======

#သောက်ရူး ... “ဟောဒီ အတန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် သောက်ရူးလို့ သတ်မှတ်သူတွေ မတ်တတ်ရပ်စမ်း”

#သောက်ရူး :-) :-) :-) :-) :-) :-) :-) :-)
ဆရာက
“ဟောဒီ အတန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် သောက်ရူးလို့ သတ်မှတ်သူတွေ မတ်တတ်ရပ်စမ်း”
တစ်ခန်းလုံး တိတ်နေသည်။ အပ်ကျသံပင်မကြားရ။ ကျောင်းသားတွေ ကလည်း ငြိမ်နေကြသည်။
“ကိုယ့်အကြောင်း ကိုယ်မသိကြဘူးလား … သောက်သုံးမကျတဲ့ဟာတွေ … သောက်ရူးလို့ ကိုယ့်ကိုယ်ကိုယ် ဝန်မခံရဲဘူးလား … သတ္တိမရှိဘူးလားကွ”
ကျောင်းသားတွေ တစ်ယောက်မှ မလှုပ်။ တစ်တန်းလုံးလည်း ငြိမ်ကုပ်။
“ငါ တစ်ကနေ သုံးအထိ ရေမယ် … မထလို့ကတော့ တစ်တန်းလုံး တွေ့မယ်”
ထိုစဉ် ကျောင်းသားလေးတွေထဲမှ မျက်မှန်နှင့် ကောင်လေးတစ်ယောက်က မတ်တတ်ထရပ်လိုက်သည်
“မင်း … သောက်ရူးလား”
“မဟုတ်ပါဘူး ဆရာ”
“ဒါဆိုရင် ဘာဖြစ်လို့ မတ်တတ်ထရပ်တာလဲ”
“အခန်းထဲမှာ ဆရာတစ်ယောက်တည်း မတ်တတ်ရပ်နေရတာ အားနာလို့ပါ”
(Idiot … Idiot … Idiot)

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...