======
လေယာဉ်ပျံကြီးဘယ်ချိန်ဆိုက်မှာလဲ
Y-8 5820 ကြီး ပြန်​မလာ​တော့ဘူး
ဖခင်​တစ်​ဦးရဲ့ ကြည်​နူးအပြုံး​တွေကို ဒီ​နေ့​ဖွားမြင်​လာမယ့်​ ရင်​​သွေး​လေး မြင်​​တွေ့ရမှာမဟုတ်​​တော့ဘူး
အိမ်​က​နေ တာဝန်​ထမ်း​ဆောင်​ဖို့ ပြန်​လည်​ထွက်​ခွာသွားတဲ့ ​လေယာဉ်​မှူးတစ်​ဦးရဲ့နှုတ်​ဆက်​ခြင်းဟာ ထာဝရစာဖြစ်​သွားခဲ့ရပြီ
ငါ့သမီးလည်း​ဆေးရုံဆင်းပြီဆို​တော့ အ​မေစိတ်​ချပြီတဲ့ ထာဝရအတွက်​ခွဲခွာသွားခဲ့ပြီ 
မိဘဆီပြန်​တဲ့ သမီး​လေးနဲ့ ​​ဇနီးမယားဟာ
တာဝန်​ထမ်း​ဆောင်​​နေတဲ့​ဖေ​ဖေ့ရင်​ခွင်​က​နေ ​ခေတ္တထွက်​ခွာသွားတာမဟုတ်​ခဲ့ဘူး
Y- 8 5820 ကြီး တကယ်​ ပြန်​မလာ​တော့ဘူး
ရန်​ကုန်​မြို့ကို ​ပြောင်းရလို့ ​ပျော်​​နေတဲ့ စစ်​သူနာပြုမ​လေးတစ်​ဦးပါခဲ့တယ်
ရန်​ကုန်​မြို့ကြီးဆီ ​ပြောင်း​ရွှေ့တာဝန်​ထမ်း​ဆောင်​ကြမယ့်​ အညတရမိသားစု​လေး​တွေပါခဲ့တယ်
ဒါ​ပေမယ့်​ Y-8 ကြီး ပြန်​မလာ​တော့ဘူးတဲ့
ရှေ့တန်း​ရောက်​ စစ်​သားတစ်​ဦးရဲ့ ကိုယ်​ဝန်​​ဆောင်​ဇနီးသည်​ဟာ အဲဒီ​လေယာဉ်​ကြီး​ပေါ်မှာ ဗိုက်ထဲက ရင်​သွေး​လေးအတွက်​  ​​မျှော်​လင့်​ချက်တွေနဲ့ ပါသွားခဲ့တာ..
ပထမဆုံး​လေယာဉ်​စီးဖူးလို့ ​ကြောက်​လန့်​​​နေတဲ့ မိသားစုတစ်​စုဟာ ​ခင်​ပွန်းသည်​ စစ်​သားကြီးကို အားကိုးတကြီး ကြည့်​​နေခဲ့ရှာမှာ...
ဒါ​ပေမယ့်​ Y-8 ကြီးက​တော့ ​မြေပြင်​​ပေါ် ပြန်​မလာခဲ့​တော့ပါဘူး
လေဆိပ်​က မျက်​ရည်​​တွေနဲ့ ​မျှော်​လင့်​ချက်​သဲ့သဲ့​လေး​တွေဟာ အဲဒီ​လေယာဉ်​ကြီးနဲ့အတူ ရိုက်​ချိုးခံခဲ့ရတဲ့ ဒီမနက်​ခင်းမှာ ​ပျောက်​ကွယ်​ကြရ​တော့မှာတဲ့လား
ဘဝတူရဲ​ဘော်​ရဲဘက်​​တွေရဲ့ ဆု​တောင်း​တွေလည်း ပြည့်​ချင်​​သေးတယ်
ဒါ​ပေမယ့်
Y-8 ကြီးက​တော့ တကယ်​ပြန်​မလာခဲ့​​တော့ဘူးတဲ့​လေ..
Crd Yan MyoAung
8.6.2017
ကောင်းရာသုဂတိလားကြပါ​စေ😣😣
Admin Apann Pyay
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...