======

၁၄ ႏွစ္အရြယ္ မိန္းကေလးအား မုဒိမ္းက်င့္သည့္ ေက်ာင္းထိုင္ဘုန္းႀကီးကုိ ဝိုင္းဝန္းဖမ္းဆီး

ရခိုင္ျပည္နယ္၊ ေျမပုံၿမိဳ႕နယ္ ငမန္းရဲႀကီးေက်းရြာက အသက္ ၁၄ ႏွစ္အရြယ္ မိန္းကေလးငယ္တဦးကို နိကၡမေက်ာင္းထိုင္ဆရာေတာ္တပါးက မုဒိမ္းျပဳက်င့္မႈတခု ျဖစ္ပြားခဲ့တယ္လို႔ ေျမပံုၿမိဳ႕မ ရဲစခန္းက ေျပာပါတယ္။

ဇြန္လ ၁၀ ရက္ေန႔မွာ အဆုိပါ ေက်ာင္းထုိင္ဆရာေတာ္ဟာ ငမန္းရဲႀကီးေက်းရြာက မိန္းကေလးငယ္ရဲ႕ ေနအိမ္ကို အလည္ေရာက္ရွိလာၿပီး ေနအိမ္မွာ ဆြမ္းစားအၿပီး ကေလးမေလးကို ဘုန္းႀကီးက စအင္းကို အလည္လိုက္ဖို႔ ေခၚေဆာင္ခဲ့ကာ လမ္းမွာ မုဒိမ္းျပဳက်င့္ခဲ့တာပါ။

ငမန္းရဲႀကီး ေက်းရြာအလြန္ ေဘာ္ကတက္ေစတီေဟာင္းအနီး နတ္စင္ေအာက္မွာ မိန္းကေလးငယ္ကို အဓမၼျပဳက်င့္ခဲ့တာလို႔ ေျမပုံၿမိဳ႕မရဲစခန္းက ရဲအရာရွိတဦးျဖစ္တဲ့ ေအာင္လွက ဒီဗီြဘီကို ေျပာပါတယ္။

“ဘုန္းႀကီးက စအင္းကို အလည္လာတယ္။ အဲ့ဒီကေလးမေလးရဲ႕အိမ္မွာ မနက္ဆြမ္းစားတယ္။ ဆြမ္းစားလို႔ ၿပီးေတာ့ ကေလးမေလးကို ဘုန္းႀကီးေနထိုင္တဲ့ စအင္းေက်းရြာကို အလည္လိုက္ဖို႔ ေခၚတယ္။ အဲ့ဒါနဲ႔ ကေလးမက အဲဒီ ဘုန္းႀကီးေနာက္ကလိုက္တယ္။ အဲဒီ ငမန္းရဲႀကီးေက်းရြာ အလြန္ေဘာ္ကတက္ေစတီပ်က္ အနားကို ေရာက္တယ္။ အဲဒီမွာ နတ္စင္လည္း ရွိတယ္။ ကေလးမကို နတ္စင္ေအာက္မွ အဓမၼမုဒိမ္းျပဳက်င့္တယ္။ အဲဒီမွာ ရြာနားက လမ္းသြားလမ္းလာတဲ့သူေတြက ျမင္သြားတယ္။ လူေတြ ဝိုင္းဖမ္းလို႔ ေျမပုံရဲစခန္းကို ေခၚလာတာ။”

အမႈနဲ႔ပတ္သက္လုိ႔ ေက်ာင္းထုိင္ဘုန္းႀကီးကုိ စစ္ေဆးတဲ့အခါမွာလည္း ကေလးမေလးကို နတ္စင္ေအာက္မွာ အဓမၼတႀကိမ္ ျပဳက်င့္ခဲ့ေၾကာင္း ဝန္ခံခဲ့တယ္လို႔ ဆိုပါတယ္။

ဦးကဝိႏၵ(ဦးျဖဴစိန္ဦး) အသက္ ၆၃ ႏွစ္ဟာ အသက္ႀကီးၿပီးမွ သာသနာ့ေဘာင္ထဲကို ဝင္လာတာျဖစ္ၿပီး အိမ္ေျခ ၁၀ ရွိတဲ့ စအင္းရြာသစ္မွာ ေက်ာင္းထိုင္ဘုန္းႀကီး လုပ္ေနတာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ၿမိဳ႕နယ္သံဃာ့နာယကအဖြဲ႔က လာေရာက္ၿပီး ဦးျဖဴစိန္ဦးကို လူဝတ္လဲထားကာ (ပ) ၇၃/၂၀၁၇ ရာဇသက္ႀကီးပုဒ္မ ၃၇၆နဲ႔ အဖြင့္အေရးယူထားတယ္လို႔ ေျမပုံရဲစခန္းက ေျပာပါတယ္။

သတင္း၊ ဓာတ္ပုံ – ဝဏၰခြာညိဳ
DVB
===========
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ငမန်းရဲကြီးကျေးရွာက အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦးကို နိက္ခမကျောင်းထိုင်ဆရာတော်တပါးက မုဒိမ်းပြုကျင့်မှုတခု ဖြစ်ပွားခဲ့တယ်လို့ မြေပုံမြို့မ ရဲစခန်းက ပြောပါတယ်။

ဇွန်လ ၁၀ ရက်နေ့မှာ အဆိုပါ ကျောင်းထိုင်ဆရာတော်ဟာ ငမန်းရဲကြီးကျေးရွာက မိန်းကလေးငယ်ရဲ့ နေအိမ်ကို အလည်ရောက်ရှိလာပြီး နေအိမ်မှာ ဆွမ်းစားအပြီး ကလေးမလေးကို ဘုန်းကြီးက စအင်းကို အလည်လိုက်ဖို့ ခေါ်ဆောင်ခဲ့ကာ လမ်းမှာ မုဒိမ်းပြုကျင့်ခဲ့တာပါ။

ငမန်းရဲကြီး ကျေးရွာအလွန် ဘော်ကတက်စေတီဟောင်းအနီး နတ်စင်အောက်မှာ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာလို့ မြေပုံမြို့မရဲစခန်းက ရဲအရာရှိတဦးဖြစ်တဲ့ အောင်လှက ဒီဗွီဘီကို ပြောပါတယ်။

“ဘုန်းကြီးက စအင်းကို အလည်လာတယ်။ အဲ့ဒီကလေးမလေးရဲ့အိမ်မှာ မနက်ဆွမ်းစားတယ်။ ဆွမ်းစားလို့ ပြီးတော့ ကလေးမလေးကို ဘုန်းကြီးနေထိုင်တဲ့ စအင်းကျေးရွာကို အလည်လိုက်ဖို့ ခေါ်တယ်။ အဲ့ဒါနဲ့ ကလေးမက အဲဒီ ဘုန်းကြီးနောက်ကလိုက်တယ်။ အဲဒီ ငမန်းရဲကြီးကျေးရွာ အလွန်ဘော်ကတက်စေတီပျက် အနားကို ရောက်တယ်။ အဲဒီမှာ နတ်စင်လည်း ရှိတယ်။ ကလေးမကို နတ်စင်အောက်မှ အဓမ္မမုဒိမ်းပြုကျင့်တယ်။ အဲဒီမှာ ရွာနားက လမ်းသွားလမ်းလာတဲ့သူတွေက မြင်သွားတယ်။ လူတွေ ဝိုင်းဖမ်းလို့ မြေပုံရဲစခန်းကို ခေါ်လာတာ။”

အမှုနဲ့ပတ်သက်လို့ ကျောင်းထိုင်ဘုန်းကြီးကို စစ်ဆေးတဲ့အခါမှာလည်း ကလေးမလေးကို နတ်စင်အောက်မှာ အဓမ္မတကြိမ် ပြုကျင့်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဦးကဝိန္ဒ(ဦးဖြူစိန်ဦး) အသက် ၆၃ နှစ်ဟာ အသက်ကြီးပြီးမှ သာသနာ့ဘောင်ထဲကို ဝင်လာတာဖြစ်ပြီး အိမ်ခြေ ၁၀ ရှိတဲ့ စအင်းရွာသစ်မှာ ကျောင်းထိုင်ဘုန်းကြီး လုပ်နေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြို့နယ်သံဃာ့နာယကအဖွဲ့က လာရောက်ပြီး ဦးဖြူစိန်ဦးကို လူဝတ်လဲထားကာ (ပ) ၇၃/၂၀၁၇ ရာဇသက်ကြီးပုဒ်မ ၃၇၆နဲ့ အဖွင့်အရေးယူထားတယ်လို့ မြေပုံရဲစခန်းက ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ – ဝဏ္ဏခွာညို
DVB

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...