======

လူကြီးလူကောင်း သားသမီး ဆိုရင် လူကြီးလူကောင်း လိုနေပါ


အပူရှိန်မြင့်မား လာနေတဲ့ မုံရွာမြို့ရဲ့ ညအချိန် များမှာ လူငယ်အချို့ရဲ့ အပန်းဖြေ အနားယူမှု ပုံစံစနစ်က တခေတ်ဆန်း သစ် လာနေပြီးဟု ဆိုရပါတော့မယ် ..။
ညစဉ် ညတိုင်း လှည့်ကင်းဆောင်ရွက်တဲ့အခါ အနိစ္စတာ အမြဲမရှိရင် မရှိမယ် ..။ လူငယ် အချို့ရဲ့ လမ်းဘေး အုပ်စုဖွဲ့ အရ က်ဝိုင်းများကတော့ အမြဲလိုလိုရှိနေတာကို တွေ့ရှိရပါတယ် ..။
အဲ့ဒီ အရက်ဝိုင်း တွေဟာ လမ်းဘေးအုပ်စုဖွဲ့ အရက်သောက်နေကြတာချင်း တူညီကြပေမဲ့ တစ်ဝိုင်းနဲ့ တစ်ဝိုင်းဟာ လှည့် ကင်းအဖွဲ့ တွေ့ရှိရတဲ့အချိန်မှာ ရေချိန်ပေါ်မူတည်ပြီး မတူညီကြပါဘူး ..။ အချို့လည်း အပန်းဖြေ အနားယူမှုကို ဦးစားေ ပးပြီး ယဉ်ယဉ်ကျေးကျေး သောက်ကြတယ် ..။ သောက်စားပြီးလို့ သူတို့ပြန်ကြရင်တောင် သူတို့အသုံးပြုခဲ့တဲ့ သူ့တို့အမှို က်ကို သူတို့ဘာသာ ပြန်သိမ်းပြီးမှ ပြန်ကြတယ် ..။
crime
အချို့ကြတော့ အလားတူစရိုက်မျိုးမရှိပါ ..။ အရက် အရှိန်လေး တက်လာသည်နဲ့အမျှ အနီးပတ်ဝန်းကျင်းကို ဆူပူရမ်း ကားတယ် ..။ လမ်းသွား လမ်းလာများကို ပြသနာရှာတယ် ..။ အချိန်တန်လို့ အိမ်ပြန်ကြတဲ့အခါ လမ်းဘေး အမှိုက် ပုံမှ အစ မြင်သမျှ တွေ့သမျှ အရာအားလုံးကို ရန်ရှာတတ်ကြတယ် ..။
အချိန်ရယ် .၊ အရက်အရှိန်ရယ် ..၊ အုပ်စု အင်းအားရယ် .. ပေါင်းစပ်လိုက်တဲ့အခါ လမ်းမကြီးများပေါ်မှာ ထင်တိုင်း ကျဲေ နကြတာကို တွေ့ရှိရပါတယ် ..။ အနီးဝန်းကျင်က မခံသာတဲ့အဆုံး လှည့်ကင်းအဖွဲ့ထံ ဖုန်းဆက်ပြီးတိုင်ကြားတော့ လှည့် ကင်းအဖွဲ့က ချက်ချင်းသွားရောက်ပြီး ၀န်ဆောင်မှုတွေပေးရတယ် ..။
ညအချိန် ၁၂ နာရီ ၁ နာရီမှာ လမ်းဘေးအုပ်စုဖွဲ့ အရက်သောက်စားနေတဲ့ လူငယ် အချို့ဟာ များသောအားဖြင့်တော့ တ နည်းမဟုတ် တနည်း ပြည်သူကို ဒုက္ခပေးတတ်ကြတယ် ..၊ ပြသနာရှာတတ်ကြတယ် ..၊ လှည့်ကင်း အဖွဲ့က အချိန်မီ သွားရောက် ထိန်းသိမ်းပြီး စခန်းကို ခေါ်လာတဲ့အခါ ဆွေမျိုးသားရင်း တွေ တအုပ်တမ စခန်းကိုလိုက်လာကြတယ် ..။ ကိုယ့်သားသမီး နောက်နောင်ကို အလားတူ ကိစ္စရပ်တွေ ထပ်မံမပြုလုပ်မိစေဖို့ အဲ့ဒီ ဆွေမျိုးသားရင်းတွေက တာဝန်ခံ တာ တာဝန်ယူတာမရှိသလောက် ရှားတယ် ..။
crime
အချို့ဆို ဘာပြောတယ် မှတ်လည်း .. ကျမ တို့ သားလေး က လူကြီးလူကောင်း ရဲ့ သားသမီး တွေပါ ..၊ ညက ဘယ်အချိန် အပြင်ထွက်သွားမှန် မသိလိုက်ဘူး .. ဖုန်းဆက်ပြောမှ ရဲစခန်းကိုရောက်နေတာသိရတယ် ..တဲ့ ။
ဒါဆိုရင် ပြောကြည့်လိုက်ချင်တယ် .. လူကြီးလူကောင်း သားသမီး ဆိုခဲ့ရင် လူကြီးလူကောင်း လိုနေပါ .. ညအချိန် လမ်းေ ဘးအုပ်စုဖွဲ့ အရက်မသောက်ပါနဲ့ .. အနီးဝန်းကျင်းကို ပြသနာမရှာပါနဲ့ ..နို့… မဟုတ်ရင်တော့ တိုင်သူရှိရင် ရဲကတော့ ဂျူ တီအင် ဂျူတီဖြစ်တယ်လို့ ပြောပါရစေ…
ရဲအုပ် ရဲအောင်
မုံရွာနယ်မြေရဲစခန်းမှူး

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...