======

အတည်မပြုနိုင်သည့် ကောလာဟလသတင်းများ ရေးသားဖော်ပြမှုအား ပြင်းထန်စွာကန့်ကွက်ခြင်း


၁။ The Ladies News ၏ တရားဝင် Facebook စာမျက်နှာ၌ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် အောက်ဖော်ပြပါသတင်းများအား ဖော်ပြခဲ့ပါသည်-
(က) “တပ်မတော်လေယာဉ်ပျက်ကျကြောင်း အတည်ပြု” သတင်းခေါင်းစဉ်ဖြင့် ပျောက်ဆုံးနေသည့် ခရီးသည်တင် Y-8 အမျိုးအစား တပ်မတော်လေယာဉ်သည် ထားဝယ်ကမ်းရိုးတန်းကျောက်နီမှော်အနီးတွင် ပျက်ကျသွားခြင်းဖြစ်သည်ဟု အတည်ပြုလိုက်ကြောင်း၊ လေယာဉ်အပျက်အစီးအစိတ်အပိုင်းများကိုလည်း တွေ့ရှိထားပြီဖြစ်ကြောင်း။
( ခ) “ပျက်ကျတပ်မတော်လေယာဉ်မှ အသက်ရှင်သူ ၃ ဦးနှင့် အလောင်း ၉၃ လောင်းကို ကနဦးရှာဖွေတွေ့ရှိထား” သတင်းခေါင်းစဉ်ဖြင့် ပျက်ကျသွားသည့် တပ်မတော်လေယာဉ်နှင့်ပတ်သက်၍ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် အသက်ရှင်ကျန်ရစ်သူ ၃ ဦးနှင့် အလောင်း ၉၃ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်းနှင့် နောက်ဆက်တွဲသတင်းအရ အသက်ရှင်သူ ၂၀ ဦးကို ကယ်ဆယ် ထားနိုင်ကြောင်း။
( ဂ) “တပ်မတော်လေယာဉ်မပျက်ကျမီ ဂတ်စ်အိုးပေါက်ကွဲခဲ့” သတင်းခေါင်းစဉ်ဖြင့် လေယာဉ်ပျံသန်းနေစဉ် ရွှေ့ပြောင်းတပ်မတော်သား မိသားစုဝင်များ သယ်ဆောင်လာခဲ့သည့် ဂတ်စ်အိုးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု အသက်ရှင်လွတ်မြောက်လာသူများက ပြန်လည်ပြောကြားခဲ့ကြောင်း။
၂။ တပ်မတော်အနေဖြင့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်တစ်စီး ပျောက်ဆုံးမှုနှင့်ပတ်သက်သည့် သတင်းများအား မြ၀တီရုပ်မြင်သံကြား၊ မြ၀တီ Facebook နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Faecbook တို့တွင် နောက်ဆုံးအခြေအနေနှင့်ကိုက်ညီစွာ ဖော်ပြထုတ်ပြန်ပေးလျက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ The Ladies News ၏ တရားဝင် Facebook စာမျက်နှာတွင် အထက်ဖော်ပြပါ အတည်မပြုနိုင်သည့် ကောလာဟလသတင်းများအား ရေးသားဖော်ပြခြင်းသည် ပျောက်ဆုံးလေယာဉ်တွင် ပါရှိသွားသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များကိုသာမက တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစု တစ်ရပ်လုံးကိုပါ များစွာစိတ်အနှောက်အယှက်ဖြစ်စေခြင်း၊ စိတ်ထိခိုက်စေခြင်းတို့ကြောင့် ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်အပ်ပါသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့



Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...