======

ဇဟာသခ်ႋဳင္းေပၚမွ ရင္နင့္ ေၾကကြဲစရာ

ဇဟာသခ်ႋဳင္းေပၚမွ ေၾကကြဲစရာ

လူ႔ေလာကသို႔ေရာက္ရွိၿပီး ခုနစ္လမျပည့္ေသးေသာ ေျမးငယ္ေလး၏ ႐ုပ္အေလာင္းထည့္ထားေသာအေခါင္းကို အသက္ (၆၀) အရြယ္ အဘုိးျဖစ္သူက ေၾကကြဲဝမ္းနည္းစြာ ေငးၾကည့္ေနသည္။
ဇြန္လ ၇ ရက္က တပ္မေတာ္ေလယာဥ္ပ်က္က်မႈျဖစ္ရပ္ဆုိးတြင္ ဦးဘျမင့္၏ သမီး၊ ဒုတပ္ၾကပ္ရာထူးရွိေသာ သမက္ႏွင့္ ေျမးငယ္ေလးတုိ႔ပါသြားခဲ့သည္။

ပင္လယ္ျပင္တြင္ ျပန္လည္ရွာေဖြေတြ႕ရွိမႈမ်ားအနက္ ခုနစ္လအရြယ္ ေျမးငယ္ေလးကိုသာေတြ႕ရွိခဲ့ၿပီး ၎၏ သမီးႏွင့္ သမက္တုိ႔ကိုမူ ျပန္လည္ရွာေဖြေတြ႕ရွိရန္ ေမွ်ာ္လင့္ခ်က္နည္းပါးသြားၿပီဟု အားငယ္စိတ္ပ်က္ေနေသာေလ သံျဖင့္ ေျပာသည္။

တပ္မေတာ္ေလယာဥ္ ပ်က္ က်မႈျဖစ္ပြားအၿပီး ႏွစ္ရက္အၾကာ ဇြန္လ ၉ ရက္က ပင္လယ္ျပင္မွ ေတြ႕ရွိထားေသာ ႐ုပ္အေလာင္း မ်ားကို မီးသၿဂႋဳဟ္ရန္ ျပင္ဆင္ေနေသာ ထားဝယ္ၿမိဳ႕စြန္ ဇဟာ သခ်ႋဳင္းမွ ျမင္ကြင္းျဖစ္သည္။

ေလယာဥ္ပ်က္က်မႈေၾကာင့္ ဦးဘျမင့္ကဲ့သို႔ မိသားစုဝင္မ်ား ဆံုး႐ႈံးခဲ့ရသူ အခ်ိဳ႕သည္လည္း ထားဝယ္ၿမိဳ႕စြန္ ဇဟာသခ်ႋဳင္း တြင္ အသီးသီး ေရာက္ရွိေန သည္။

‘‘ဘာမွမေမးပါနဲ႔။ ကြၽန္ေတာ့္မွာ ေျဖႏုိင္ဖို႔အားမရွိေတာ့လို႔ပါ’’ဟု ဇနီးသည္အေလာင္းကို ျပန္ရွာေတြ႕ေသာ္လည္း (၇)ႏွစ္အရြယ္ သားငယ္ေလး ေပ်ာက္ဆံုး ေန၍ ပူေဆြးေသာကေရာက္ေန ေသာ အမ်ိဳးသားတစ္ဦးက ပူေဆြးစြာဆုိသည္။

ျဖစ္ရပ္ဆုိးႏွင့္ ႀကံဳေတြ႕ခဲ့ရ သူမ်ားအနက္ အသက္ (၂၅)ႏွစ္ ခန္႔ရွိေသာ ထားဝယ္ေရတပ္စခန္း မွ တပ္မေတာ္သားတစ္ဦး၏ အေမလည္း ပါဝင္ခဲ့သည္။

‘‘ထားဝယ္ကေန ဖုန္းဆက္ တယ္။ အေလာင္းေတြေတြ႕ၿပီ။ ဘယ္သူဘယ္ဝါဆုိတာ ခြဲျခားလုိ႔ ရေအာင္ဆုိၿပီး လာၾကည့္ပါဆုိလို႔ ထားဝယ္ကို ေရာက္လာေတာ့ အေမ့အေလာင္းကို ေတြ႕တာပဲ’’ ဟု အထက္ပါတပ္သားက အျဖစ္ဆိုးကို ဖြင့္ဟသည္။

‘‘မိုးအရမ္းရြာတယ္။ အေအးပတ္မယ္၊ မိုးမမိေစနဲ႔လို႔ အေမက ကြၽန္ေတာ့္ကိုမွာၿပီး ေလယာဥ္ေပၚ တက္သြားတာ ျမင္လိုက္ရတာ ေနာက္ဆံုးပဲ’’ဟု ၎က ေၾကကြဲဆုိ႔နင့္စြာျဖင့္ ဆုိေလ သည္။

မိခင္က သားအေပၚ စိတ္ပူပန္စြာ မွာၾကားၿပီး မေမွ်ာ္လင့္ဘဲ ျပန္မလာႏုိင္ေသာ ခရီးရွည္ႀကီး ကို ထြက္ခြာခဲ့ေလၿပီ။

ေလယာဥ္သည္ လမ္းတြင္ ေပ်ာက္ဆံုးခဲ့သည္ဟု ဇြန္လ ၇ ရက္က သတင္းထြက္ေပၚလာၿပီး ေနာက္ အက်ိဳးအေၾကာင္းသိရန္ ၎ကို အထက္လူႀကီးအခ်ိဳ႕က ခ်က္ခ်င္းအသိမေပးခဲ့ဟု တပ္ သားက ေျပာျပသည္။

ဇြန္လ ၈ ရက္ မြန္းလြဲ ၂ နာရီေက်ာ္တြင္ ဇဟာသခ်ႋဳင္းသို႔ ႐ုပ္အေလာင္းမ်ား တင္ေဆာင္လာသည့္ နိဗၺာန္ယာဥ္ ၁၀ စီး စတင္ဝင္ေရာက္လာခဲ့သည္။

နာေရးကို လိုက္လံပို႔ေဆာင္ သူမ်ား တဖြဲဖြဲေရာက္ရွိလာၿပီျဖစ္ သည္။

တပ္မေတာ္မွ အရာရွိအခ်ိဳ႕ကလည္း က်န္ရစ္သူမိသားစုဝင္မ်ားကို ႏွစ္သိမ့္ရန္ မီးသၿဂႋဳဟ္ခန္းတြင္ ေရာက္ရွိလာခဲ့သည္။

အလံုပိတ္ထားေသာ အ ေခါင္းမ်ားကို ကားေပၚမွတစ္ဆင့္ လုပ္အားေပးလူငယ္မ်ားက ဈာပန က်င္းပရာ ခန္းမအတြင္းသို႔ ေရႊ႕ေျပာင္းေပးခဲ့သည္။

‘‘အခုသၿဂႋဳဟ္မယ့္ အေလာင္းေတြက တပ္မေတာ္မိသားစုဝင္ေတြပဲ ပါေသးတယ္။ တပ္မေတာ္သားအေလာင္းေတြ မပါဘူး’’ဟု ထားဝယ္ၿမိဳ႕နယ္ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာ သည္။

ထားဝယ္ၿမိဳ႕ ဇဟာသုသာန္ တြင္ ဇြန္လ ၈ ရက္က ပင္လယ္ ျပင္မွ ရွာေဖြေတြ႕ရွိထားသည့္ ႐ုပ္အေလာင္း ၃၁ ေလာင္းမွ ၁၄ ေလာင္းကို ႏွစ္ႀကိမ္ခြဲ၍ မီးသၿဂႋဳဟ္ခဲ့သည္။

ျမန္မာ့ဓေလ့အရ ကြယ္လြန္ သြားသူမ်ားအတြက္ သရဏဂံု တင္ရန္ သံဃာေတာ္မ်ားထံ တရားနာေနစဥ္ သခ်ႋဳင္းျပင္ပတြင္ မုတ္သံုမိုးမွာ သဲသဲမဲမဲ စတင္ရြာသြန္းေနေလသည္။

ျဖစ္ရပ္ဆုိးမ်ားႏွင့္ ႀကံဳေတြ႕ ခဲ့ရေသာ သစ္သားအေခါင္းမ်ား ေရွ႕တြင္ မီးသၿဂႋဳဟ္ခါနီး၌ တရားနာေနေသာ မိသားစုဝင္မ်ားသည္ စိတ္ႏွလံုးညႇိဳးငယ္စြာျဖင့္ တရား နာေနၾကသည္။

ထားဝယ္ၿမိဳ႕ေပၚသို႔ အၿငိဳး ျဖင့္ ရြာေနေသာ မိုးသည္ ပို၍ပင္ အားေကာင္းလာခဲ့ၿပီး အသုဘ ျမင္ကြင္းမွာ ပိုမိုဝမ္းနည္းေၾကကြဲ စရာေကာင္းခဲ့သည္။

ယေန႔ မီးသၿဂႋဳဟ္ရာတြင္ အမ်ိဳးသမီးအမ်ားစုပါဝင္ၿပီး အ သက္(၂၀)ေက်ာ္ အမ်ိဳးသားတစ္ ဦးႏွင့္ ကေလးငယ္ႏွစ္ဦးပါဝင္ကာ လူဦးေရ ၁၀၀ ေက်ာ္ ပါဝင္သြား သည့္ ေလယာဥ္ပ်က္က်မႈမွ ပထမဆံုးသၿဂႋဳဟ္သည့္ ႐ုပ္အေလာင္းမ်ားျဖစ္သည္။

က်န္ရစ္သူ မိသားစုဝင္မ်ား က ကြယ္လြန္သူမ်ားကို ေနာက္ ဆံုးအႀကိမ္ အသုဘ႐ႈလိုေသာ္ လည္း သစ္သားအေခါင္းမ်ားမွာ သံျဖင့္ ႐ိုက္ႏွက္ထားသျဖင့္ ႐ုပ္ အေလာင္းမ်ားကို ၾကည့္႐ႈခြင့္မရ ေတာ့ေပ။

Y-8 ေလယာဥ္ ျဖစ္ရပ္ဆုိး ႀကံဳခဲ့သူအခ်ိဳ႕၏ ႐ုပ္အေလာင္း သည္ က်န္ရစ္သူမိသားစုဝင္မ်ား သာမက ေတြ႕ျမင္ရသူမ်ားအ တြက္ စိတ္ႏွလံုးမခ်မ္းေျမ႕ဖြယ္ ျဖစ္ေစသျဖင့္ ၎တုိ႔၏ ဓာတ္ပံု မ်ား လူမႈကြန္ရက္ႏွင့္ သတင္း ဓာတ္ပံုအျဖစ္ပင္ အသံုးမျပဳရန္ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) မိသားစုဝင္မ်ားက ေမတၱာရပ္ခံ ထားသည္။

‘‘သမီးေလးရဲ႕ ေနာက္ဆံုး မ်က္ႏွာေလးကိုေတာင္ ၾကည့္ခြင့္ မရေတာ့ဘူးလား’’ဟု မီးသၿဂႋဳဟ္ ရန္ ျပင္ဆင္ေနေသာ လူငယ္အခ်ိဳ႕ကိုၾကည့္ရင္း အမ်ိဳးသမီးႀကီးတစ္ဦးက ပူေဆြးစြာ ညည္း ညဴေနေလသည္။

အခ်ိဳ႕အမ်ိဳးသမီးမ်ားသည္ မီးသၿဂႋဳဟ္ရန္ ျပင္ဆင္ေနေသာ အေလာင္းမ်ားကိုၾကည့္ၿပီး ႐ိႈက္ႀကီးတငင္ ငိုေႂကြးေနျခင္းေၾကာင့္ ေဘးမွ ႏွစ္သိမ့္ေပးေနၾကသည္။

အမ်ိဳးသမီးတစ္ဦးမွာမူ ငိုေႂကြးေနရင္းႏွင့္ စိတ္ႏွလံုးထိခိုက္ ကာ မူးေမ့သြားေသာေၾကာင့္ အ ေရးေပၚကုသေရးပင္ ျပဳလုပ္ခဲ့ရ သည္။

က်န္ရစ္သူ မိသားစုဝင္မ်ား ထဲမွ အမ်ိဳးသားမ်ားပင္ မ်က္ရည္ မ်ားစို႔ၿပီး ေျဖမဆည္ႏုိင္ျဖစ္ခဲ့ရ သည္။

ဇဟာသခ်ႋဳင္းသည္ ပံုမွန္ အားျဖင့္ တစ္ရက္လွ်င္ ႐ုပ္အ ေလာင္း ကိုးေလာင္းသာ သၿဂႋဳဟ္ ႏုိင္ေသာ္လည္း Y-8 ျဖစ္ရပ္ဆုိး ေၾကာင့္ တစ္ရက္တည္းတြင္ ၁၄ ေလာင္းကို အသုတ္လိုက္ခြဲ၍ အ ေလာင္းအားလံုးကို အခ်ိန္ငါးနာရီေက်ာ္အၾကာ မီးသၿဂႋဳဟ္ခဲ့ရ သည္။

ေလယာဥ္ေပၚမွ လူ ၁၀၀ ေက်ာ္ကို ပင္လယ္ေရေအာက္အ ထိဆြဲကာ ႏုတ္ယူသြားခဲ့မႈေၾကာင့္ ပထမဆံုး ရွာေဖြေတြ႕ရွိခဲ့သည့္ ႐ုပ္အေလာင္း ၃၁ ေလာင္းမွ ၁၄ ေလာင္း၏ မီးသၿဂႋဳဟ္မႈမွာ ၿပီးစီး သြားခဲ့ၿပီျဖစ္သည္။

ထားဝယ္ၿမိဳ႕ေပၚသို႔ အၿငိဳး ႀကီးႀကီးႏွင့္ ရြာေနေသာ မိုးသည္ လည္း အနည္းငယ္စဲသြားၿပီျဖစ္ ကာ ဇဟာသခ်ႋဳင္း မီးခိုးေခါင္းတုိင္ မွလည္း မီးခိုးမ်ား အလိပ္လိုက္ ေကာင္းကင္ေပၚသို႔ တက္သြားၿပီ ျဖစ္သည္။

7Day News Journal
 ဇဟာသချႋုင်းပေါ်မှ ကြေကွဲစရာ

လူ့လောကသို့ရောက်ရှိပြီး ခုနစ်လမပြည့်သေးသော မြေးငယ်လေး၏ ရုပ်အလောင်းထည့်ထားသောအခေါင်းကို အသက် (၆၀) အရွယ် အဘိုးဖြစ်သူက ကြေကွဲဝမ်းနည်းစွာ ငေးကြည့်နေသည်။
ဇွန်လ ၇ ရက်က တပ်မတော်လေယာဉ်ပျက်ကျမှုဖြစ်ရပ်ဆိုးတွင် ဦးဘမြင့်၏ သမီး၊ ဒုတပ်ကြပ်ရာထူးရှိသော သမက်နှင့် မြေးငယ်လေးတို့ပါသွားခဲ့သည်။

ပင်လယ်ပြင်တွင် ပြန်လည်ရှာဖွေတွေ့ရှိမှုများအနက် ခုနစ်လအရွယ် မြေးငယ်လေးကိုသာတွေ့ရှိခဲ့ပြီး ၎င်း၏ သမီးနှင့် သမက်တို့ကိုမူ ပြန်လည်ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်နည်းပါးသွားပြီဟု အားငယ်စိတ်ပျက်နေသောလေ သံဖြင့် ပြောသည်။

တပ်မတော်လေယာဉ် ပျက် ကျမှုဖြစ်ပွားအပြီး နှစ်ရက်အကြာ ဇွန်လ ၉ ရက်က ပင်လယ်ပြင်မှ တွေ့ရှိထားသော ရုပ်အလောင်း များကို မီးသင်္ဂြိုဟ်ရန် ပြင်ဆင်နေသော ထားဝယ်မြို့စွန် ဇဟာ သချႋုင်းမှ မြင်ကွင်းဖြစ်သည်။

လေယာဉ်ပျက်ကျမှုကြောင့် ဦးဘမြင့်ကဲ့သို့ မိသားစုဝင်များ ဆုံးရှုံးခဲ့ရသူ အချို့သည်လည်း ထားဝယ်မြို့စွန် ဇဟာသချႋုင်း တွင် အသီးသီး ရောက်ရှိနေ သည်။

‘‘ဘာမှမမေးပါနဲ့။ ကျွန်တော့်မှာ ဖြေနိုင်ဖို့အားမရှိတော့လို့ပါ’’ဟု ဇနီးသည်အလောင်းကို ပြန်ရှာတွေ့သော်လည်း (၇)နှစ်အရွယ် သားငယ်လေး ပျောက်ဆုံး နေ၍ ပူဆွေးသောကရောက်နေ သော အမျိုးသားတစ်ဦးက ပူဆွေးစွာဆိုသည်။

ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ခဲ့ရ သူများအနက် အသက် (၂၅)နှစ် ခန့်ရှိသော ထားဝယ်ရေတပ်စခန်း မှ တပ်မတော်သားတစ်ဦး၏ အမေလည်း ပါဝင်ခဲ့သည်။

‘‘ထားဝယ်ကနေ ဖုန်းဆက် တယ်။ အလောင်းတွေတွေ့ပြီ။ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားလို့ ရအောင်ဆိုပြီး လာကြည့်ပါဆိုလို့ ထားဝယ်ကို ရောက်လာတော့ အမေ့အလောင်းကို တွေ့တာပဲ’’ ဟု အထက်ပါတပ်သားက အဖြစ်ဆိုးကို ဖွင့်ဟသည်။

‘‘မိုးအရမ်းရွာတယ်။ အအေးပတ်မယ်၊ မိုးမမိစေနဲ့လို့ အမေက ကျွန်တော့်ကိုမှာပြီး လေယာဉ်ပေါ် တက်သွားတာ မြင်လိုက်ရတာ နောက်ဆုံးပဲ’’ဟု ၎င်းက ကြေကွဲဆို့နင့်စွာဖြင့် ဆိုလေ သည်။

မိခင်က သားအပေါ် စိတ်ပူပန်စွာ မှာကြားပြီး မမျှော်လင့်ဘဲ ပြန်မလာနိုင်သော ခရီးရှည်ကြီး ကို ထွက်ခွာခဲ့လေပြီ။

လေယာဉ်သည် လမ်းတွင် ပျောက်ဆုံးခဲ့သည်ဟု ဇွန်လ ၇ ရက်က သတင်းထွက်ပေါ်လာပြီး နောက် အကျိုးအကြောင်းသိရန် ၎င်းကို အထက်လူကြီးအချို့က ချက်ချင်းအသိမပေးခဲ့ဟု တပ် သားက ပြောပြသည်။

ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီကျော်တွင် ဇဟာသချႋုင်းသို့ ရုပ်အလောင်းများ တင်ဆောင်လာသည့် နိဗ္ဗာန်ယာဉ် ၁၀ စီး စတင်ဝင်ရောက်လာခဲ့သည်။

နာရေးကို လိုက်လံပို့ဆောင် သူများ တဖွဲဖွဲရောက်ရှိလာပြီဖြစ် သည်။

တပ်မတော်မှ အရာရှိအချို့ကလည်း ကျန်ရစ်သူမိသားစုဝင်များကို နှစ်သိမ့်ရန် မီးသင်္ဂြိုဟ်ခန်းတွင် ရောက်ရှိလာခဲ့သည်။

အလုံပိတ်ထားသော အ ခေါင်းများကို ကားပေါ်မှတစ်ဆင့် လုပ်အားပေးလူငယ်များက ဈာပန ကျင်းပရာ ခန်းမအတွင်းသို့ ရွှေ့ပြောင်းပေးခဲ့သည်။

‘‘အခုသင်္ဂြိုဟ်မယ့် အလောင်းတွေက တပ်မတော်မိသားစုဝင်တွေပဲ ပါသေးတယ်။ တပ်မတော်သားအလောင်းတွေ မပါဘူး’’ဟု ထားဝယ်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။

ထားဝယ်မြို့ ဇဟာသုသာန် တွင် ဇွန်လ ၈ ရက်က ပင်လယ် ပြင်မှ ရှာဖွေတွေ့ရှိထားသည့် ရုပ်အလောင်း ၃၁ လောင်းမှ ၁၄ လောင်းကို နှစ်ကြိမ်ခွဲ၍ မီးသင်္ဂြိုဟ်ခဲ့သည်။

မြန်မာ့ဓလေ့အရ ကွယ်လွန် သွားသူများအတွက် သရဏဂုံ တင်ရန် သံဃာတော်များထံ တရားနာနေစဉ် သချႋုင်းပြင်ပတွင် မုတ်သုံမိုးမှာ သဲသဲမဲမဲ စတင်ရွာသွန်းနေလေသည်။

ဖြစ်ရပ်ဆိုးများနှင့် ကြုံတွေ့ ခဲ့ရသော သစ်သားအခေါင်းများ ရှေ့တွင် မီးသင်္ဂြိုဟ်ခါနီး၌ တရားနာနေသော မိသားစုဝင်များသည် စိတ်နှလုံးညှိုးငယ်စွာဖြင့် တရား နာနေကြသည်။

ထားဝယ်မြို့ပေါ်သို့ အငြိုး ဖြင့် ရွာနေသော မိုးသည် ပို၍ပင် အားကောင်းလာခဲ့ပြီး အသုဘ မြင်ကွင်းမှာ ပိုမိုဝမ်းနည်းကြေကွဲ စရာကောင်းခဲ့သည်။

ယနေ့ မီးသင်္ဂြိုဟ်ရာတွင် အမျိုးသမီးအများစုပါဝင်ပြီး အ သက်(၂၀)ကျော် အမျိုးသားတစ် ဦးနှင့် ကလေးငယ်နှစ်ဦးပါဝင်ကာ လူဦးရေ ၁၀၀ ကျော် ပါဝင်သွား သည့် လေယာဉ်ပျက်ကျမှုမှ ပထမဆုံးသင်္ဂြိုဟ်သည့် ရုပ်အလောင်းများဖြစ်သည်။

ကျန်ရစ်သူ မိသားစုဝင်များ က ကွယ်လွန်သူများကို နောက် ဆုံးအကြိမ် အသုဘရှုလိုသော် လည်း သစ်သားအခေါင်းများမှာ သံဖြင့် ရိုက်နှက်ထားသဖြင့် ရုပ် အလောင်းများကို ကြည့်ရှုခွင့်မရ တော့ပေ။

Y-8 လေယာဉ် ဖြစ်ရပ်ဆိုး ကြုံခဲ့သူအချို့၏ ရုပ်အလောင်း သည် ကျန်ရစ်သူမိသားစုဝင်များ သာမက တွေ့မြင်ရသူများအ တွက် စိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်စေသဖြင့် ၎င်းတို့၏ ဓာတ်ပုံ များ လူမှုကွန်ရက်နှင့် သတင်း ဓာတ်ပုံအဖြစ်ပင် အသုံးမပြုရန် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များက မေတ္တာရပ်ခံ ထားသည်။

‘‘သမီးလေးရဲ့ နောက်ဆုံး မျက်နှာလေးကိုတောင် ကြည့်ခွင့် မရတော့ဘူးလား’’ဟု မီးသင်္ဂြိုဟ် ရန် ပြင်ဆင်နေသော လူငယ်အချို့ကိုကြည့်ရင်း အမျိုးသမီးကြီးတစ်ဦးက ပူဆွေးစွာ ညည်း ညူနေလေသည်။

အချို့အမျိုးသမီးများသည် မီးသင်္ဂြိုဟ်ရန် ပြင်ဆင်နေသော အလောင်းများကိုကြည့်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေခြင်းကြောင့် ဘေးမှ နှစ်သိမ့်ပေးနေကြသည်။

အမျိုးသမီးတစ်ဦးမှာမူ ငိုကြွေးနေရင်းနှင့် စိတ်နှလုံးထိခိုက် ကာ မူးမေ့သွားသောကြောင့် အ ရေးပေါ်ကုသရေးပင် ပြုလုပ်ခဲ့ရ သည်။

ကျန်ရစ်သူ မိသားစုဝင်များ ထဲမှ အမျိုးသားများပင် မျက်ရည် များစို့ပြီး ဖြေမဆည်နိုင်ဖြစ်ခဲ့ရ သည်။

ဇဟာသချႋုင်းသည် ပုံမှန် အားဖြင့် တစ်ရက်လျှင် ရုပ်အ လောင်း ကိုးလောင်းသာ သင်္ဂြိုဟ် နိုင်သော်လည်း Y-8 ဖြစ်ရပ်ဆိုး ကြောင့် တစ်ရက်တည်းတွင် ၁၄ လောင်းကို အသုတ်လိုက်ခွဲ၍ အ လောင်းအားလုံးကို အချိန်ငါးနာရီကျော်အကြာ မီးသင်္ဂြိုဟ်ခဲ့ရ သည်။

လေယာဉ်ပေါ်မှ လူ ၁၀၀ ကျော်ကို ပင်လယ်ရေအောက်အ ထိဆွဲကာ နုတ်ယူသွားခဲ့မှုကြောင့် ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်း ၃၁ လောင်းမှ ၁၄ လောင်း၏ မီးသင်္ဂြိုဟ်မှုမှာ ပြီးစီး သွားခဲ့ပြီဖြစ်သည်။

ထားဝယ်မြို့ပေါ်သို့ အငြိုး ကြီးကြီးနှင့် ရွာနေသော မိုးသည် လည်း အနည်းငယ်စဲသွားပြီဖြစ် ကာ ဇဟာသချႋုင်း မီးခိုးခေါင်းတိုင် မှလည်း မီးခိုးများ အလိပ်လိုက် ကောင်းကင်ပေါ်သို့ တက်သွားပြီ ဖြစ်သည်။

7Day News Journal

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...