======

မုဒိန်းမှု ကာကွယ်ရေး ပစ္စည်းဆန်းများ


လတ်တလော မြန်မာပြည်မှာလည်း အဓမ္မပြုကျင့်မှု / မုဒိန်းမှု ဆိုတာ ခေတ်အစားဆုံး အမှု အခင်းတစ်ခု ဖြ
စ်နေပြီး အမျိုးသမီးငယ်များ၊ ကလေးငယ်များရဲ့ လုံခြုံရေးကိုလည်း စိုးရိမ်နေကြသလို၊ ကလေးငယ် မုဒိန်းမှု တွေကိုလည်း သေဒဏ်ပေးဖို့ တောင်းဆိုနေကြတဲ့ အချိန်ပါ။ ဒီအတွက်ကြောင့် မြန်မာပြည်မှာ မရှိလို့ မသုံးနိုင်ရင်တောင်မှ ဗဟုသုတအဖြစ် မုဒိန်းမှုကာကွယ်ရေး ပစ္စည်းဆန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ခွေးသွားစိတ်ကွန်ဒုံး။ ။အမျိုးသမီးသုံး ကွန်ဒုံးဖြစ်ပါတယ်။ အမျိုးသမီးအင်္ဂါထဲမှာ တပ်ဆင်ထားရမှာဖြစ်ပြီး မုဒိန်းကောင်ရဲ့ ပစ္စည်းဝင်လာတာနဲ့ ဆူးချွန်တွေကြောင့် ပျက်ရှစေမှာဖြစ်ပြီး အသားနုထဲ နက်နက်ရှိုင်းရှိုင်း ဖောက်ဝင်သွားမှာပါ။ Dr. Sonette Ehlers ဆိုသူက တီထွင်ထားတာဖြစ်ပြီး မုဒိန်းကောင်ဟာ ဆေးခန်းမှာ ဆရာဝန်အကူအညီနဲ့မှ အဆိုပါ ဆူးတွေကို ဖယ်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
မုဒိန်းမှု ကာကွယ်ရေး ပစ္စည်းဆန်းများ
အကာအကွယ်ဆူး။ ။အမျိုးသမီးတွေ ဓမ္မတာလာစဉ်မှာ အသုံးပြုတဲ့ ပစ္စည်းလေးတစ်ခုလို ပုံစံနဲ့ ထုတ်လုပ်ထားတာပါ။ Anita Ingmarsdotter လို့အမည်ရတဲ့ ဆွီဒင်အမျိုးသမီးတစ်ဦးမှ ဖန်တီးထားတာဖြစ်ပြီး သူ့ရဲ့လုပ်ဆောင်ချက်ကတော့ ရှင်းပါတယ်။ အမျိုးသမီးအင်္ဂါထဲ ထည့်ထားရုံနဲ့ တစ်ဖက်က ရန်သူကို “ဇွိ” ကနဲ့ ထိုးသတ်နိုင်မှာပါ။
အမွှေးအမျှင်အသားကပ်ဘောင်းဘီ။ ။ဒါကတော့ လှည့်စားရေး နည်းလမ်းတစ်မျိုးဖြစ်ပြီး ငယ်ငယ်လှလှ မိန်းကလေးတွေကတော့ နှစ်သက်မယ် မထင်ပါဘူး။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဒီလိုအမြင်လှည့်စားပြီး ဘူးကောင်တစ်ချို့ရဲ့ ကိုယ်ကာယနဲ့ နှုတ်ပိုင်း၊ စိတ်ပိုင်း ပစ်မှားမှုတွေကို ရှောင်ကွင်းနိုင်ဖို့ပါ။
မုဒိန်းမှု ကာကွယ်ရေး ပစ္စည်းဆန်းများ
အချက်ပေးကိရိယာ။ ။မုဒိန်းမှုမျိုးမှာသာမက အခြားအန္တရာယ်ပြုခံနေရတဲ့ အခြေအနေတွေမှာ ကြိုးလေးကို ဆွဲလိုက်ယုံနဲ့ 90dB ရှိတဲ့ အချက်ပေးသံ ကျယ်ကျယ်ဟာ မြည်လာမှာဖြစ်ပြီး ရာဇ၀တ်ကောင်ကို ခြောက်လှန့်နိုင်သလို အကူအညီရဖို့လည်း အထောက်အကူ ပေးမှာ ဖြစ်ပါတယ်။
မုဒိန်းမှု ကာကွယ်ရေး ပစ္စည်းဆန်းများ
ငါးရှဉ့်ထောင်ချောက်။ ။ကိုယ်မှာ ၀တ်ဆင်ရတဲ့ အမျိုးအစားပါ။ တစ်ဖက်က အတင်းအကြမ်းဖက် ၀င်ရောက်လာတဲ့ ရန်သူကို ထောက်ချောက်တစ်ခုလို ဖိညှပ်ကာ ဒဏ်ရာအနာပြင်းပြင်းတစ်ခု လက်ဆောင်ပေးလိုက်မှာ ဖြစ်ပါတယ်။
Credit:Momolay

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...