======

လျို့ဝှက်ချက် သိပ်မထားတတ်ဘူးဆိုတဲ့ လူမင်း


ကျောင်းတတ်တုန်းက ရီစရာလေးပြောပြခဲ့ပါတယ်။
သရုပ်ဆောင်လူမင်းကတော့ အခုလက်ရှိမှာ အနုပညာအလုပ်တွေကိုဆက်တိုက်ဆောင်ရွက်နေတဲ့သူတစ်ယောက်ဖြစ်ပြီး အနုပညာ သမားတစ်ယောက်ဖြစ်ပေမယ့် တိရစ္ဆာန်လေးတွေကိုလဲ ချစ်တတ်ပါတယ်လို့သူက ဆိုပါတယ်။သူ့အနေနဲ့ကလည်း လျှို့ ဝှက်ချက် ဆို တာမထားတတ်ခဲ့ဘူးလို့ Duwun Media ကိုပြောပြခဲ့ပါတယ်။
” လျို့ ဝှက်ချက်ဆိုတာတော့ မရှိပါဘူး၊ အသက်ကလည်း ၄၆ နှစ်ဆိုတာ အားလုံးအသိပါ။ကျောင်းတတ်တုန်းကတော့ သာမန်လူငယ် သဘာဝမှားခဲ့တာ လွဲခဲ့တာတွေတော့ရှိတာပေါ့၊ မှတ်မှတ်ရရ အနေနဲ့ အစ်ကိုတို့တက်တဲ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က ပျဉ်းမနား အနားမှာဆိုတော့ အရမ်းပူတာပေါ့နော်၊ အစ်ကိုတို့က ရှမ်းပြည်ကနေသွားတဲ့သူတွေဆိုတော့ အစ်ကိုတို့မှာ ကြွားစရာဆိုလို့ အနွေး ထည် အင်္ကျီတွေ၊ ဂျာကင် အင်္ကျီကြီးတွေပဲ ရှိတယ်။ ကျောင်းရောက်တော့ ဝတ်မရဘူးပေါ့ မိုးလေး တစ်ဖျောက် နှစ်ဖျောက် ရွာရင် ရှမ်းပြည်က လူတွေက အပြိုင်အဆိုင်ဂျာကင်တွေ ထုတ်ဝတ်တော့တာပဲ ဒါကတော့ ရီစရာလေး တစ်ခုပါ ” လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။
သရုပ်ဆောင်လူမင်းကတော့ တိရစ္ဆာန်လေးတွေထဲမှာ ခွေးလေးတွေကိုလည်း ချစ်တတ်တယ်လို့ဆိုပါတယ်။အရင်တုန်းကရော ငယ်ငယ် တုန်းကရော ခွေးမွေးခဲ့ပြီး ရင်သွေးလေးတွေရှိလာတဲ့အခါမှာ ကျန်းမာရေးထိခိုက်မှာစိုးလို့ မမွေးတော့ဘူးလို့ ဆိုပါတယ်။ ခွေးလေးတွေက သခင်အပေါ်လဲ သစ္စာရှိတယ်၊ သခင်နဲ့ပတ်သက်ရင် ကားဟွန်းသံက အစ သူတို့မှတ်မိတယ် အဲ့ဒီလိုလေးတွေက ချစ်ဖို့ကောင်းတဲ့ အချက်လေးတွေပေါ့ လို့ သူကဆိုပါတယ်။
Photo : လူမင်း ဖေ့စ်ဘွတ်
Credit:Duwun

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...