ပြင်သစ်ပင့်ကူလူသား ထွက်ပေါ်

၂၉ ထပ်မြင့် ဘာစီလိုနာမိုးမျှော်တိုက်ပေါ် အလွတ်တက်ပြခဲ့သည့် ပြင်သစ်ပင့်ကူလူသား

(Mirror, 16.6.17) သံသာ
 ပြင်သစ်ပင့်ကူလူသားလို့ နာမည် ကျော်ကြားနေတဲ့ အလိန်းရောဘတ်က စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ရဲ့ အမြင့်မား ဆုံးအဆောက်အအုံတွေထဲက တစ်ခုဖြစ် တဲ့ Melia Barcelona Sky ဟိုတယ် အဆောက်အအုံထိပ်ဖျားထိ အထိန်းကြိုး မဲ့အလွတ်တက်ပြနိုင်ခဲ့ပါတယ်။ ဘာစီ လိုနာမြို့ရဲ့ စတုတ္တမြောက်အမြင့်မားဆုံး အဆောက်အအုံဖြစ်တဲ့ ဒီမိုးမျှော်အ ဆောက်အအုံကြီးက ၂၉ ထပ်မြင့်ပြီး မှန်တွေ၊ စတီးတွေနဲ့ ကာရံတည်ဆောက် ထားတာကြောင့် ကြိုးအထိန်းမပါဘဲ အလွတ်ကိုင်တွယ်တက်ဖို့ရာ ခက်ခဲတဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။ အကိုင်အတွယ်မြဲမြံနိုင်စေဖို့ရာ မြေဖြူမှုန့် တွေ လက်မှာလိမ်းကျံတာကလွဲရင် ကျန် တဲ့အသက်ကယ်အထိန်းတွေ ဘာတစ်ခု မှမဆင်မြန်းဘဲ အဆောက်အအုံထိပ်ဖျား ကို အလွတ်တက်ပြခဲ့တာဖြစ်ပါတယ်။ အ သက် ၅၅နှစ်အရွယ် ရောဘတ်က ဒီအ ဆောက်အအုံကို တက်မပြခင် ယခင်က လည်း ဆန်ဖရန်စစ္စကိုက ဂိုးဒင်းဂိတ် တံတား၊ ဒူဘိုင်းက ဘာ့ဂ်ျကာလီဖာမိုး မျှော်အဆောက်အအုံ၊ ပဲရစ်က အီဖယ် မျှော်စင်၊ ဆစ်ဒနီအော်ပရာပြဇာတ်ရုံတို့ အပါအဝင် မြင့်မားတဲ့အဆောက်အအုံ ၁၀၀ ကျော်ကို အလွတ်တက်ပြခဲ့ဖူးတဲ့ အတွက် ပြင်သစ်ပင့်ကူလူသားလို့ နာ မည်ကျော်ကြားနေခဲ့တာလို့ သိရပါတယ်။
(Mirror, 16.6.17) သံသာ
pyimyanmar




pyimyanmar

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...