အဲ့ဒီေခတ္တုန္းကေတာ့ အဲ့ဒါတြက အလွဆံုး စံႏႈန္းေတြတဲ့...

ေခတ္အဆက္ဆက္က အံ႔ၾသဖြယ္ အလွစံႏႈန္းမ်ား

လြန္ခဲ႔တဲ႔ နွစ္ ၂၀ ေလာက္က မ်က္ႏွာျပည္႔ျပည္႔ ကိုယ္လံုးထြားထြား အကိတ္ဒီဇိုင္းေလးေတြမွ လွတယ္ထင္ခဲ႔ၾကေပမယ္႔ ခုခ်ိန္မွာေတာ႔ ေသးေသးသြယ္သြယ္ေလးေတြကမွ တကယ္လွတယ္ျဖစ္ေနျပန္ေရာ။ ဒီလိုပါပဲ လြန္ခဲ႔တဲ႔ ႏွစ္ေပါင္းေထာင္ေက်ာ္ေလာက္က လူေတြသတ္မွတ္ထားတဲ႔အလွအပစံႏႈန္းဟာလည္းမယံုၾကည္ႏိုင္ေလာက္ေအာင္ ဆန္းဆန္းျပားျပားၾကီးေတြရွိခဲ႔တယ္ဆိုရင္ အံ႔ၾသသြားမလားမသိပါဘူး။

နဖူးျပင္က်ယ္မ်ား

big foreheads photo
၁၆ ရာစုႏွစ္မ်ားဆီက ပန္းခ်ီကားေတြကိုၾကည္႔ရင္ အမ်ိဳးသမီးေတြဟာ ဆံႏုေလးေတြရွိမေနတဲ႔ နဖူးျပင္က်ယ္က်ယ္ နဖူးျပင္ရွင္းရွင္းကိုမွ သေဘာက်ခဲ႔ၾကတယ္ဆိုတာကိုေတြ႔ရမွာပါ။ ရွင္းလင္းျပီးကၾကီးပံုေကြးေနတဲ႔ နဖူးရွိမွလွတယ္ဆိုတာမ်ိဳး စံႏႈန္းတစ္ခုအေနနဲ႔သတ္မွတ္ခဲ႔ၾကပါတယ္။ နဖူးျပင္က်ယ္လာဖို႔အတြက္ ေရွ႕ဆံပင္ေတြကို ႏႈတ္ပစ္တာ ၊ ရိတ္ပစ္တာမ်ိဳးေတြ လုပ္ခဲ႔ၾကတယ္လို႔ မွတ္သားရပါတယ္။

ေဆးသုတ္ထားေသာေျခေထာက္

painting legs photo
ဒုတိယကမၻာစစ္အတြင္းမွာ အမ်ိဳးသမီးေတြဟာ အလွအပအတြက္ေျခေထာက္ကိုေဆးသုတ္ခဲ႔ၾကပါတယ္။ ႏိုင္လြန္စေတြ ျပတ္လပ္သြားတဲ႔အတြက္ အသားကပ္ေျခအိတ္ဝတ္စရာမရွိခ်ိန္မွာ ေျခေထာက္ကိုေဆးသုတ္ခဲ႔ၾကတာျဖစ္ပါတယ္။ ၁၉၄၂ ခုနစ္ထုတ္ Life Magazine ကပံုေတြကိုၾကည္႔ရင္ အဲဒီေခတ္ကအမ်ိဳးသမီးေတြဟာ ေယာက္က်ားေလးဆန္တဲ႔ ထင္းထင္းလင္းလင္းမ်က္လံုးျခယ္သပံုေတြကို ၾကိဳက္ခဲ႔ၾကျပီး ေျခေထာက္ဟာလည္းႏိုင္လြန္ေျခအိတ္ဝတ္ထားသလို ညိဳေနမွသေဘာက်ၾကပါတယ္။ ဒါေၾကာင္႔ ေျခေထာက္ကို ပန္းခ်ီေရးတဲ႔ေဆးနဲ႔လိမ္းသုတ္ေလ႔ရွိၾကပါတယ္။

ေျခေသးျခင္းရဲ႕အလွ

bound feet photo
၁၃ ရာစုႏွစ္က တရုတ္လူမ်ိဳးေတြဟာ ေျခေထာက္ေလးေသးမွလွတယ္ဆိုတဲ႔ ယူဆမႈေတြရွိခဲ႔ၾကပါတယ္။ အထက္တန္းလႊာက အိမ္ရွင္မေတြ ၊ အပ်ိဳမေလးေတြမွာ ဒီဓေလ႔ကိုစခဲ႔ၾကေပမယ္႔ ေနာက္ပိုင္းမွာေတာ႔ သာမန္လူေတြၾကားထဲမွာပါေခတ္စားလာခဲ႔ပါတယ္။ ငယ္ရြယ္စဥ္မွာ ေျခဖဝါးရိုးခ်ိဳးခံရျပီး ေျခေခ်ာင္းေလးေတြဟာေျခေထာက္ေအာက္ေရာက္တဲ႔အထိေကြးညြတ္သြားပါတယ္။ ျပီးရင္ေတာ႔ ပတ္တီးနဲ႔က်ပ္က်ပ္စည္းရပါတယ္။ ဒီလိုေျခေထာက္ေသးေသးေလးျဖစ္ေအာင္ ျပဳလုပ္တာဟာ အိမ္ေထာင္ျပဳခ်ိန္မွာ ခင္ပြန္းကိုလိင္ခံစားမႈေကာင္းေစဖို႔နဲ႔ အလွအပအတြက္ စံႏႈန္းတစ္ခုအေနနဲ႔ ျပဳလုပ္ၾကတာျဖစ္ပါတယ္။

ဦးေခါင္းခြံပံုသြင္းျခင္း

skull shaping photo
လြန္ခဲ႔တဲ႔ BC 1000 ခန္႔က မားယာလူမ်ိဳးေတြဟာ ကေလးငယ္ရဲ႕ဦးေခါင္းခြံကိုပံုသြင္းျပဳျပင္တာမ်ိဳးျပဳလုပ္ခဲ႔ၾကပါတယ္။ ဦးေခါင္းခြံပံုစံပ်က္ယြင္းသြားျပီး ခၽြန္သြားတာကိုအလွအပစံႏႈန္းတစ္ခုအေနနဲ႔ သတ္မွတ္ခဲ႔ၾကျပီးငယ္ရြယ္စဥ္မွာ ဘုတ္ျပားေပၚမွာ ကေလးကိုတင္ျပီးဦးေခါင္းကိုဖိခ်တဲ႔ ကိရိယာေတြမ်ိဳးစံုသံုးခဲ႔ၾကပါတယ္။ ဒီလိုျပဳျပင္ျခင္းကို ေယာက္က်ားေလးေရာ မိန္းကေလးေတြပါ ျပဳလုပ္ၾကရျပီး ခၽြန္ေနတဲ႔ဦးေခါင္းကိုမွလွတယ္လို႔သတ္မွတ္ခဲ႔ၾကပါတယ္။ ဂ်ာမန္အႏြယ္ဝင္လူမ်ိဳးစုေတြနဲ႔ ေျမာက္အေမရိကမွ လူမ်ိဳးစုေတြဟာလည္း ဒီလိုျပင္ဆင္မႈကိုလက္ခံယံုၾကည္ၾကပါတယ္။

လက္သည္းရွည္ၾကီးမ်ား

long fingernails photo
Qing မင္းဆက္မွာ  တရုတ္လူမ်ိဳးေတြဟာ လက္သည္းရွည္ၾကီးေတြကို အလွအပတစ္ခုအေနနဲ႔ သတ္မွတ္ခဲ႔ၾကပါတယ္။ လက္သည္းေတြကို ၈ လက္မ မွ ၁၀ လက္မအရွည္အထိထားတတ္ၾကျပီး အဲဒီလက္သည္းရွည္ေတြကို ေရႊနဲ႔ျပဳလုပ္ထားတဲ႔လက္သည္းဖံုးတပ္ျပီး မထိမခိုုက္မက်ိဳးမပဲ႔ေအာင္ ကာကြယ္ထားၾကပါေသးတယ္။ ဒါဟာၾကြယ္ဝခ်မ္းသာမႈကိုျပသတာျဖစ္ျပီး သူတို႔ဟာအလုပ္ၾကမ္းလုပ္စရာမလိုဘူးဆိုတဲ႔ အဓိပၸါယ္ပါ။ သူတို႔ကို အဝတ္အစားဝတ္ဆင္တဲ႔အခ်ိန္ ၊ အစားအေသာက္စားတဲ႔အခ်ိန္ေတြမွာ အေစခံေတြကကူညီေပးရေလ႔ရွိပါတယ္။

ေျခသလံုးမ်ား

men_s calves photo
ဒီဘက္ေခတ္မွာ အမ်ိဳးသမီးေတြရဲ႕ေျခသလံုးအလွအပကို အလွတရားတစ္ခုအျဖစ္သတ္မွတ္ၾကေပမယ္႔ ၁၈ ရာစုတုန္းကေတာ႔ အမ်ိဳးသားေတြရဲ႕ေျခသလံုးကို အလွတရားတစ္ခုအေနနဲ႔သတ္မွတ္ခဲ႔ၾကပါတယ္။ အဲဒီေခတ္ကအမ်ိဳးသားေတြဟာ ေျခသလံုးပံုစံကိုေဖာ္ျပဖို႔အတြက္ေျခအိတ္ေတြဝတ္ဆင္ခဲ႔ၾကျပီး တခ်ိဳ႕ေတြက ေျခသလံုးပိုလွဖို႔ေျခအိတ္ထဲမွာ အခုအခံေတြထည္႕ထားၾကတယ္လို႔ ဆိုပါတယ္။ Henry VIII ဘုရင္ၾကီးဟာ ေျခသလံုးလွသူအျဖစ္နာမည္ေက်ာ္ၾကားပါတယ္။
မ်က္ခံုးေမြးမရွိတဲ႔အလွ
no eyelashes photo
အလယ္ေခတ္က ဥေရာပအမ်ိဳးသမီးေတြဟာ မ်က္ေတာင္ေမြးမရွိမွလွတယ္လုိ႔ ခံယူခဲ႔ၾကပါတယ္။ ဒါေၾကာင္႔မ်က္ေတာင္ေမြးေတြကို ႏႈတ္ပစ္ၾကေလ႔ရွိပါတယ္။ မ်က္ေတာင္ေတြနဲ႔ေဘာင္မခတ္ထားတဲ႔ မ်က္လံုးေျပာင္ေခ်ာၾကီးေတြရဖို႔ အနာခံရတာကေတာ႔ ေတြးၾကည္႔တာနဲ႔တင္စိတ္ရႈပ္စရာပါ။

သြားမည္းမ်ား

black teeth photo
သြားတိုက္ဖို႔ပ်င္းသူေတြအတြက္ေတာ႔ကြက္တိပါပဲ။ လြန္ခဲ႔တဲ႔ႏွစ္ေထာင္ေပါင္းမ်ားစြာက ဂ်ပန္အမ်ိဳးသမီးေတြဟာ သြားမည္းမည္းၾကီးေတြကို အလွအပတစ္ခုလို႔သတ္မွတ္ခဲ႔ၾကပါတယ္။ အိမ္ေထာင္က်ျပီးေနာက္ပိုင္းမွာ သြားကိုအမည္းေရာင္ဆိုးပစ္ၾကပါတယ္။ ၁၉ရာစုအထိ သြားအမည္းေတြဟာ အလွအပစံႏႈန္းတစ္ခုအေနနဲ႔ေရာ အိမ္ေထာင္ရွိမရွိေဖာ္ျပခ်က္တစ္ခုအေနနဲ႔ပါ  ရွိေနခဲ႔ပါတယ္။

 မိတ္ကပ္အလွတရား

beauty patches photo
၁၈ ရာစုမွာေတာ႔ အရင္ကေခတ္စားခဲ႔တဲ႔ မ်က္ႏွာေျပာင္အလွတရားေတြေပ်ာက္ကြယ္သြားျပီး မိတ္ကပ္ျပင္ဆင္မႈကို အလွတရားတစ္ခုအျဖစ္သတ္မွတ္လာၾကပါေတာ႔တယ္။ အခုေခတ္မ်က္ႏွာေပၚမွာ ၾကယ္ပံုလပံုစေတကာေလးေတြကပ္ၾကတဲ႔ဖက္ရွင္ဟာ ၁၈ရာစုကတည္းက အလွအပျပင္ဆင္မႈအေနနဲ႔ရွိေနခဲ႔တာျဖစ္ပါတယ္။ အဲဒီတုန္းကေတာ႔ ပိတ္စေသးေလးကို ၾကယ္ပံု ၊ လပံု ၊ စက္ဝိုင္းပံု ၊ ေလးေထာင္႔ပံုေလးေတြညွပ္ထားၾကျပီး ကပ္တဲ႔ေနရာအလိုက္အဓိပၸါယ္ေဖာ္ေဆာင္မႈေတြရွိပါတယ္။ ညာဘက္ပါးေပၚမွာ ကပ္ထားရင္ ဒီအမ်ိဳးသမီးဟာ အိမ္ေထာင္ရွိသူလို႔သိႏိုင္ျပီး ႏႈတ္ခမ္းတစ္ဝိုက္မွာကပ္ထားရင္ေတာ႔ သြက္လက္တက္ၾကြတဲ႔ အပ်ိဳစင္ေလးလို႔သိႏို္င္ပါတယ္။

ရင္ဘတ္ကေသြးေၾကာေလးမ်ား

fake veins photo
၁၇ ရာစုမွာေတာ႔ အဂၤလန္မွာ ရင္ဘတ္ပိုင္းအသားေပးဖက္ရွင္ေတြေခတ္စားလာပါတယ္။ အဲဒီေခတ္က အမ်ိဳးသမီးေတြဟာ အလုပ္ၾကမ္းသမားေတြလိုမဟုတ္ဘဲ လူခ်မ္းသာေတြရဲ႕ေလမထိေနမထိေနထိုင္ရမႈကိုျပဖို႔ အသားအေရေဖြးျဖဴေအာင္ေနထိုင္တတ္ၾကပါတယ္။ မ်က္ႏွာကိုေပါင္ဒါမႈန္႔လိမ္းတတ္လာသလို ရင္ႏွစ္ျမႊာအထက္ ရင္ဘတ္ေနရာက ေသြးေၾကာေလးေတြကိုလည္း အလွအပစံႏႈန္းတစ္ခုအျဖစ္ သတ္မွတ္ထားၾကပါတယ္။ ရင္ဘတ္ေနရာက ေသြးေၾကာေလးေတြဟာ သူတို႔ရဲ႕ၾကည္လင္တဲ႔အသားအေရကိုေဖာ္ျပတဲ႔ အလွအပတစ္ခုပါပဲ။ ဒါအျပင္ ရင္ႏွစ္ျမႊာဟာ ပူးမေနရဘဲ သီးျခားစီရွိျပီးျပည္႔တင္းလွပေနတာကိုလည္း အလွတရားတစ္ခုအျဖစ္သတ္မွတ္ခဲ႔ၾကပါတယ္။

မ်က္ခံုးေဆးဆိုးျခင္းအလွ

sorrow brows photo
ဟိုးတုန္းကတရုတ္အမ်ိဳးသမီးေတြဟာ မ်က္ခံုးေမြးကို အမည္းေရာင္သာမက အျပာေရာင္ ၊ အစိမ္းေရာင္ေတြပါ ဆိုးေလ႔ရွိၾကပါတယ္။ ဟန္ မင္းဆက္မွာေတာ႔ မ်က္ခံုးေမြး အဖ်ားခၽြန္ခၽြန္ေတြဟာ အလွအပစံႏႈန္းတစ္ခုျဖစ္ခဲ႔ၾကပါတယ္။ ေနာက္ထပ္စံႏႈန္းတစ္ခုကေတာ႔ မ်က္ခံုးေမြးတိုတို ျမင္႔ျမင္႔ေလးေတြျဖစ္ပါတယ္။ မ်က္ခံုးပံုစံ တုိတုိ ျမင္႔ျမင္႔ေကြးေကြးေလးေတြဟာ ဝမ္းနည္းမႈကိုျပသျခင္းလည္းျဖစ္တယ္လုိ႔ဆိုပါတယ္။

သြားတိုတုိေလးမ်ား

short teeth photo
၁၆ ရာစုအခ်ိန္တုန္းက သြားနဲ႔ပတ္သက္တဲ႔ တန္ဖိုးထားမႈကတစ္မ်ိဳးပါ။ သြားရွည္ရွည္ျဖဴျဖဴေလးေတြကို လွတယ္ထင္ၾကတာမ်ိဳးမဟုတ္ဘဲ သြားေလးေတြတိုမွ လွတယ္လို႔သတ္မွတ္ၾကပါသတဲ႔။ သြားတိုတိုေလးေတြနဲ႔ ျပံဳးျဖဲျဖဲအမူအရာေလးကို ခ်စ္စရာေကာင္းတယ္လို႔ယူဆၾကတာပါ။

ပါးေဖာင္းျခင္း

big cheeks photo
ဒီဘက္ေခတ္မွာ ေမးရိုးေပၚျပီး V Shape မ်က္ႏွာေလးေတြကိုမွ လွတယ္လို႔သတ္မွတ္ၾကေပမယ္႔ တရုတ္Tang မင္းဆက္မွာေတာ႔ ပါးေဖာင္းမွလွတယ္လို႔သတ္မွတ္ခဲ႔ၾကတာပါ။ နဖူးက်ယ္က်ယ္ ၊ ပါးေဖာင္းေဖာင္း ၊ မ်က္ႏွာဝိုင္းဝိုင္းကိုမွ အလွဆံုးအျဖစ္စံသတ္မွတ္ခဲ႔ၾကပါတယ္။
ဂ်ဴဂ်ဴး(အခရာ)
www.akhayar.com
Unicode
လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မျက်နှာပြည့်ပြည့် ကိုယ်လုံးထွားထွား အကိတ်ဒီဇိုင်းလေးတွေမှ လှတယ်ထင်ခဲ့ကြပေမယ့် ခုချိန်မှာတော့ သေးသေးသွယ်သွယ်လေးတွေကမှ တကယ်လှတယ်ဖြစ်နေပြန်ရော။ ဒီလိုပါပဲ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်လောက်က လူတွေသတ်မှတ်ထားတဲ့အလှအပစံနှုန်းဟာလည်းမယုံကြည်နိုင်လောက်အောင် ဆန်းဆန်းပြားပြားကြီးတွေရှိခဲ့တယ်ဆိုရင် အံ့သြသွားမလားမသိပါဘူး။
နဖူးပြင်ကျယ်များ
၁၆ ရာစုနှစ်များဆီက ပန်းချီကားတွေကိုကြည့်ရင် အမျိုးသမီးတွေဟာ ဆံနုလေးတွေရှိမနေတဲ့ နဖူးပြင်ကျယ်ကျယ် နဖူးပြင်ရှင်းရှင်းကိုမှ သဘောကျခဲ့ကြတယ်ဆိုတာကိုတွေ့ရမှာပါ။ ရှင်းလင်းပြီးကကြီးပုံကွေးနေတဲ့ နဖူးရှိမှလှတယ်ဆိုတာမျိုး စံနှုန်းတစ်ခုအနေနဲ့သတ်မှတ်ခဲ့ကြပါတယ်။ နဖူးပြင်ကျယ်လာဖို့အတွက် ရှေ့ဆံပင်တွေကို နှုတ်ပစ်တာ ၊ ရိတ်ပစ်တာမျိုးတွေ လုပ်ခဲ့ကြတယ်လို့ မှတ်သားရပါတယ်။
ဆေးသုတ်ထားသောခြေထောက်
ဒုတိယကမ္ဘာစစ်အတွင်းမှာ အမျိုးသမီးတွေဟာ အလှအပအတွက်ခြေထောက်ကိုဆေးသုတ်ခဲ့ကြပါတယ်။ နိုင်လွန်စတွေ ပြတ်လပ်သွားတဲ့အတွက် အသားကပ်ခြေအိတ်ဝတ်စရာမရှိချိန်မှာ ခြေထောက်ကိုဆေးသုတ်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၄၂ ခုနစ်ထုတ် Life Magazine ကပုံတွေကိုကြည့်ရင် အဲဒီခေတ်ကအမျိုးသမီးတွေဟာ ယောက်ကျားလေးဆန်တဲ့ ထင်းထင်းလင်းလင်းမျက်လုံးခြယ်သပုံတွေကို ကြိုက်ခဲ့ကြပြီး ခြေထောက်ဟာလည်းနိုင်လွန်ခြေအိတ်ဝတ်ထားသလို ညိုနေမှသဘောကျကြပါတယ်။ ဒါကြောင့် ခြေထောက်ကို ပန်းချီရေးတဲ့ဆေးနဲ့လိမ်းသုတ်လေ့ရှိကြပါတယ်။
ခြေသေးခြင်းရဲ့အလှရသ
၁၃ ရာစုနှစ်က တရုတ်လူမျိုးတွေဟာ ခြေထောက်လေးသေးမှလှတယ်ဆိုတဲ့ ယူဆမှုတွေရှိခဲ့ကြပါတယ်။ အထက်တန်းလွှာက အိမ်ရှင်မတွေ ၊ အပျိုမလေးတွေမှာ ဒီဓလေ့ကိုစခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ သာမန်လူတွေကြားထဲမှာပါခေတ်စားလာခဲ့ပါတယ်။ ငယ်ရွယ်စဉ်မှာ ခြေဖဝါးရိုးချိုးခံရပြီး ခြေချောင်းလေးတွေဟာခြေထောက်အောက်ရောက်တဲ့အထိကွေးညွတ်သွားပါတယ်။ ပြီးရင်တော့ ပတ်တီးနဲ့ကျပ်ကျပ်စည်းရပါတယ်။ ဒီလိုခြေထောက်သေးသေးလေးဖြစ်အောင် ပြုလုပ်တာဟာ အိမ်ထောင်ပြုချိန်မှာ ခင်ပွန်းကိုလိင်ခံစားမှုကောင်းစေဖို့နဲ့ အလှအပအတွက် စံနှုန်းတစ်ခုအနေနဲ့ ပြုလုပ်ကြတာဖြစ်ပါတယ်။
ဦးခေါင်းခွံပုံသွင်းခြင်း
လွန်ခဲ့တဲ့ BC 1000 ခန့်က မားယာလူမျိုးတွေဟာ ကလေးငယ်ရဲ့ဦးခေါင်းခွံကိုပုံသွင်းပြုပြင်တာမျိုးပြုလုပ်ခဲ့ကြပါတယ်။ ဦးခေါင်းခွံပုံစံပျက်ယွင်းသွားပြီး ချွန်သွားတာကိုအလှအပစံနှုန်းတစ်ခုအနေနဲ့ သတ်မှတ်ခဲ့ကြပြီးငယ်ရွယ်စဉ်မှာ ဘုတ်ပြားပေါ်မှာ ကလေးကိုတင်ပြီးဦးခေါင်းကိုဖိချတဲ့ ကိရိယာတွေမျိုးစုံသုံးခဲ့ကြပါတယ်။ ဒီလိုပြုပြင်ခြင်းကို ယောက်ကျားလေးရော မိန်းကလေးတွေပါ ပြုလုပ်ကြရပြီး ချွန်နေတဲ့ဦးခေါင်းကိုမှလှတယ်လို့သတ်မှတ်ခဲ့ကြပါတယ်။ ဂျာမန်အနွယ်ဝင်လူမျိုးစုတွေနဲ့ မြောက်အမေရိကမှ လူမျိုးစုတွေဟာလည်း ဒီလိုပြင်ဆင်မှုကိုလက်ခံယုံကြည်ကြပါတယ်။
လက်သည်းရှည်ကြီးများ
Qing မင်းဆက်မှာ  တရုတ်လူမျိုးတွေဟာ လက်သည်းရှည်ကြီးတွေကို အလှအပတစ်ခုအနေနဲ့ သတ်မှတ်ခဲ့ကြပါတယ်။ လက်သည်းတွေကို ၈ လက်မ မှ ၁၀ လက်မအရှည်အထိထားတတ်ကြပြီး အဲဒီလက်သည်းရှည်တွေကို ရွှေနဲ့ပြုလုပ်ထားတဲ့လက်သည်းဖုံးတပ်ပြီး မထိမခိုုက်မကျိုးမပဲ့အောင် ကာကွယ်ထားကြပါသေးတယ်။ ဒါဟာကြွယ်ဝချမ်းသာမှုကိုပြသတာဖြစ်ပြီး သူတို့ဟာအလုပ်ကြမ်းလုပ်စရာမလိုဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ သူတို့ကို အဝတ်အစားဝတ်ဆင်တဲ့အချိန် ၊ အစားအသောက်စားတဲ့အချိန်တွေမှာ အစေခံတွေကကူညီပေးရလေ့ရှိပါတယ်။
ခြေသလုံးများ
ဒီဘက်ခေတ်မှာ အမျိုးသမီးတွေရဲ့ခြေသလုံးအလှအပကို အလှတရားတစ်ခုအဖြစ်သတ်မှတ်ကြပေမယ့် ၁၈ ရာစုတုန်းကတော့ အမျိုးသားတွေရဲ့ခြေသလုံးကို အလှတရားတစ်ခုအနေနဲ့သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီခေတ်ကအမျိုးသားတွေဟာ ခြေသလုံးပုံစံကိုဖော်ပြဖို့အတွက်ခြေအိတ်တွေဝတ်ဆင်ခဲ့ကြပြီး တချို့တွေက ခြေသလုံးပိုလှဖို့ခြေအိတ်ထဲမှာ အခုအခံတွေထည့်ထားကြတယ်လို့ ဆိုပါတယ်။ Henry VIII ဘုရင်ကြီးဟာ ခြေသလုံးလှသူအဖြစ်နာမည်ကျော်ကြားပါတယ်။
မျက်ခုံးမွေးမရှိတဲ့အလှ
အလယ်ခေတ်က ဥရောပအမျိုးသမီးတွေဟာ မျက်တောင်မွေးမရှိမှလှတယ်လို့ ခံယူခဲ့ကြပါတယ်။ ဒါကြောင့်မျက်တောင်မွေးတွေကို နှုတ်ပစ်ကြလေ့ရှိပါတယ်။ မျက်တောင်တွေနဲ့ဘောင်မခတ်ထားတဲ့ မျက်လုံးပြောင်ချောကြီးတွေရဖို့ အနာခံရတာကတော့ တွေးကြည့်တာနဲ့တင်စိတ်ရှုပ်စရာပါ။
သွားမည်းများ
သွားတိုက်ဖို့ပျင်းသူတွေအတွက်တော့ကွက်တိပါပဲ။ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက ဂျပန်အမျိုးသမီးတွေဟာ သွားမည်းမည်းကြီးတွေကို အလှအပတစ်ခုလို့သတ်မှတ်ခဲ့ကြပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သွားကိုအမည်းရောင်ဆိုးပစ်ကြပါတယ်။ ၁၉ရာစုအထိ သွားအမည်းတွေဟာ အလှအပစံနှုန်းတစ်ခုအနေနဲ့ရော အိမ်ထောင်ရှိမရှိဖော်ပြချက်တစ်ခုအနေနဲ့ပါ  ရှိနေခဲ့ပါတယ်။
မိတ်ကပ်အလှတရား
၁၈ ရာစုမှာတော့ အရင်ကခေတ်စားခဲ့တဲ့ မျက်နှာပြောင်အလှတရားတွေပျောက်ကွယ်သွားပြီး မိတ်ကပ်ပြင်ဆင်မှုကို အလှတရားတစ်ခုအဖြစ်သတ်မှတ်လာကြပါတော့တယ်။ အခုခေတ်မျက်နှာပေါ်မှာ ကြယ်ပုံလပုံစတေကာလေးတွေကပ်ကြတဲ့ဖက်ရှင်ဟာ ၁၈ရာစုကတည်းက အလှအပပြင်ဆင်မှုအနေနဲ့ရှိနေခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ပိတ်စသေးလေးကို ကြယ်ပုံ ၊ လပုံ ၊ စက်ဝိုင်းပုံ ၊ လေးထောင့်ပုံလေးတွေညှပ်ထားကြပြီး ကပ်တဲ့နေရာအလိုက်အဓိပ္ပါယ်ဖော်ဆောင်မှုတွေရှိပါတယ်။ ညာဘက်ပါးပေါ်မှာ ကပ်ထားရင် ဒီအမျိုးသမီးဟာ အိမ်ထောင်ရှိသူလို့သိနိုင်ပြီး နှုတ်ခမ်းတစ်ဝိုက်မှာကပ်ထားရင်တော့ သွက်လက်တက်ကြွတဲ့ အပျိုစင်လေးလို့သိနိုင်ပါတယ်။
ရင်ဘတ်ကသွေးကြောလေးများ
၁၇ ရာစုမှာတော့ အင်္ဂလန်မှာ ရင်ဘတ်ပိုင်းအသားပေးဖက်ရှင်တွေခေတ်စားလာပါတယ်။ အဲဒီခေတ်က အမျိုးသမီးတွေဟာ အလုပ်ကြမ်းသမားတွေလိုမဟုတ်ဘဲ လူချမ်းသာတွေရဲ့လေမထိနေမထိနေထိုင်ရမှုကိုပြဖို့ အသားအရေဖွေးဖြူအောင်နေထိုင်တတ်ကြပါတယ်။ မျက်နှာကိုပေါင်ဒါမှုန့်လိမ်းတတ်လာသလို ရင်နှစ်မြွှာအထက် ရင်ဘတ်နေရာက သွေးကြောလေးတွေကိုလည်း အလှအပစံနှုန်းတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ ရင်ဘတ်နေရာက သွေးကြောလေးတွေဟာ သူတို့ရဲ့ကြည်လင်တဲ့အသားအရေကိုဖော်ပြတဲ့ အလှအပတစ်ခုပါပဲ။ ဒါအပြင် ရင်နှစ်မြွှာဟာ ပူးမနေရဘဲ သီးခြားစီရှိပြီးပြည့်တင်းလှပနေတာကိုလည်း အလှတရားတစ်ခုအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။
မျက်ခုံးဆေးဆိုးခြင်းအလှ
ဟိုးတုန်းကတရုတ်အမျိုးသမီးတွေဟာ မျက်ခုံးမွေးကို အမည်းရောင်သာမက အပြာရောင် ၊ အစိမ်းရောင်တွေပါ ဆိုးလေ့ရှိကြပါတယ်။ ဟန် မင်းဆက်မှာတော့ မျက်ခုံးမွေး အဖျားချွန်ချွန်တွေဟာ အလှအပစံနှုန်းတစ်ခုဖြစ်ခဲ့ကြပါတယ်။ နောက်ထပ်စံနှုန်းတစ်ခုကတော့ မျက်ခုံးမွေးတိုတို မြင့်မြင့်လေးတွေဖြစ်ပါတယ်။ မျက်ခုံးပုံစံ တိုတို မြင့်မြင့်ကွေးကွေးလေးတွေဟာ ဝမ်းနည်းမှုကိုပြသခြင်းလည်းဖြစ်တယ်လို့ဆိုပါတယ်။
သွားတိုတိုလေးများ
၁၆ ရာစုအချိန်တုန်းက သွားနဲ့ပတ်သက်တဲ့ တန်ဖိုးထားမှုကတစ်မျိုးပါ။ သွားရှည်ရှည်ဖြူဖြူလေးတွေကို လှတယ်ထင်ကြတာမျိုးမဟုတ်ဘဲ သွားလေးတွေတိုမှ လှတယ်လို့သတ်မှတ်ကြပါသတဲ့။ သွားတိုတိုလေးတွေနဲ့ ပြုံးဖြဲဖြဲအမူအရာလေးကို ချစ်စရာကောင်းတယ်လို့ယူဆကြတာပါ။
ပါးဖောင်းခြင်း
ဒီဘက်ခေတ်မှာ မေးရိုးပေါ်ပြီး V Shape မျက်နှာလေးတွေကိုမှ လှတယ်လို့သတ်မှတ်ကြပေမယ့် တရုတ်Tang မင်းဆက်မှာတော့ ပါးဖောင်းမှလှတယ်လို့သတ်မှတ်ခဲ့ကြတာပါ။ နဖူးကျယ်ကျယ် ၊ ပါးဖောင်းဖောင်း ၊ မျက်နှာဝိုင်းဝိုင်းကိုမှ အလှဆုံးအဖြစ်စံသတ်မှတ်ခဲ့ကြပါတယ်။
ဂျူဂျူး(အခရာ)
www.akhayar.com

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...