======

ဖုတ္ဝင္ေနေသာ အဖြားအို( ျဖစ္ရပ္မွန္ အေၾကာင္း)

" သား လူေလး အဖြားကိုတြဲပါဦးကြယ္ အဖြားေမာလို႕ပါ " 
အသံလာရာဘက္သို႕လွည့္ျကည့္မိသည။္ ေတာင္ေဝွး
ေလးအားျပဳကာ လမ္းေလ်ွာက္လာေသာအဖြားအိုက
ေခၚေနျခင္းျဖစ္သည္ ။ ဆံပင္ကတေခါင္းလံုးျဖဴေဖြး
၍ အရိုးေပၚအေရတင္ျဖစ္ေနရွာေသာ အဖြားအိုခမ်ာ
လမ္းေလ်ွာက္ရတာ ေမာလို႕ထင္သည္ ေခၚသံကိုက
တုန္ေနရွာသည္ ။ က်ေနာ္လဲ ေထြေထြထူးထူး စဥ္း
စားမေနဘဲ အျမန္အဖြားအို အားလက္ေလးတြဲ၍
အဖြားနွင့္လမ္းေလ်ွာက္ေနလိုက္သည္။ " လူေလး
ကို အဖြား အရင္ကမျမင္ဖူးပါဘူး " " မျမင္ဖူးဆို က်ေနာ္တို႕ေျပာင္းလာတာမျကာေသးဘူး အဖြား"
"ေျသာ္ ဒါေျကာင့္ေနမွာ " "ဟုတ္ ဒါနဲ႕အဖြားက ဘယ္
သြားမွာလဲဗ် " 
" အိမ္ျပန္မလို႕ကြဲ ခုကေဆးလိပ္လာဝယ္တာ"
"အဖြား မွာသားသမီး ေျမးေတြမရွိဘူးလား "
" ရွိပါတယ္ "
" ရွိရင္ သူတို႕ကိုဝယ္ခိုင္းပါလား အဖြားကအသက္ျကီးေနပီ တကယ္ဆိုဒီအရြယ္ကေအးေအးေဆးေဆးေနသင့္
ေနပီ "
"မဝယ္ခိုင္းရက္ပါဘူးကြယ္ သူတို႕မွာလဲမနက္ဆို
ေစာေစာထ ထမင္းခ်က္ရတယ္ အလုပ္သြားသူက
သြားနဲ႕ဆိုေတာ့ မအားျကဘူးေလ "
"ေျသာ္ ဒါနဲ႕အဖြားအိမ္က ဘယ္နားလဲ က်ေနာ္လိုက္ပို႔မယ္ေလ "
" အဖြားအိမ္က ေဟာ ဟိုးေရွ႕ကလမ္းေရာက္ရင္ဘယ္ဘက္ခ်ိဳးပီးဆက္သြား
အဲ႕လမ္းဆံုးရင္ မန္က်ည္းပင္တပင္ေတြ႕လိမ့္မယ္
အဲ႕ဒါအဖြားအိမ္ဘဲကြဲ႕"
" ေျသာ္ ဒါဆိုသိပ္မေဝးပါဘူး က်ေနာ့အိမ္နဲ႕ တလမ္းျခားေလးဘဲ"
စကားေျပာရင္းလမ္းေလ်ွာက္လာတာ တေျဖးေျဖးနဲ႕
အဖြားအိမ္သို႕ေရာက္လာသည္။ " ကဲ အဖြားအိမ္လဲ
ေရာက္ပီ လာအထဲဝင္ဦးေလ "
" မဝင္ေတာ့ဘူး အဖြား ေနာင္မွဘဲလာလည္ေတာ့မယ္
ေျသာ္ ဒါနဲ႕အဖြားနာမည္က "
"ေဒၚျမခင္ပါ သူမ်ားေတြကေတာ့ ဖြားခင္လို႕ေခၚတယ္"
"ဟုတ္ ဒါဆိုက်ေနာ္လဲဖြားခင္လို႕ဘဲေခၚမယ္ က်ေနာ့
နာမည္ကေဇာ္ေဇာ္ပါ "
" ေအးေအး ေမာင္ေဇာ္ အဖြားကိုခုလိုလိုက္ပို႕တဲ႕
အတြက္ သာဓုပါ ဘုန္းျကီးပါေစ အသက္ရွည္ပါေစကြယ္"
"ေပးတဲ႕ဆုနဲ႕ျပည့္ပါေစ အဖြား က်ေနာ္ျပန္ပီ"
ဖြားခင္အားနႈတ္ဆက္ပီးအိမ္သို႕ျပန္ခဲ႕ေလသည္။
အိမ္ေရာက္ေတာ့ေရခ်ိဳး ထမင္းစားပီး တေရးအိပ္သည္။ ဒီလိုနွင့္ ်က်ာင္းကလဲ ၃လ ပိတ္ေတာ့ ပ်င္းေနတာနွင့္ အဖြားဆီသို႕ အျမဲသြား
လည္ျဖစ္ခဲ႕သည္။ သြားလည္တိုင္းလည္းအဖြားက
စားစရာမုန္႕တမ်ိဳးမ်ိဳးနွင့္ ဧည့္ခံတတ္သည္။ ျကာလာ
ေတာ့ ဖြားခင္အိမ္မွအိမ္သားမ်ားနွင့္အေတာ္ပင္ရင္းနွီး
လာခဲ႕သည္ ။ ဒီလိုနွင့္ က်ေနာ္တို႕မိသားစုေႏြေက်ာင္း
ပိတ္တုန္းက်ေနာ့ အဖိုး အဖြားရွိေသာမံုရြာသို႕အလည္
သြားျဖစ္ခဲ႕ျကသည္။ အဲ႕မွာ ရက္၂၀ေလာက္ေနခဲ႕ပီး
မွ ျပန္လာခဲ႕ျကသည္။ ျပန္ေရာက္ေတာ့ သတင္းဆိုးကဆီးျကိဳေနသည္ ။ ဖြားခင္ေဆးရံုတက္
ေနရသည္တဲ႕။ အာ့နဲ႕က်ေနာ္လည္း အေဖအေမနဲ႕
အတူေဆးရံုလိုက္သြားျကတာေပါ့။ ဟိုေရာက္ေတာ့
ဆရာဝန္က လူျကီးေရာဂါလို႕ေျပာတာဘဲ ဘာလဲေတာ့နားမလည္ဘူး ။ဖြားခင္ကလဲေဆးရံုမွာ
မေနခ်င္ဘူး မြန္းျကပ္တယ္ဟုေျပာသျဖင့္အိမ္သို႕
ျပန္ေခၚခဲ႕သည္ ။ အိမ္လည္းျပန္ေရာက္ေတာ့ ဖြားခင္ကဘယ္သူနဲ႕မွစကားမေျပာဘဲ သူ႕အိပ္ခန္း
ထဲသို႕ဝင္သြားေလသည္။ ထိုေန႕မွစ၍ အျပင္သို႕
မထြက္ေတာ့ေပ။ အခန္းထဲ၌သာေနသည္။ က်ေနာ္
ကေတာ့အရင္တိုင္းသြားလည္ျဖစ္ခဲ႕သည္။ထူးဆန္း
တာတခုသတိျပဳမိသည္ ။တျခားေတာ့မဟုတ္ အရင္
ကဆိုက်ေနာ့ကို ေမာင္ေဇာ္ ဟုေခၚေနက်ျဖစ္ေသာ္
လည္း ခုေတာ့ ဟဲ႕ေကာင္ေလးဟုေခၚသည္။
က်ေနာ္ကလဲအသက္ျကီးေတာ့မွတ္ဥာဏ္အားနည္း
၍သတိေမ့တတ္သည္ဟုသာထင္မိသည္။ ခါတိုင္း
ထက္လဲေဆးလိပ္ကို ပိုေသာက္လာသည္။ ဖြားခင္
ေဆးလိပ္ျကိဳက္မွန္းသိ၍က်ေနာ္ကလဲ အျမဲဝယ္ဝယ္
ေပးေလ့ရွိသည္။ ပီးေတာ့ အဖြားကထမင္း ဟင္းသိပ္
မစားေတာ့ဘူး ။အသား ငါးခ်က္တဲ႕ေန႕ဆိုရင္ေတာ့
အေတာ္ကေလးစားသည္။ က်ေနာ္သြားလည္တိုင္းလည္း လက္ေတြေျခေတြနွိပ္
ေပးရသည္။ က်ေနာ္ကလဲ မျငီးမျငဴနွိပ္ေပးသည္။
ျကာလာေတာ့က်ေနာ္လည္းပိန္ပိန္လာေရာ။အာ့နဲ႕
အေမတို႕က အားေဆးေတြတိုက္သည္။ ထမင္းလဲပံုမွန္စားသည္။ သို႕ေသာ္ ပိန္ျမဲအတိုင္းပင္။
တေန႕ ဖြားခင္အိမ္မွ သမီးအျကီးျဖစ္သူမွာ ညအခ်ိန္
အေပါ့သြားရင္း အေမအိပ္ေနတာ ေစာင္ေတြဘာေတြ
လြတ္ရင္ျခံဳေပးမယ္ဆိုပီး ဖြားခင္အခန္းတံခါးကိုဖြင့္
ျကည့္ေတာ့ ဖြားခင္ကငုတ္တုပ္ျကီးထိုင္ေနေရာ
ဆံပင္ေတြကလဲဖားလားျကီးက်လို႕ ပါးစပ္မွာကလဲ
အစြယ္ကထြက္ေနတာျမင္ရေတာ့ လန္႕သြားေရာ
ဒါနဲ႕ မ်က္လံုးပြတ္ပီးျပန္ျကည့္ေတာ့ ဖြားခင္ကအိပ္
ေနတာေတြ႕ေတာ့ ေျသာ္ ငါအျမင္မွားတာဘဲဆိုပီး
တံခါးပိတ္ပီးျပန္အိပ္ေရာ ။ ေနာက္ညေတြလဲဒီလိုဘဲ
ျမင္ေတာ့ သူကလဲမယံုခ်င္ေတာ့ဘူး။ ဒါနဲ႕က်ေနာ့
အေမတို႕နဲ႕လာတိုင္ပင္တယ္။ အဲ႕ဒီအခါမွ က်ေနာ့
အေမက က်ေနာ္ပိန္ေညွာင္သြားတာရယ္ အားလံုး
ေတြးျကည့္ေတာ့မွ ဒါဖုတ္ဝင္ေနတာထင္တယ္ဆိုပီး
သူ႕အိပ္ယာခင္းေအာက္ကို ျသဇာရြက္ေတြခင္းခိုင္း
ျကည့္တယ္ ဘာမွမထူးဘူး ။ ေနာက္က်ေတာ့
အေမကက်ေနာ့ကိုသြားမလည္ခိုင္းေတာ့ဘူး။
က်ေနာ္မလာတဲ႕ေန႕ဆို ဖြားခင္က က်ေနာ့အိမ္ထိေရာက္လာပီးလာေခၚတာ ။ က်ေနာ္လဲ
သြားရဲေတာ့ဘူး။ဒါနဲ႕ ဆင္ေျခအမ်ိဳးမ်ိဳးေပးပီး ေရွာင္
တာေပါ့ ။ ေနာက္က်ေတာ့ ဘုန္းျကီးေတြပင့္ပီးဘုရား
စာေတြရြတ္တယ္ ။အဲ႕ဒီေတာ့ အိမ္ထဲကေန
ေတာက္ေတြ ေခါက္ပီး အိုးခြက္ ပန္းကန္ေတြ ေပါက္
ခြဲပါေလေရာ။က်ေနာ္လည္းတခါမွမျကံဳဖူးေတာ့
ေျကာက္တာေပါ့ ။ ဘုရားစာရြတ္လည္းမထြက္ဘူး။
ေနာက္ဆံုး ဘုန္းျကီးေတြကသူ႕ကိုအခန္းထဲပိတ္ထား
ပီးအစာလည္းမေက်ြးဘဲ တပတ္တိတိ ပိတ္ထားဖို႔
ေျပာပါေလေရာ။ အဲ႕လိုလဲပိတ္ထားေရာ ေအာ္လိုက္
တာဗ်ာ အိပ္လို႕ကိုမရဘူး။ တပတ္ေတာင္မျကာပါဘူး
၃ရက္ေလာက္ဘဲရွိမယ္ ျငိမ္သြားေရာ ။အဲ႕ခ်ိန္မွတံခါးဖြင့္ျကည့္ေတာ့ေခါင္မိုးကလန္ေနပီ
ဘယ္လိုျဖစ္ပီးေခါင္မိုးလန္ေနလဲေတာ့မသိဘူး။
ဖြားခင္အေလာင္းကလဲ ေလာက္ေတြတက္လို႔နံလိုက္
တာဗ်ာ အဲ႕ဒါျကီးျကည့္ပီးထမင္း ၂ရက္ေလာက္မစား
နိုင္ဘူး ။ အေလာင္းကိုတခါတည္း မီးသျဂိဳလ္လိုက္ေရာ ။ သျဂိဳလ္ပီး ၃ရက္ေလာက္ထင္
တယ္ ညအေပါ့သြားခ်င္လို႕ အိမ္သာေျပးေတာ့ 
ဘာေျပာေကာင္းမလဲျခံေရွ႕မွာလာရပ္ေနတာ 
က်ေနာ္လဲေျကာက္ေျကာက္နဲ႕အိမ္ထဲတန္းေျပးတာ။
လာနႈတ္ဆက္တာလားေတာ့မသိဘူး။
ျဖစ္ရပ္မွန္ေလးကို စားနည္းနည္းစီပီးေရးထားတာပါ
အမွားပါရင္လဲခြင့္လႊတ္ျကပါ
Credit - phyo lay

Unicode
" သား လူလေး အဖွားကိုတွဲပါဦးကွယ် အဖွားမောလို့ပါ " 
အသံလာရာဘက်သို့လှည့်ကြည့်မိသည။် တောင်ဝှေး
လေးအားပြုကာ လမ်းလျှောက်လာသောအဖွားအိုက
ခေါ်နေခြင်းဖြစ်သည် ။ ဆံပင်ကတခေါင်းလုံးဖြူဖွေး
၍ အရိုးပေါ်အရေတင်ဖြစ်နေရှာသော အဖွားအိုခမျာ
လမ်းလျှောက်ရတာ မောလို့ထင်သည် ခေါ်သံကိုက
တုန်နေရှာသည် ။ ကျနော်လဲ ထွေထွေထူးထူး စဉ်း
စားမနေဘဲ အမြန်အဖွားအို အားလက်လေးတွဲ၍
အဖွားနှင့်လမ်းလျှောက်နေလိုက်သည်။ " လူလေး
ကို အဖွား အရင်ကမမြင်ဖူးပါဘူး " " မမြင်ဖူးဆို ကျနော်တို့ပြောင်းလာတာမကြာသေးဘူး အဖွား"
"သြော် ဒါကြောင့်နေမှာ " "ဟုတ် ဒါနဲ့အဖွားက ဘယ်
သွားမှာလဲဗျ " 
" အိမ်ပြန်မလို့ကွဲ ခုကဆေးလိပ်လာဝယ်တာ"
"အဖွား မှာသားသမီး မြေးတွေမရှိဘူးလား "
" ရှိပါတယ် "
" ရှိရင် သူတို့ကိုဝယ်ခိုင်းပါလား အဖွားကအသက်ကြီးနေပီ တကယ်ဆိုဒီအရွယ်ကအေးအေးဆေးဆေးနေသင့်
နေပီ "
"မဝယ်ခိုင်းရက်ပါဘူးကွယ် သူတို့မှာလဲမနက်ဆို
စောစောထ ထမင်းချက်ရတယ် အလုပ်သွားသူက
သွားနဲ့ဆိုတော့ မအားကြဘူးလေ "
"သြော် ဒါနဲ့အဖွားအိမ်က ဘယ်နားလဲ ကျနော်လိုက်ပို့မယ်လေ "
" အဖွားအိမ်က ဟော ဟိုးရှေ့ကလမ်းရောက်ရင်ဘယ်ဘက်ချိုးပီးဆက်သွား
အဲ့လမ်းဆုံးရင် မန်ကျည်းပင်တပင်တွေ့လိမ့်မယ်
အဲ့ဒါအဖွားအိမ်ဘဲကွဲ့"
" သြော် ဒါဆိုသိပ်မဝေးပါဘူး ကျနော့အိမ်နဲ့ တလမ်းခြားလေးဘဲ"
စကားပြောရင်းလမ်းလျှောက်လာတာ တဖြေးဖြေးနဲ့
အဖွားအိမ်သို့ရောက်လာသည်။ " ကဲ အဖွားအိမ်လဲ
ရောက်ပီ လာအထဲဝင်ဦးလေ "
" မဝင်တော့ဘူး အဖွား နောင်မှဘဲလာလည်တော့မယ်
သြော် ဒါနဲ့အဖွားနာမည်က "
"ဒေါ်မြခင်ပါ သူများတွေကတော့ ဖွားခင်လို့ခေါ်တယ်"
"ဟုတ် ဒါဆိုကျနော်လဲဖွားခင်လို့ဘဲခေါ်မယ် ကျနော့
နာမည်ကဇော်ဇော်ပါ "
" အေးအေး မောင်ဇော် အဖွားကိုခုလိုလိုက်ပို့တဲ့
အတွက် သာဓုပါ ဘုန်းကြီးပါစေ အသက်ရှည်ပါစေကွယ်"
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ အဖွား ကျနော်ပြန်ပီ"
ဖွားခင်အားနှုတ်ဆက်ပီးအိမ်သို့ပြန်ခဲ့လေသည်။
အိမ်ရောက်တော့ရေချိုး ထမင်းစားပီး တရေးအိပ်သည်။ ဒီလိုနှင့် ျကျာင်းကလဲ ၃လ ပိတ်တော့ ပျင်းနေတာနှင့် အဖွားဆီသို့ အမြဲသွား
လည်ဖြစ်ခဲ့သည်။ သွားလည်တိုင်းလည်းအဖွားက
စားစရာမုန့်တမျိုးမျိုးနှင့် ဧည့်ခံတတ်သည်။ ကြာလာ
တော့ ဖွားခင်အိမ်မှအိမ်သားများနှင့်အတော်ပင်ရင်းနှီး
လာခဲ့သည် ။ ဒီလိုနှင့် ကျနော်တို့မိသားစုနွေကျောင်း
ပိတ်တုန်းကျနော့ အဖိုး အဖွားရှိသောမုံရွာသို့အလည်
သွားဖြစ်ခဲ့ကြသည်။ အဲ့မှာ ရက်၂၀လောက်နေခဲ့ပီး
မှ ပြန်လာခဲ့ကြသည်။ ပြန်ရောက်တော့ သတင်းဆိုးကဆီးကြိုနေသည် ။ ဖွားခင်ဆေးရုံတက်
နေရသည်တဲ့။ အာ့နဲ့ကျနော်လည်း အဖေအမေနဲ့
အတူဆေးရုံလိုက်သွားကြတာပေါ့။ ဟိုရောက်တော့
ဆရာဝန်က လူကြီးရောဂါလို့ပြောတာဘဲ ဘာလဲတော့နားမလည်ဘူး ။ဖွားခင်ကလဲဆေးရုံမှာ
မနေချင်ဘူး မွန်းကြပ်တယ်ဟုပြောသဖြင့်အိမ်သို့
ပြန်ခေါ်ခဲ့သည် ။ အိမ်လည်းပြန်ရောက်တော့ ဖွားခင်ကဘယ်သူနဲ့မှစကားမပြောဘဲ သူ့အိပ်ခန်း
ထဲသို့ဝင်သွားလေသည်။ ထိုနေ့မှစ၍ အပြင်သို့
မထွက်တော့ပေ။ အခန်းထဲ၌သာနေသည်။ ကျနော်
ကတော့အရင်တိုင်းသွားလည်ဖြစ်ခဲ့သည်။ထူးဆန်း
တာတခုသတိပြုမိသည် ။တခြားတော့မဟုတ် အရင်
ကဆိုကျနော့ကို မောင်ဇော် ဟုခေါ်နေကျဖြစ်သော်
လည်း ခုတော့ ဟဲ့ကောင်လေးဟုခေါ်သည်။
ကျနော်ကလဲအသက်ကြီးတော့မှတ်ဉာဏ်အားနည်း
၍သတိမေ့တတ်သည်ဟုသာထင်မိသည်။ ခါတိုင်း
ထက်လဲဆေးလိပ်ကို ပိုသောက်လာသည်။ ဖွားခင်
ဆေးလိပ်ကြိုက်မှန်းသိ၍ကျနော်ကလဲ အမြဲဝယ်ဝယ်
ပေးလေ့ရှိသည်။ ပီးတော့ အဖွားကထမင်း ဟင်းသိပ်
မစားတော့ဘူး ။အသား ငါးချက်တဲ့နေ့ဆိုရင်တော့
အတော်ကလေးစားသည်။ ကျနော်သွားလည်တိုင်းလည်း လက်တွေခြေတွေနှိပ်
ပေးရသည်။ ကျနော်ကလဲ မငြီးမငြူနှိပ်ပေးသည်။
ကြာလာတော့ကျနော်လည်းပိန်ပိန်လာရော။အာ့နဲ့
အမေတို့က အားဆေးတွေတိုက်သည်။ ထမင်းလဲပုံမှန်စားသည်။ သို့သော် ပိန်မြဲအတိုင်းပင်။
တနေ့ ဖွားခင်အိမ်မှ သမီးအကြီးဖြစ်သူမှာ ညအချိန်
အပေါ့သွားရင်း အမေအိပ်နေတာ စောင်တွေဘာတွေ
လွတ်ရင်ခြုံပေးမယ်ဆိုပီး ဖွားခင်အခန်းတံခါးကိုဖွင့်
ကြည့်တော့ ဖွားခင်ကငုတ်တုပ်ကြီးထိုင်နေရော
ဆံပင်တွေကလဲဖားလားကြီးကျလို့ ပါးစပ်မှာကလဲ
အစွယ်ကထွက်နေတာမြင်ရတော့ လန့်သွားရော
ဒါနဲ့ မျက်လုံးပွတ်ပီးပြန်ကြည့်တော့ ဖွားခင်ကအိပ်
နေတာတွေ့တော့ သြော် ငါအမြင်မှားတာဘဲဆိုပီး
တံခါးပိတ်ပီးပြန်အိပ်ရော ။ နောက်ညတွေလဲဒီလိုဘဲ
မြင်တော့ သူကလဲမယုံချင်တော့ဘူး။ ဒါနဲ့ကျနော့
အမေတို့နဲ့လာတိုင်ပင်တယ်။ အဲ့ဒီအခါမှ ကျနော့
အမေက ကျနော်ပိန်ညှောင်သွားတာရယ် အားလုံး
တွေးကြည့်တော့မှ ဒါဖုတ်ဝင်နေတာထင်တယ်ဆိုပီး
သူ့အိပ်ယာခင်းအောက်ကို သြဇာရွက်တွေခင်းခိုင်း
ကြည့်တယ် ဘာမှမထူးဘူး ။ နောက်ကျတော့
အမေကကျနော့ကိုသွားမလည်ခိုင်းတော့ဘူး။
ကျနော်မလာတဲ့နေ့ဆို ဖွားခင်က ကျနော့အိမ်ထိရောက်လာပီးလာခေါ်တာ ။ ကျနော်လဲ
သွားရဲတော့ဘူး။ဒါနဲ့ ဆင်ခြေအမျိုးမျိုးပေးပီး ရှောင်
တာပေါ့ ။ နောက်ကျတော့ ဘုန်းကြီးတွေပင့်ပီးဘုရား
စာတွေရွတ်တယ် ။အဲ့ဒီတော့ အိမ်ထဲကနေ
တောက်တွေ ခေါက်ပီး အိုးခွက် ပန်းကန်တွေ ပေါက်
ခွဲပါလေရော။ကျနော်လည်းတခါမှမကြုံဖူးတော့
ကြောက်တာပေါ့ ။ ဘုရားစာရွတ်လည်းမထွက်ဘူး။
နောက်ဆုံး ဘုန်းကြီးတွေကသူ့ကိုအခန်းထဲပိတ်ထား
ပီးအစာလည်းမကျွေးဘဲ တပတ်တိတိ ပိတ်ထားဖို့
ပြောပါလေရော။ အဲ့လိုလဲပိတ်ထားရော အော်လိုက်
တာဗျာ အိပ်လို့ကိုမရဘူး။ တပတ်တောင်မကြာပါဘူး
၃ရက်လောက်ဘဲရှိမယ် ငြိမ်သွားရော ။အဲ့ချိန်မှတံခါးဖွင့်ကြည့်တော့ခေါင်မိုးကလန်နေပီ
ဘယ်လိုဖြစ်ပီးခေါင်မိုးလန်နေလဲတော့မသိဘူး။
ဖွားခင်အလောင်းကလဲ လောက်တွေတက်လို့နံလိုက်
တာဗျာ အဲ့ဒါကြီးကြည့်ပီးထမင်း ၂ရက်လောက်မစား
နိုင်ဘူး ။ အလောင်းကိုတခါတည်း မီးသဂြိုလ်လိုက်ရော ။ သဂြိုလ်ပီး ၃ရက်လောက်ထင်
တယ် ညအပေါ့သွားချင်လို့ အိမ်သာပြေးတော့ 
ဘာပြောကောင်းမလဲခြံရှေ့မှာလာရပ်နေတာ 
ကျနော်လဲကြောက်ကြောက်နဲ့အိမ်ထဲတန်းပြေးတာ။
လာနှုတ်ဆက်တာလားတော့မသိဘူး။
ဖြစ်ရပ်မှန်လေးကို စားနည်းနည်းစီပီးရေးထားတာပါ
အမှားပါရင်လဲခွင့်လွှတ်ကြပါ

Credit - phyo lay

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...