======

ေသခ်င္းဆိုးကြမ္း



Betel nut with Tobacco ေဆး-ကြမ္းယာ နဲ႔ က်န္းမာေရး
ေရးထားကေတာ့ၾကာျပီ။ မၾကာမၾကာတင္ပါတယ္။ တႏွစ္တိတိကတင္တာလို႔ အသိေပးလို႔ ျပန္တင္ပါရေစ။
ျမန္မာဘုရင္လက္ထက္ကတည္းက မ်ိဳးရိုးစဥ္ဆက္ စားသံုးလာခဲ့ၾကတဲ့ ကြမ္းယာဟာ ကာလ ေရြ႕လ်ားလာတာနဲ႔ အစပ္အဟပ္ေတြ ေျပာင္းလာတယ္။ ငါန္းျမာကေဆးလည္း မဟုတ္ေတာ့တာ မ်ားလာျပီး၊ တံတားဦးက ကြမ္းႏုဝါလည္း စာထဲသာသာ ရွိေတာ့တယ္။ အျပင္ကေန ဝင္ခ်င္တာမွန္သမွ် ဒလေဟာ ေနရာယူလာတယ္။ ေကာင္းမွန္း-ဆိုးမွန္း မသိတာေတြက မ်ားတာအမွန္ဘဲ။ ပြင့္လင္းမႈက တစက္မွမရွိ၊ ေလ့လာမႈကိုလဲ လိုက္ကာခ်၊ သုေတသနဆိုတာလဲ ဘြဲ႔ရဘို႔ လုပ္တဲ့စာတမ္း သာသာေလာက္သာ ရွိေနခဲ့တာ ႏွစ္ေပါင္း ေလးငါးဆယ္ၾကာေနခဲ့တယ္ မဟုတ္ပါလား။
က်န္းမာေရးအတြက္ မေကာင္းဘူး၊ မသင့္ဘူးလို႔ သိထားေပမဲ့ အခုမွပိတ္ပင္လာေနရတယ္။ အခုမွပိတ္တာက ထိေရာက္ရင္ေတာ့ ေနာင္မွာ ျဖစ္ခ်င္မွျဖစ္ပါမယ္။ အရင္ကမွားတာေတြ၊ ဝါးတာေတြကေန ေရာဂါေတြျဖစ္မွာ လူဘယ္ေလာက္မ်ားသလည္း မသိႏိုင္ၾကတာဟာ ဝမ္းနည္းစရာဘဲ။ ခံတြင္းကင္ဆာနဲ႔ ကြမ္းစားတာပတ္သက္ေနပါတယ္။
ကြမ္းယာမွာ မပါမျဖစ္တဲ့ ကြမ္းရြက္က ေဆးျဖစ္ဝါးျဖစ္ အသံုးက်တာကို ဆရာဝန္ေတြကလဲ မျငင္းၾကပါ။ ကြမ္းသီးနဲ႔ ေဆး ကိုေတာ့ သုေတသနေတြ တေလွၾကီးလုပ္ျပီး တားဆီးတာေတြ ႏိုင္ငံတိုင္းမွာ ရွိပါတယ္။ ကြမ္းစားတာေရာ ကြမ္းသီး ဝါးတာပါ တကမာၻလံုးမွာ လူဦးေရရဲ႕ ၁ဝ% ရွိတယ္။
Betel nut ကြမ္းသီးကို ရုကၡေဗဒလို Areca catechu လို႔ ေခၚတယ္။ ဓါတုေဗဒလို ေျပာရရင္ (အရီကိုလင္း)၊ (ပိုင္လိုကာပင္း) နဲ႔ (မတ္စကရင္း) ေခၚတဲ့ (အယ္လ္ကာလြိဳက္) ၃ မ်ိဳး ပါတယ္။ စိတ္ကို ေျပာင္းလဲေစႏိုင္တဲ့သတၲိရွိတယ္။ ၂ဝဝ၄ က က်င္းပခဲ့တဲ့ ႏိုင္ငံတကာ ကင္ဆာ သုေတသနေအဂ်င္စီ (ကြန္ဖရင့္) တခုမွာ ကြမ္းသီးေၾကာင့္ တိရစာၧန္ေတြမွာ ကင္ဆာ ျဖစ္ေစတယ္။ လူကို ကင္ဆာမျဖစ္မီအဆင့္ကို ျဖစ္ေစတယ္လို႔ စာတမ္းဖတ္ခဲ့တယ္။ Tobacco (Nicotiana genus) ေဆးကေန Genetic mutations မ်ိဳးဗီဇ ေျပာင္းလဲမႈ ျဖစ္ေစႏိုင္တယ္။ အဲလိုျဖစ္တာဟာ ကင္ဆာကို ဦးတည္ေစပါတယ္။
ေဆးလိပ္၊ စီးကရက္ မေသာက္ဘဲ ေဆးငံုတာကို Smokeless tobacco အေငြ႔မထြက္တဲ့ ေဆးသံုးျခင္းလို႔ ေခၚၾကတယ္။
Smokeless, Not Harmless အေငြ႔မပါေပမဲ့ အႏၲရာယ္မကင္းပါလို႔ သတိေပးထားတယ္။ အက်င့္ကစြဲတယ္။ ျဖတ္ဘို႔ မလြယ္တတ္ဘူး။ ခံတြင္းနံ႔မေကာင္း ျဖစ္တယ္။ တံေတြးမ်ားမ်ားလာလို႔ ခဏခဏ ေထြးေနရမယ္။ ျဖဴေဖြးေနရတဲ့ သြားေတြလဲ မဲလာမယ္။ သြားကို ဘယ္ေလာက္တိုက္တိုက္ ျဖဴမလာလို႔ သြားဆရာဝန္ဆီ ခဏခဏ သြားေနရလိမ့္မယ္။ သၾကားဓါတ္ေတြပါတာ မနည္းလို႔ သြားအေခါင္း ျဖစ္ေစႏိုင္တယ္။ သြားပိုးစားမယ္။ သြားဖံုးေရာဂါေတြ ျဖစ္ေစႏိုင္တယ္။ ႏွလံုးခုန္ျမန္ေစမယ္၊ ေသြးတိုးတက္ေစမယ္။ ကင္ဆာ မျဖစ္ခင္အဆင့္ ခံတြင္းေရာဂါေတြ ျဖစ္လာေစႏိုင္တယ္။ ခံတြင္းကင္ဆာေတြထဲမွာ လည္ေခ်ာင္း၊ ပါး၊ သြားဖံုး၊ ႏုတ္ခမ္းေတြနဲ႔ လွ်ာကင္ဆာေတြ ပါဝင္တယ္။ သရက္ရြက္-ကင္ဆာ နဲ႔ ေက်ာက္ကပ္-ကင္ဆာ၊ အစာမ်ိဳျပြန္-ကင္ဆာ၊ အစာအိမ္-ကင္ဆာေတြလဲ သုေတသန စာရင္းထဲမွာ ေနာက္နားက ပါေသးတယ္။
ယဥ္ေက်းမႈဘက္ကၾကည့္ရင္ ရိုင္းတယ္။ တီဗြီ တင္ဆက္သူေတြက တင္းနစ္ ကစားတဲ့ မိန္းကေလးေတြကို ကင္မရာ ရိုက္ခ်က္ကို ေရြးျပီးမွာ ျပေလ့ရွိတာေတာ့ ယဥ္ေက်းပါတယ္။ ေဘာလံုးပြဲေတြၾကည့္ရင္း ကိုယ္အားေပးတဲ့ အသင္းကျဖစ္ျဖစ္ ေဘာလံုးသမားကေန တံေတြးေထြးတာကို ျမင္ရရင္ေတာ့ မၾကည့္ခ်င္ဘူး။
အေငြ႔မထြက္တဲ့ေဆးထဲမွာ (ကာစီႏိုဂ်င္) ကင္ဆာကို ျဖစ္ေစႏိုင္တဲ့ ဓါတ္စုစုေပါင္း ၂၈ မ်ိဳးပါေနတယ္။ ဒါေတြထဲမွာ အဓိက ပစၥည္းက (ႏိုက္ထရိုဆမင္း) ျဖစ္တယ္။ ေဆးထဲမွာပါတဲ့ (နီကိုတင္း) ဓါတ္ဟာ စြဲေစတယ္။ ဒီဓါတ္ကုိ ခံတြင္းကေန စုပ္ယူတာဟာ စီးကရက္ ေသာက္တာထက္ေတာ့ ေႏွးေပမဲ့ ေသြးထဲကို ၃ ဆကေန ၄ ဆ ပိုဝင္တယ္။ ေသြးထဲမွာလဲ ပိုျပီး ၾကာၾကာ ေနတယ္။ ပါးေစာင္မွာ အျဖဴကြက္ေပၚတဲ့ (လူကိုပလီးကီးယား) ေရာဂါ ရလာႏိုင္တယ္။ ဒါမ်ိဳးကေန တခ်ိန္မွာ ကင္ဆာကို ေျပာင္းသြားႏိုင္တယ္။
Gutkha (ဂူရခါး) ကြမ္းသီးေျခာက္ထုပ္
ေဆးမပါဘဲ ကြမ္းသီးကို ျပဳျပင္ထားတာကို အထုပ္ငယ္ေလးေတြ အိႏၵိယမွာ မ်ားလြန္းလို႔ ႏွစ္ျပားတန္ကေန ကင္ဆာ ျဖစ္ေစမယ္လို႔ သတိေပးၾကတယ္။ ကြမ္းသီးကို ျပဳျပင္နည္းေတြ အမ်ိဳးမ်ိဳးရွိတယ္။ အေမႊးနံ႔ေတြလဲ မတူၾကဘူး။ ေလးညွင္း၊ ဖါလာ၊ စတာေတြအျပင္ ေခ်ာကလက္နံ႔ပါတာလဲ ရွိေသးတယ္။ ခံတြင္း-ကင္ဆာဆိုတာ ျဖစ္လာဘို႔ရာ ဆယ္ႏွစ္ၾကာလို႔ ကြမ္းသီးေျခာက္ကို ၄-၅ ႏွစ္ စားသံုးေနလို႔ ဘာမွမျဖစ္ဘူး မထင္သင့္ပါ။ ဒါေၾကာင့္ အိႏၵိယမွာ ခံတြင္းကင္ဆာ အျဖစ္အမ်ားဆံုးဘဲ။ ၂ဝဝ၈ ခုႏွစ္တံုးက အေမရိကားမွာ ၂ ေသာင္း ၃ ေထာင္သာရွိခဲ့ေပမဲ့၊ အိႏၵိယမွာ ခံတြင္း-ကင္ဆာ လူနာေပါင္း ၇ ေသာင္း ရွိခဲ့တယ္လို႔ ႏိုင္ငံတကာ ကင္ဆာ သုေတသန ေအဂ်င္စီကေန ေထာက္ျပထားပါတယ္။ ေဆး-ေဆးလိပ္၊ အရက္၊ (ေကဖင္း) ေနာက္မွာ ကြမ္းသီးဟာ စတုတၳေျမာက္ အမ်ားဆံုး တလြဲသံုးေနၾကတယ္။
(ကိုကာ-ကိုလာ) ထဲမွာ ဘာေတြကို ဘယ္ေလာက္ အတိအက်ထည့္ျပီး ေဖ်ာ္စပ္တယ္ဆိုတဲ့ (ကိုကာ-ကိုလာ) ေဖၚျမဴလာဟာ ကုမၸဏီရဲ႕ လိႈ႔ဝွက္ခ်က္ျဖစ္တယ္။ အလားတူဘဲ (ဂူရခါး) ထဲမွာလဲ သူမ်ားမသိတာေတြ ပါေနတယ္။ ဥပမာ Jhee (ဂ်ီး) ဆိုတဲ့ အမ်ိဳးအစားထဲမွာ ကြမ္းသီး ၇၅%၊ ေဆး ၁၂% နဲ႔ သူမ်ားမသိတာ ၁၃% ပါတယ္လို႔ ပိုင္ရွင္ကိုယ္တိုင္က ေျပာတယ္။ ၂ဝဝ၈ တံုးက ကမာၻ႔က်န္းမာေရးအဖြဲ႔ ေလ့လာမႈတခုအရ (ဂူရခါး) ထဲမွာ (ခရိုမီယမ္)၊ (နစ္ယ္လ္) နဲ႔ (အာဆင္းနစ္) ေတြ ပါတယ္။ ဒါေတြက ကင္ဆာကို ျဖစ္ေစႏိုင္တယ္။
ကြမ္းယာကို အထားခံေအာင္ စီမံထားတာေတြထဲမွာ မိႈမတက္ေအာင္၊ စားေကာင္းေအာင္ ဓာတုေဗဒပစၥည္း တစ္ခုခု ထည့္ထားရတာမို႔ ကင္ဆာျဖစ္ေစတဲ့ (ကာစီႏိုဂ်င္) ေတြပိုၿပီးပါတယ္။ ကမၻာေပၚမွာ ေဆးပါတဲ့ကြမ္းယာ စားသံုးတာ ျမန္မာႏိုင္ငံက ၅၁႕၄% ရွိတယ္။ ဒါေၾကာင့္ လွ်ာျဖတ္မခံလုိလွ်င္ ကြမ္းယာမစားပါႏွင့္ဆိုျပီး လွ်ာကင္ဆာ အတြက္ က်န္းမာေရးသတိေပးခ်က္ရွိတယ္။
ကြမ္းယာစားသူေတြက ေဆးလိပ္ေသာက္တာ မ်ားတယ္။ တဆက္တည္း အရက္ေသာက္တာလည္း မ်ားတယ္။ ေဆးလိပ္နဲ႔ ကြမ္းစားတာတြဲရင္ ကင္ဆာျဖစ္ႏုိင္ေခ် ၆ ဆေလာက္ပိုမ်ားျပီး၊ အရက္ပါတြဲရင္ ၁၂၃ ဆ မ်ားသြားပါတယ္။ ဒီလို အေလ့အက်င့္မ်ိဳးေတြဟာ ပတ္ဝန္းက်င္ေစ့ေဆာ္မႈ၊ သူငယ္ခ်င္းေတြ ဆြဲေဆာင္မႈ၊ အတုျမင္ အတတ္သင္မႈဆိုတဲ့ အေၾကာင္းခံေတြကေန အက်င့္ကူးစက္တယ္။ အေျခခံကေတာ့ စိတ္ပါဘဲ။ သူ႔ေဘးက ႏိုင္ငံေရး။
လူငယ္လူရြယ္ေတြ ဒီအေလ့အက်င့္ ပိုမ်ားလာတာက (မဆလ) ေခတ္မွာ ဖက္ရွင္တခုလို တဆင့္တက္လာခဲ့တယ္။ အဲဒီေခတ္တံုးက အရာရာ ရွားပါးတဲ့အျပင္ လူေတြကိုလဲ မွိဳင္းတိုက္ထားတယ္။ မ်က္စိေတြ၊ နားေတြ၊ ပါးစပ္ေတြကို ပိတ္ထားခဲ့တယ္။ လြတ္လပ္ခြင့္ေတြ အားလံုးကို ခ်ဳပ္ကိုင္ထားခဲ့တယ္။ ဒီေတာ့ လူငယ္ေတြက ထြက္ေပါက္ ရွာၾကရတယ္။ အခိုက္အတန္႔ေလးျဖစ္ျဖစ္ ကိုယ္ပိုင္၊ ကိုယ္တိုင္ လုပ္ႏိုင္တာေတြထဲမွာ ေဆးလိပ္၊ ကြမ္းယာ နဲ႔ အရက္ကို ေတြ႔တယ္။ အႏွိပ္ခန္း၊ အေပ်ာ္ခန္းေတြဆိုတာ စစ္အုပ္ခ်ဳပ္မႈေအာက္ေရာက္မွ ပိုမ်ားလာတာပါ။ လႊတ္ေတာ္အစိုးရေခတ္မွာေတာ့ ျမိဳ႕ငယ္ေတြမွာပါရွိလာတယ္။ အခုလို နည္းနည္းပါးပါး ျဖစ္ေတာ့ ေျပာင္းလာတာေတြ ရွိလာခ်ိန္မွာ လူငယ္ေတြ ကိုယ္ပိုင္-ကိုယ္တိုင္ လုပ္ႏိုင္လာတာေလးေတြ ရွိလာခ်ိန္မယ္ ဘာသာေရးနဲ႔ ကိုက္ညီတာ၊ ႏိုင္ငံေရးနဲ႔ လမ္းမွန္တာ၊ က်န္းမာေရးနဲ႔ ညီညြတ္တာေတြကိုသာ ေရြးသင့္၊ ရွာသင့္ၾကပါတယ္။
ဟိုတခါတံုးက အေမရိကန္ ေက်ာင္းသားေတြ အေရွ႕ဖက္နယ္စပ္ကို ေလ့လာဘို႔ လာၾကဘူးတယ္။ ၁၉၈၈ ျမန္မာျပည္က ေက်ာင္းသားေတြ ဆႏၵျပၾကလို႔ ထြက္ေျပးရျပီး မၾကာခင္ကေပါ့။ ျမန္မာျပည္ နယ္စပ္လမ္းေတြေပၚက နီနီရဲရဲ အကြက္ေတြ ျမင္ေတာ့ ဒါ ျမန္မာေက်ာင္းသားေတြရဲ႕ ေသြးလားလို႔ ေမးၾကတယ္။ ေသြးေတာ့ေသြးပါ။ အမွန္က ေရႊဗမာေတြ ေထြးထားတဲ့ ကြမ္းေသြးေတြျဖစ္ပါတယ္။
မျဖစ္ႏိုင္တာကို မလုပ္ပါနဲ႔လို႔အၾကံေပးတာဟာ အခ်ည္းအႏွီးသာျဖစ္လို႔ ေဆးနဲ႔ ကြမ္းယာ က်န္းမာေအာင္ စားတတ္ၾကပါေစ။
ေဒါက္တာတင့္ေဆြ
ေရစိမ္ၿပီး စိတ္ထားတဲ့ကြမ္းသီးစိတ္ ေတြကို အလံုပိတ္အခန္းထဲမွာ ကန္႔(ဆာလဖာ)မႈန္႔ ကို မီးရွိဳ႕ျပီးထြက္လာတဲ့ အေငြ႔နဲ႔ေပါင္းတယ္။ ကန္႔႐ိုက္တယ္လို႔ ေခၚပါတယ္။
ကန္႔ကို မီး႐ွိဳ႕လို႔ ထြက္လာတဲ့ ဓာတ္ေငြ႕နဲ႔ ကြမ္းသီးစိတ္ မ်က္ႏွာျပင္က ေရအစိုဓာတ္ ဓာတ္ျပဳခ်ိန္မွာ ဆာလျဖဴရစ္အက္ဆစ္အေပ်ာ့စားျဖစ္လာၿပီး ကြမ္းသီး မ်က္ႏွာျပင္ကို အက္စစ္က တိုက္စားလိုက္တယ္။
အဲဒီအခါမွာ နဂိုကခပ္ညိဳညိဳကြမ္းသီးဟာ ေဖြးျဖဴၿပီး စားခ်င္စဖြယ္ျဖစ္သြားေရာဗ်။
ကန္႔ဖိုထဲက ထြက္လာကာစ ကြမ္းသီးစိတ္ကို နမ္းၾကည့္ဖို႔မေျပာနဲ႔ အရမ္းျပင္းတဲ့အနံ႔ဆိုးေၾကာင့္ ကန္႔ဖိုဖြင့္ခါစမွာ အထဲကို လူမဝင္ႏိုင္ပါဘူး။
အဲဲ့လိုအန႔ံျပင္းတဲ့ ကြမ္းသီးစိတ္ ကိုမွ ကြမ္းယာဆိုင္ကို ပို႔တဲ့လူေတြက ဝယ္ၾကတယ္။
အန႔ံျပင္းေလ ၊ မိႈအတက္သက္သာေလ အထားခံေလကိုး။
ကန္႔ဖို႔ အနားမွ႐ွိတဲ့ ေခါင္မိုးသြပ္ေတြဟာ လ ပိုင္း အတြင္းမွာပဲ ေဆြးေျမ့ျပတ္က်ကုန္တယ္။
ကန္႔ဖိုတံခါးမွာ ပတၱာတို႔ ေမ်ာက္လက္တို႔ တပ္ထားရင္ တစ္လမခံဘူး ကန္႔ေငြ႔စားၿပီး ျပတ္က်ကုန္တယ္။
ကန္႔ဖိုမွာ ဒိုင္ခံအလုပ္လုပ္တဲ့ အလုပ္သမားေတြဟာ ၅/၁၀ႏွစ္အတြင္း ႐ွဴနာ႐ိႈက္ကုန္းေတြျဖစ္ကုန္ၾကတယ္။ မနက္ခင္း ဖိုဖြင့္ကာစမွာ အထဲဝင္ၿပီး ကြမ္းသီးထမ္းထုတ္ရသူေတြ အဆိုးဆံုးပဲ။
ဒါက မန္းေလးဒီဖက္ ေအာက္ျမန္မာျပည္နဲ႔ ရန္ကုန္မွာ ကြမ္းသီးစိတ္လုပ္ၾကတဲ့နည္းပါ။
(ကြမ္း အႏၲရာယ္ ကို လက္လွမ္းမွီ သေလာက္တင္ျပပါမယ္။ စားတာမစားတာ ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္သာ ျဖစ္ပါေၾကာင္း)
credit--Dr. Tint Swe
သေချင်းဆိုးကွမ်း
Betel nut with Tobacco ဆေး-ကွမ်းယာ နဲ့ ကျန်းမာရေး
ရေးထားကတော့ကြာပြီ။ မကြာမကြာတင်ပါတယ်။ တနှစ်တိတိကတင်တာလို့ အသိပေးလို့ ပြန်တင်ပါရစေ။
မြန်မာဘုရင်လက်ထက်ကတည်းက မျိုးရိုးစဉ်ဆက် စားသုံးလာခဲ့ကြတဲ့ ကွမ်းယာဟာ ကာလ ရွေ့လျားလာတာနဲ့ အစပ်အဟပ်တွေ ပြောင်းလာတယ်။ ငါန်းမြာကဆေးလည်း မဟုတ်တော့တာ များလာပြီး၊ တံတားဦးက ကွမ်းနုဝါလည်း စာထဲသာသာ ရှိတော့တယ်။ အပြင်ကနေ ဝင်ချင်တာမှန်သမျှ ဒလဟော နေရာယူလာတယ်။ ကောင်းမှန်း-ဆိုးမှန်း မသိတာတွေက များတာအမှန်ဘဲ။ ပွင့်လင်းမှုက တစက်မှမရှိ၊ လေ့လာမှုကိုလဲ လိုက်ကာချ၊ သုတေသနဆိုတာလဲ ဘွဲ့ရဘို့ လုပ်တဲ့စာတမ်း သာသာလောက်သာ ရှိနေခဲ့တာ နှစ်ပေါင်း လေးငါးဆယ်ကြာနေခဲ့တယ် မဟုတ်ပါလား။
ကျန်းမာရေးအတွက် မကောင်းဘူး၊ မသင့်ဘူးလို့ သိထားပေမဲ့ အခုမှပိတ်ပင်လာနေရတယ်။ အခုမှပိတ်တာက ထိရောက်ရင်တော့ နောင်မှာ ဖြစ်ချင်မှဖြစ်ပါမယ်။ အရင်ကမှားတာတွေ၊ ဝါးတာတွေကနေ ရောဂါတွေဖြစ်မှာ လူဘယ်လောက်များသလည်း မသိနိုင်ကြတာဟာ ဝမ်းနည်းစရာဘဲ။ ခံတွင်းကင်ဆာနဲ့ ကွမ်းစားတာပတ်သက်နေပါတယ်။
ကွမ်းယာမှာ မပါမဖြစ်တဲ့ ကွမ်းရွက်က ဆေးဖြစ်ဝါးဖြစ် အသုံးကျတာကို ဆရာဝန်တွေကလဲ မငြင်းကြပါ။ ကွမ်းသီးနဲ့ ဆေး ကိုတော့ သုတေသနတွေ တလှေကြီးလုပ်ပြီး တားဆီးတာတွေ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကွမ်းစားတာရော ကွမ်းသီး ဝါးတာပါ တကမ္ဘာလုံးမှာ လူဦးရေရဲ့ ၁ဝ% ရှိတယ်။
Betel nut ကွမ်းသီးကို ရုက္ခဗေဒလို Areca catechu လို့ ခေါ်တယ်။ ဓါတုဗေဒလို ပြောရရင် (အရီကိုလင်း)၊ (ပိုင်လိုကာပင်း) နဲ့ (မတ်စကရင်း) ခေါ်တဲ့ (အယ်လ်ကာလွိုက်) ၃ မျိုး ပါတယ်။ စိတ်ကို ပြောင်းလဲစေနိုင်တဲ့သတ္တိရှိတယ်။ ၂ဝဝ၄ က ကျင်းပခဲ့တဲ့ နိုင်ငံတကာ ကင်ဆာ သုတေသနအေဂျင်စီ (ကွန်ဖရင့်) တခုမှာ ကွမ်းသီးကြောင့် တိရစ္ဆာန်တွေမှာ ကင်ဆာ ဖြစ်စေတယ်။ လူကို ကင်ဆာမဖြစ်မီအဆင့်ကို ဖြစ်စေတယ်လို့ စာတမ်းဖတ်ခဲ့တယ်။ Tobacco (Nicotiana genus) ဆေးကနေ Genetic mutations မျိုးဗီဇ ပြောင်းလဲမှု ဖြစ်စေနိုင်တယ်။ အဲလိုဖြစ်တာဟာ ကင်ဆာကို ဦးတည်စေပါတယ်။
ဆေးလိပ်၊ စီးကရက် မသောက်ဘဲ ဆေးငုံတာကို Smokeless tobacco အငွေ့မထွက်တဲ့ ဆေးသုံးခြင်းလို့ ခေါ်ကြတယ်။
Smokeless, Not Harmless အငွေ့မပါပေမဲ့ အန္တရာယ်မကင်းပါလို့ သတိပေးထားတယ်။ အကျင့်ကစွဲတယ်။ ဖြတ်ဘို့ မလွယ်တတ်ဘူး။ ခံတွင်းနံ့မကောင်း ဖြစ်တယ်။ တံတွေးများများလာလို့ ခဏခဏ ထွေးနေရမယ်။ ဖြူဖွေးနေရတဲ့ သွားတွေလဲ မဲလာမယ်။ သွားကို ဘယ်လောက်တိုက်တိုက် ဖြူမလာလို့ သွားဆရာဝန်ဆီ ခဏခဏ သွားနေရလိမ့်မယ်။ သကြားဓါတ်တွေပါတာ မနည်းလို့ သွားအခေါင်း ဖြစ်စေနိုင်တယ်။ သွားပိုးစားမယ်။ သွားဖုံးရောဂါတွေ ဖြစ်စေနိုင်တယ်။ နှလုံးခုန်မြန်စေမယ်၊ သွေးတိုးတက်စေမယ်။ ကင်ဆာ မဖြစ်ခင်အဆင့် ခံတွင်းရောဂါတွေ ဖြစ်လာစေနိုင်တယ်။ ခံတွင်းကင်ဆာတွေထဲမှာ လည်ချောင်း၊ ပါး၊ သွားဖုံး၊ နုတ်ခမ်းတွေနဲ့ လျှာကင်ဆာတွေ ပါဝင်တယ်။ သရက်ရွက်-ကင်ဆာ နဲ့ ကျောက်ကပ်-ကင်ဆာ၊ အစာမျိုပြွန်-ကင်ဆာ၊ အစာအိမ်-ကင်ဆာတွေလဲ သုတေသန စာရင်းထဲမှာ နောက်နားက ပါသေးတယ်။
ယဉ်ကျေးမှုဘက်ကကြည့်ရင် ရိုင်းတယ်။ တီဗွီ တင်ဆက်သူတွေက တင်းနစ် ကစားတဲ့ မိန်းကလေးတွေကို ကင်မရာ ရိုက်ချက်ကို ရွေးပြီးမှာ ပြလေ့ရှိတာတော့ ယဉ်ကျေးပါတယ်။ ဘောလုံးပွဲတွေကြည့်ရင်း ကိုယ်အားပေးတဲ့ အသင်းကဖြစ်ဖြစ် ဘောလုံးသမားကနေ တံတွေးထွေးတာကို မြင်ရရင်တော့ မကြည့်ချင်ဘူး။
အငွေ့မထွက်တဲ့ဆေးထဲမှာ (ကာစီနိုဂျင်) ကင်ဆာကို ဖြစ်စေနိုင်တဲ့ ဓါတ်စုစုပေါင်း ၂၈ မျိုးပါနေတယ်။ ဒါတွေထဲမှာ အဓိက ပစ္စည်းက (နိုက်ထရိုဆမင်း) ဖြစ်တယ်။ ဆေးထဲမှာပါတဲ့ (နီကိုတင်း) ဓါတ်ဟာ စွဲစေတယ်။ ဒီဓါတ်ကို ခံတွင်းကနေ စုပ်ယူတာဟာ စီးကရက် သောက်တာထက်တော့ နှေးပေမဲ့ သွေးထဲကို ၃ ဆကနေ ၄ ဆ ပိုဝင်တယ်။ သွေးထဲမှာလဲ ပိုပြီး ကြာကြာ နေတယ်။ ပါးစောင်မှာ အဖြူကွက်ပေါ်တဲ့ (လူကိုပလီးကီးယား) ရောဂါ ရလာနိုင်တယ်။ ဒါမျိုးကနေ တချိန်မှာ ကင်ဆာကို ပြောင်းသွားနိုင်တယ်။
Gutkha (ဂူရခါး) ကွမ်းသီးခြောက်ထုပ် 
ဆေးမပါဘဲ ကွမ်းသီးကို ပြုပြင်ထားတာကို အထုပ်ငယ်လေးတွေ အိန္ဒိယမှာ များလွန်းလို့ နှစ်ပြားတန်ကနေ ကင်ဆာ ဖြစ်စေမယ်လို့ သတိပေးကြတယ်။ ကွမ်းသီးကို ပြုပြင်နည်းတွေ အမျိုးမျိုးရှိတယ်။ အမွှေးနံ့တွေလဲ မတူကြဘူး။ လေးညှင်း၊ ဖါလာ၊ စတာတွေအပြင် ချောကလက်နံ့ပါတာလဲ ရှိသေးတယ်။ ခံတွင်း-ကင်ဆာဆိုတာ ဖြစ်လာဘို့ရာ ဆယ်နှစ်ကြာလို့ ကွမ်းသီးခြောက်ကို ၄-၅ နှစ် စားသုံးနေလို့ ဘာမှမဖြစ်ဘူး မထင်သင့်ပါ။ ဒါကြောင့် အိန္ဒိယမှာ ခံတွင်းကင်ဆာ အဖြစ်အများဆုံးဘဲ။ ၂ဝဝ၈ ခုနှစ်တုံးက အမေရိကားမှာ ၂ သောင်း ၃ ထောင်သာရှိခဲ့ပေမဲ့၊ အိန္ဒိယမှာ ခံတွင်း-ကင်ဆာ လူနာပေါင်း ၇ သောင်း ရှိခဲ့တယ်လို့ နိုင်ငံတကာ ကင်ဆာ သုတေသန အေဂျင်စီကနေ ထောက်ပြထားပါတယ်။ ဆေး-ဆေးလိပ်၊ အရက်၊ (ကေဖင်း) နောက်မှာ ကွမ်းသီးဟာ စတုတ္ထမြောက် အများဆုံး တလွဲသုံးနေကြတယ်။
(ကိုကာ-ကိုလာ) ထဲမှာ ဘာတွေကို ဘယ်လောက် အတိအကျထည့်ပြီး ဖျော်စပ်တယ်ဆိုတဲ့ (ကိုကာ-ကိုလာ) ဖေါ်မြူလာဟာ ကုမ္ပဏီရဲ့ လှို့ဝှက်ချက်ဖြစ်တယ်။ အလားတူဘဲ (ဂူရခါး) ထဲမှာလဲ သူများမသိတာတွေ ပါနေတယ်။ ဥပမာ Jhee (ဂျီး) ဆိုတဲ့ အမျိုးအစားထဲမှာ ကွမ်းသီး ၇၅%၊ ဆေး ၁၂% နဲ့ သူများမသိတာ ၁၃% ပါတယ်လို့ ပိုင်ရှင်ကိုယ်တိုင်က ပြောတယ်။ ၂ဝဝ၈ တုံးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လေ့လာမှုတခုအရ (ဂူရခါး) ထဲမှာ (ခရိုမီယမ်)၊ (နစ်ယ်လ်) နဲ့ (အာဆင်းနစ်) တွေ ပါတယ်။ ဒါတွေက ကင်ဆာကို ဖြစ်စေနိုင်တယ်။
ကွမ်းယာကို အထားခံအောင် စီမံထားတာတွေထဲမှာ မှိုမတက်အောင်၊ စားကောင်းအောင် ဓာတုဗေဒပစ္စည်း တစ်ခုခု ထည့်ထားရတာမို့ ကင်ဆာဖြစ်စေတဲ့ (ကာစီနိုဂျင်) တွေပိုပြီးပါတယ်။ ကမ္ဘာပေါ်မှာ ဆေးပါတဲ့ကွမ်းယာ စားသုံးတာ မြန်မာနိုင်ငံက ၅၁့၄% ရှိတယ်။ ဒါကြောင့် လျှာဖြတ်မခံလိုလျှင် ကွမ်းယာမစားပါနှင့်ဆိုပြီး လျှာကင်ဆာ အတွက် ကျန်းမာရေးသတိပေးချက်ရှိတယ်။
ကွမ်းယာစားသူတွေက ဆေးလိပ်သောက်တာ များတယ်။ တဆက်တည်း အရက်သောက်တာလည်း များတယ်။ ဆေးလိပ်နဲ့ ကွမ်းစားတာတွဲရင် ကင်ဆာဖြစ်နိုင်ချေ ၆ ဆလောက်ပိုများပြီး၊ အရက်ပါတွဲရင် ၁၂၃ ဆ များသွားပါတယ်။ ဒီလို အလေ့အကျင့်မျိုးတွေဟာ ပတ်ဝန်းကျင်စေ့ဆော်မှု၊ သူငယ်ချင်းတွေ ဆွဲဆောင်မှု၊ အတုမြင် အတတ်သင်မှုဆိုတဲ့ အကြောင်းခံတွေကနေ အကျင့်ကူးစက်တယ်။ အခြေခံကတော့ စိတ်ပါဘဲ။ သူ့ဘေးက နိုင်ငံရေး။
လူငယ်လူရွယ်တွေ ဒီအလေ့အကျင့် ပိုများလာတာက (မဆလ) ခေတ်မှာ ဖက်ရှင်တခုလို တဆင့်တက်လာခဲ့တယ်။ အဲဒီခေတ်တုံးက အရာရာ ရှားပါးတဲ့အပြင် လူတွေကိုလဲ မှိုင်းတိုက်ထားတယ်။ မျက်စိတွေ၊ နားတွေ၊ ပါးစပ်တွေကို ပိတ်ထားခဲ့တယ်။ လွတ်လပ်ခွင့်တွေ အားလုံးကို ချုပ်ကိုင်ထားခဲ့တယ်။ ဒီတော့ လူငယ်တွေက ထွက်ပေါက် ရှာကြရတယ်။ အခိုက်အတန့်လေးဖြစ်ဖြစ် ကိုယ်ပိုင်၊ ကိုယ်တိုင် လုပ်နိုင်တာတွေထဲမှာ ဆေးလိပ်၊ ကွမ်းယာ နဲ့ အရက်ကို တွေ့တယ်။ အနှိပ်ခန်း၊ အပျော်ခန်းတွေဆိုတာ စစ်အုပ်ချုပ်မှုအောက်ရောက်မှ ပိုများလာတာပါ။ လွှတ်တော်အစိုးရခေတ်မှာတော့ မြို့ငယ်တွေမှာပါရှိလာတယ်။ အခုလို နည်းနည်းပါးပါး ဖြစ်တော့ ပြောင်းလာတာတွေ ရှိလာချိန်မှာ လူငယ်တွေ ကိုယ်ပိုင်-ကိုယ်တိုင် လုပ်နိုင်လာတာလေးတွေ ရှိလာချိန်မယ် ဘာသာရေးနဲ့ ကိုက်ညီတာ၊ နိုင်ငံရေးနဲ့ လမ်းမှန်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကိုသာ ရွေးသင့်၊ ရှာသင့်ကြပါတယ်။
ဟိုတခါတုံးက အမေရိကန် ကျောင်းသားတွေ အရှေ့ဖက်နယ်စပ်ကို လေ့လာဘို့ လာကြဘူးတယ်။ ၁၉၈၈ မြန်မာပြည်က ကျောင်းသားတွေ ဆန္ဒပြကြလို့ ထွက်ပြေးရပြီး မကြာခင်ကပေါ့။ မြန်မာပြည် နယ်စပ်လမ်းတွေပေါ်က နီနီရဲရဲ အကွက်တွေ မြင်တော့ ဒါ မြန်မာကျောင်းသားတွေရဲ့ သွေးလားလို့ မေးကြတယ်။ သွေးတော့သွေးပါ။ အမှန်က ရွှေဗမာတွေ ထွေးထားတဲ့ ကွမ်းသွေးတွေဖြစ်ပါတယ်။
မဖြစ်နိုင်တာကို မလုပ်ပါနဲ့လို့အကြံပေးတာဟာ အချည်းအနှီးသာဖြစ်လို့ ဆေးနဲ့ ကွမ်းယာ ကျန်းမာအောင် စားတတ်ကြပါစေ။
ဒေါက်တာတင့်ဆွေ
ရေစိမ်ပြီး စိတ်ထားတဲ့ကွမ်းသီးစိတ် တွေကို အလုံပိတ်အခန်းထဲမှာ ကန့်(ဆာလဖာ)မှုန့် ကို မီးရှို့ပြီးထွက်လာတဲ့ အငွေ့နဲ့ပေါင်းတယ်။ ကန့်ရိုက်တယ်လို့ ခေါ်ပါတယ်။
ကန့်ကို မီးရှို့လို့ ထွက်လာတဲ့ ဓာတ်ငွေ့နဲ့ ကွမ်းသီးစိတ် မျက်နှာပြင်က ရေအစိုဓာတ် ဓာတ်ပြုချိန်မှာ ဆာလဖြူရစ်အက်ဆစ်အပျော့စားဖြစ်လာပြီး ကွမ်းသီး မျက်နှာပြင်ကို အက်စစ်က တိုက်စားလိုက်တယ်။
အဲဒီအခါမှာ နဂိုကခပ်ညိုညိုကွမ်းသီးဟာ ဖွေးဖြူပြီး စားချင်စဖွယ်ဖြစ်သွားရောဗျ။
ကန့်ဖိုထဲက ထွက်လာကာစ ကွမ်းသီးစိတ်ကို နမ်းကြည့်ဖို့မပြောနဲ့ အရမ်းပြင်းတဲ့အနံ့ဆိုးကြောင့် ကန့်ဖိုဖွင့်ခါစမှာ အထဲကို လူမဝင်နိုင်ပါဘူး။
အဲဲ့လိုအန့ံပြင်းတဲ့ ကွမ်းသီးစိတ် ကိုမှ ကွမ်းယာဆိုင်ကို ပို့တဲ့လူတွေက ဝယ်ကြတယ်။
အန့ံပြင်းလေ ၊ မှိုအတက်သက်သာလေ အထားခံလေကိုး။
ကန့်ဖို့ အနားမှရှိတဲ့ ခေါင်မိုးသွပ်တွေဟာ လ ပိုင်း အတွင်းမှာပဲ ဆွေးမြေ့ပြတ်ကျကုန်တယ်။
ကန့်ဖိုတံခါးမှာ ပတ္တာတို့ မျောက်လက်တို့ တပ်ထားရင် တစ်လမခံဘူး ကန့်ငွေ့စားပြီး ပြတ်ကျကုန်တယ်။
ကန့်ဖိုမှာ ဒိုင်ခံအလုပ်လုပ်တဲ့ အလုပ်သမားတွေဟာ ၅/၁ဝနှစ်အတွင်း ရှူနာရှိုက်ကုန်းတွေဖြစ်ကုန်ကြတယ်။ မနက်ခင်း ဖိုဖွင့်ကာစမှာ အထဲဝင်ပြီး ကွမ်းသီးထမ်းထုတ်ရသူတွေ အဆိုးဆုံးပဲ။
ဒါက မန်းလေးဒီဖက် အောက်မြန်မာပြည်နဲ့ ရန်ကုန်မှာ ကွမ်းသီးစိတ်လုပ်ကြတဲ့နည်းပါ။
(ကွမ်း အန္တရာယ် ကို လက်လှမ်းမှီ သလောက်တင်ပြပါမယ်။ စားတာမစားတာ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်ပါကြောင်း)
credit--Dr. Tint Swe

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...