======

လင်ယောက်ျားအရောင်းဆိုင် တစ်ဆိုင် ဖွင့်လှစ်


လင်ယောက်ျားအရောင်းဆိုင်တစ်ဆိုင်
ကိုယ့်စိတ်ကြိုက် ယောက်ျားမျိုးကို
အ၀င်အထွက်မှာ
သတိပေးစာရေးထားတာက
ယောက်ျားလေးတွေရဲ့ အရည်အသွေးက
မြင့်လေလေပေါ့။
အထပ်တစ်ထပ်က ယောက်ျား တစ်ယောက်ကို ရွေးချယ်ဝယ်ယူနိုင် သလို မကြိုက်သေးရင်တော့
နောက်တစ်ထပ်တက်ပြီး
လေ့လာနိုင်တာပေါ့။
ဒါပေမယ့် သတိထားရမှာက
အောက်ထပ်က ရောင်းကုန်ယောက်ျားလေးကို ရွေးပိုင်ခွင့်မရှိတော့ပါဘူး. . . . . . .
သူ့အတွက် လိုက်ဖက်ညီမယ့်ခင်ပွန်းလောင်း လင်ယောက်ျားတစ်ယောက်
ကလေးလည်းချစ်တတ်ပြီး
အမျိုးသားများ။
ကလေးလည်းချစ်တတ်ပြီး
(၆) လွှာ - - - - သင်ဟာ ဒီအထပ်ကို
ဧည့်သည်ပါ။
လင်ယောက်ျားစတိုးဆိုင်ကို
ဈေးဝယ်လာတဲ့အတွက်
ကျေးဇူးအထူးတင်ပါတယ်။
Via - Sai Laung Hein
ကျော်သက်ထွေး

Unicode
လင်ယောကျာ်းအရောင်းဆိုင်တစ်ဆိုင် 
နယူးယောက်မြို့ပေါ်မှာ ဖွင့်လှစ် လိုက်ပါတယ်…။
အမျိုးသမီးတွေအနေနဲ့ အဲဒီဆိုင်မှာ 
ကိုယ့်စိတ်ကြိုက် ယောကျာ်းမျိုးကို 
ရွေးပြီး ဝယ်နိုင်ပါတယ်။
စတိုးဆိုင်ရဲ့အလုပ်လုပ်ပုံကို 
အဝင်အထွက်မှာ 
လမ်းညွှန် ဆိုင်းဘုတ်တွေနဲ့ ရေးပေးထားတယ်။
အဆောက်အအုံရဲ့ အဝင်ဝမှာတော့ 
သတိပေးစာရေးထားတာက 
``သင်တစ်ကြိမ်သာ လာရောက်ခွင့်ရှိသည်´´ တဲ့. . . . . . , . . .
စတိုးဆိုင်က အထပ်ခြောက်ထပ် ရှိပါတယ်။ အထပ်မြင့်သွားလေလေ ရောင်းကုန် 
ယောကျာ်းလေးတွေရဲ့ အရည်အသွေးက 
မြင့်လေလေပေါ့။
ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်တော့ 
အထပ်တစ်ထပ်က ယောကျာ်း တစ်ယောက်ကို ရွေးချယ်ဝယ်ယူနိုင် သလို မကြိုက်သေးရင်တော့ 
နောက်တစ်ထပ်တက်ပြီး 
လေ့လာနိုင်တာပေါ့။
ဒါပေမယ့် သတိထားရမှာက 
အထပ်တစ်ထပ်တက်ပြီးသွားတာနဲ့ 
အောက်ထပ်က ရောင်းကုန်ယောကျာ်းလေးကို ရွေးပိုင်ခွင့်မရှိတော့ပါဘူး. . . . . . .
စတိုးဆိုင်ထဲက ပြန်ထွက်မှဆိုမှပဲ
အောက်ဆင်း ပိုင်ခွင့်ရှိတော့တယ်။
ဒါတွေက ဒီစတိုးဆိုင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေပေါ့။
အမျိုးသမီးတစ်ယောက် ဆိုင်ထဲဝင်လာတယ်။ 
သူ့အတွက် လိုက်ဖက်ညီမယ့်ခင်ပွန်းလောင်း လင်ယောကျာ်းတစ်ယောက် 
ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။
ပထမထပ်ရဲ့ အဝင်တံခါးမှာ ချိတ်ထားတဲ့ 
ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်တယ်။
(၁) လွှာ - - - - အလုပ်အကိုင်ရှိ၍ 
ဘာသာရေးကိုင်းရှိုင်းသော အမျိုးသားများ။
ဒုတိယထပ်ရဲ့ဆိုင်းဘုတ်က
(၂) လွှာ - - - - အလုပ်အကိုင်ရှိ၍ ဘာသာရေးကိုင်းရှိုင်းသည့်အပြင် 
ကလေးလည်းချစ်တတ်သော အမျိုးသားများ။
တတိယထပ်ရဲ့ ဆိုင်းဘုတ်က...
(၃) လွှာ - - - - အလုပ်အကိုင်ရှိ၍ ဘာသာရေးကိုင်းရှင်းသည့်အပြင် 
ကလေးလည်းချစ်တတ်ပြီး ရုပ်ရည်
သန့်ပြန့်သော အမျိုးသားများ။
ဆိုင်းဘုတ်ဖတ်ပြီး အမျိုးသမီးမှာ 
``ဝိုး……. ဆိုတဲ့ အာမေဋိတ်သံ 
ထွက်လာပေမယ့် နောက်တစ်ထပ် 
ဆက်တက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
(၄) လွှာ - - - - အလုပ်အကိုင်ရှိ၍ ဘာသာရေးကိုင်းရှိုင်းသည့်အပြင် 
ကလေးလည်းချစ်တတ်ပြီး 
ကြွေလောက်အောင် သန့်ပြန့်ရုံမက 
အိမ်မှုကိစ္စများကိုပါ ဝိုင်းကူလုပ်ပေးတတ်သော 
အမျိုးသားများ။
``ဟိုက်ရှားပါး…. ကြွေစမ်း။ ငါခြေထောက်တွေ မခိုင်တော့ပါလား´´ လို့ ရေရွတ်နေမိတယ်။
(၅) လွှာ - - - - အလုပ်အကိုင်ရှိ၍ ဘာသာရေးကိုင်းရှိုင်းသည့်အပြင် 
ကလေးလည်းချစ်တတ်ပြီး 
ကြွေလောက်အောင် သန့်ပြန့်ရုံမက 
အိမ်မှုကိစ္စများကိုပါ ဝိုင်းကူလုပ်ပေးတတ်သလို အင်မတန်ချစ်တတ်၊ 
ကြင်နာတတ်သော အမျိုးသားများ။
ဒီထက်ကောင်းတယ်ဆိုတာတောင် ဒီလောက်ကောင်းတော့မယ်မထင်။
သူ့ရဲအာရုံတွေက ဒီအလွှာမှာပဲ တစ်ဝဲလည်လည်ဖြစ်နေတော့တယ်။
ဒါပေမယ့် သူရဲ့ခြေလှမ်းတွေက 
နောက်တစ်ထပ်တက်ဖို့ လှေကားဘက်ကိုပဲ ဆက်ပြီးချီတက်နေတော့တယ်။
ဆဋ္ဌမထပ်က ရွေးချယ်မှု
ပိုကောင်းနိုင်သေးတာပေါ့။
ဒီလိုနဲ့ ဆဋ္ဌမထပ်ကိုဆက်တက်ဖို့
ဆုံးဖြတ်ချက်ချပြီး တက်လိုက်ပါတော့တယ်။
ဆဋ္ဌမထပ်ရဲ့ ဆိုင်းဘုတ်ကတော့…….
(၆) လွှာ - - - - သင်ဟာ ဒီအထပ်ကို 
ရောက်လာတဲ့ (458757) ယောက်မြောက် 
ဧည့်သည်ပါ။ 
ဒီအလွှာမှာ ဘယ်အမျိုးသားမှ မရှိပါဘူး။ 
မရောင့်ရဲနိုင်တဲ့ အမျိုးသမီးတွေအတွက်
အထီးကျန်မှုတွေပဲ ရှိပါတယ်။
လင်ယောကျာ်းစတိုးဆိုင်ကို 
ဈေးဝယ်လာတဲ့အတွက် 
ကျေးဇူးအထူးတင်ပါတယ်။
ဆိုင်ကနေထွက်တော့မယ်ဆိုရင် 
ပစ္စည်းများ မေ့မကျန်ရစ်အောင် အထူးသတိပြုပေးပါ။
အစစအရာရာ အဆင်ပြေပါစေလို့ 
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
#credit - Original writer
Via - Sai Laung Hein

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...