဟာ…ဘာ…ဘာေတြျဖစ္ကုန္တာလဲ…ဒီမိန္းမႀကီးက ဘာလို႕ေသသြားတာလဲ…” “ေသတာႏွစ္ရက္ရွိျပီ…”
“ဗ်ာ……” လူစိမ္းတဦး၏ စကားၾကားေတာ့ ညီညီပိုျပီးေခါင္းနားပန္းႀကီးသြားသည္။

“မ…မျဖစ္နိုင္တာပဲဗ်ာ…မေန႕ညကမွ က်ေနာ္နဲ႕စကားေျပာေနေသးတယ္…” “ဒါဆိုရင္ေတာ့ ညီေလး သရဲအေျခာက္ခံလိုက္ရတာျဖစ္မယ္…”

“ဗ်ာ……”

ညီညီႏႈတ္က စကားတို႕ထပ္ထြက္မလာေတာ့…။ “ဟုတ္တယ္ကြ …ငါတို႕ကရြာျပင္မွာေသတဲ့အေလာင္းမို႕လို႕ ရြာျပင္မွာပဲျပင္ထားတာ…” ညီညီညကသူတင္ထားေသာပိုက္ဆံကိုသတိရသြားျပီးလွမ္းၾကည့္လိုက္သည္။ ပိုက္ဆံက ညကတင္ခဲ့တဲ့အတိုင္း…။ လၻက္ရည္ခြက္ကေတာ့မရွိ…။

ဒီမိန္းမႀကီးကေသတာႏွစ္ရက္ရွိျပီဆိုေတာ့ သူညက ညီညီကိုေဖ်ာ္တိုက္တဲ့ လၻက္ရည္ကေရာ……ဘာလဲ…ညီညီ မစဥ္းစားတတ္ေတာ့…။ “ဟိုစားပြဲေပၚကလၻက္ရည္ခြက္ေလးမ်ားအကိုတို႕သိမ္းလိုက္မိေသးလား…”
“ဘာလၻက္ရည္ခြက္လဲ…မသိမ္းပါဘူး…ငါတို႕လာထဲက မင္းကိုအေလာင္းေဘးနားအိပ္ေနလို႕ တန္းျပီးလာႏိႈးတာ…”

“ဟာ…ဟုတ္လား…ဒါဆို ဒီလၻက္ရည္ဆိုင္ကေရာပိတ္ထားတာေပါ့ဟုတ္လား…” “ဘာလၻက္ရည္ဆိုင္လဲ…ဘာလၻက္ရည္ဆိုင္မွမဟုတ္ဘူး…အေလာင္းအတြက္ျပင္ထားတဲ့အေလာင္းစင္နဲ႕…
အသုဘလာတဲ့သူေတြအတြက္ထိုင္ခံုနဲ႕စားပြဲေတြပဲရွိတယ္…”

“ဗ်ာ……” ညီညီ အခုမွသတိထားၾကည့္မိေတာ့ ညကသူေတြ႕ခဲ့တဲ့ ထိုင္ခံုေတြစားပြဲခံုေတြက လၻက္ရည္ဆိုင္မို႕ခ်ထားတဲ့ခံုေတြမဟုတ္ပဲ…အသုဘအတြက္ခ်ထားတဲ့ ခံုေတြစားပြဲေတြျဖစ္ေနတယ္…။

ဟိုမိန္းမႀကီးညက ေခါင္းတေစာင္းတင္ထားသည့္ေကာင္တာစားပြဲကလည္း အေခါင္းႀကီး ျဖစ္ေနတယ္…။ “ဟုတ္တယ္ကြ…ငါတို႕လဲ အသုဘေစာင့္ဖို႕ ဒီႏွစ္ေကာင္ကို အရက္ဖိုးေပးျပီး လႊတ္ထားတာ…ညကအရက္ဆိုင္မွာအမူးလြန္ျပီး လာမေစာင့္မိဘူးတဲ့ေလ…အဲ့ဒါနဲ႕ဒီမနက္လာၾကည့္ေတာ့မင္းကိုေတြ႕တာနဲ႕ငါ့ကိုလာေခၚၾကတာပဲ…”

“အကိုက ……” “ေအး ငါက ဒီနားကရြာက ရာအိမ္မွဴးပဲ…နာမည္က ကိုျပည့္လို႕ေခၚတယ္…” “ဒီနားမွာရြာရွိတယ္လား…က်ေနာ္ညက မေတြ႕မိပါဘူး…” “ရွိတယ္…ဒါေပမယ့္ကားလမ္းေဘးက လွည္းလမ္းအတိုင္းဆင္းသြားရတာ…ေတာ္ေတာ္ေတာ့ေဝးတယ္…”

“ေအာ္…ဒါ့ေၾကာင့္ ညကမျမင္မိတာကိုး…ဒါနဲ႕သူ႕ေယာက်္ားဆိုတာကေရာ…” “သူ႕ေယာက်္ားထြန္းေမာင္ ဆံုးသြားတာျဖင့္အရိုးေတာင္ေဆြးေတာ့မယ္ဟ…” “ဗ်ာ…………”

ဟိုင္းေဝးလမ္းေပၚမွာ ခရီးသြားရင္း အသုဘတဲနဲ႕ လၻက္ရည္ဆိုင္မွားပီး သရဲေဖ်ာ္တဲ့ လၻက္ရည္ဝင္ေသာက္မိတဲ့ ညီညီတစ္ေယာက္…

အဲ့ဒီေန႕အဲ့ဒီအခ်ိန္ကစျပီး ဆိုင္ကယ္အေရာင္းအဝယ္ကိုတတ္နိုင္သမွ် ကားနဲ႕ပဲတင္ျပီး မလႊဲသာတဲ့အခါမ်ိဳးမွသာ ဆိုင္ကယ္နဲ႕ကိုယ္တိုင္သြားေတာ့တယ္ … သြားတဲ့အခါလည္း လမ္းမွာ ဘယ္လၻက္ရည္ဆိုင္ေတြ႕ေတြ႕ဝင္မေသာက္ရဲေတာ့ပါဘူးတဲ့ဗ်ာ……………။ ။

Credit: ပရေလာက၏ သည္းထိတ္ ရင္ဖို ျဖစ္ရပ္မ်ား
===========

အဲ့ဒီညက တော်တော့်ကို မှောင်မိုက်တိတ်ဆိတ်နေတဲ့ည…။ လမ်းမီးတိုင်မရှိ…လရောင်မရှိတဲ့ အဝေးပြေးလမ်းမပေါ်က လကွယ်ညကို ညီညီတစ်ယောက် ဆိုင်ကယ်မီးရောင်အားကိုးနဲ့သာ ဖြတ်ကျော်နေခဲ့ရတယ်။

ညီညီရဲ့ အလုပ်က online ပေါ်ကနေ ဆိုင်ကယ်ဝယ်ယူလိုသူတို့ထံက စရံငွေယူပြီး ကျယ်ဂေါင်မှာ ဆိုင်ကယ်သွားဝယ်ပေးရတယ်…ပြီးရင် မူဆယ် ကားဂိတ်ကနေတဆင့် မှာယူတဲ့နယ်အသီးသီးကို ကားနဲ့ထည့်ပေးပြီး ဆိုင်ကယ်ရောက်မှ သူ့ဆီငွေအကျေချေပေးရတဲ့စနစ်နဲ့ စီးပွားရှာနေသူတစ်ယောက်ပေါ့…။

ဒီအလုပ်ကိုသူလုပ်လာခဲ့တာ တစ်နှစ်ကျော်နှစ်နှစ်နီးပါးတော့ရှိပြီ…။ သူနဲ့အကျိုးပေးတယ်ပြောရမလားပဲ… အော်ဒါတွေလဲအရမ်းတက်သလို ဝင်ငွေတွေလည်းမြိုးမြိုးမြတ်မြတ်ရခဲ့တယ်…။

အဲ့ဒီကနေတဆင့် ဆိုင်ကယ်အကြောင်းကိုတဖြေးဖြေးနားလည်လာတော့ ဆိုင်ကယ်လောကထဲကို သူတစတစဝင်ရောက်လာခဲ့တယ်…။

ဆိုင်ကယ် အော်ဒါလက်ခံပြီးဝယ်ပေးတဲ့အလုပ်အပြင် ဆိုင်ကယ်ဝယ်ရောင်းအလုပ်ကိုပါတွဲပြီး လုပ်ကိုင်ခဲ့တယ်။
အခုလဲ မန္တလေးကဆိုင်ကယ်second hand တစီးကို ဝယ်ပြီး မူဆယ်ကို မောင်းပြီးပြန်လာခဲ့တယ်ပေါ့…အော်ဒါလက်ခံပြီးဝယ်ပေးတုံးက Express ကားနဲ့ထည့်ပေးတာကအလုပ်ဖြစ်ပေမယ့် ဝယ်ရောင်းလုပ်တဲ့အခါကျတော့ တွက်ချေမကိုက်တော့ဘူး…အဲ့ဒါကြောင့်ကိုယ်တိုင်ပဲမောင်းပြီး သူပြန်လာခဲ့တယ်…။

အရင်အခေါက်တွေတုံးကတော့ မူဆယ်အနီးအနားနေရာတွေပဲ ဝယ်ရောင်းလုပ်ခဲ့ပေမယ့် အခုတခေါက် မန္တလေးက ဘီးတစီးက လက်မလွတ်နိုင်အောင်ကို တန်လွန်းနေတဲ့အတွက် အရဲစွန့်ပြီး သူလုပ်ခဲ့တယ်ပေါ့…။
အသွားတုံးက Express ကားပေါ်မှာမို့ ဘေးဘီဝဲယာ သိပ်သတိမထားမိပေမယ့် အခုအပြန်ကျတော့ တစ်ယောက်ထဲဖြစ်နေတဲ့အတွက် စိတ်ထဲအားငယ်သလိုလို ကြောက်သလိုလိုတော့ဖြစ်မိတယ်…။

ဆိုင်ကယ်ဒိုင်ခွက်မှာပါတဲ့ ဒစ်ဂျစ်တယ်နာရီကိုကြည့်လိုက်တော့ မနက် တစ််နာရီတောင်ထိုးတော့မယ်…။ “တစ်နာရီတောင်ထိုးတော့မှာပဲ…” သူတီးတိုးရေရွတ်လိုက်တယ်…။

အဝေးပြေးလမ်းမကြီးပေါ်မှာ သူ့ဆိုင်ကယ်တစ်စီးတည်း…။ ရံဖန်ရံခါမှ ကားတစီးတလေလောက်ဖြတ်သွားတာကိုတွေ့ရတယ်။ ကျန်တဲ့အချိန်တွေကတော့ တလောကလုံး သူ့ဆိုင်ကယ်စက်သံကလွဲပြီး မှောင်လို့ မဲလို့ တိတ်လို့ဆိတ်လို့…။

မောင်းလာသည်မှာ အချိန်အတော်ကြာပြီဖြစ်သောကြောင့် ခါးတွေညောင်းပြီး လက်မောင်းတွေပါတောင့်နေပြီဖြစ်သည်။ “ရှေ့နားမှာဆိုင်တဆိုင်ဆိုင်တွေ့ရင်တော့ ဆိုင်ကယ်လဲခနအနားပေးရင်း လူလဲအညောင်းပြေအညာပြေ ခနနားဦးမှ…” သူစိတ်ထဲမှာ တွေးထားလိုက်ပြီး ဆိုင်ကယ်ကိုသာဂရုတစိုက်နဲ့ဆက်လက်မောင်းနေလိုက်တော့တယ်…။

အတော်ကြာကြာမောင်းလာပြီးတဲ့နောက်မှာတော့ ရှေ့ခပ်လှမ်းလှမ်းဆီက မီးရောင်လေးတွေကိုသူတွေ့လိုက်ရတယ်…။

“ညလုံးပေါက်ဖွင့်တဲ့ဆိုင်တဆိုင်ဆိုင်တော့ဖြစ်တန်ကောင်းပါရဲ့…” တစ်ယောက်တည်း ကိုယ့်ကိုယ်ကိုအားပေးစကားဆိုလိုက်ရင်း ဆိုင်ကယ်အရှိန်ကို လျှော့ချလိုက်တယ်။

တဖြေးဖြေးနဲ့အနားနီးလာတော့ အလင်းရောင်မှုန်မှုန်မွှားမွှားအချိုက မခို့တရို့ဖျာကျနေသော လ္ဘက်ရည်ဆိုင်တဆိုင်ကို ညီညီတွေ့လိုက်ရတယ်။

“အဟား…ငါတော့ကံကောင်းတာပဲ” ထိုင်ခုံတွေ စားပွဲတွေနဲ့ မီးလင်းနေတဲ့ အဲ့ဒီခပ်ကုပ်ကုပ်ဆိုင်လေးရှေ့မှာ ဆိုင်ကယ်ကိုထိုးရပ်လိုက်တယ်…။

မှိန်ပျပျမီးရောင်အောက်မှာ လ္ဘက်ရည်ဆိုင်က ခြောက်ကပ်ကပ်နိုင်လွန်းနေသည်။ “လူလည်းတစ်ယောက်မှမတွေ့ပါလား…” ဆိုင်ရဲ့အတွင်းဘက်ထိ သူဝေ့ကြည့်လိုက်တယ်……။ အဲ့ဒီတော့မှ ကောင်တာစားပွဲပေါ်ခေါင်းတင်ထားပြီး ပျင်းရိပျင်းတွဲပုံစံနဲ့မိန်းမတစ်ယောက်ကို ညီညီတွေ့တော့တယ်….။

“ဆိုင်ရှင်ဖြစ်မယ်ထင်တယ်……”ဆိုင်ရှင်မိန်းမကလည်း ဆိုင်ပေါက်ဝဘက်ကိုမျက်နှာလှည့်ပြီးမှောက်နေတာမို့ ညီညီဝင်လာတာကိုမြင်ရသည်။ အဲ့ဒီမိန်းမကြီးက စားပွဲပေါ်ပါးအပ်ပြီး ငြိမ်သက်နေပေမယ့် မျက်လုံးတွေကိုတော့ဖွင့်ထားတယ်…ပြီးတော့ညီညီ့ကို စိုက်ကြည့်နေတယ်…။

“လ္ဘက်ရည် ပေါ့ကျ တစ်ခွက်လောက်…” အနားမှာတွေ့တဲ့ ဝိုင်းတခုမှာ ဝင်ထိုင်ရင်း ညီညီလှမ်းမှာလိုက်တယ်…။ ရှေ့ဆက်ပြီးမောင်းရဦးမှာဆိုတော့ အိပ်မငိုက်အောင် လ္ဘက်ရည်ကို ခပ်ကျကျလေးသောက်ဖို့ ညီညီဆုံးဖြတ်ထားတယ်။

ဆိုင်ရှင်မိန်းမက စားပွဲပေါ်ပါးအပ်ပြီး မှောက်နေရာကနေ လေးလေးတွဲ့တွဲ့ဖြေးဖြေးချင်းထလာတယ်…ပြီးတော့ အတွင်းဘက်ဝင်သွားတယ်… အဲ့ဒီနောက် လ္ဘက်ရည်ဖျော်သံ…… လ္ဘက်ရည်ခွက်ထဲဇွန်းထည့်မွှေသံတွေကြားနေရတယ်… ခဏနေတော့ သူ့စားပွဲပေါ်လ္ဘက်ရည်ပန်းကန်လာလျပေးပြီး ဘာစကားမှမပြောပဲ ပြန်လှည့်ထွက်သွားတယ်…။

ပြီးတော့ ခုနကစားပွဲပေါ်မှာပါးအပ်ပြီး ပြန်မှောက်နေပြန်တယ်…။ “ဘယ်လိုလ္ဘက်ရည်ဆိုင်လဲဟ…တစ်ယောက်ထဲရှိတဲ့လ္ဘက်ရည်ဆိုင်လား…” ညီညီစိတ်ထဲ ဘဝင်မကျသလိုမသိုးမသန့်ဖြစ်သလိုလိုဖြစ်သွားပေမယ့် ဆိုင်ကယ်ရော လူရော ခေတ္တအနားယူရန်မဖြစ်မနေလိုအပ်သည်မို့ စိတ်ထဲမထားတော့ပဲ လ္ဘက်ရည်ခွက်ကို ယူပြီးမော့ချလိုက်တော့တယ်……။

“အား………………… ဘယ်လိုအရသာကြီးလဲ ! ” အလန့်တကြားထအော်မိပြီး လ္ဘက်ရည်ခွက်ကိုအောက်ခံပန်းကန်ပြားပေါ်ပြန်တင်လိုက်တယ်…။

အရသာက သူတစ်ကြိမ်တစ်ခါမှ မသောက်ဖူးတဲ့ အရသာကြီး…။ ချိုတာလည်းမဟုတ်…စိမ့်တာလည်းမဟုတ်… ခါးတာလည်းမဟုတ်…ကျတာလည်းမဟုတ်… ဘာအရသာကြီးမှန်းကိုမသိတဲ့ အရသာကြီး……။ ဒေါသဖြစ်သွားတဲ့ ညီညီမျက်လုံးတွေက လ္ဘက်ရည်ဖျော်ပေးတဲ့ မိန်းမဆီရောက်သွားတယ်…။

သူမကတော့စားပွဲပေါ်ပါးတင်ထားတုံး… ခံစားမှုမဲ့တဲ့ လူသေမျက်လုံးတွေနဲ့ သူ့ကိုစိုက်ကြည့်နေတုံး… ညီညီ ရုတ်တရက်ကျောထဲစိမ့်ခနဲဖြစ်သွားတယ်…။ စောနကထွက်နေတဲ့ ဒေါသတွေတောင်ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်ကြတယ်… ပြီးတော့ ဒီနေရာက မြန်မြန်သွားမှလို့လည်းသူတွေးမိလိုက်တယ်…။

“ဒီမှာ ပိုက်ဆံ ထားခဲ့ပြီ…” သူကျသင့်ငွေကို စားပွဲပေါ်တင်ပြီး ဘာမှန်းမသိတဲ့ လ္ဘက်ရည်ဆိုင်ထဲကနေ ခပ်သုတ်သုတ်ပြေးထွက်လာခဲ့လိုက်တော့တယ်…။ ဆိုင်ကယ်ပေါ်တက်ခွပြီး စက်မနှိုးခင် အဲ့မိန်းမကြီးကို တစ်ချက်ပြန်ကြည့်လိုက်တော့… မိန်းမကြီးက ထုံးစံအတိုင်း စားပွဲပေါ်မျက်နှာကြီး တစောင်းတင် အသက်မပါတဲ့ မျက်လုံးတွေနဲ့ သူ့ကိုကြည့်နေတုံးပဲ…။ ညီညီ ဘာမှဆက်စဉ်းစားမနေတော့ပဲ ဆိုင်ကယ်စက်နှိုးပြီး ဝေါခနဲဆောင့်ထွက်လာခဲ့တော့တယ်…။ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ လမိုက်ညကို ညီညီ ဆိုင်ကယ်သံက ပြန်ပြီးလွှမ်းမိုးသွားပြန်တယ်။

“တောက်ခ်!…” အရေးထဲမှ အရာပေါ်ဆိုသလို လ္ဘက်ရည်ဆိုင်နဲ့ ဝါးနှစ်ပြန်ကျော်ကျော်လောက်အကွာအဝေးမှာ ဆိုင်ကယ်က ထိုးရပ်သွားတယ်…။ စက်နှိုးလို့လဲမရတော့… ညအချိန်မတော် လူကလဲပြတ် ဆိုင်ကယ်ကလည်း ဆီရေလေဝိုင် အကုန်စစ်ပြီးမှ စီးလာတာ…ခုမှဘာထဖောက်မှန်း သူမသိ…။

တော်တော်တော့အကြံအိုက်သွားတယ်။ နာရီဝက်နီးပါးကြာတဲ့အထိ ဆိုင်ကယ်ကိုစက်ပြန်နှိုးလိုက် ပလပ်ဖြုတ်ဆေးလိုက်စသဖြင့်မျိုးစုံလုပ်နေပေမယ့် စက်ကနှိုး၍ မရ…။ ဒီပုံအတိုင်းဆိုလမ်းမပေါ်မှာပဲမိုးလင်းတော့မယ့်ပုံ…။ ခြင်တွေကလည်းမတရားကိုက်လာသည်။ ခြင်ပြေးလိုပြေးညား စီးကရက်တလိပ်မီးညှိသောက်သော်လည်းမရ…။

စီးကရက်သောက်ရင်း ညီညီ စဉ်းစားလိုက်တယ်။ ခုနကသူဝင်ခဲ့သည့်လ္ဘက်ရည်ဆိုင်ကသူကြားဖူးတဲ့ ကျတ်ကုန်းတို့ဘာတို့လိုဖြစ်နေမလား… ဒါမှမဟုတ်တကယ်ပဲ လ္ဘက်ရည်ဆိုင်အစစ်လား…။ ဒါကိုလဲသူသိချင်တယ်…။

“ဟူးး…မထူးတော့ဘူး နောက်ပြန်လှည့်တွန်းသွားပြီး အကူအညီတောင်းရတော့မှာပဲ…”
စီးကရက်လက်ကျန်လေးကို ခပ်ပြင်းပြင်းဖွာရှိုက်လိုက်ပြီး နင်းချေပစ်ကာ ဆိုင်ကယ်ကို လ္ဘက်ရည်ဆိုင်ဘက်သို့ပြန်တွန်းလာခဲ့လိုက်တော့တယ်…။

“လ္ဘက်ရည်ဆိုင်တော့လှမ်းမြင်ရပြီ…ဒါဆိုငါတွေ့ခဲ့တာကျတ်ကုန်းတော့မဖြစ်နိုင်လောက်တော့ဘူး…
ဘာပဲဖြစ်ဖြစ် ရွေးချယ်စရာကလဲဒီတနည်းပဲရှိတော့တယ်…” တစ်ယောက်ထဲ တီးတိုးရေရွတ်ရင်း ဆိုင်ကယ်ကို ဆက်တွန်းလာလိုက်တယ်။ လူကလည်းအတော့်ကိုမောနေပြီ်။ချွေးများလဲရွှဲနစ်နေပြီ…။

လ္ဘက်ရည်ဆိုင်ရှေ့ရောက်တော့ ဆိုင်ကယ်ကိုဒေါက်ထောက်ပြီး ဆိုင်ထဲလှမ်းကြည့်လိုက်တော့… “ဆိုင်ကယ်ပျက်လာတာလား…” ဆိုင်ရှင်မိန်းမကြီးကလှမ်းမေးတယ်…။ “ဟုတ်ကဲ့…” “မနက်ကျရင်တော့ ဆိုင်ကိုလူတွေလာလိမ့်မယ်…အဲ့ခါကျ……အကူအညီတောင်းလိုက်ပေါ့…ဒီညတော့……ဒီမှာပဲခနတည်း
လိုက်လေ…”
“ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်ခဗျ…ဒီအချိန်ကြီးလမ်းမပေါ်မှာကျတော့ကျနော်တစ်ယောက်ထဲအဆင်မပြေလို့
ပါ” “ရတယ်…” ဆိုင်ရှင်မိန်းမကြီး၏ အသံကခြောက်ကပ်ကပ်နိုင်နေတယ်။

ရုတ်တရက် ညီညီ မျက်လုံးတို့က သူထိုင်ခဲ့သောဝိုင်းသို့ရောက်သွားတော့… “ဟင်! ” သူတင်ထားခဲ့သော ပိုက်ဆံနဲ့ လ္ဘက်ရည်ခွက်က အခုထိမသိမ်းရသေး…။ဒီမိန်းမကြီးတော်တော်အပျင်းကြီးတာပဲလို့ ညီညီတွေးလိုက်မိတယ်…။

“ဒါနဲ့ အမက ဒီမှာတစ်ယောက်ထဲနေတာလား…” “အေး……ဟုတ်……တယ်” “ညလုံးပေါက်ဖွင့်တာလား…”
“အေး……ဟုတ်……တယ်” “ယောကျ်ားသားမရှိဘူးလား ညလုံးပေါက်ဖွင့်တဲ့ဆိုင်မှာ အမျိုးသမီးတစ်ယောက်ထဲဆိုတော့အဆင်ပြေရဲ့လား…” ပျင်းခြောက်ခြောက်ဖြစ်နေလို့ ညီညီ က ဟိုမေးဒီမေးမေးနေလိုက်တယ်…
“ရှိတယ်…ငါ့ယောကျ်ားကမြို့ပေါ်တက်ပြီး…ဆိုင်အတွက်လိုအပ်တာတွေသွားဝယ်နေလို့……ဒီနေ့တော့ ငါတစ်ယောက်ထဲပဲ……”

“အော်…ဟုတ်ကဲ့…” “မင်းအနားယူရင်ယူတော့လေ…လွတ်လွတ်လပ်လပ်နေလို့ရတယ်……ငါတစ်ယောက်ထဲမို့လို့သာ ဆိုင်ထိုင်စောင့်နေရတာ……အရမ်းအိပ်ချင်နေပြီ……ငါဝင်အိပ်တော့မယ်……” “ဟုတ်……ဟုတ်” ဆိုင်ရှင်မိန်းမကြီးက ပျင်းရိလေးတွဲ့စွာထပြီး အတွင်းထဲသို့ ဖြေးညှင်းစွာ တလှမ်းချင်းဝင်သွားတယ်… “သူတော်တော်အိပ်ချင်နေပုံပဲ…ငါ့လိုသူစိမ်းကိုတောင်စိတ်ချလက်ချထားပြီး ဝင်အိပ်သွားတယ်……” ဘာရယ်မဟုတ် ညီညီတွေးမိလိုက်တယ်…။အဲ့ဒီနောက် ခရီးလဲပန်းလာတာမို့ စားပွဲနှစ်လုံးဆက်ပြီးတက်အိပ်လိုက်တော့တယ်…။

“ညီလေး…ညီလေး……” တစုံတယောက်ရဲ့လှုပ်နှိုးမှုကြောင့် ညီညီ အိပ်နေရာကနေလန့်နိုးသွားတယ်…။ “ထပါအုံးညီလေးရဲ့…” “ဗျာ…ဟုတ်…” မျက်လုံးနှစ်လုံးကိုအားယူပြီးဖွင့်ကြည့်လိုက်တော့ မိုးစင်စင်တောင်လင်းနေပြီ…။လူကြီးတစ်ယောက်နှင့်အတူ အခြားလူငယ်သုံးလေးဦးကိုတွေ့လိုက်ရသည်။

“ညီလေးက ဘယ်ကလဲ…ဒီကိုဘာလာလုပ်တာလဲ…” “ဗျာ…ကျနော်…ကျနော်ကခရီးသွားပါ…ညကဆိုင်ကယ်ပျက်သွားလို့ ဒီဆိုင်မှာအကူအညီတောင်းပြီး ခနဝင်တည်းတာပါ…” “ဟေ…” ညီညီစကားကိုကြားတော့ အဲ့လူတွေမျက်နှာမှာ အံ့သြသလိုလို ထိတ်လန့်သွားသလိုလို အမူအရာတွေ ဖြစ်ကုန်ကြတယ်…။

“ဘာဖြစ်လို့လဲခဗျ…” “ဘာ……ဘာမှမဖြစ်ပါဘူး…ညီ…ညီလေးညကဘယ်သူု့ကို အကူအညီတောင်းခဲ့တာလဲ”
“ဘယ်သူရှိရမှာလဲဗျ…ဒီဆိုင်ရှင်မိန်းမကြီး ကိုပေါ့ဗျာ……” “ဟာ”…… လူစိမ်းတစ်သိုက် နောက်ကိုအနညး်ငယ်ဆုတ်သွားကြတယ်…ဒီလူတွေရဲ့အမူအရာကနည်းနည်းတော့ထူးဆန်းနေတယ်…

“ဘာများဖြစ်လို့လဲခင်ဗျ…” “ညီ…ညီလေး…ညက အကူအညီတောင်းခဲ့တဲ့ မိန်းမက ညီလေးနောက်က မိန်းမလား……” လူစိမ်းတွေပြောလို့ညီညီနောက်ကိုလှည့်ကြည့်လိုက်တော့… “အောင်မလေးဗျ………” ငယ်သံပါအောင်အော်ပြီး သူထဆင်းပြေးလာလိုက်တယ်။

မပြေးနေနိုင်ရိုးလား… သူအိပ်နေတဲ့နေရာရဲ့နောက်မှာ မိန်းမအလောင်းတလောင်းကဆန့်ဆန့်ကြီး…။ “ဟာ…ဘာ…ဘာတွေဖြစ်ကုန်တာလဲ…ဒီမိန်းမကြီးက ဘာလို့သေသွားတာလဲ…” “သေတာနှစ်ရက်ရှိပြီ…”
“ဗျာ……” လူစိမ်းတဦး၏ စကားကြားတော့ ညီညီပိုပြီးခေါင်းနားပန်းကြီးသွားသည်။

“မ…မဖြစ်နိုင်တာပဲဗျာ…မနေ့ညကမှ ကျနော်နဲ့စကားပြောနေသေးတယ်…” “ဒါဆိုရင်တော့ ညီလေး သရဲအခြောက်ခံလိုက်ရတာဖြစ်မယ်…”

“ဗျာ……”

ညီညီနှုတ်က စကားတို့ထပ်ထွက်မလာတော့…။ “ဟုတ်တယ်ကွ …ငါတို့ကရွာပြင်မှာသေတဲ့အလောင်းမို့လို့ ရွာပြင်မှာပဲပြင်ထားတာ…” ညီညီညကသူတင်ထားသောပိုက်ဆံကိုသတိရသွားပြီးလှမ်းကြည့်လိုက်သည်။ ပိုက်ဆံက ညကတင်ခဲ့တဲ့အတိုင်း…။ လ္ဘက်ရည်ခွက်ကတော့မရှိ…။

ဒီမိန်းမကြီးကသေတာနှစ်ရက်ရှိပြီဆိုတော့ သူညက ညီညီကိုဖျော်တိုက်တဲ့ လ္ဘက်ရည်ကရော……ဘာလဲ…ညီညီ မစဉ်းစားတတ်တော့…။ “ဟိုစားပွဲပေါ်ကလ္ဘက်ရည်ခွက်လေးများအကိုတို့သိမ်းလိုက်မိသေးလား…”
“ဘာလ္ဘက်ရည်ခွက်လဲ…မသိမ်းပါဘူး…ငါတို့လာထဲက မင်းကိုအလောင်းဘေးနားအိပ်နေလို့ တန်းပြီးလာနှိုးတာ…”

“ဟာ…ဟုတ်လား…ဒါဆို ဒီလ္ဘက်ရည်ဆိုင်ကရောပိတ်ထားတာပေါ့ဟုတ်လား…” “ဘာလ္ဘက်ရည်ဆိုင်လဲ…ဘာလ္ဘက်ရည်ဆိုင်မှမဟုတ်ဘူး…အလောင်းအတွက်ပြင်ထားတဲ့အလောင်းစင်နဲ့…
အသုဘလာတဲ့သူတွေအတွက်ထိုင်ခုံနဲ့စားပွဲတွေပဲရှိတယ်…”

“ဗျာ……” ညီညီ အခုမှသတိထားကြည့်မိတော့ ညကသူတွေ့ခဲ့တဲ့ ထိုင်ခုံတွေစားပွဲခုံတွေက လ္ဘက်ရည်ဆိုင်မို့ချထားတဲ့ခုံတွေမဟုတ်ပဲ…အသုဘအတွက်ချထားတဲ့ ခုံတွေစားပွဲတွေဖြစ်နေတယ်…။

ဟိုမိန်းမကြီးညက ခေါင်းတစောင်းတင်ထားသည့်ကောင်တာစားပွဲကလည်း အခေါင်းကြီး ဖြစ်နေတယ်…။ “ဟုတ်တယ်ကွ…ငါတို့လဲ အသုဘစောင့်ဖို့ ဒီနှစ်ကောင်ကို အရက်ဖိုးပေးပြီး လွှတ်ထားတာ…ညကအရက်ဆိုင်မှာအမူးလွန်ပြီး လာမစောင့်မိဘူးတဲ့လေ…အဲ့ဒါနဲ့ဒီမနက်လာကြည့်တော့မင်းကိုတွေ့တာနဲ့ငါ့ကိုလာခေါ်ကြတာပဲ…”

“အကိုက ……” “အေး ငါက ဒီနားကရွာက ရာအိမ်မှူးပဲ…နာမည်က ကိုပြည့်လို့ခေါ်တယ်…” “ဒီနားမှာရွာရှိတယ်လား…ကျနော်ညက မတွေ့မိပါဘူး…” “ရှိတယ်…ဒါပေမယ့်ကားလမ်းဘေးက လှည်းလမ်းအတိုင်းဆင်းသွားရတာ…တော်တော်တော့ဝေးတယ်…”

“အော်…ဒါ့ကြောင့် ညကမမြင်မိတာကိုး…ဒါနဲ့သူ့ယောကျ်ားဆိုတာကရော…” “သူ့ယောကျ်ားထွန်းမောင် ဆုံးသွားတာဖြင့်အရိုးတောင်ဆွေးတော့မယ်ဟ…” “ဗျာ…………”

ဟိုင်းဝေးလမ်းပေါ်မှာ ခရီးသွားရင်း အသုဘတဲနဲ့ လ္ဘက်ရည်ဆိုင်မှားပီး သရဲဖျော်တဲ့ လ္ဘက်ရည်ဝင်သောက်မိတဲ့ ညီညီတစ်ယောက်…

အဲ့ဒီနေ့အဲ့ဒီအချိန်ကစပြီး ဆိုင်ကယ်အရောင်းအဝယ်ကိုတတ်နိုင်သမျှ ကားနဲ့ပဲတင်ပြီး မလွှဲသာတဲ့အခါမျိုးမှသာ ဆိုင်ကယ်နဲ့ကိုယ်တိုင်သွားတော့တယ် … သွားတဲ့အခါလည်း လမ်းမှာ ဘယ်လ္ဘက်ရည်ဆိုင်တွေ့တွေ့ဝင်မသောက်ရဲတော့ပါဘူးတဲ့ဗျာ……………။ ။

Credit: ပရလောက၏ သည်းထိတ် ရင်ဖို ဖြစ်ရပ်များ

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...