======

အ၀ှာက ခွ(ဂွ) ပေါက်ထဲတစ်နေလို့ ဆေးရုံ တတ်ခဲ့ရသူ


တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ မူလီကျပ်ရာမှ အသုံးပြုတဲ့ ခွ(ဂွ) ပေါက်ထဲ သူ့ရဲ့ ငယ်ပါ တစ်နေလို့ ဆရာဝန်၊ မီးသတ်သမားတွေ အကူအညီ တောင်းခံခဲ့ရပြီး နောက်ဆုံး သွားဆရာဝန်တွေရဲ့ အကူအညီနဲ့မှ ချွတ်နိုင်ခဲ့တယ်လို့ ဇွန် ၆ ရက်က Metro သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ်၊ လူပျိုလူလွတ် တစ်ယောက် ဖြစ်တဲ့ အဲဒီအမျိုးသားဟာ တစ်နေ့လုံးနီးပါး ခွ(ဂွ) ပေါက်ထဲ သူ့ရဲ့ ငယ်ပါ တစ်နေလို့ ဇွန် ၂ ရက်၊ ညဦးပိုင်း ကိုးနာရီခွဲလောက်မှာ Linhai City က ဆေးရုံဆီ ပြေးခဲ့ရတာ ဖြစ်ပါတယ်။
အစပထမတုန်းကတော့ ဆရာဝန်တွေရဲ့ အကူအညီနဲ့သာ ကြိုးစားကြည့်သေးပေမဲ့ မရဘဲ ငယ်ပါက တဖြည်းဖြည်းနဲ့ ပိုပိုပြီး ဖူးရောင်ကိုင်းလာလို့ ဆရာဝန်တွေလည်း မတတ်နိုင်တော့တဲ့အဆုံး ခွဲစိတ်ပြီး သွေးလည်ပတ်စီးဆင်းနေမှုကို လျှော့ချရင်း ခွ(ဂွ) ကို ချွတ်ပစ်ဖို့ စီစဉ်ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ ဆိုတာကလည်း လူနာရဲ့ မိဘတွေဆီကနေ ခွင့်ပြုချက်လိုအပ်ပြီး လူနာရဲ့ မိဘတွေကလည်း ခွဲစိတ်ဖို့ လက်မခံခဲ့တာကြောင့် ဆရာဝန်တွေအနေနဲ့ အခက်တွေ့ကြရသလို နောက်ထပ် အကူအညီတောင်းဖို့ ဖြစ်လာခဲ့ရပြန်ပါတယ်။ ဒီတစ်ခါကတော့ မီးသတ်သမားတွေရဲ့ အလှည့်ပါ။
ဒီလိုနဲ့ မီးသတ်သမားတွေဟာ ကြိတ်စက်နဲ့အတူ ရောက်ရှိလာခဲ့ကြပြီး ခွ(ဂွ) ကို ဖြတ်တောက်ပစ်မယ် ကြံပြန်တော့ ကြိတ်စက်နဲ့ ခွ(ဂွ) တို့ရဲ့ ထိတွေ့၊ ပွတ်တိုက်မှုကနေ ထွက်လာတဲ့ အပူဒဏ်ကို လူနာက ခံနိုင်လိမ့်မှာ မဟုတ်ဘူးဆိုပြီး ပြဿနာ တက်ပြန်ပါတယ်။ အဲဒီအစီအစဉ်လည်း မလုပ်မဖြစ်တဲ့အဆုံး တစ်မိနစ်အတွင်း အခါ နှစ်သိန်း ကနေ သုံးသိန်း အထိ Rotate နိုင်တဲ့ Dental Trill နဲ့အတူ Zhou Gi ရယ်၊ Shi Gengsheng ဆိုတဲ့ သွားဆရာဝန်နှစ်ဦး ထပ်မံရောက်ရှိလာပြန်ပါတယ်။ ဒီတစ်ခါမှာတော့ အလုပ်ဖြစ်ပြီး ဘာဒဏ်ရာမှ ထပ်မရတော့ဘဲ မိနစ်သုံးဆယ်အတွင်း ခွ(ဂွ) ကို ဖြုတ်လိုက်နိုင်ခဲ့ပါတယ်။ အမျိုးသားရဲ့ ငယ်ပါက ခွ(ဂွ) ပေါက်ထဲ ဘယ်လိုရောက်သွားသလဲ ဆိုတာကိုတော့ မသိရပါဘူး။
Credit –momolay

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...