======

ငွေကြောင့် ချစ်သူကိုသစ္စာဖောက်ပြီး ဘော့စ်နဲ့ မှားဖူးပါတယ်.. ချစ်သူ ကို ဖွင့်ပြောသင့်ပါသလား?

လူသိမခံစေလိုတဲ့ ကိစ္စရပ်တွေမှာမူရင်းအမည်တွေ ကို အသုံးမပြုပဲ၊အကျိုးရှိတဲ့အဖြေတွေကိုပြန်လည်ဖြေကြား ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်

အခုကျွန်မ ပြောချင်တာက ကျွန်မအကြောင်းပါ။ ကျွန်မက နယ်ကနေရန်ကုန်မှာလာရောက်အလုပ်
လုပ်ကိုင်နေပါတယ်။အခု အသက် 26 နှစ်ရှိပါပြီ။

ဒါပေမယ့်ပြီးခဲ့တဲ့နှစ်က ခရီးစဉ်တစ်ခုမှာ ဘော့စ်နဲ့ တစ်ကြိမ်မှားယွင်းခဲ့ဖူးပါတယ်။ကျွန်မမှာတရားဝင် ချစ်သူရှိပါတယ်။ပြောရရင်အဲဒီအချိန်တုန်းက ငွေကိုပဲ တစ်ကမ္ဘာလို့ထင်နေခဲ့တဲ့အချိန်ပါ။တကယ် လည်း ဘော့စ်က ကျွန်မနာမည်နဲ့ ခြံတစ်ကွက်ဝယ် ပေးထား ပါတယ်။သူ့ဘက်ကလည်းအစောင့်အရှောက် မပျက်ကွက်ခဲ့ပါဘူး။ဒါပေမယ့် ကျွန်မအဲဒီခြံကိုလက်မခံ ရဲဘူး။ ကိစ္စတွေအကုန်ပေါ်သွားမှာ စိုး လို့ပါ။

အဲဒီကိစ္စ ပြီးကာမှ သိပ်ကိုသန့်စင်တဲ့ ကျွန်မချစ်သူ ကိုကျွန်မပိုချစ်လာမိတယ်။သူ့ကိုဒီအတိုင်းလက်တွဲဖို့ ကျွန်မ မ၀ံ့ရဲဘူး။ ဒီအမှားကြီးနဲ့ တစ်သက်လုံးနေရရင် လည်းစိတ်ဖြောင့်မှာမဟုတ်ပါဘူး။ချစ်သူကိုအမှန် အတိုင်းဖွင့်ပြောသင့်ပါ သလား … ဘာဆက်လုပ်ရမလဲ အကြံပေးပါဦး။

#Shwemom_မှ ပြန်စာ
အခုဖြစ်နေတဲ့ ပြဿနာက ငွေကြေးနဲ့ နှလုံးသား အနိုင်တိုက်ခိုက်ကြချိန်မှာ ငွေကြေးကို ဦးစားပေး မိတဲ့ အခိုက်အတန့်မှာ ပြင်လို့မရတော့တဲ့ အမှားကို မှားမိတာပါဘဲ။ ပြင်လို့ရတဲ့ အမှားတွေ ရှိသလို ပြင်လို့ မရတဲ့ အမှားတွေလည်း ရှိပါတယ်။

အခုလိုအမှားမျိုးက နဂိုကလို အကောင်းအတိုင်း ပြန်ဖြစ်အောင် လုပ်လို့မရတာ သက်သေပါဘဲ။ ဒီတော့အမှားတိုင်းမှာလည်း သင့်တော်တဲ့တန်ဖိုးတွေ ပေးဆပ်ရတတ်ပါတယ်။ ဒါကို အမှားကျူးလွန်ခဲ့တဲ့ သင့်ဘက်က လက်ခံရ ပါလိမ်မယ်။

အမှားအတွက် သင့်တော်တဲ့ တန်ဖိုးကို ပေးဆပ် ရတယ်ဆိုတာကို ဥပမာလေးနဲ့ ပြောရရင် လူသတ်မှုပေါ့ .. တစ်ချို့လူသတ်မှုတွေက ရက်စက် လွန်းမက ရက်စက်ကြတယ် … ဒီအတွက် တရားရုံး က သေဒဏ်ကျခံစေ အမိန့်ချမှတ်လိုက်တယ် … သေဒဏ်ပေးခံရတဲ့ တရားခံကတော့ သူလုပ်တဲ့ ပြစ်မှုနဲ့နှိုင်းယှဉ်ရင် ဒါကို မတရားဘူးလို့ ထင်မှာ ပါဘဲ … ဒါပေမယ့် သေဆုံးသူရဲ့ စိတ်ထဲမှာတော့ ကောင်းတယ် … ငါတို့သား ငါတို့သမီး သေသလို ဒင်းသေပြီလို့ သတ်မှတ်ပြီး … တရားမျှတတယ်လို့ ယူဆတတ်ကြပါတယ်။

ဒီတော့ သေချာတာတစ်ခုက အမှားတစ်ခုကို ၀န်ခံတဲ့အခါ … အပြစ်အကြီးအသေးကို အမှားလုပ် သူက ဆုံးဖြတ်ခွင့် မရှိပါဘူး … အမှားအလုပ်ခံရတဲ့ သူက စိတ်ကြိုက်ဆုံးဖြတ်မှာပါ … ဒီအတွက် သင် ကိုယ်တိုင်က ခံနိုင်ရည်ရှိပြီလား … ဒီလိုကိစ္စမျိုး ဆိုတာအခုရှုပ်မှနောင်ရှင်းမို့ရိုးရိုးသားသားရှင်းလင်း ချင်တယ်ဆိုရင် ရှင်းလင်းထားသင့်တဲ့ အချက်ပါဘဲ … ဒါပေမယ့် စောစောက ဥပမာအတိုင်း .. သင့်ကို ကောင်လေးက ဒီအပြစ်ကြောင့် ထားခဲ့မယ်ဆိုရင် လည်း ဒါ မတရားဘူး … မမျှတဘူးလို့ စိတ်ထဲကနေ မတွေးနိုင်အောင် အရင်ကြိုးစားပါ။ သတ္တိအပြည့် ရှိတယ် ဆိုရင် ရင်ဆိုင်ဖြေရှင်းပါလို့ ပြောလိုက်ပါရ စေ။ နောက် မှားခဲ့ဖူးတဲ့ သူဌေးနဲ့လည်း ကင်းကင်း နေဖို့ ဆုံးဖြတ်ပါ။ ဟိုလည်း မလွှတ်ချင် .. ဒါလည်း ဖမ်းဆုပ်ထားချင်တဲ့ စိတ်ကိုတော့ မမွေးပါနဲ့လို့ တိုက်တွန်းလိုက်ပါရစေ။

မေတ္တာဖြင့် …
Credit: Shwemom

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...