======

မိုဘိုင်းဖုန်း သုံးနေတဲ့အချိန် မိုကြိုး အပစ်ခံရနိုင်တယ်ဆိုတဲ့ အယူအဆ လွဲမှားနေတယ်လို့ ဆို



မိုဘိုင်းဖုန်း တွေက ပါဝါနိမ့်တဲ့ ကိရိယာ တွေဖြစ်လို့ မိုးကြိုးအပစ်မခံရနိုင်ဘူးလို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။
မိုးရာပြီးလျှပ်စီးလက်နေတဲ့အချိန် မိုဘိုင်းဖုန်းသုံးစွဲနေရင် မိုးကြိုး အပစ်ခံရနိုင်တယ်ဆိုအယူအဆ လွဲမှားနေတယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ မိုဘိုင်းဖုန်း တွေက ပါဝါနိမ့်တဲ့ ကိရိယာတွေဖြစ်လို့ မိုးကြိုးပစ်ခံရနိုင်တဲ့ ထူးခြားချက်တွေ မရှိဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် မြေပေါ်၊ မြေအောက်လိုင်းကြိုးတွေမှာတော့ မိုးတိမ်တောင် တစ်ခုဖြစ်ပေါ်နေတုန်း လျပ်စစ်စီးကြောင်း စီးကူးမှုအတွက် လုံခြုံမှုမရှိဘူးလို့ သိရပါတယ်။ ၀ါယာကြိုး ကီလိုမီတာရာပေါင်းများ စွာက လေထဲမှာရှိနေကြပြီး မြေအောက်ကြိုးတွေကနေ တစ်ဆင့် အိမ်ထဲကို ဆက်သွယ်ထားတဲ့အတွက် တစ်နေရာရာမှာ မိုးကြိုး ပစ်မှုဖြစ်တိုင်း လျပ်စစ်စီးကြောင်းတွေက တယ်လီဖုန်း ကေဘယ် ကြိုးတွေကတစ်ဆင့် ဆက်သွယ်ထားတဲ့ ကိရိယာတွေကို ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

Myanmar-mobile-phone-telecom-smartphone-2-0
မိုးကြိုး အပစ်ခံရနိုင်တဲ့ အနေအထားတွေကတော့ အိမ်အပြင်မှာရောက်နေတဲ့သူတစ်ဦးက ကုန်းမြင်တစ်ခုအပေါ်ကို ရောက်နေရင်၊ ကွင်းပြင်တစ်ခုမှာ ရောက်နေရင်၊ ရေပြင်တစ်ခုနားမှာရောက်နေရင်၊ သစ်ပင်နဲ့ အခြားမြင့်မားတဲ့ ထိုးထိုးထောင်ထင်ပစ္စည်း တစ်ခုနားကိုရောက်နေရင်၊
သတ္ထုအဆောက်အဦးတစ်ခုခုနားကို ရောက်နေတဲ့အချိန်တွေမှာ မိုးကြိုး အပစ်ခံရနိုင်တဲ့ အလားအလားမြင့်မားတတ်တယ်လို့ ဦးထွန်းလွင် က ပြောပါတယ်။ ကမ္ဘာပေါ်မှာ တစ်စက္ကန်တိုင်း မိုးတိမ်တောင် ၂၀၀၀ လောက်နဲ့ မိုးကြိုးပစ်မှု ၁၀၀ လောက်ဖြစ်နေတယ်လို့ သိရပါတယ်။
Source : U Tun Lwin Facebook
Photos : MBT

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...