======

အရက်မူးနေတဲ့ ဖခင်ဖြစ်သူက ၁၆ နှစ်အရွယ် ပဉ္စမတန်းကျောင်းသူ သမီးဖြစ်သူအား နင်းနှိပ်ခိုင်းရာမှ



အသက် ၁၆ နှစ်အရွယ် ပဉ္စမတန်းကျောင်းသူ သမီးဖြစ်သူဟာ အခုရက်ပိုင်းအတွင်း နေမကောင်းဖြစ်နေတာကြောင့် မိခင်ဖြစ်သူက မေးမြန်းရာ ဖခင်ဖြစ်သူက လွန်ခဲ့တဲ့ မေလက နေအိမ်ကို ပြန်ရောက်လာချိန်မှာ အရက်မူးပြီး သမီးဖြစ်သူကို နင်းနှိပ်ခိုင်းရာမှ သားမယားအဖြစ် ၃ ကြိမ်ကြိမ်တိတိ ပြုကျင့်ခဲ့ကြောင်း ဇွန် ၁၈ ရက်နေ့က မြိတ်မြို့မ ရဲစခန်းရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့တာလို့ စခန်းမှူး ဒုရဲမှူးမြင့်လွင်က ပြောကြားပါတယ်။

သမီးဖြစ်သူအား သားမယားဖြစ် ပြုကျင့်သူ ဦးသောင်းရွှေဟာ ကမ်းဝေးငါးဖမ်းလှေမှ ရေလုပ်သားတဦး ဖြစ်တယ်လို့ သိရပါတယ်။


သတင်း- ဇော်ဇော်(မြိတ်)
DVB
===========

မြိတ်မြို့မှာ အရက်မူးနေတဲ့ ဖခင်ဖြစ်သူက  သမီးဖြစ်သူအား နင်းနှိပ်ခိုင်းရာမှ သားမယားအဖြစ် ပြုကျင့်မှုတခု ဖြစ်ပွားခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းရုံးက ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ချောင်းကူးငယ်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာပါ။

အသက် ၁၆ နှစ်အရွယ် ပဥ္စမတန်းကျောင်းသူ သမီးဖြစ်သူဟာ အခုရက်ပိုင်းအတွင်း နေမကောင်းဖြစ်နေတာကြောင့် မိခင်ဖြစ်သူက မေးမြန်းရာ ဖခင်ဖြစ်သူက လွန်ခဲ့တဲ့ မေလက နေအိမ်ကို ပြန်ရောက်လာချိန်မှာ အရက်မူးပြီး သမီးဖြစ်သူကို နင်းနှိပ်ခိုင်းရာမှ သားမယားအဖြစ် ၃ ကြိမ်ကြိမ်တိတိ ပြုကျင့်ခဲ့ကြောင်း ဇွန် ၁၈ ရက်နေ့က မြိတ်မြို့မ ရဲစခန်းရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့တာလို့ စခန်းမှူး ဒုရဲမှူးမြင့်လွင်က ပြောကြားပါတယ်။

သမီးဖြစ်သူအား သားမယားဖြစ် ပြုကျင့်သူူ ဦးသောင်းရွှေဟာ ကမ်းဝေးငါးဖမ်းလှေမှ ရေလုပ်သားတဦး ဖြစ်တယ်လို့ သိရပါတယ်။

တရားလိုဖြစ်သူ ဒေါ်သောင်းရီက ခင်ပွန်းဖြစ်သူ ဦးသောင်းရွှေအား သမီးဖြစ်သူကို အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်ခဲ့မှု ဇွန် ၁၈ ရက်နေ့က မြိတ်မြို့မရဲစခန်းရုံးမှာ (ပ) ၁၂၅၆/ ၂၀၁၇၊ ရာဇာသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်လှစ်ခဲ့လို့ ရဲစခန်းက ဖမ်းဆီးအရေးယူထားကြောင်း သိရပါတယ်။

သတင်း- ဇော်ဇော်(မြိတ်)

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...