======

မႏၱေလး မဟာျမတ္မုနိဘုရားၾကီး ဗိုက္ေဖာက္ခံရျခင္း၏ေကာက္ေၾကာင္း



ဘုရားႀကီးဝမ္းဗိုက္ေတာ္ ညအခ်ိန္မေတာ္ ခိုးေဖာက္တဲ့ ဗီဒီယိုေခြ အဲဒီတုန္းက ခိုးၾကည့္လိုက္ရတယ္၊ တဝတဥကၠဌ ကိုယ္တိုင္ပါတယ္၊အဲဒီေခြသိမ္းထား သူေတြ အြန္လိုင္းေပၚကေန ျပန္ျဖန္႔ဖို႔ေကာင္းတယ္၊ဒီေခတ္လူငယ္ေတြ သိၾကေစခ်င္လို႔ပါ၊ (ဟာဂ်ဴလီ-ကသာ)᠌᠌᠌


မဟာျမတ္မုနိဘုရားၾကီး ဗိုက္ေဖာက္ခံရျခင္း၏ေကာက္ေၾကာင္း"
============================================

မႏၲေလးျမိဳ႔က မဟာျမတ္မုနိဘုရားႀကီးကို နဝတလက္ထက္ အထက္လူႀကီးဆိုသူမ်ား အမိန႔္ျဖင့္ လူမသိသူမသိ ဝမ္းဗိုက္ေတာ္ေဖာက္တဲ့ကိစၥတစ္ခု ၁၉၉၆ခုႏွစ္ ဇူလိုင္လတြင္ ျဖစ္ခဲ့​ေလသည္။

တရက္၊ တရက္ႏွင့္ ရုပ္ပြားေတာ္ကို သကၤန္းေတာ္ျဖင့္ လႊမ္းထားသည္မွာ တပတ္ၾကာလာေသာအခါ မသကၤာစရာကိစၥ ျဖစ္ေနၿပီမို႔ မႏၱေလးသံဃာေတာ္မ်ား ရုပ္ပြားေတာ္ကို သကၤန္းဖယ္ရန္ ေတာင္ဆိုၾကေသာေၾကာင့္ ရုပ္ပြားေတာ္ကို ဗိုက္ေဖာက္ထားသည့္ကိစၥ ဘူးေပၚသလိုေပၚကာ မႏၱေလးတၿမိဳ႕လံုး သံဃာေတာ္မ်ားႏွင့္ ၿမိဳ႔ခံမ်ား မခံမရပ္နိုင္ျဖစ္ၿပီး ထိုကိစၥကို ျပဳလုပ္ခဲ့ေသာ တာဝန္ရွိသူမ်ားႏွင့္ ခြင့္ျပဳခဲ့ေသာ ဆရာေတာ္ႀကီးမ်ားအား တနိုင္ငံလံုးသိေအာင္ ေျဖရွင္းေပးရန္ ေတာင္ဆိုမႈမ်ား ျဖစ္လာေတာ့သည္။

ထိုကိစၥသည္ မရိုးမသားျပဳလုပ္ထားေသာ ကိစၥျဖစ္ေသာေၾကာင့္ နဝတ စစ္အစိုးရအေနျဖင့္ တနိုင္ငံလံုးသိေအာင္ တရားဝင္ ေျဖရွင္းျခင္းမွာ မျဖစ္နိုင္သမို႔ ထံုစံအတိုင္ ကုလား၊ ဗမာ အဓိကရုဏ္းကို ရုပ္လံုးေဖၚေတာ့သည္။ “ဘုန္းႀကီးတူမကို ရွပ္ဖီးဆိုတဲ့ ကုလားကသားမယားျပဳက်င့္ၿပီး ဗုဒၶဘာသာကို ေစာ္ကားေမာ္ကားေျပာဆိုကာ ထိုကေလးမအား ရိုက္ႏွက္သည္။

ထို႔ေၾကာင့္ အမ်ိဳးဘာသာသာသနာအတြက္ ကုလားမ်ားကိုရိုက္၊ ဗလီမ်ားကို ဖ်က္ၾကဆိုၿပီး” ျပႆနာႀကီးတခု ေပၚေပါက္လာကာ ဘုရားဗိုက္ေဖာက္သူ တရားခံမ်ားဆီမွ ျမွားဦးသည္ ဘုမသိဘမသိ ဘယ္ကမွန္းမသိတဲ့ ျဖစ္စဥ္ေၾကာင့္ ကုလားဘက္ ျမွားဦးလွည့္သြားေတာ့သည္။

မႏၱေလးမွသည္ ၿမိဳ႕အေတာ္မ်ားမ်ားကို ျဖတ္၍ ရန္ကုန္သို႔ေရာက္ေသာအခါ မႏၱေလးမဟာျမတ္မုနိဘုရားႀကီးအား ကုလားမ်ားက ဗိုက္ေဖာက္ၿပီး ေရႊမ်ား ခြာယူၾက သည္ဆိုသည္အထိ ခ်ဲ႕ကားမႈမ်ားျဖစ္လာၿပီး မႏၱေလး၊ ရန္ကုန္ အပါအဝင္ ၿမိဳ႕အေတာ္မ်ားမ်ားတြင္ ကုလား၊ဗမာ အဓိကရုဏ္းမ်ားျဖစ္ပြားခဲ့ရၿပီး။ ေသေၾက ပ်က္စီးမႈမ်ားျဖင့္ အဆံုးသတ္ကာ ဘုရားႀကီး ဗိုက္ေဖာက္သည့္ကိစၥ ေမွးမွိန္ေပ်ာက္ကြယ္သြားေတာ့သည္။
နဝတ စစ္အစိုးရသည္ ထိုမွ်ႏွင့္ အားရၿပီးဆံုးၿပီးဟု မထင္လိုက္ႏွင့္ မွားေပးလိမ့္မည္။

ဘုရားႀကီး ဝမ္းဗိုက္ေဖာက္တဲ့ကိစၥေဖၚထုတ္ရန္ ဦးေဆာင္ေသာ သံဃာမ်ားအား ဖမ္းဆီးေတာ့သည္။ ဦးေဆာင္သံဃာတပါးျဖစ္ေသာ ဦးမေဟာ္သဓလည္း စစ္ကိုင္း သံဃာေဆးရံုတြင္ နာမက်န္း၍ ေဆးကုသခံေနရာမွ ေထာက္လွန္းေရးမ်ား၏ ဖမ္းဆီးျခင္းကို ခံရေတာ့သည္။ စစ္ေၾကာေရးတြင္ ကုလား၊ ဗမာ အဓိကရုဏ္းကိစၥ ဟေတာင္မဟပဲ ဘုရားႀကီးကိစၥႏွင့္ ပတ္သက္ၿပီးသာ ရိုက္ႏွက္ ေမးျမန္း စစ္ေဆးခံခဲ့ရသည္။

စဖမ္းစဥ္ကာလထဲက သကၤန္းကို ဆြဲခၽြတ္ လူဝတ္လဲခိုင္းၿပီး ဖမ္းဆီး ေခၚေဆာင္လာကာ စစ္ေၾကာေရးစခန္းသို႔ အေရာက္တြင္ ဝိုင္းဝန္းထိုးႀကိတ္ ၾကသည္။

ဦးဇင္းကို ဒီလို ရိုင္းရိုင္းစိုင္းစိုင္း မဆက္ဆံပါနဲ႔ ေကာင္းေကာင္းေမးပါ မင္းတို႔ သိခ်င္တာ အကုန္ေျပာမယ္လို႔ ေျပာေတာ့ မင္းကခုထိ ဦးဇင္း လုပ္ေနတုန္းလားကြဆိုၿပီး စစ္ေထာက္လွန္းေရးမ်ားက ထိုးႀကိတ္တြန္းလွဲ၍ သိကၡာခ်ေပးမယ္ဆိုကာ ေခါင္းကို ေျခေထာက္မ်ားျဖင့္ ဝိုင္းနင္းၾကေတာ့သည္။
ျပုလုပ္ခဲ့ႀကပါတယ္။

ORIGINAL Uploader

Credit - MP4 YoU


ဘုရားကြီးဝမ်းဗိုက်တော် ညအချိန်မတော် ခိုးဖောက်တဲ့ ဗီဒီယိုခွေ အဲဒီတုန်းက ခိုးကြည့်လိုက်ရတယ်၊ တဝတဥက္ကဌ ကိုယ်တိုင်ပါတယ်၊အဲဒီခွေသိမ်းထား သူတွေ အွန်လိုင်းပေါ်ကနေ ပြန်ဖြန့်ဖို့ကောင်းတယ်၊ဒီခေတ်လူငယ်တွေ သိကြစေချင်လို့ပါ၊ (ဟာဂျူလီ-ကသာ)᠌᠌᠌


မဟာမြတ်မုနိဘုရားကြီး ဗိုက်ဖောက်ခံရခြင်း၏ကောက်ကြောင်း"

============================================

မန္တလေးမြို့က မဟာမြတ်မုနိဘုရားကြီးကို နဝတလက်ထက် အထက်လူကြီးဆိုသူများ အမိန့်ဖြင့် လူမသိသူမသိ ဝမ်းဗိုက်တော်ဖောက်တဲ့ကိစ္စတစ်ခု ၁၉၉၆ခုနှစ် ဇူလိုင်လတွင် ဖြစ်ခဲ့​လေသည်။


တရက်၊ တရက်နှင့် ရုပ်ပွားတော်ကို သင်္ကန်းတော်ဖြင့် လွှမ်းထားသည်မှာ တပတ်ကြာလာသောအခါ မသင်္ကာစရာကိစ္စ ဖြစ်နေပြီမို့ မန္တလေးသံဃာတော်များ ရုပ်ပွားတော်ကို သင်္ကန်းဖယ်ရန် တောင်ဆိုကြသောကြောင့် ရုပ်ပွားတော်ကို ဗိုက်ဖောက်ထားသည့်ကိစ္စ ဘူးပေါ်သလိုပေါ်ကာ မန္တလေးတမြို့လုံး သံဃာတော်များနှင့် မြို့ခံများ မခံမရပ်နိုင်ဖြစ်ပြီး ထိုကိစ္စကို ပြုလုပ်ခဲ့သော တာဝန်ရှိသူများနှင့် ခွင့်ပြုခဲ့သော ဆရာတော်ကြီးများအား တနိုင်ငံလုံးသိအောင် ဖြေရှင်းပေးရန် တောင်ဆိုမှုများ ဖြစ်လာတော့သည်။


ထိုကိစ္စသည် မရိုးမသားပြုလုပ်ထားသော ကိစ္စဖြစ်သောကြောင့် နဝတ စစ်အစိုးရအနေဖြင့် တနိုင်ငံလုံးသိအောင် တရားဝင် ဖြေရှင်းခြင်းမှာ မဖြစ်နိုင်သမို့ ထုံစံအတိုင် ကုလား၊ ဗမာ အဓိကရုဏ်းကို ရုပ်လုံးဖေါ်တော့သည်။ “ဘုန်းကြီးတူမကို ရှပ်ဖီးဆိုတဲ့ ကုလားက သားမယားပြုကျင့်ပြီး ဗုဒ္ဓဘာသာကို စော်ကားမော်ကားပြောဆိုကာ ထိုကလေးမအား ရိုက်နှက်သည်။


ထို့ကြောင့် အမျိုးဘာသာသာသနာအတွက် ကုလားများကိုရိုက်၊ ဗလီများကို ဖျက်ကြဆိုပြီး” ပြဿနာကြီးတခု ပေါ်ပေါက်လာကာ ဘုရားဗိုက်ဖောက်သူ တရားခံများဆီမှ မြှားဦးသည် ဘုမသိဘမသိ ဘယ်ကမှန်းမသိတဲ့ ဖြစ်စဉ်ကြောင့် ကုလားဘက် မြှားဦးလှည့်သွားတော့သည်။


မန္တလေးမှသည် မြို့အတော်များများကို ဖြတ်၍ ရန်ကုန်သို့ရောက်သောအခါ မန္တလေးမဟာမြတ်မုနိဘုရားကြီးအား ကုလားများက ဗိုက်ဖောက်ပြီး ရွှေများ ခွာယူကြ သည်ဆိုသည်အထိ ချဲ့ကားမှုများဖြစ်လာပြီး မန္တလေး၊ ရန်ကုန် အပါအဝင် မြို့အတော်များများတွင် ကုလား၊ဗမာ အဓိကရုဏ်းများဖြစ်ပွားခဲ့ရပြီး။ သေကြေ ပျက်စီးမှုများဖြင့် အဆုံးသတ်ကာ ဘုရားကြီး ဗိုက်ဖောက်သည့်ကိစ္စ မှေးမှိန်ပျောက်ကွယ်သွားတော့သည်။

နဝတ စစ်အစိုးရသည် ထိုမျှနှင့် အားရပြီးဆုံးပြီးဟု မထင်လိုက်နှင့် မှားပေးလိမ့်မည်။

ဘုရားကြီး ဝမ်းဗိုက်ဖောက်တဲ့ကိစ္စဖေါ်ထုတ်ရန် ဦးဆောင်သော သံဃာများအား ဖမ်းဆီးတော့သည်။ ဦးဆောင်သံဃာတပါးဖြစ်သော ဦးမဟော်သဓလည်း စစ်ကိုင်း သံဃာဆေးရုံတွင် နာမကျန်း၍ ဆေးကုသခံနေရာမှ ထောက်လှန်းရေးများ၏ ဖမ်းဆီးခြင်းကို ခံရတော့သည်။ စစ်ကြောရေးတွင် ကုလား၊ ဗမာ အဓိကရုဏ်းကိစ္စ ဟတောင်မဟပဲ ဘုရားကြီးကိစ္စနှင့် ပတ်သက်ပြီးသာ ရိုက်နှက် မေးမြန်း စစ်ဆေးခံခဲ့ရသည်။


စဖမ်းစဉ်ကာလထဲက သင်္ကန်းကို ဆွဲချွတ် လူဝတ်လဲခိုင်းပြီး ဖမ်းဆီး ခေါ်ဆောင်လာကာ စစ်ကြောရေးစခန်းသို့ အရောက်တွင် ဝိုင်းဝန်းထိုးကြိတ် ကြသည်။


ဦးဇင်းကို ဒီလို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံပါနဲ့ ကောင်းကောင်းမေးပါ မင်းတို့ သိချင်တာ အကုန်ပြောမယ်လို့ ပြောတော့ မင်းကခုထိ ဦးဇင်း လုပ်နေတုန်းလားကွဆိုပြီး စစ်ထောက်လှန်းရေးများက ထိုးကြိတ်တွန်းလှဲ၍ သိက္ခာချပေးမယ်ဆိုကာ ခေါင်းကို ခြေထောက်များဖြင့် ဝိုင်းနင်းကြတော့သည်။

ပြုလုပ်ခဲ့ကြပါတယ်။

ORIGINAL Uploader



Credit - MP4 YoU

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...