======

အုိးဘို အက်ဥ္းေထာင္ စာစစ္ဌာနတြင္ တကၠသိုလ္၀င္စာေမးပဲြ ေျဖဆိုခဲ့ သူမ်ားအနက္ မူးယစ္မႈျဖင့္ ျပစ္ဒဏ္က်ခံေနသည့္ အသက္(၁၉)ႏွစ္အရြယ္ အက်ဥ္းသူတစ္ဦး သုံးဘာသာဂုဏ္ထူးျဖင့္ ေအာင္ျမင္

မႏၲေလးၿမိဳ႕ရွိ အုိးဘို အက်ဥ္းေထာင္ စာစစ္ဌာနတြင္ တကၠသိုလ္၀င္စာေမးပဲြ ေျဖဆိုခဲ့ သူမ်ားအနက္ မူးယစ္မႈျဖင့္ ျပစ္ဒဏ္က်ခံေနသည့္ အသက္(၁၉)ႏွစ္အရြယ္ အက်ဥ္းသူတစ္ဦး သုံးဘာသာဂုဏ္ထူးျဖင့္ ေအာင္ျမင္ခဲ့သည္။

အက်ဥ္းေထာင္စာစစ္ဌာန မွ တကၠသိုလ္၀င္စာေမးပဲြတြင္ ဂုဏ္ထူးသုံးဘာသာျဖင့္ ေအာင္ ျမင္ျခင္းသည္ ပထမဆုံးအႀကိမ္ ျဖစ္ေၾကာင္း အက်ဥ္းဦးစီးဌာန (ေနျပည္ေတာ္)မွ ဒုတိယၫႊန္ ၾကားေရးမွဴး ဦးမင္းထြန္းစိုးက ေျပာသည္။

သုံးဘာသာဂုဏ္ထူးရွင္ အက်ဥ္းသူသည္ စစ္ကိုင္းတုိင္းေဒသႀကီး ေရႊဂူၿမိဳ႕နယ္ ခုိလိပ္ေက်းရြာတြင္ ေနထုိင္ၿပီး ၂၀၁၅ ေအာက္တုိဘာ ၈ ရက္က ၎၏ေစ်းဆုိင္အတြင္း ရာမေဆးျပား ၁၅ ျပားေတြ႕ရွိမႈျဖင့္ ၂၀၁၆ ေမလ၌ ေထာင္ဒဏ္ ၁၀ ႏွစ္က်ခဲ့သည္။

‘‘မႏၲေလးအုိးဘုိမွာ ေျဖတဲ့ သူေတြထဲကေတာ့ ဂုဏ္ထူးထြက္ တာမ်ားတယ္။ ဘားအံနဲ႔ သာ ယာ၀တီကေတာ့ အျပင္မွာ ေျဖ ခြင့္တင္ၿပီးမွ ျပစ္ဒဏ္က်လုိ႔ စာ စစ္ဌာန ထားေပးလုိက္တယ္’’ဟု ဦးမင္းထြန္းစိုးကေျပာသည္။

အုိးဘိုအက်ဥ္းေထာင္ စာ စစ္ဌာနတြင္ အက်ဥ္းသား၊ အ က်ဥ္းသူ ၁၁ ဦး ၀င္ေရာက္ေျဖဆုိ ခဲ့ရာ ခုနစ္ဦးေအာင္ျမင္ခဲ့ၿပီး သုံး ဘာသာဂုဏ္ထူးရွင္တစ္ဦး၊ တစ္ ဘာသာဂုဏ္ထူးရွင္ ေလးဦးရွိခဲ့ သည္။

ရန္ကုန္ၿမိဳ႕ရွိ အင္းစိန္ အက်ဥ္းေထာင္တြင္ ၂၈ ဦး ေျဖဆုိရာ ကိုးဦးေအာင္ျမင္ခဲ့ၿပီး တစ္ဘာသာဂုဏ္ထူးရွင္တစ္ဦး ထြက္ေပၚကာ က်န္အက်ဥ္းေထာင္စာစစ္၌ ေအာင္ျမင္မႈမရွိေၾကာင္း အ က်ဥ္းဦးစီးဌာန(ေနျပည္ေတာ္)မွ သိရသည္။

Credit - 7daydaily
============

မန္တလေးမြို့ရှိ အိုးဘို အကျဉ်းထောင် စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့ သူများအနက် မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေသည့် အသက်(၁၉)နှစ်အရွယ် အကျဉ်းသူတစ်ဦး သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

အကျဉ်းထောင်စာစစ်ဌာန မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးသုံးဘာသာဖြင့် အောင် မြင်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန (နေပြည်တော်)မှ ဒုတိယညွှန် ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။

သုံးဘာသာဂုဏ်ထူးရှင် အကျဉ်းသူသည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဂူမြို့နယ် ခိုလိပ်ကျေးရွာတွင် နေထိုင်ပြီး ၂၀၁၅ အောက်တိုဘာ ၈ ရက်က ၎င်း၏စျေးဆိုင်အတွင်း ရာမဆေးပြား ၁၅ ပြားတွေ့ရှိမှုဖြင့် ၂၀၁၆ မေလ၌ ထောင်ဒဏ် ၁၀ နှစ်ကျခဲ့သည်။

‘‘မန္တလေးအိုးဘိုမှာ ဖြေတဲ့ သူတွေထဲကတော့ ဂုဏ်ထူးထွက် တာများတယ်။ ဘားအံနဲ့ သာ ယာဝတီကတော့ အပြင်မှာ ဖြေ ခွင့်တင်ပြီးမှ ပြစ်ဒဏ်ကျလို့ စာ စစ်ဌာန ထားပေးလိုက်တယ်’’ဟု ဦးမင်းထွန်းစိုးကပြောသည်။

အိုးဘိုအကျဉ်းထောင် စာ စစ်ဌာနတွင် အကျဉ်းသား၊ အ ကျဉ်းသူ ၁၁ ဦး ဝင်ရောက်ဖြေဆို ခဲ့ရာ ခုနစ်ဦးအောင်မြင်ခဲ့ပြီး သုံး ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ တစ် ဘာသာဂုဏ်ထူးရှင် လေးဦးရှိခဲ့ သည်။

ရန်ကုန်မြို့ရှိ အင်းစိန် အကျဉ်းထောင်တွင် ၂၈ ဦး ဖြေဆိုရာ ကိုးဦးအောင်မြင်ခဲ့ပြီး တစ်ဘာသာဂုဏ်ထူးရှင်တစ်ဦး ထွက်ပေါ်ကာ ကျန်အကျဉ်းထောင်စာစစ်၌ အောင်မြင်မှုမရှိကြောင်း အ ကျဉ်းဦးစီးဌာန(နေပြည်တော်)မှ သိရသည်။

Credit - 7daydaily

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...