======

ကိုေလးျဖဴ ႏွင့္ ထူးဆန္းေသာ ေၾကာက္စရာ အျဖစ္အပ်က္ တစ္ခု


( ရွင္းလင္းစြာေျပာရရင္ေတာ့မေကာင္းဆိုးဝါးတို႔သရဲတို႔ေပါ့ )
တစ္ည တြင္ ျဖစ္ပါသည္။ ကၽြန္ေတာ္တို႔ သည္ ေရႊျပည္ေအးေဆာင္တြင္ ေျမာက္ဘက္ျခမ္း၊ ေတာင္ဘက္ မ်က္ႏွာ လွည့္ ေအာက္ထပ္ ရွိ အခန္း အမွတ္ (၅၉) ႏွင့္ အနီး တစ္၀ိုက္တြင္ စာက်က္ေနၾကပါသည္။
အခန္းေတာ္ေတာ္ မ်ားမ်ား ရွိ ေက်ာင္းသားမ်ား စာက်က္ေနၾကသည္ ကို အခန္း တြင္း ထြန္းထားေသာ မီးလံုး မ်ားအား ၾကည့္ျခင္းျဖင့္ သိႏိုင္ပါသည္။ ကိုေလးျဖဴ သည္ ကၽြန္ေတာ္ စာက်က္ေနေသာ အခန္း ထဲသို႔ လွ်ိဳ႕၀ွက္ ခ်က္တစ္ခု အား ေတြ႔ရွိ ထားေသာ မ်က္ႏွာႏွင့္ “ေဟ့ေကာင္၊ ဆိတ္ၾကီး လွ်ိဳ႕၀ွက္သည္းဖို ကိစၥ တစ္ခုျပမယ္ လိုက္ခဲ့”ဟု ဆိုပါသည္။
ကၽြန္ေတာ္ က “ဟာ..ခ်ဴးၾကီး ကလည္း ဘာေတြမ်ားလဲ” ကၽြန္ေတာ္က မလိုက္ခ်င္ သျဖင့္ ျငဴစူ သည့္ ေလ သံျဖင့္ ေျပာမိပါသည္။ ထိုစဥ္ မွာပင္ အခန္း ၅၇ မွ အၾကဴ (သူလည္း လား႐ႈိး မွ တ႐ုတ္ျဖစ္ပါသည္။) ပါ အခန္း ထဲ ၀င္လာျပီး “ကိုဆိတ္ၾကီး လိုက္ခဲ့ စမ္းပါ”ဟု ေခၚသျဖင့္ ကၽြန္ေတာ္လည္း စာၾကည့္စားပြဲမွ ထလိုက္ ပါသည္။
ေကာ္ရစ္ဒါ တစ္ေလွ်ာက္တြင္ လမ္းေလွ်ာက္ ၍ စာဖတ္ေနေသာ မံုရြာသားမ်ား ျဖစ္ၾကသည့္ စိုးသိဏ္း ၊ ျမင့္ေဌး တို႔လည္း ေရာေရာေယာင္ေယာင္ျဖင့္ ပါလာသည္။ ေရႊျပည္ေအးေဆာင္ တြင္ အေဆာင္ေနာက္ေက်ာဘက္ ရွိ အေရွ႕ဘက္ထိပ္၊ အေနာက္ဘက္ထိပ္ မ်ားတြင္ အေပၚ ထပ္ေရာ၊ ေအာက္ ထပ္ပါ ေရခ်ဳိဳးခန္း အိမ္သာ မ်ား ရွိသည္္။
ယခု ကၽြန္ေတာ္တို႔ ၀င္ခဲ့သည္ က ေအာက္ထပ္ အေနာက္ဘက္ ထိပ္ မွ ေရခ်ဳိးခန္း အတြင္းသို႔ ျဖစ္ သည္။ ေရ ကန္ မ်ားေနာက္ ကပ္လ်က္ တြင္ အိမ္သာ မ်ား ရွိသည္။ ကိုေလးျဖဴ က အေနာက္ဘက္မွ စ ေရတြက္လွ်င္ ဒုတိယေျမာက္ အိမ္သာ တံခါး ၏ လက္ကိုင္ကြင္းအား ဆြဲဖြင့္ ရာ မပြင့္ဘဲ ျဖစ္ေနသည္။
တစ္ခ်က္ႏွစ္ခ်က္ ေဆာင့္ဆြဲ ၾကည့္ျပီး မပြင့္ေသာ အခါ “ဘယ္လိုလဲ၊ ထူးတယ္ မဟုတ္လား”ဆိုေသာ မ်က္ႏွာေပး မ်ဳိးျဖင့္ ကၽြန္ေတာ္တို႔ အား ၾကည့္ပါသည္။ မၾကာပါ။ ဘယ္ကေန ဘယ္လို သတင္းပ်ံ႕သြား သည္္ မသိ။ ကၽြန္ေတာ္တို႔ Roll မွ Hall Tutor ဆရာစိန္ (ဦးေမာင္ေမာင္စိန္) ႏွင့္ ေက်ာင္းသားတခ်ဳိ႕ ထပ္ေရာက္ လာ ပါသည္။
ေက်ာင္းသား တစ္ေယာက္က ေပါက္တူး႐ိုး အရြယ္ သစ္သားေခ်ာင္း တစ္ေခ်ာင္း ကိုင္ထား ပါသည္။ ေနာက္္ ထပ္ေက်ာင္းသား တစ္ေယာက္က “ဒီ ကိစၥ သစ္သားေခ်ာင္း နဲ႔ ေျဖရွင္း လို႔ မရဘူး” ဟု ေျပာကာ သူ႔ပါးစပ္မွ တတြတ္တြတ္ႏွင့္ ဘုရား စာ ရြတ္ပါသည္။
ဘုရားစာ ရြတ္သူက ရြတ္ေနခ်ိန္တြင္ ေက်ာင္းသား တစ္ေယာက္က အိမ္သာခန္း ၏ အေပၚ လြတ္ေနေသာေန ရာ မွ ေရျဖင့္ အိမ္သာခန္း အတြင္းသို႔ လွမ္းပက္ပါသည္။ အိမ္သာထဲ တြင္ လူ မရွိေၾကာင္း ေသ ခ်ာပါသည္။
ဒါျဖင့္ လူ မရွိဘဲ အိမ္သာ တံခါးခ်က္က ဘာျဖစ္လို႔ အတြင္း ထဲမွာ က်ေနရသည္လဲ။ ျပီးေတာ့ ဒီ အိမ္သာ တံခါးခ်က္ေတြ က အေပၚေအာက္ ခ်က္ မဟုတ္၊ ေဘးတိုက္ ကန္႔လန္႔ ထိုးရေသာ ခ်က္ေတြျဖစ္သည္။
သိပ္မၾကာလိုက္ပါ။ ေရႊျပည္ေအးေဆာင္ အေနာက္ဘက္လမ္း ရွိ အေဆာင္ စားရိပ္သာတြင္ မွီတင္းေန ထိုင္ ၾကေသာ ေခြးအုပ္ သည္ အေဆာင္ ၏ ေနာက္ေက်ာဘက္ ဘတ္စကက္ေဘာကြင္း ပတ္၀န္းက်င္ တြင္ ရွိေန ရာမွ ဆြဲဆြဲ ငင္ငင္ က်ယ္ေလာင္စြာ ၀ိုင္း၀န္း ဟစ္အူၾကပါသည္။
ထုိအခ်ိန္တြင္ ေက်ာင္းသား တစ္ေယာက္က ပိတ္ေနေသာ တံခါး ကို ဆြဲဖြင့္ရာ အလြယ္ တကူ ပြင့္သြား ပါ သည္။ မည္သည့္ အတြက္ ယခု ကဲ့သို႔ လြဲမွားမႈ ျဖစ္ရပါသလဲ။ ကၽြန္ေတာ္ေတာ့ စဥ္းစားရန္ ဥာဏ္မမွီခဲ့ပါ။ သံသယ ရွိသျဖင့္ အိမ္သာ အတြင္း ၀င္ၾကည့္ရာ တံခါးခ်က္ မွာ ေဘးတိုက္ ထိုးရေသာ ခ်က္ျဖစ္ေၾကာင္း ေသ ခ်ာစြာ ေတြ႔ရပါသည္။
ထိုအရာသည္ ထူးဆန္းေသာ အျဖစ္အပ်က္ တစ္ခုမွ်သာ ျဖစ္ပါသည္။ ကၽြန္ေတာ့္ အေနျဖင့္ ေကာက္ခ်က္ ခ် ရန္ မ၀ံ့ပါ။ ေနာက္ပိုင္း တြင္ ထို ကိစၥႏွင့္ပတ္သက္၍ ကိုေလးျဖဴ က သူတို႔ ၏ သံသယအား ေဖာ္ထုတ္ႏိုင္ေရး သူႏွင့္ အၾကဴ ေစာင့္ၾကည့္ခဲ့သည္မွာ အခ်ိန္ အတိုင္းအတာ တစ္ခုအထိ ၾကာခဲ့ျပီျဖစ္ေၾကာင္း ေျပာျပ ပါ သည္။
သူတို႔ (ကိုေလးျဖဴႏွင့္ အၾကဴ )သည္ ညသန္းေခါင္ေက်ာ္လွ်င္ ပိတ္ပိတ္ သြားတတ္ေသာ ထို အိမ္သာ တံခါး အား စိတ္၀င္ စား၍ ေစာင့္ၾကည့္ေနခဲ့သည္မွာ ၾကာျပီျဖစ္ေၾကာင္း၊ ထိုည က ည ၁၁ နာရီ ခြဲ အခ်ိန္ခန္႔တြင္ သူတို႔ႏွစ္ေယာက္သား တံခါး အား ေသခ်ာစြာ ဖြင့္ထား ခဲ့ၾကေၾကာင္း၊ ၁၂ နာရီေက်ာ္ တြင္ သြားၾကည့္ရာ ပိတ္ေန ၍ ယခုကဲ့သို႔ ေက်ာင္းသား အမ်ားစု အား ေခၚျပခဲ့ျခင္းျဖစ္ေၾကာင္း ေျပာျပပါသည္။
ပတ္၀န္းက်င္ အေပၚ အမႈ မဲ့ အမွတ္ မဲ့ မေနဘဲ စူးစမ္းတတ္ေသာ ကိုေလးျဖဴ ၏ ဥာဥ္အား ထုိျဖစ္ရပ္ တစ္ခု တည္းႏွင့္ပင္ ကၽြန္ေတာ္ အသိအမွတ္ျပဳလိုက္ရပါသည္။
Credit.........
 ေပၚဦးသစ္ ရဲ႕ ကြၽန္ေတာ္ျဖတ္သန္း ခဲ႔ေသာ ေလးျဖဴ မွ 
===========

( ရှင်းလင်းစွာပြောရရင်တော့မကောင်းဆိုးဝါးတို့သရဲတို့ပေါ့ )
တစ်ည တွင် ဖြစ်ပါသည်။ ကျွန်တော်တို့ သည် ရွှေပြည်အေးဆောင်တွင် မြောက်ဘက်ခြမ်း၊ တောင်ဘက် မျက်နှာ လှည့် အောက်ထပ် ရှိ အခန်း အမှတ် (၅၉) နှင့် အနီး တစ်ဝိုက်တွင် စာကျက်နေကြပါသည်။
အခန်းတော်တော် များများ ရှိ ကျောင်းသားများ စာကျက်နေကြသည် ကို အခန်း တွင်း ထွန်းထားသော မီးလုံး များအား ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ ကိုလေးဖြူ သည် ကျွန်တော် စာကျက်နေသော အခန်း ထဲသို့ လျှို့ဝှက် ချက်တစ်ခု အား တွေ့ရှိ ထားသော မျက်နှာနှင့် “ဟေ့ကောင်၊ ဆိတ်ကြီး လျှို့ဝှက်သည်းဖို ကိစ္စ တစ်ခုပြမယ် လိုက်ခဲ့”ဟု ဆိုပါသည်။
ကျွန်တော် က “ဟာ..ချူးကြီး ကလည်း ဘာတွေများလဲ” ကျွန်တော်က မလိုက်ချင် သဖြင့် ငြူစူ သည့် လေ သံဖြင့် ပြောမိပါသည်။ ထိုစဉ် မှာပင် အခန်း ၅၇ မှ အကြူ (သူလည်း လားရှိုး မှ တရုတ်ဖြစ်ပါသည်။) ပါ အခန်း ထဲ ဝင်လာပြီး “ကိုဆိတ်ကြီး လိုက်ခဲ့ စမ်းပါ”ဟု ခေါ်သဖြင့် ကျွန်တော်လည်း စာကြည့်စားပွဲမှ ထလိုက် ပါသည်။
ကော်ရစ်ဒါ တစ်လျှောက်တွင် လမ်းလျှောက် ၍ စာဖတ်နေသော မုံရွာသားများ ဖြစ်ကြသည့် စိုးသိဏ်း ၊ မြင့်ဌေး တို့လည်း ရောရောယောင်ယောင်ဖြင့် ပါလာသည်။ ရွှေပြည်အေးဆောင် တွင် အဆောင်နောက်ကျောဘက် ရှိ အရှေ့ဘက်ထိပ်၊ အနောက်ဘက်ထိပ် များတွင် အပေါ် ထပ်ရော၊ အောက် ထပ်ပါ ရေချိုုးခန်း အိမ်သာ များ ရှိသည််။
ယခု ကျွန်တော်တို့ ဝင်ခဲ့သည် က အောက်ထပ် အနောက်ဘက် ထိပ် မှ ရေချိုးခန်း အတွင်းသို့ ဖြစ် သည်။ ရေ ကန် များနောက် ကပ်လျက် တွင် အိမ်သာ များ ရှိသည်။ ကိုလေးဖြူ က အနောက်ဘက်မှ စ ရေတွက်လျှင် ဒုတိယမြောက် အိမ်သာ တံခါး ၏ လက်ကိုင်ကွင်းအား ဆွဲဖွင့် ရာ မပွင့်ဘဲ ဖြစ်နေသည်။
တစ်ချက်နှစ်ချက် ဆောင့်ဆွဲ ကြည့်ပြီး မပွင့်သော အခါ “ဘယ်လိုလဲ၊ ထူးတယ် မဟုတ်လား”ဆိုသော မျက်နှာပေး မျိုးဖြင့် ကျွန်တော်တို့ အား ကြည့်ပါသည်။ မကြာပါ။ ဘယ်ကနေ ဘယ်လို သတင်းပျံ့သွား သည်် မသိ။ ကျွန်တော်တို့ Roll မှ Hall Tutor ဆရာစိန် (ဦးမောင်မောင်စိန်) နှင့် ကျောင်းသားတချို့ ထပ်ရောက် လာ ပါသည်။
ကျောင်းသား တစ်ယောက်က ပေါက်တူးရိုး အရွယ် သစ်သားချောင်း တစ်ချောင်း ကိုင်ထား ပါသည်။ နောက်် ထပ်ကျောင်းသား တစ်ယောက်က “ဒီ ကိစ္စ သစ်သားချောင်း နဲ့ ဖြေရှင်း လို့ မရဘူး” ဟု ပြောကာ သူ့ပါးစပ်မှ တတွတ်တွတ်နှင့် ဘုရား စာ ရွတ်ပါသည်။
ဘုရားစာ ရွတ်သူက ရွတ်နေချိန်တွင် ကျောင်းသား တစ်ယောက်က အိမ်သာခန်း ၏ အပေါ် လွတ်နေသောနေ ရာ မှ ရေဖြင့် အိမ်သာခန်း အတွင်းသို့ လှမ်းပက်ပါသည်။ အိမ်သာထဲ တွင် လူ မရှိကြောင်း သေ ချာပါသည်။
ဒါဖြင့် လူ မရှိဘဲ အိမ်သာ တံခါးချက်က ဘာဖြစ်လို့ အတွင်း ထဲမှာ ကျနေရသည်လဲ။ ပြီးတော့ ဒီ အိမ်သာ တံခါးချက်တွေ က အပေါ်အောက် ချက် မဟုတ်၊ ဘေးတိုက် ကန့်လန့် ထိုးရသော ချက်တွေဖြစ်သည်။
သိပ်မကြာလိုက်ပါ။ ရွှေပြည်အေးဆောင် အနောက်ဘက်လမ်း ရှိ အဆောင် စားရိပ်သာတွင် မှီတင်းနေ ထိုင် ကြသော ခွေးအုပ် သည် အဆောင် ၏ နောက်ကျောဘက် ဘတ်စကက်ဘောကွင်း ပတ်ဝန်းကျင် တွင် ရှိနေ ရာမှ ဆွဲဆွဲ ငင်ငင် ကျယ်လောင်စွာ ၀ိုင်းဝန်း ဟစ်အူကြပါသည်။
ထိုအချိန်တွင် ကျောင်းသား တစ်ယောက်က ပိတ်နေသော တံခါး ကို ဆွဲဖွင့်ရာ အလွယ် တကူ ပွင့်သွား ပါ သည်။ မည်သည့် အတွက် ယခု ကဲ့သို့ လွဲမှားမှု ဖြစ်ရပါသလဲ။ ကျွန်တော်တော့ စဉ်းစားရန် ဉာဏ်မမှီခဲ့ပါ။ သံသယ ရှိသဖြင့် အိမ်သာ အတွင်း ဝင်ကြည့်ရာ တံခါးချက် မှာ ဘေးတိုက် ထိုးရသော ချက်ဖြစ်ကြောင်း သေ ချာစွာ တွေ့ရပါသည်။
ထိုအရာသည် ထူးဆန်းသော အဖြစ်အပျက် တစ်ခုမျှသာ ဖြစ်ပါသည်။ ကျွန်တော့် အနေဖြင့် ကောက်ချက် ချ ရန် မဝံ့ပါ။ နောက်ပိုင်း တွင် ထို ကိစ္စနှင့်ပတ်သက်၍ ကိုလေးဖြူ က သူတို့ ၏ သံသယအား ဖော်ထုတ်နိုင်ရေး သူနှင့် အကြူ စောင့်ကြည့်ခဲ့သည်မှာ အချိန် အတိုင်းအတာ တစ်ခုအထိ ကြာခဲ့ပြီဖြစ်ကြောင်း ပြောပြ ပါ သည်။
သူတို့ (ကိုလေးဖြူနှင့် အကြူ )သည် ညသန်းခေါင်ကျော်လျှင် ပိတ်ပိတ် သွားတတ်သော ထို အိမ်သာ တံခါး အား စိတ်ဝင် စား၍ စောင့်ကြည့်နေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း၊ ထိုည က ည ၁၁ နာရီ ခွဲ အချိန်ခန့်တွင် သူတို့နှစ်ယောက်သား တံခါး အား သေချာစွာ ဖွင့်ထား ခဲ့ကြကြောင်း၊ ၁၂ နာရီကျော် တွင် သွားကြည့်ရာ ပိတ်နေ ၍ ယခုကဲ့သို့ ကျောင်းသား အများစု အား ခေါ်ပြခဲ့ခြင်းဖြစ်ကြောင်း ပြောပြပါသည်။
ပတ်ဝန်းကျင် အပေါ် အမှု မဲ့ အမှတ် မဲ့ မနေဘဲ စူးစမ်းတတ်သော ကိုလေးဖြူ ၏ ဉာဉ်အား ထိုဖြစ်ရပ် တစ်ခု တည်းနှင့်ပင် ကျွန်တော် အသိအမှတ်ပြုလိုက်ရပါသည်။
Credit.........
 ✍ ပေါ်ဦးသစ် ရဲ့ ကျွန်တော်ဖြတ်သန်း ခဲ့သော လေးဖြူ မှ ✍

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...