======

သင္သြားလုိရာ သြားႏုိင္ၿပီ


(၁)  ဒီေန႔ေတာ့ ခြင့္ရလုိ႔ျပန္လာၿပီ အေမေရ သင္တန္းတက္မယ့္သူ တာဝန္နဲ႔လာသူေဆးရုံေျပာင္းသူ ခြင့္နဲ႔ျပန္သူစသျဖင့္သားတုိ႔သူငယ္ခ်င္းတစ္စုအတြက္ ေဝဟင္ခရီးဟာေပ်ာ္စရာတစ္ခုေပါ႔ အေမ ။
ဆယ္တန္းမွာ အမွတ္နည္းခဲ့တယ္DSA အတြက္ ေပါင္ခ်ိန္မျပည့္ခဲ့ဘူး Top Gunထဲက တြမ္ခရုကုိရူးခဲ့မိတယ္  ဒီလုိနဲ႔ သားေလတပ္ထဲဝင္ေတာ့  အေမလည္း ေက်နပ္ခဲ့တယ္ေလ ။
တကယ္ေတာ့လည္း ဘဝရဲ႕ အေျပာင္းအလဲကုိ လုိခ်င္ခဲ့တာပါ လူငယ္ပီပီ ေတာၿမိဳ႕ေလးမွာပဲ တစ္သက္စာျမဳပ္မေနလုိဘူး အားလုံးကုိေမာ္ၾကည့္မေနလုိဘူးေလတပ္မွာေတာ့ ငုံ႔ၾကည့္ရလုိ႔ ေပ်ာ္တာေပါ့ အေမရယ္။

ဒီေန႔ေတာ့ ခြင့္ရလုိ႔ျပန္ခဲ့ၿပီ အေမေရေလယာဥ္ေမာင္းရတဲ့အခါပင္လယ္ေပၚရွပ္ပ်ံရတဲ့အရသာသစ္ေတာစိမ္းေတြေပၚ ဂၽြမ္းထုိးရတဲ့အရသာေတြအေမ့ကုိ ေျပာျပခ်င္စမ္းတယ္ေလထီးခုန္တဲ့အခါတုိက္တာအိမ္ေျခေတြက ေအာက္မွာျမစ္ေတြကြင္းျပင္ေတြက တျဖည္းျဖည္း ေျပးဝင္လာတဲ့အရသာကုိစြဲမက္ရင္ခုန္မိတယ္
အေမ့သား ပိန္ညႇက္ညႇက္ေလးမဟုတ္ေတာ့ဘူး အေမေလတပ္ဝတ္စုံႀကီးနဲ႔ သံတုိင္လုိ ေတာင့္တင္းတဲ့ကုိယ္ဟန္နဲ႔ေလဆိပ္မွာလာႀကိဳရင္အေမနဲ႔ ညီမေလးမွတ္မိပါ့မလား။

ေလတပ္ထဲ ဝင္ကာစကေတာ့စြန္႔စားခ်င္တာပါပဲမိဘအရိပ္ကခြဲၿပီး ကုိယ့္ေျခေပၚကုိယ္ရပ္ခ်င္တာပါပဲႀကီးပြားတုိးတက္ခ်င္တာပါပဲေလတပ္သား ျဖစ္လာေတာ့လည္းဒါေတြထက္ အေရးႀကီးတဲ့အေၾကာင္းအရာေတြကုိသိလာရတယ္မုိးကုတ္စက္ဝုိင္းတေလၽွာက္ ေမၽွာ္ၾကည့္လုိက္ရင္ဒါတုိ႔တုိင္းတုိ႔ျပည္ တုိ႔ပင္လယ္ တုိ႔ေဝဟင္ပဲ
ငါတုိ႔ဟာ ငါတုိ႔ပုိင္နက္ကုိကာကြယ္ေစာင့္ေရွာက္ရသူေတြပဲဆုိတဲ့ အေတြးမ်ဳိးဝင္လာတယ္သားဂုဏ္ယူပါတယ္စိတ္သေဘာထားႀကီးျမင့္တဲ့ဆရာေတြရုိးသားေဖာ္ေရြတဲ့စစ္သည္မိသားစုေတြရယ္ေလ့က်င့္ခန္းမ်ားစြာနဲ႔အတူေပါ့ကၽြမ္းက်င္ေလသူရဲဘဝကုိ သားေမၽွာ္မွန္းတယ္အေမ. . .အေမေရ . .ရာသီဥတုမေကာင္းဘူးထင္တယ္သားတုိ႔ေလယာဥ္စက္ခ်ဳိ႕ယြင္းသလား မသိဘူး
. . . . . . . . . . .။

(၂) ပ်က္မက်ခဲ့ေသာ ေမတၱာတရားမ်ား ပ်က္မက်ခဲ့ေသာ စာနာမႈမ်ား ပ်က္မက်ခဲ့ေသာ သံေယာဇဥ္မ်ားအတြက္ ေက်းဇူးပါ တပ္မေတာ္အမိန္႔ျပန္တမ္းမွာ "သင္သြားလုိရာ သြားႏုိင္ၿပီ". .တဲ့။

(၃) အခုေတာ့ ရာသီဥတုေကာင္းတယ္ခ်စ္တဲ့ ပင္လယ္ဟာၾကည္စိမ္းလုိ႔ခ်စ္တဲ့ ေကာင္းကင္ဟာျပာလြင္လုိ႔
သားတစ္ကုိယ္လုံးလည္းလြတ္လပ္ေပါ့ပါးလုိ႔ပါ အေမရယ္ . .။

စုေမာင္ေမာင္
၈ ၆ ၁၇

Unicode
(၁)  ဒီနေ့တော့ ခွင့်ရလို့ပြန်လာပြီ အမေရေ သင်တန်းတက်မယ့်သူ တာဝန်နဲ့လာသူဆေးရုံပြောင်းသူ ခွင့်နဲ့ပြန်သူစသဖြင့်သားတို့သူငယ်ချင်းတစ်စုအတွက် ဝေဟင်ခရီးဟာပျော်စရာတစ်ခုပေါ့ အမေ ။
ဆယ်တန်းမှာ အမှတ်နည်းခဲ့တယ်DSA အတွက် ပေါင်ချိန်မပြည့်ခဲ့ဘူး Top Gunထဲက တွမ်ခရုကိုရူးခဲ့မိတယ်  ဒီလိုနဲ့ သားလေတပ်ထဲဝင်တော့  အမေလည်း ကျေနပ်ခဲ့တယ်လေ ။

တကယ်တော့လည်း ဘဝရဲ့ အပြောင်းအလဲကို လိုချင်ခဲ့တာပါ လူငယ်ပီပီ တောမြို့လေးမှာပဲ တစ်သက်စာမြုပ်မနေလိုဘူး အားလုံးကိုမော်ကြည့်မနေလိုဘူးလေတပ်မှာတော့ ငုံ့ကြည့်ရလို့ ပျော်တာပေါ့ အမေရယ်။

ဒီနေ့တော့ ခွင့်ရလို့ပြန်ခဲ့ပြီ အမေရေလေယာဉ်မောင်းရတဲ့အခါပင်လယ်ပေါ်ရှပ်ပျံရတဲ့အရသာသစ်တောစိမ်းတွေပေါ် ဂျွမ်းထိုးရတဲ့အရသာတွေအမေ့ကို ပြောပြချင်စမ်းတယ်လေထီးခုန်တဲ့အခါတိုက်တာအိမ်ခြေတွေက အောက်မှာမြစ်တွေကွင်းပြင်တွေက တဖြည်းဖြည်း ပြေးဝင်လာတဲ့အရသာကိုစွဲမက်ရင်ခုန်မိတယ်
အမေ့သား ပိန်ညှက်ညှက်လေးမဟုတ်တော့ဘူး အမေလေတပ်ဝတ်စုံကြီးနဲ့ သံတိုင်လို တောင့်တင်းတဲ့ကိုယ်ဟန်နဲ့လေဆိပ်မှာလာကြိုရင်အမေနဲ့ ညီမလေးမှတ်မိပါ့မလား။

လေတပ်ထဲ ဝင်ကာစကတော့စွန့်စားချင်တာပါပဲမိဘအရိပ်ကခွဲပြီး ကိုယ့်ခြေပေါ်ကိုယ်ရပ်ချင်တာပါပဲကြီးပွားတိုးတက်ချင်တာပါပဲလေတပ်သား ဖြစ်လာတော့လည်းဒါတွေထက် အရေးကြီးတဲ့အကြောင်းအရာတွေကိုသိလာရတယ်မိုးကုတ်စက်ဝိုင်းတလျှောက် မျှော်ကြည့်လိုက်ရင်ဒါတို့တိုင်းတို့ပြည် တို့ပင်လယ် တို့ဝေဟင်ပဲ
ငါတို့ဟာ ငါတို့ပိုင်နက်ကိုကာကွယ်စောင့်ရှောက်ရသူတွေပဲဆိုတဲ့ အတွေးမျိုးဝင်လာတယ်သားဂုဏ်ယူပါတယ်စိတ်သဘောထားကြီးမြင့်တဲ့ဆရာတွေရိုးသားဖော်ရွေတဲ့စစ်သည်မိသားစုတွေရယ်လေ့ကျင့်ခန်းများစွာနဲ့အတူပေါ့ကျွမ်းကျင်လေသူရဲဘဝကို သားမျှော်မှန်းတယ်အမေ. . .အမေရေ . .ရာသီဥတုမကောင်းဘူးထင်တယ်သားတို့လေယာဉ်စက်ချို့ယွင်းသလား မသိဘူး
. . . . . . . . . . .။

(၂) ပျက်မကျခဲ့သော မေတ္တာတရားများ ပျက်မကျခဲ့သော စာနာမှုများ ပျက်မကျခဲ့သော သံယောဇဉ်များအတွက် ကျေးဇူးပါ တပ်မတော်အမိန့်ပြန်တမ်းမှာ "သင်သွားလိုရာ သွားနိုင်ပြီ". .တဲ့။

(၃) အခုတော့ ရာသီဥတုကောင်းတယ်ချစ်တဲ့ ပင်လယ်ဟာကြည်စိမ်းလို့ချစ်တဲ့ ကောင်းကင်ဟာပြာလွင်လို့
သားတစ်ကိုယ်လုံးလည်းလွတ်လပ်ပေါ့ပါးလို့ပါ အမေရယ် . .။

စုမောင်မောင်
၈ ၆ ၁၇

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...