======

ကလေးသုံးယောက်ကို ရိုက်သတ်ခဲ့တဲ့ ပယောဂဆရာကို မသေမခြင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချ


ပယောဂ၀င်တယ်ဆိုပြီး ကလေး သုံးဦးကို ရိုက်နှက်နှိပ်စက် သတ်ဖြတ်ခဲ့တဲ့ ဧရာဝတီတိုင်းက ပယောဂ ဆရာထွန်းနိုင်(၃၀)နှစ်ကို တောင်ပိုင်းခရိုင်တရားရုံးက ဒီနေ့ (ဇွန် ၂၀)မှာ သေဒဏ် အပါအ၀င် ထောင်ဒဏ်တွေ ချမှတ်လိုက်လိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ မိုင် ၂၀ အရှေ့ရွာက ကလေးသုံးဦးကို မကောင်းဆိုးဝါး ဝင်ပူးတယ်ဆိုပြီး ရိုက်နှက်နှိပ်စက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ပယောဂဆရာဆိုသူ ထွန်းနိုင်က ရောဂါကုသရာမှာ ခြေထောက်နဲ့ကန်ခြင်း၊ တက်နင်းခြင်း၊ လက်သီးနဲ့ထိုးတာတွေအပြင် ပေါက်စိန်နဲ့ထုတာတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
play

တရားခံ ထွန်းနိုင်ကို တောင်ပိုင်းခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ)အရ လည်ပင်းကြိုးကွင်းစွပ် သတ်စေဖို့နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ၇ နှစ် သီးခြားကျခံစေဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ တရားခံထွန်းနိုင်အနေနဲ့ အမိန့်ချပြီး ၇ ရက်အတွင်း နိုင်ငံတော်သမ္မတထံ အယူခံတင်သွင်းရမှာ ဖြစ်ပါတယ်။
သရဲဝင်ပူးတယ်ဆိုပြီး ပယောဂဆရာက  ရိုက်နှက်ကုပေးရာမှာ မောင်နေလင်း (၄ နှစ်)၊ မလှနှင်းရွှေ (၁ နှစ်ခွဲ)၊ မယမင်း (၈ လ)တို့ ၃ ဦး သေဆုံးသွားခဲ့ပြီး ဒီဖြစ်စဉ်အတွက် ၂၀၁၆  အောက်တိုဘာ ၂၀ ရက်မှာ ပယောဂဆရာ ထွန်းနိုင်ကို ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၂၀၁/၃၂၃ နဲ့ အမှုဖွင့်ကာ တွံတေးစခန်းမှူး ဒုရဲမှူးကျော်နိုင်စိုးက တရားလိုအဖြစ် တရားစွဲတင်ခဲ့တာ ဖြစ်ပါတယ်။
Source & Photo : DVB
DUWUN

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...