======

ေဆးဖက္ဝင္ၾကက္သြန္ျဖဴကို ေန႔စဥ္စားျခင္းအက်ဳိး

အခ်စ္ဆိုတာ ဒါမ်ိဳးလား ဟ
တစ္ခါက အဂၤလန္ႏုိင္ငံသို႔ ဘြဲ႕လြန္ပါရဂူဘဲြ႕ယူရန္သြားေသာ ဆရာဝန္ငယ္တစ္ဦးသည္ အဂၤလန္ေရာက္ေသာအခါ ေဆာင္း ဥတု မၾကံဳစဖူးေအးေသာ ရာသီဥတုႏွင့္ ၾကံဳေတြ႕ၿပီး အေအးမိ၊ ႏွာေစး၊ ေခါင္းကိုက္၊ ႏွာရည္ယိုေသာ ေဝဒနာမ်ား ခံစားရေလ သည္။

ျမန္မာျပည္မွထြက္လာခဲ့စဥ္က ေဆးလည္း ပါမလာခဲ့ သျဖင့္ မိမိထက္အရင္ ဆယ္ႏွစ္ေက်ာ္က အဂၤလန္ေရာက္ႏွင့္ၿပီး ပါေမာကၡတာဝန္ ထမ္းေဆာင္ေနေသာ ဆရာဝန္ႀကီးမိသားစု ေနအိမ္သို႔သြားေရာက္ၿပီး...
''ဆရာႀကီး ကြၽန္ေတာ့မွာ အေအးပတ္ႏွာေစးျဖစ္ေနလုိ႔ ပိုးသတ္ေဆး(Anti-biotic)တစ္မ်ဳိးေလာက္ေပးပါ''လို႔ ေတာင္း သတဲ့။ ဆရာဝန္ႀကီးက ''အေအးပတ္တာေလာက္နဲ႔ေတာ့ Anti-biotic ေတြ မေသာက္ပါနဲ႔''လုိ႔ ျပန္ေျပာၿပီး သူ႔ဇနီးကို ''မိန္းမေရ . . . ငါတုိ႔စားေနက်ေဆးေလး လုပ္ပါကြာ''လုိ႔ ေျပာ တယ္။ ခဏၾကာေတာ့ ဆရာႀကီးကေတာ္ မီးဖိုေခ်ာင္ထဲက ထြက္လာၿပီး ပန္းကန္ငယ္တစ္ခုနဲ႔ထည့္လာတဲ့ ၾကက္သြန္ျဖဴ မီးဖုတ္ ေမႊးေမႊးေလး ခ်ေပးတယ္။ ဆရာႀကီးက ''မင္း ၾကက္သြန္ျဖဴ မီးဖုတ္စားလုိက္၊ ႏွာေစး ေပ်ာက္သြားလိမ့္မယ္''လုိ႔ ေျပာပါသတဲ့။

ဤသည္မွာ လြန္ခဲ့ေသာ ၁ဝ ႏွစ္ခန္႔က အဂၤလန္မွျပန္လာ ေသာဆရာဝန္တစ္ဦး ေရးသားေသာေဆာင္းပါးမွ ေကာက္ႏုတ္ ေဖာ္ျပျခင္းျဖစ္ပါသည္။ တစ္ခါတစ္ရံ အိမ္သံုးေဆးၿမီးတိုႏွင့္ မီးဖိုေခ်ာင္မွေဆးၿမီးတိုမွ်ျဖင့္ ေပ်ာက္ႏုိင္ေသာအရာမ်ားကို လ်စ္လ်ဴ႐ႈၿပီး ေဘးထြက္ဆုိးက်ိဳးရိွေသာ ေဆးျပင္းမ်ားကို မေသာက္သင့္ေၾကာင္း ဆရာဝန္တစ္ဦးကိုယ္တုိင္ ေရးသား ထားျခင္းျဖစ္ပါသည္။

ေရွးကျမန္မာလူႀကီးမ်ားသည္ ၾကက္သြန္ျဖဴကို ဆီသတ္ ဟင္းခ်က္ရာတြင္ ေမႊးႀကိဳင္ေအာင္ သံုးသည့္အျပင္ ေဆး ဖက္ဝင္သီးႏွံအျဖစ္ပါ သံုးစြဲေလ့ရိွေၾကာင္း ေတြ႕ရသည္။ ၾကက္သြန္ျဖဴ ဥျမႊာႏွင့္ ဥတစ္လံုးဟူ၍ရိွရာ ႏွစ္မ်ဳိးစလံုးပင္ ေဆးဖက္ဝင္သည္။ ၾကက္သြန္ျဖဴဥျမႊာမ်ားကို အစိမ္းအတုိင္း လက္ဖက္သုပ္၊ လက္ဖက္ႏွပ္မ်ားတြင္ ထည့္စားေလ့ရိွသည္။ လက္ဖက္မွာ ေလခ်ဳပ္သျဖင့္ ေလသက္ေသာၾကက္သြန္ျဖဴႏွင့္ တဲြစားျခင္းျဖစ္သည္။

ေသြးတုိး၊ ႏွလံုးေသြးေၾကာက်ဥ္းႏွင့္ ေလျဖတ္ေရာဂါကို ကာကြယ္ရန္အတြက္ ၾကက္သြန္ျဖဴဥႀကီး၊ ဥတစ္လံုးမ်ားကို ပ်ားရည္ႏွင့္စိမ္ထားၿပီး စားသူမ်ားရိွသည္။ ၾကက္သြန္ျဖဴကို တြယ္ခ်ိတ္ကေလးျဖင့္ အေပါက္မ်ားေဖာက္ၿပီး ပ်ားရည္တြင္ စိမ္ထားကာ ေနျပၿပီး တစ္လခန္႔ၾကာမွ စားသံုးရသည္။ ေန ေရာင္ဝင္ေစရန္ ဖန္ပုလင္းအျဖဴေရာင္ႏွင့္စိမ္လွ်င္ ပိုေကာင္း သည္။ ေနေရာင္ျခည္မွ အပူဓာတ္သည္ ၾကက္သြန္ျဖဴႏွင့္ ပ်ားရည္ကို ေပါင္းစပ္ေသာ အာနိသင္ရေစႏုိင္သည္။

ဝမ္းကိုက္၊ ေသြးပါေရာဂါျဖစ္သူမ်ားသည္ ထန္းလ်က္ကို အမႈန္႔ေထာင္းၿပီး ၾကက္သြန္ျဖဴႏွင့္ေၾကာ္စားလွ်င္ ေလလည္၍ သက္သာေပ်ာက္ကင္းေစႏုိင္သည္။ အခ်ဳိ႕က ၾကက္သြန္ျဖဴကို အခြံခြာ၊ ေနလွန္းၿပီး ႏြမ္းသြားေသာအခါမွ ထန္းလ်က္ႏွင့္ ေရာ၍ ေၾကာ္စားသည္။ ခ်ဳိေသာအရသာရိွသျဖင့္ ဝမ္းကိုက္ ေသာ ကေလးငယ္မ်ားပင္ စားသံုးႏုိင္သည္။

သက္ႀကီးရြယ္အိုမ်ား၊ သြားမေကာင္းသျဖင့္ အစာမေၾကသူ မ်ားသည္ ၾကက္သြန္ျဖဴ ဥျမႊာေလးမ်ားကို အခြံသင္ၿပီး ပန္းကန္ငယ္ျဖင့္ထည့္ထားကာ ထမင္းစားတိုင္း အတို႔အျမႇဳပ္ လုပ္စားသင့္သည္။ ေၾကညက္ေအာင္မဝါးႏုိင္ေသာ အစာမ်ား ကို အစာအိမ္တြင္ေၾကညက္ေစရန္ ၾကက္သြန္ျဖဴက အေထာက္ အကူေပးသည္။

ၾကက္သြန္ျဖဴကိုေနလွမ္းၿပီး ၾကက္သြန္ျဖဴေၾကာ္ ျပဳလုပ္ ထားကာ မုန္႔ဟင္းခါး၊ အသုပ္စံုမ်ားတြင္ ထည့္စားသံုးျခင္းျဖင့္ ဝမ္းတြင္းအစာေရာက္ၿပီးေနာက္ အပုပ္ဆန္ျခင္း၊ အထက္သို႔ အစာျပန္အံျခင္း၊ ေလလွန္ျခင္းမ်ားကို ကာကြယ္ႏုိင္သည္။ အထူးသျဖင့္ မုန္႔ဟင္းခါးမုန္႔ဖတ္မွ အခ်ဥ္ေပါက္ျခင္းကို ၾကက္သြန္ျဖဴေၾကာ္က ကာကြယ္ေပးသည္။

ေလသက္ေစလုိလွ်င္ ၾကက္သြန္ျဖဴမီးဖုတ္စားျခင္းသည္ အေကာင္းဆံုးျဖစ္သည္။ လူႀကီးမ်ားသာမက ကေလးငယ္ မ်ားကိုပါ တစ္ပတ္လွ်င္တစ္ႀကိမ္ခန္႔ ေကြၽးသင့္သည္။ ရာသီ ဥတုေအးေသာ ေဆာင္းရာသီတြင္ အေအးမိ၊ ႏွာေစး၊ ေခါင္း ကိုက္ျခင္း၊ ႏွာရည္ယိုျခင္းမ်ားကို ၾကက္သြန္ျဖဴမီးဖုတ္ စား ျခင္းျဖင့္ ကာကြယ္ႏုိင္ေၾကာင္း တင္ျပလိုက္ရေပသည္။
ၾကက္သြန္ျဖဴမီးဖုတ္စားျခင္းျဖင့္ အေအးပတ္ျခင္း၊ အသံ ဝင္ျခင္း၊ လည္ေခ်ာင္းနာျခင္းမ်ားကိုလည္း သက္သာေစႏိုင္ သည္။

ေဆာင္းဥတုတြင္ အေအးပတ္သျဖင့္ ကိုယ္တြင္းမွ အပူေငြ႕ မ်ားသည္ လည္ေခ်ာင္းမွအေပၚသို႔ တက္လာသည္။ ထိုအခါ ေခ်ာင္းဆိုးလာသည္။ ၾကာေသာအခါ အသံပါ ဝင္လာတတ္ သည္။ လည္ေခ်ာင္းနာ ၾကာလာလွ်င္ စစ္ေဆးၾကည့္သင့္သည္။ အာသီးေရာင္ေရာဂါ ျဖစ္ႏုိင္သည့္အတြက္ ေပါ့ေပါ့ဆဆ မေနသင့္ေပ။

အေအးပတ္၍ ေခ်ာင္းဆိုးရာမွ လည္ေခ်ာင္းနာ၊ အသံဝင္ ျဖစ္လွ်င္ အာသီးေရာင္ေသာအဆင့္မေရာက္မီ ကာကြယ္ႏိုင္ ေသာ မီးဖိုေခ်ာင္သံုးေဆးတစ္လက္မွာ ၾကက္သြန္ျဖဴျဖစ္သည္။

ၾကက္သြန္ျဖဴသည္ ဥျမႊာမ်ိဳးႏွင့္ ဥတစ္လံုးမ်ဳိးဟူ၍ ႏွစ္မ်ိဳး ရိွသည္။ ႏွစ္မ်ဳိးလံုးပင္ ေဆးဖက္ဝင္သည္။ အေနာက္တိုင္း ေဆးပညာ ေလ့လာေတြ႕ရိွခ်က္မ်ားအရ ၾကက္သြန္ျဖဴကို ေန႔စဥ္စားသံုးလွ်င္ ေသြးက်ဲေစၿပီး ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါကို ေကာင္းစြာကာကြယ္ႏုိင္သည္။ ကိုလက္စထေရာ ႏွစ္မ်ဳိးမွ(LDL)ေခၚ မေကာင္းေသာ ကိုလက္စထေရာကို က်ဆင္းေစႏုိင္သည္ဟုဆိုသည္။

အေအးပတ္၊ အသံဝင္၊ လည္ေခ်ာင္းနာျခင္းတို႔အတြက္ ၾကက္သြန္ျဖဴ အျမႊာႀကီးႀကီး (သို႔မဟုတ္) ဥတစ္လံုးကို ဝါး သို႔မဟုတ္ စတီးေခ်ာင္းႏွင့္ တံစို႔ထုိးၿပီး မီးကင္ပါ။ ကြၽမ္းေအာင္ မီးမဖုတ္ပါႏွင့္။ မီးကင္၍ ႏြမ္းသြားလွ်င္ ၾကက္သြန္ျဖဴအေရာင္ မွာ အျဖဴမွအဝါေရာင္သို႔ ေျပာင္းသြားၿပီး ေမႊးေသာအန႔ံ ထြက္ လာပါလိမ့္မည္။

တစ္ႀကိမ္ ခုႏွစ္မႊာခန္႔ စားေပးလွ်င္ လည္ေခ်ာင္းအတြင္းမွ အပူ၊ အခိုးအေငြ႕မ်ား ကင္းစင္ေစႏုိင္သည္။ အာသီးေရာင္ သည့္ပိုးကိုလည္း ၾကက္သြန္ျဖဴမွထြက္ေသာအဆီက ေသေစ ႏုိင္သည္ဟု အဆိုရိွပါသည္။
ေရွးႏွစ္တစ္ရာခန္႔က ေဆးစာမွတ္စုမ်ားတြင္ တိုင္းရင္း ျမန္မာေဆးဆရာႀကီးမ်ားသည္ ၾကက္သြန္ျဖဴဥတစ္လံုးကို အခြံသင္၊ အပ္ျဖင့္ အေပါက္ငယ္ေလးမ်ား ထြင္းေဖာက္ၿပီး ပ်ားရည္ျဖင့္ စိမ္ေစသည္။ ရက္သတၱပတ္မွ် စိမ္ထားေသာ ၾကက္သြန္ျဖဴႏွင့္ ပ်ားရည္ကို ေန႔စဥ္ ဥတစ္ဥႏွင့္ တစ္ဇြန္းမွ် ပံုမွန္စားျခင္းျဖင့္ ကိုယ္ခံအားကို ေကာင္းေစသည္။ အဖ်ား အနာကိုလည္းကာကြယ္ၿပီး ခံတြင္းေကာင္း ႏႈတ္ၿမိန္ေဆးအျဖစ္ လူႀကီးမ်ားကို ေပးေလ့ရိွေၾကာင္း ဖတ္႐ႈမွတ္သားရသည္။

ေသြးတိုး၊ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါႏွင့္ ေလျဖတ္ေရာဂါ ကို ကာကြယ္ရန္အတြက္ ၾကက္သြန္ျဖဴဥႀကီး ဥတစ္လံုးမ်ားကို ပ်ားရည္ႏွင့္စိမ္ထားၿပီး စားသူမ်ားလည္း ရိွသည္။

ၾကက္သြန္ျဖဴသည္ အနံ႔ျပင္းသျဖင့္ အစားရခက္သူမ်ား အတြက္ မစားသံုးမီ ၾကက္သြန္ျဖဴဥမ်ားကို ဓားျဖင့္ ခပ္ပါးပါး လွီးၿပီးေနာက္ သံပုရာရည္ညႇစ္လုိက္လွ်င္ အနံ႔ဆိုးမ်ားေပ်ာက္ ကင္းၿပီး အခ်ဥ္ပြဲအျဖစ္ပါ စားသံုးႏုိင္သည္။ ၾကက္သြန္နီႏွင့္ လည္းတြဲဖက္ၿပီး အခ်ဥ္ညႇစ္စားသံုးေလ့ရိွၾကသည္။ ေရွးျမန္မာ လူႀကီးမ်ားသည္ လက္ဖက္စားလွ်င္ ေလခ်ဳပ္မည္စိုးသျဖင့္ ၾကက္သြန္ျဖဴေၾကာ္ျဖင့္ တြဲဖက္စားသံုးၾကသည္။ ၾကက္သြန္ျဖဴ သည္ ေလသက္ေစေသာအစာျဖစ္သျဖင့္ ေလခ်ဳပ္ျခင္းကို လည္း ကာကြယ္ႏုိင္သည္။

က်န္းမာေရးအတြက္ ၾကက္သြန္ျဖဴကို ပံုမွန္စားသံုးရန္ အၫႊန္းမွာ-

အဆီက်ခ်င္လွ်င္ အစိမ္းစားပါ။
ေလသက္၊ ဗိုက္ခ်ပ္ခ်င္လွ်င္ မီးဖုတ္စားပါ။
ႏႈတ္ၿမိန္ခ်င္လွ်င္ ေၾကာ္စားပါ။
အသက္ရွည္ခ်င္လွ်င္ ပ်ားရည္ႏွင့္စိမ္စားပါ။
ၾကက္သြန္ျဖဴ ပ်ားရည္စိမ္နည္း
ပ်ားရည္ႏွင့္စိမ္နည္း ေနာက္တစ္နည္းမွာ ၾကက္သြန္ျဖဴ ဥတစ္လံုးကို အခြံခြာၿပီး ေရေငြ႕စင္ေအာင္ တစ္ေန႔ ေနလွန္း လုိက္ပါ။ အနည္းငယ္ေျခာက္ေသြ႕သြားေသာအခါ အခ်ဳိ႕က အပ္ႏွင့္ အေပါက္ေဖာက္သည္။ ေနလွန္းထားလွ်င္ ေရေငြ႕စင္ သျဖင့္ အေပါက္မေဖာက္လွ်င္လည္း ရပါသည္။ ၾကက္သြန္ျဖဴ ကို ဇြန္းျဖင့္ဆယ္လွ်င္ ဝင္ႏုိင္သည့္ ပုလင္းအဝက်ယ္ထဲမွာထည့္၊ ပ်ားရည္ သင့္သေလာက္ ျမဳပ္ေအာင္ထည့္၊ လုံေအာင္ပိတ္ၿပီး သံုးရက္ခန္႔ေနျပၿပီးလွ်င္ စားလုိ႔ရပါၿပီ။

ပ်ားရည္စိမ္ထားေသာ ၾကက္သြန္ျဖဴဥတစ္လံုးကို ေန႔လယ္ ထမင္းစားၿပီး တစ္ဥ၊ ညထမင္းစားၿပီးတစ္ဥ စားပါ။ ၄၅ ရက္စာ ဥ ၉ဝ စိမ္ပါ။ ပုလင္းေသးလွ်င္ ႏွစ္ပုလင္း၊ သံုးပုလင္း ခြဲစိမ္ပါ။ ႏွစ္ႏွင့္ခ်ီၿပီး စားလုိ႔ရပါသည္။ ေဘးထြက္ဆိုးက်ိဳး အၲရာယ္ မရိွပါ။ ဤနည္းျဖင့္ အဆုတ္တြင္ ကင္ဆာကဲ့သို႔ အလံုးရိွသူ တစ္ဦး ေပ်ာက္ကင္းဖူးပါသည္။ အဆုတ္ေရဝင္ျခင္းကိုလည္း ႏုိင္ပါသည္။ လည္ေခ်ာင္းနာၿပီး အသံအုိးေရာင္ကာ အသံ အက္ေနသူမွာ ခုနစ္ရက္ခန္႔စားလွ်င္ သက္သာႏုိင္ပါသည္။

ၾကက္သြန္ျဖဴမီးဖုတ္ စားသူမ်ားသည္ ေရခဲေရ၊ ေရခဲေသတၱာ မွထြက္ေသာေရေအး၊ အခ်ိဳရည္ဘူးမ်ား လံုးဝမေသာက္ဘဲ ေရွာင္ၾကဥ္ရပါမည္။ ျဖစ္ႏုိင္လွ်င္ အပူမ်ား ေအာက္သို႔ သက္ေစ ရန္ ညအိပ္ယာဝင္ခ်ိန္မွာ ဒူးေအာက္ပိုင္း ေျခႏွစ္ဖက္ကို ေရေဆးအိပ္ပါ။ ။

ေဆာင္းပါး-ၾကည္လြင္ျမင့္(မုျဒာ)
MOI Webportal Myanmar
============
အချစ်ဆိုတာ ဒါမျိုးလား ဟ
တစ်ခါက အင်္ဂလန်နိုင်ငံသို့ ဘွဲ့လွန်ပါရဂူဘွဲ့ယူရန်သွားသော ဆရာဝန်ငယ်တစ်ဦးသည် အင်္ဂလန်ရောက်သောအခါ ဆောင်း ဥတု မကြုံစဖူးအေးသော ရာသီဥတုနှင့် ကြုံတွေ့ပြီး အအေးမိ၊ နှာစေး၊ ခေါင်းကိုက်၊ နှာရည်ယိုသော ဝေဒနာများ ခံစားရလေ သည်။

မြန်မာပြည်မှထွက်လာခဲ့စဉ်က ဆေးလည်း ပါမလာခဲ့ သဖြင့် မိမိထက်အရင် ဆယ်နှစ်ကျော်က အင်္ဂလန်ရောက်နှင့်ပြီး ပါမောက္ခတာဝန် ထမ်းဆောင်နေသော ဆရာဝန်ကြီးမိသားစု နေအိမ်သို့သွားရောက်ပြီး...
''ဆရာကြီး ကျွန်တော့မှာ အအေးပတ်နှာစေးဖြစ်နေလို့ ပိုးသတ်ဆေး(Anti-biotic)တစ်မျိုးလောက်ပေးပါ''လို့ တောင်း သတဲ့။ ဆရာဝန်ကြီးက ''အအေးပတ်တာလောက်နဲ့တော့ Anti-biotic တွေ မသောက်ပါနဲ့''လို့ ပြန်ပြောပြီး သူ့ဇနီးကို ''မိန်းမရေ . . . ငါတို့စားနေကျဆေးလေး လုပ်ပါကွာ''လို့ ပြော တယ်။ ခဏကြာတော့ ဆရာကြီးကတော် မီးဖိုချောင်ထဲက ထွက်လာပြီး ပန်းကန်ငယ်တစ်ခုနဲ့ထည့်လာတဲ့ ကြက်သွန်ဖြူ မီးဖုတ် မွှေးမွှေးလေး ချပေးတယ်။ ဆရာကြီးက ''မင်း ကြက်သွန်ဖြူ မီးဖုတ်စားလိုက်၊ နှာစေး ပျောက်သွားလိမ့်မယ်''လို့ ပြောပါသတဲ့။

ဤသည်မှာ လွန်ခဲ့သော ၁ဝ နှစ်ခန့်က အင်္ဂလန်မှပြန်လာ သောဆရာဝန်တစ်ဦး ရေးသားသောဆောင်းပါးမှ ကောက်နုတ် ဖော်ပြခြင်းဖြစ်ပါသည်။ တစ်ခါတစ်ရံ အိမ်သုံးဆေးမြီးတိုနှင့် မီးဖိုချောင်မှဆေးမြီးတိုမျှဖြင့် ပျောက်နိုင်သောအရာများကို လျစ်လျူရှုပြီး ဘေးထွက်ဆိုးကျိုးရှိသော ဆေးပြင်းများကို မသောက်သင့်ကြောင်း ဆရာဝန်တစ်ဦးကိုယ်တိုင် ရေးသား ထားခြင်းဖြစ်ပါသည်။

ရှေးကမြန်မာလူကြီးများသည် ကြက်သွန်ဖြူကို ဆီသတ် ဟင်းချက်ရာတွင် မွှေးကြိုင်အောင် သုံးသည့်အပြင် ဆေး ဖက်ဝင်သီးနှံအဖြစ်ပါ သုံးစွဲလေ့ရှိကြောင်း တွေ့ရသည်။ ကြက်သွန်ဖြူ ဥမြွှာနှင့် ဥတစ်လုံးဟူ၍ရှိရာ နှစ်မျိုးစလုံးပင် ဆေးဖက်ဝင်သည်။ ကြက်သွန်ဖြူဥမြွှာများကို အစိမ်းအတိုင်း လက်ဖက်သုပ်၊ လက်ဖက်နှပ်များတွင် ထည့်စားလေ့ရှိသည်။ လက်ဖက်မှာ လေချုပ်သဖြင့် လေသက်သောကြက်သွန်ဖြူနှင့် တွဲစားခြင်းဖြစ်သည်။

သွေးတိုး၊ နှလုံးသွေးကြောကျဉ်းနှင့် လေဖြတ်ရောဂါကို ကာကွယ်ရန်အတွက် ကြက်သွန်ဖြူဥကြီး၊ ဥတစ်လုံးများကို ပျားရည်နှင့်စိမ်ထားပြီး စားသူများရှိသည်။ ကြက်သွန်ဖြူကို တွယ်ချိတ်ကလေးဖြင့် အပေါက်များဖောက်ပြီး ပျားရည်တွင် စိမ်ထားကာ နေပြပြီး တစ်လခန့်ကြာမှ စားသုံးရသည်။ နေ ရောင်ဝင်စေရန် ဖန်ပုလင်းအဖြူရောင်နှင့်စိမ်လျှင် ပိုကောင်း သည်။ နေရောင်ခြည်မှ အပူဓာတ်သည် ကြက်သွန်ဖြူနှင့် ပျားရည်ကို ပေါင်းစပ်သော အာနိသင်ရစေနိုင်သည်။

ဝမ်းကိုက်၊ သွေးပါရောဂါဖြစ်သူများသည် ထန်းလျက်ကို အမှုန့်ထောင်းပြီး ကြက်သွန်ဖြူနှင့်ကြော်စားလျှင် လေလည်၍ သက်သာပျောက်ကင်းစေနိုင်သည်။ အချို့က ကြက်သွန်ဖြူကို အခွံခွာ၊ နေလှန်းပြီး နွမ်းသွားသောအခါမှ ထန်းလျက်နှင့် ရော၍ ကြော်စားသည်။ ချိုသောအရသာရှိသဖြင့် ဝမ်းကိုက် သော ကလေးငယ်များပင် စားသုံးနိုင်သည်။

သက်ကြီးရွယ်အိုများ၊ သွားမကောင်းသဖြင့် အစာမကြေသူ များသည် ကြက်သွန်ဖြူ ဥမြွှာလေးများကို အခွံသင်ပြီး ပန်းကန်ငယ်ဖြင့်ထည့်ထားကာ ထမင်းစားတိုင်း အတို့အမြှုပ် လုပ်စားသင့်သည်။ ကြေညက်အောင်မဝါးနိုင်သော အစာများ ကို အစာအိမ်တွင်ကြေညက်စေရန် ကြက်သွန်ဖြူက အထောက် အကူပေးသည်။

ကြက်သွန်ဖြူကိုနေလှမ်းပြီး ကြက်သွန်ဖြူကြော် ပြုလုပ် ထားကာ မုန့်ဟင်းခါး၊ အသုပ်စုံများတွင် ထည့်စားသုံးခြင်းဖြင့် ဝမ်းတွင်းအစာရောက်ပြီးနောက် အပုပ်ဆန်ခြင်း၊ အထက်သို့ အစာပြန်အံခြင်း၊ လေလှန်ခြင်းများကို ကာကွယ်နိုင်သည်။ အထူးသဖြင့် မုန့်ဟင်းခါးမုန့်ဖတ်မှ အချဉ်ပေါက်ခြင်းကို ကြက်သွန်ဖြူကြော်က ကာကွယ်ပေးသည်။

လေသက်စေလိုလျှင် ကြက်သွန်ဖြူမီးဖုတ်စားခြင်းသည် အကောင်းဆုံးဖြစ်သည်။ လူကြီးများသာမက ကလေးငယ် များကိုပါ တစ်ပတ်လျှင်တစ်ကြိမ်ခန့် ကျွေးသင့်သည်။ ရာသီ ဥတုအေးသော ဆောင်းရာသီတွင် အအေးမိ၊ နှာစေး၊ ခေါင်း ကိုက်ခြင်း၊ နှာရည်ယိုခြင်းများကို ကြက်သွန်ဖြူမီးဖုတ် စား ခြင်းဖြင့် ကာကွယ်နိုင်ကြောင်း တင်ပြလိုက်ရပေသည်။
ကြက်သွန်ဖြူမီးဖုတ်စားခြင်းဖြင့် အအေးပတ်ခြင်း၊ အသံ ဝင်ခြင်း၊ လည်ချောင်းနာခြင်းများကိုလည်း သက်သာစေနိုင် သည်။

ဆောင်းဥတုတွင် အအေးပတ်သဖြင့် ကိုယ်တွင်းမှ အပူငွေ့ များသည် လည်ချောင်းမှအပေါ်သို့ တက်လာသည်။ ထိုအခါ ချောင်းဆိုးလာသည်။ ကြာသောအခါ အသံပါ ဝင်လာတတ် သည်။ လည်ချောင်းနာ ကြာလာလျှင် စစ်ဆေးကြည့်သင့်သည်။ အာသီးရောင်ရောဂါ ဖြစ်နိုင်သည့်အတွက် ပေါ့ပေါ့ဆဆ မနေသင့်ပေ။

အအေးပတ်၍ ချောင်းဆိုးရာမှ လည်ချောင်းနာ၊ အသံဝင် ဖြစ်လျှင် အာသီးရောင်သောအဆင့်မရောက်မီ ကာကွယ်နိုင် သော မီးဖိုချောင်သုံးဆေးတစ်လက်မှာ ကြက်သွန်ဖြူဖြစ်သည်။

ကြက်သွန်ဖြူသည် ဥမြွှာမျိုးနှင့် ဥတစ်လုံးမျိုးဟူ၍ နှစ်မျိုး ရှိသည်။ နှစ်မျိုးလုံးပင် ဆေးဖက်ဝင်သည်။ အနောက်တိုင်း ဆေးပညာ လေ့လာတွေ့ရှိချက်များအရ ကြက်သွန်ဖြူကို နေ့စဉ်စားသုံးလျှင် သွေးကျဲစေပြီး နှလုံးသွေးကြောကျဉ်း ရောဂါကို ကောင်းစွာကာကွယ်နိုင်သည်။ ကိုလက်စထရော နှစ်မျိုးမှ(LDL)ခေါ် မကောင်းသော ကိုလက်စထရောကို ကျဆင်းစေနိုင်သည်ဟုဆိုသည်။

အအေးပတ်၊ အသံဝင်၊ လည်ချောင်းနာခြင်းတို့အတွက် ကြက်သွန်ဖြူ အမြွှာကြီးကြီး (သို့မဟုတ်) ဥတစ်လုံးကို ဝါး သို့မဟုတ် စတီးချောင်းနှင့် တံစို့ထိုးပြီး မီးကင်ပါ။ ကျွမ်းအောင် မီးမဖုတ်ပါနှင့်။ မီးကင်၍ နွမ်းသွားလျှင် ကြက်သွန်ဖြူအရောင် မှာ အဖြူမှအဝါရောင်သို့ ပြောင်းသွားပြီး မွှေးသောအန့ံ ထွက် လာပါလိမ့်မည်။

တစ်ကြိမ် ခုနှစ်မွှာခန့် စားပေးလျှင် လည်ချောင်းအတွင်းမှ အပူ၊ အခိုးအငွေ့များ ကင်းစင်စေနိုင်သည်။ အာသီးရောင် သည့်ပိုးကိုလည်း ကြက်သွန်ဖြူမှထွက်သောအဆီက သေစေ နိုင်သည်ဟု အဆိုရှိပါသည်။
ရှေးနှစ်တစ်ရာခန့်က ဆေးစာမှတ်စုများတွင် တိုင်းရင်း မြန်မာဆေးဆရာကြီးများသည် ကြက်သွန်ဖြူဥတစ်လုံးကို အခွံသင်၊ အပ်ဖြင့် အပေါက်ငယ်လေးများ ထွင်းဖောက်ပြီး ပျားရည်ဖြင့် စိမ်စေသည်။ ရက်သတ္တပတ်မျှ စိမ်ထားသော ကြက်သွန်ဖြူနှင့် ပျားရည်ကို နေ့စဉ် ဥတစ်ဥနှင့် တစ်ဇွန်းမျှ ပုံမှန်စားခြင်းဖြင့် ကိုယ်ခံအားကို ကောင်းစေသည်။ အဖျား အနာကိုလည်းကာကွယ်ပြီး ခံတွင်းကောင်း နှုတ်မြိန်ဆေးအဖြစ် လူကြီးများကို ပေးလေ့ရှိကြောင်း ဖတ်ရှုမှတ်သားရသည်။

သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် လေဖြတ်ရောဂါ ကို ကာကွယ်ရန်အတွက် ကြက်သွန်ဖြူဥကြီး ဥတစ်လုံးများကို ပျားရည်နှင့်စိမ်ထားပြီး စားသူများလည်း ရှိသည်။

ကြက်သွန်ဖြူသည် အနံ့ပြင်းသဖြင့် အစားရခက်သူများ အတွက် မစားသုံးမီ ကြက်သွန်ဖြူဥများကို ဓားဖြင့် ခပ်ပါးပါး လှီးပြီးနောက် သံပုရာရည်ညှစ်လိုက်လျှင် အနံ့ဆိုးများပျောက် ကင်းပြီး အချဉ်ပွဲအဖြစ်ပါ စားသုံးနိုင်သည်။ ကြက်သွန်နီနှင့် လည်းတွဲဖက်ပြီး အချဉ်ညှစ်စားသုံးလေ့ရှိကြသည်။ ရှေးမြန်မာ လူကြီးများသည် လက်ဖက်စားလျှင် လေချုပ်မည်စိုးသဖြင့် ကြက်သွန်ဖြူကြော်ဖြင့် တွဲဖက်စားသုံးကြသည်။ ကြက်သွန်ဖြူ သည် လေသက်စေသောအစာဖြစ်သဖြင့် လေချုပ်ခြင်းကို လည်း ကာကွယ်နိုင်သည်။

ကျန်းမာရေးအတွက် ကြက်သွန်ဖြူကို ပုံမှန်စားသုံးရန် အညွှန်းမှာ-

အဆီကျချင်လျှင် အစိမ်းစားပါ။
လေသက်၊ ဗိုက်ချပ်ချင်လျှင် မီးဖုတ်စားပါ။
နှုတ်မြိန်ချင်လျှင် ကြော်စားပါ။
အသက်ရှည်ချင်လျှင် ပျားရည်နှင့်စိမ်စားပါ။
ကြက်သွန်ဖြူ ပျားရည်စိမ်နည်း
ပျားရည်နှင့်စိမ်နည်း နောက်တစ်နည်းမှာ ကြက်သွန်ဖြူ ဥတစ်လုံးကို အခွံခွာပြီး ရေငွေ့စင်အောင် တစ်နေ့ နေလှန်း လိုက်ပါ။ အနည်းငယ်ခြောက်သွေ့သွားသောအခါ အချို့က အပ်နှင့် အပေါက်ဖောက်သည်။ နေလှန်းထားလျှင် ရေငွေ့စင် သဖြင့် အပေါက်မဖောက်လျှင်လည်း ရပါသည်။ ကြက်သွန်ဖြူ ကို ဇွန်းဖြင့်ဆယ်လျှင် ဝင်နိုင်သည့် ပုလင်းအဝကျယ်ထဲမှာထည့်၊ ပျားရည် သင့်သလောက် မြုပ်အောင်ထည့်၊ လုံအောင်ပိတ်ပြီး သုံးရက်ခန့်နေပြပြီးလျှင် စားလို့ရပါပြီ။

ပျားရည်စိမ်ထားသော ကြက်သွန်ဖြူဥတစ်လုံးကို နေ့လယ် ထမင်းစားပြီး တစ်ဥ၊ ညထမင်းစားပြီးတစ်ဥ စားပါ။ ၄၅ ရက်စာ ဥ ၉ဝ စိမ်ပါ။ ပုလင်းသေးလျှင် နှစ်ပုလင်း၊ သုံးပုလင်း ခွဲစိမ်ပါ။ နှစ်နှင့်ချီပြီး စားလို့ရပါသည်။ ဘေးထွက်ဆိုးကျိုး အ္တရာယ် မရှိပါ။ ဤနည်းဖြင့် အဆုတ်တွင် ကင်ဆာကဲ့သို့ အလုံးရှိသူ တစ်ဦး ပျောက်ကင်းဖူးပါသည်။ အဆုတ်ရေဝင်ခြင်းကိုလည်း နိုင်ပါသည်။ လည်ချောင်းနာပြီး အသံအိုးရောင်ကာ အသံ အက်နေသူမှာ ခုနစ်ရက်ခန့်စားလျှင် သက်သာနိုင်ပါသည်။

ကြက်သွန်ဖြူမီးဖုတ် စားသူများသည် ရေခဲရေ၊ ရေခဲသေတ္တာ မှထွက်သောရေအေး၊ အချိုရည်ဘူးများ လုံးဝမသောက်ဘဲ ရှောင်ကြဉ်ရပါမည်။ ဖြစ်နိုင်လျှင် အပူများ အောက်သို့ သက်စေ ရန် ညအိပ်ယာဝင်ချိန်မှာ ဒူးအောက်ပိုင်း ခြေနှစ်ဖက်ကို ရေဆေးအိပ်ပါ။ ။

ဆောင်းပါး-ကြည်လွင်မြင့်(မုဒြာ)
MOI Webportal Myanmar

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...