======

သရဲကားရိုက်ရင်း သရဲအခြောက်ခံခဲ့ရတဲ့ နန်းဆုရတီစိုး


တစ္ဆေပျောက်ကြော်ငြာ' ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရာတွင် အမှန်တကယ် သရဲအခြောက်ခံခဲ့ရသည် နှင့် ပတ်သက်ပြီးတော့ ပြောပြလာတဲ့ သရုပ်ဆောင် နန်းဆုရတီစိုးနှင့် ခဏတာတွေ့ဆုံခိုက်.....။

မေး- ပထမဦးဆုံးရုပ်သံဇာတ်လမ်းတွဲရိုက်ကူးရတဲ့အပေါ်မှာ အခက်အခဲတွေရှိခဲ့ ရင်လည်း ပြောပြပေးပါဦး။
ဖြေ- အခက်အခဲတော့မရှိဘူး။ အဲဒီ သရဲဇာတ်ကားထဲမှာ နန်းဆုပါဝင်ရတဲ့ ကာရိုက်တာကို တစ်ခါမှမလုပ်ဖူးဘူး။ သရဲဇာတ်ကားဖြစ်တဲ့အတွက် ညဘက်တွေရိုက်ရတာပေါ့နော်။ အဲဒီတော့ မိုးလင်းတဲ့အထိ ရိုက်ရတာ တွေရှိတယ်။ ပင်ပန်းတာကလွဲလို့ တခြားအခက်အခဲတွေမရှိပါဘူး။ ကြောက်စရာကောင်းတဲ့နေရာတွေကို လျှောက်သွားရတာပေါ့နော်။

မေး- သရဲတကယ်ခြောက်ခံခဲ့ရတယ်ဆိုတော့ ဘယ်လိုမျိုးကြုံတွေ့ ခဲ့ရတာလဲ။
ဖြေ- သရဲခြောက်ခံရတာက ရိုက်ကူးရေးပိုင်းက လူမနေတဲ့ အိမ်တွေမှာသွားရိုက်ရတာဆိုတော့ ရိုက်ကူးရေးလုပ်နေရင်းတန်း လန်းနဲ့ နန်းဆုတို့ပစ္စည်းတွေ နေရာရွေ့သွားတာကို မြင်ရတယ်။ နောက်ပြီးတော့ မပြုတ်ကျနိုင်လောက်မှာထားတဲ့ပစ္စည်းတွေ က ပြုတ်ကျတာမျိုးတွေကြုံခဲ့ရ တယ်။ သရဲကားရိုက်ရင်းနဲ့ကိုယ် တိုင်ပါခြောက်ခံရတာပေါ့နော်။ ဒါတောင်မှ နန်းဆုက သရဲ ကြောက်တတ်တဲ့အထဲမှာမပါဘူး။ ကိုယ်တိုင်ကြုံတော့မှ သရဲရှိ တယ်ဆိုတဲ့စိတ်ဝင်သွားပြီး ကြောက်မိတာမျိုးတွေရှိတယ်။

မေး-ဇာတ်ကားရိုက်ကူးမှုတွေကြဲတဲ့ သရုပ်ဆောင်တစ်ယောက်ဆိုတော့ ဒီလိုသရဲဇာတ်လမ်းမျိုးကို လက်ခံရိုက်ကူးဖြစ်တာက ဘာကြောင့်လဲ။
ဖြေ- နန်းဆုက ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့ဘူး။ တခြား စီးပွားရေးလုပ်နေတာလည်းပါတယ်။ ဂီတဘက်ကို ပိုပြီးတော့ ဦးစားပေးလုပ်နေတာလည်းပါတယ်။ အဲဒါနဲ့ သိပ်မရိုက်ဖြစ်တာ လည်းကြာပြီ။ ကမ်းလှမ်းတာတော့ရှိတယ်။ ဒီဇာတ်လမ်းတွဲက သရဲဇာတ်လမ်းဖြစ်တယ်။ နန်းဆုတစ်ခါမှ သရုပ်မဆောင်ဖူးတာကြောင့် ရိုက်ဖြစ်သွားတာပါ။

မေး- ကိုယ်တိုင်ကရော ဘယ်လိုဇာတ်ရုပ်မျိုးတွေကို လက်ခံရိုက်ကူးချင်လဲ။
ဖြေ- အဓိကကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်း ကောင်းလေးနဲ့ ကာရိုက်တာကောင်းကောင်းလေး ဆိုရင် နန်းဆု အရမ်းရိုက်ချင်ပါတယ်။နန်းဆု မရိုက်တဲ့အချိန်မှာ လာကမ်းလှမ်းကြတာတွေ က အချစ်ဟာသဇာတ်လမ်းတွေဆိုတော့ စိတ်မဝင်စားလို့ မရိုက်ဖြစ်ဘူး။

မေး- အွန်လိုင်းမှာ သီချင်းအသစ်တစ်ပုဒ် ဖြန့်ဖို့အတွက်လည်း ပြင်ဆင်နေတယ်နော်။
ဖြေ- အဲဒီသီချင်းကတော့ အလွမ်းအဆွေး သီချင်းလေးပါ။ နန်းဆုရဲ့ စိတ်ခံစားချက်နဲ့တိုက် ဆိုင်တဲ့ သီချင်းလေးပါ။ အဲဒီသီချင်းလေးကို ဒီတစ်လနှစ်လအတွင်းမှာ တင်ပေးနိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။

NN
#democracytoday

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...