======

နွိပ္စက္သည္ဟုမယူဆဘဲ သြန္သင္ဆံုးမသည္ဟု ယူဆေၾကာင္းေျပာ

လက္ဖက္ရည္တခြက္၀ယ္ခိုင္းရာ နွစ္ခြက္၀ယ္လာသည့္အတြက္ 
နွိပ္စက္သည္ဟုမယူဆဘဲ သြန္သင္ဆံုးမသည္ဟု ယူဆေၾကာင္း ညႇဥ္းပန္းနိွပ္စက္ခံရသူ အိိမ္အကူ၏ အေဒၚျဖစ္သူေျပာ
------ ------ ------ ----- -----
သဃၤန္းကၽြန္းၿမိဳ႕နယ္ ႀကီးပြားေရးရပ္ကြက္မွ ညႇဥ္းပန္းနိွပ္စက္ခံရသူအသက္ ၁၃ နွစ္အရြယ္ အိမ္ အကူမသႏၲာလိႈင္သည္ စံျပေဆး႐ံုႀကီးတြင္ ေဆးကုသမႈခံယူေနရေသာ္လည္း ယင္းျဖစ္စဥ္ကို နိွပ္စက္ သည္ဟုမယူဆဘဲ သြန္သင္ဆံုးမသည္ဟုသာ ယူဆေၾကာင္း ၎၏အုပ္ထိန္းသူနွင့္ အေဒၚေတာ္စပ္သူ ေဒၚသန္းသန္းေဆြက ေျပာသည္။
သဃၤန္းကၽြန္းၿမိဳ႕နယ္ ႀကီးပြားေရးရပ္ကြက္ေအာင္ေမတၱာလမ္း၊ တိုက္အမွတ္(၄)၊ အခန္း ၂၂ တြင္ ေနထိုင္သူ မနီလာ၀င္း (ေခၚ) မသဲသဲခ်ဳိ၏ ေနအိမ္တြင္ အိမ္အကူအျဖစ္ လုပ္ကိုင္ေနေသာ အသက္(၁၃) နွစ္အရြယ္ မသႏၲာလိႈင္သည္ ဇြန္ ၃ ရက္တြင္ အညိဳအမည္းဒဏ္ရာမ်ားႏွင့္ ထြက္ေျပးလာေသာေၾကာင့္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး႐ံုးကို ေခၚယူေမးျမန္းခဲ့ၿပီး အိမ္ရွင္နိွပ္စက္ညႇဥ္းပန္းထားေၾကာင္း သိရေသာေၾကာင့္ အဆိုပါ ရပ္ကြက္မွ ရာအိမ္မွဴးဦးေအာင္ၾကည္၀င္းက တရားလိုျပဳလုပ္၍ တိုင္ၾကားခဲ့ျခင္းျဖစ္သည္။ ''အသက္ ၁၃ နွစ္ရိွပါၿပီ။ နိွပ္စက္တယ္လို႔ မယူဆပါဘူး။ သြန္သင္ဆံုးမတာပါ။ ဒီအိမ္ကိုေရာက္တာ ၇ လေလာက္ရိွၿပီ။ ေခြးနဲ႔လည္း ႐ွဴးတိုက္ၿပီး မကိုက္ခိုင္းပါဘူး။ ကိုက္မိတယ္ဆိုတာလည္း ေခြးေလးရဲ႕ အစာကို သူကယူမိလို႔ ေခြးကဟပ္လိုက္တဲ့ သေဘာပါပဲ။ ေခြးေလးကကိုက္လို႔ရိွရင္ အဆိပ္ရိွတဲ့သတၱ၀ါလည္း မဟုတ္ဘူး။ တိရစၧာန္ကာကြယ္ေဆးေတြ ထိုးၿပီးသားပါ။ ရာအိမ္မွဴးကို ကၽြန္မတို႔က အမႈမဖြင့္ပါဘူးလို႔ ေျပာပါတယ္။ ကၽြန္မတို႔ မိသားစုအတြင္းကိစၥဆိုေတာ့ေလ'' ဟု ေဒၚသန္းသန္းေဆြက ေျပာသည္။
ဦးေအာင္ၾကည္၀င္း၏ တိုင္ၾကားစာထဲတြင္ အိမ္အကူျဖစ္သူ မသႏၲာလိႈင္အား လက္ဖက္ရည္တခြက္၀ယ္ခိုင္းရာ နွစ္ခြက္၀ယ္လာသည့္အတြက္ အိမ္ရွင္မနီလာ၀င္းက ၾကက္ေတာင္ေမြး၊ တံျမက္စည္း၊ ဖိနပ္တို႔ျဖင့္႐ိုက္၊ လည္းပင္းညႇစ္၊ ဦးေခါင္းကို နံရံႏွင့္ ေဆာင့္ျခင္းမ်ား ျပဳလုပ္ခဲ့သည္ဟု ေဖာ္ျပထားသည္။
အိမ္အကူျဖစ္သူ မသႏၲာလိႈင္သည္ ဧရာ၀တီတိုင္း၊ လပြတၱာၿမိဳ႕နယ္မွ လြန္ခဲ့ေသာ ၇ လခန္႔က မနီလာ၀င္း၏ ေနအိမ္သို႔ေရာက္ရိွခဲ့ၿပီး ေဆြမ်ဳိးနီးစပ္ေတာ္စပ္သည္ဟု သိရေၾကာင္း ႀကီးပြားေရးရပ္ကြက္မွ ရာအိမ္မွဴး ဦးသိန္းထိုက္က News Watch သို႔ ေျပာသည္။
''သူ႔အေမကို ကၽြန္ေတာ္တို႔ဘက္ကေမးေတာ့ ေဆြမ်ဳိးေတြေတာ္ၾကတယ္။ အမႈဖြင့္ဖို႔ အစီအစဥ္မရိွဘူးလို႔ ေျပာတယ္။ ဒါသူတို႔ကိစၥေပါ့။ ကၽြန္ေတာ္တို႔ဘက္ကေတာ့ ဒီလိုလုပ္ရင္ ဒီလိုေတာ့ ျဖစ္မယ္ဆိုတာကို သိမွျဖစ္မယ္။ ဒီလိုကိစၥမ်ဳိးဒီအတိုင္းၿပီးသြားၾကမယ္ဆိုရင္ ေနာက္ထပ္ အလားတူ ဒီလိုကိစၥေတြ ထပ္ျဖစ္လာမယ္ ဆိုရင္ ဘယ္လိုကိုင္တြယ္မလဲ။ ကၽြန္ေတာ္တို႔က သူတို႔ကိုေထာင္က်ပါေစလို႔ စိတ္မရိွဘူး။ ဒီကေလးကို ဒီလိုဒဏ္ရာေတြနဲ႔ေတြ႕ေတာ့ ဒီလိုဒဏ္ရာေတြရေအာင္လုပ္ရင္ ဒီလိုျပစ္ဒဏ္ခံရမယ္၊ ကၽြန္ေတာ္တို႔ဘက္က ဒါပဲ လိုခ်င္တယ္'' ဟု ၎က ေျပာသည္။
စံျပေဆး႐ံုႀကီး၏ ေဆး႐ံုအုပ္ ေဒါက္တာဦးေအာင္ဆန္းမင္းက ''ကၽြန္ ေတာ္တေယာက္ထဲကေတာ့ ေျပာပိုင္ခြင့္မရိွဘူး။ ေခြးကိုက္ထားတဲ့ ဒဏ္ရာေတြေတာ့ ေတြ႕ပါတယ္။ ႐ွဴးတိုက္တာလား၊ ဘာလားကေတာ့ ရဲစခန္းကို ေမးရမွာေပါ့။ မၾကာခင္ ေဆး႐ံုက ဆင္းရေတာ့မွာပါ'' ဟု ေျပာသည္။ အဆိုပါ ျဖစ္စဥ္အား လက္ရိွတြင္ သု၀ဏၰရဲစခန္းမွ ပုဒ္မ၃၂၅ (တံုးေသာ လက္နက္ျဖင့္ အျပင္းအထန္နာက်င္ေစမႈ) ႏွင့္ စဲြဆိုထားၿပီး ဇြန္၅ရက္က လူမႈ၀န္ထမ္းဦးစီးဌာနမွ တာ၀န္ရိွသူမ်ား လာေရာက္ ၾကည့္႐ႈခဲ့ေၾကာင္း သိရသည္။
ေဆြလဲ့မြန္
Credit - News Watch
==========

နှိပ်စက်သည်ဟုမယူဆဘဲ သွန်သင်ဆုံးမသည်ဟု ယူဆကြောင်း ညှဉ်းပန်းနှိပ်စက်ခံရသူ အိိမ်အကူ၏ အဒေါ်ဖြစ်သူပြော
------ ------ ------ ----- -----
သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်မှ ညှဉ်းပန်းနှိပ်စက်ခံရသူအသက် ၁၃ နှစ်အရွယ် အိမ် အကူမသန္တာလှိုင်သည် စံပြဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသော်လည်း ယင်းဖြစ်စဉ်ကို နှိပ်စက် သည်ဟုမယူဆဘဲ သွန်သင်ဆုံးမသည်ဟုသာ ယူဆကြောင်း ၎င်း၏အုပ်ထိန်းသူနှင့် အဒေါ်တော်စပ်သူ ဒေါ်သန်းသန်းဆွေက ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်အောင်မေတ္တာလမ်း၊ တိုက်အမှတ်(၄)၊ အခန်း ၂၂ တွင် နေထိုင်သူ မနီလာဝင်း (ခေါ်) မသဲသဲချို၏ နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသော အသက်(၁၃) နှစ်အရွယ် မသန္တာလှိုင်သည် ဇွန် ၃ ရက်တွင် အညိုအမည်းဒဏ်ရာများနှင့် ထွက်ပြေးလာသောကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူမေးမြန်းခဲ့ပြီး အိမ်ရှင်နှိပ်စက်ညှဉ်းပန်းထားကြောင်း သိရသောကြောင့် အဆိုပါ ရပ်ကွက်မှ ရာအိမ်မှူးဦးအောင်ကြည်ဝင်းက တရားလိုပြုလုပ်၍ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ''အသက် ၁၃ နှစ်ရှိပါပြီ။ နှိပ်စက်တယ်လို့ မယူဆပါဘူး။ သွန်သင်ဆုံးမတာပါ။ ဒီအိမ်ကိုရောက်တာ ၇ လလောက်ရှိပြီ။ ခွေးနဲ့လည်း ရှူးတိုက်ပြီး မကိုက်ခိုင်းပါဘူး။ ကိုက်မိတယ်ဆိုတာလည်း ခွေးလေးရဲ့ အစာကို သူကယူမိလို့ ခွေးကဟပ်လိုက်တဲ့ သဘောပါပဲ။ ခွေးလေးကကိုက်လို့ရှိရင် အဆိပ်ရှိတဲ့သတ္တဝါလည်း မဟုတ်ဘူး။ တိရစ္ဆာန်ကာကွယ်ဆေးတွေ ထိုးပြီးသားပါ။ ရာအိမ်မှူးကို ကျွန်မတို့က အမှုမဖွင့်ပါဘူးလို့ ပြောပါတယ်။ ကျွန်မတို့ မိသားစုအတွင်းကိစ္စဆိုတော့လေ'' ဟု ဒေါ်သန်းသန်းဆွေက ပြောသည်။
ဦးအောင်ကြည်ဝင်း၏ တိုင်ကြားစာထဲတွင် အိမ်အကူဖြစ်သူ မသန္တာလှိုင်အား လက်ဖက်ရည်တခွက်ဝယ်ခိုင်းရာ နှစ်ခွက်ဝယ်လာသည့်အတွက် အိမ်ရှင်မနီလာဝင်းက ကြက်တောင်မွေး၊ တံမြက်စည်း၊ ဖိနပ်တို့ဖြင့်ရိုက်၊ လည်းပင်းညှစ်၊ ဦးခေါင်းကို နံရံနှင့် ဆောင့်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။
အိမ်အကူဖြစ်သူ မသန္တာလှိုင်သည် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှ လွန်ခဲ့သော ၇ လခန့်က မနီလာဝင်း၏ နေအိမ်သို့ရောက်ရှိခဲ့ပြီး ဆွေမျိုးနီးစပ်တော်စပ်သည်ဟု သိရကြောင်း ကြီးပွားရေးရပ်ကွက်မှ ရာအိမ်မှူး ဦးသိန်းထိုက်က News Watch သို့ ပြောသည်။
''သူ့အမေကို ကျွန်တော်တို့ဘက်ကမေးတော့ ဆွေမျိုးတွေတော်ကြတယ်။ အမှုဖွင့်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောတယ်။ ဒါသူတို့ကိစ္စပေါ့။ ကျွန်တော်တို့ဘက်ကတော့ ဒီလိုလုပ်ရင် ဒီလိုတော့ ဖြစ်မယ်ဆိုတာကို သိမှဖြစ်မယ်။ ဒီလိုကိစ္စမျိုးဒီအတိုင်းပြီးသွားကြမယ်ဆိုရင် နောက်ထပ် အလားတူ ဒီလိုကိစ္စတွေ ထပ်ဖြစ်လာမယ် ဆိုရင် ဘယ်လိုကိုင်တွယ်မလဲ။ ကျွန်တော်တို့က သူတို့ကိုထောင်ကျပါစေလို့ စိတ်မရှိဘူး။ ဒီကလေးကို ဒီလိုဒဏ်ရာတွေနဲ့တွေ့တော့ ဒီလိုဒဏ်ရာတွေရအောင်လုပ်ရင် ဒီလိုပြစ်ဒဏ်ခံရမယ်၊ ကျွန်တော်တို့ဘက်က ဒါပဲ လိုချင်တယ်'' ဟု ၎င်းက ပြောသည်။
စံပြဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာဦးအောင်ဆန်းမင်းက ''ကျွန် တော်တယောက်ထဲကတော့ ပြောပိုင်ခွင့်မရှိဘူး။ ခွေးကိုက်ထားတဲ့ ဒဏ်ရာတွေတော့ တွေ့ပါတယ်။ ရှူးတိုက်တာလား၊ ဘာလားကတော့ ရဲစခန်းကို မေးရမှာပေါ့။ မကြာခင် ဆေးရုံက ဆင်းရတော့မှာပါ'' ဟု ပြောသည်။ အဆိုပါ ဖြစ်စဉ်အား လက်ရှိတွင် သုဝဏ္ဏရဲစခန်းမှ ပုဒ်မ၃၂၅ (တုံးသော လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု) နှင့် စွဲဆိုထားပြီး ဇွန်၅ရက်က လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆွေလဲ့မွန်
Credit - News Watch

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...