======

(၇) ရက္တိုင္တိုင္ သတိလစ္သြားခဲ့ျပီး မေသပဲ ငရဲျပည္ ေရာက္သြားခဲ႔သူ ျဖစ္ရပ္မွန္


က်ေနာ့္နာမည္ ေအာင္ႏိုင္ဦးပါ။ က်ေနာ္ (၇)ရက္တိုင္တိုင္ သတိလစ္ၿပီး ငရဲျပည္ကို ေရာက္သြားခဲ့တဲ့အေၾကာင္း တစ္ေန႔ကပဲ ဆရာေတာ္ကို ေလွ်ာက္ထားျဖစ္ခဲ့ပါတယ္။ ခု ဆရာေတာ္နဲ႔ အမႈေဆာင္မ်ားရဲ႕ တိုက္တြန္းမႈေၾကာင့္ ေယာဂီမ်ား အားလံုးရဲ႕ေရွ႕မွာ က်ေနာ့္ကိုယ္ေတြ႔ ငရဲျပည္အေၾကာင္း ျပန္ေျပာျပမွာ ျဖစ္ပါတယ္။ က်ေနာ့္အျဖစ္အပ်က္ေတြကို နားေထာင္ၿပီး ငရဲေဘးကလြတ္ေအာင္ မေကာင္းမႈေတြကိုေရွာင္၊ ေကာင္းမႈေတြကို ေဆာင္ႏိုင္ၾကေစဖို႔ ေမွ်ာ္လင့္ပါတယ္ခင္ဗ်ာ။

၂၀၀၂ ခုႏွစ္၊ ဂ်ဴလိုင္လ (၃)ရက္ေန႕၊ (၁၃၆၄ -ခု၊ နယုန္လျပည့္ေက်ာ္ (၈)ရက္) ေန႔က၊ က်ေနာ္ဟာ ဟုမၼလင္းၿမိဳ႕နယ္၊ မန္ေမာ္ရြာမွာ ေရာက္ရွိေနခဲ့ပါတယ္။ အဲဒီမွာ ေရခ်ိဳးမွားၿပီး (၇) ရက္တိုင္တိုင္ သတိလစ္သြားခဲ့ပါတယ္။ သတိလစ္သြားတယ္ဆိုေပမယ့္ က်ေနာ္ကေတာ့ ကိုယ့္ကိုယ္ကို သတိလစ္တယ္လို႔ မထင္မိပါဘူး။ ဧရာမ လူသန္ႀကီးႏွစ္ေယာက္က က်ေန႔လက္ေမာင္းကို ကိုင္မၿပီး က်ေနာ့္ကို ေခၚသြားခဲ့တာပါ။ က်ေနာ္ဟာ သူတို႔ေနာက္က ပါသြားခ်ိန္မွာ ငိုေနတဲ့ က်ေနာ့္မိဘႏွစ္ပါးနဲ႔ သတိလစ္ေနတဲ့ က်ေနာ့္ကိုယ္ခႏၶာကိုယ္ကို က်ေနာ္ အတိုင္းသား ျပန္ျမင္ေနခဲ့ရပါတယ္။

က်ေနာ့္ကို ေကာင္းကင္ကေန ဆြဲေခၚသြားခ်ိန္မွာ ေအာက္မွာ ေရျပင္ႀကီးကို ဦးစြာ ျမင္ေတြ႔ရပါတယ္။ ခ်င္းတြင္းျမစ္ေရျပင္ပါ။ ခဏၾကာေတာ့ ဘာကိုမွ မျမင္ရေတာ့ပဲ ဟင္းလင္းျပင္ႀကီးကိုသာ ေတြ႔ျမင္ရပါေတာ့တယ္။ အဲဒီအခ်ိန္မွာ သူတို႔က က်ေနာ့္ကို တြန္းခ်လိုက္ၾကပါတယ္။ က်ေနာ္ျပဳတ္က်သြားခ်ိန္မွာပဲ ဧရာမေခြးႀကီးႏွစ္ေကာင္က က်ေနာ့္ေနာက္ကို ေျပးလိုက္လာၾကပါေတာ့တယ္။ က်ေနာ္ေျပးရင္ သူတို႔လိုက္တယ္၊ က်ေနာ္ရပ္ရင္ သူတို႔ရပ္ေနတယ္။ ေခြးႀကီးေတြရဲ႕ မ်က္လံုးေတြဟာ အနီေရာင္ တလက္လက္ေတာက္ေနပါတယ္။ က်ေနာ္လည္း ေၾကာက္အားလန္႔အားနဲ႔ ေျပးရင္း ဗိမာန္တစ္ခုကို သြားေတြ႔ပါတယ္။ အရမ္းလွတဲ့ဗိမာန္ႀကီးတစ္ခုပါ။ ဗိမာန္ႀကီးထဲကို ဝင္ေျပးမယ္လုပ္ေတာ့ အေစာင့္က ေပးမဝင္ပါဘူး။ ဗိမာန္ပိုင္ရွင္ဟာလည္း လူ႔ျပည္မွာပဲ ရွိေနေသးတယ္လို႔ သိရပါတယ္။

ဒီလိုနဲ႔ ေျပးရင္းလႊားရင္းကေန ငရဲမင္းလို႔ ေျပာရမလားမသိပါဘူး။ အဝတ္အစားၿပိဳးၿပိဳးေျပာင္ေျပာင္ဝတ္ထားတဲ့ ခန္႔ခန္႔ျငားျငား လူႀကီးတစ္ေယာက္ေရွ႕ကို ေရာက္သြားပါတယ္။ သူ႕လက္ထဲမွာ ေရႊေရာင္စာအုပ္ႀကီးတစ္အုပ္ကိုင္ထားၿပီး နာမည္ဘယ္လိုေခၚသလဲလို႔ က်ေနာ့္ကို လွမ္းေမးပါတယ္။ ေအာင္ႏိုင္ဦးပါဆိုေတာ့ က်ေနာ့္ကိုေခၚလာတဲ့သူေတြကို “မင္းတို႔လူမွားေခၚလာတယ္၊ သူ႕ကို ျပန္ပို႔ေပးလိုက္ပါ၊ ငရဲခန္းေတြကိုလည္း လိုက္ျပေပးလိုက္ဦး” ဆိုၿပီး ေျပာပါတယ္။ ၿပီးေတာ့ “ မင္းသူငယ္ခ်င္း ေအာင္ေက်ာ္ဦးကို ေျပာလိုက္ပါ၊ လကြယ္ေန႔၊ ေန႔လည္ မြန္းတည့္ခ်ိန္မွာ သူ႔ကို လာေခၚမယ္ လို႔ ေျပာလိုက္ပါ” ဆိုၿပီးမွာပါတယ္။

အဲဒီမွာ က်ေနာ္ကို ပထမဆံုးလိုက္ျပၾကတာက သန္းတုပ္ခဲ့တဲ့သူေတြ ခံစားေနရတဲ့ေနရာပါ။ ငရဲခံရသူေတြကို ဧရာမ ေက်ာက္ျပင္ႀကီးေပၚကို ပစ္တင္လိုက္ၾကၿပီးေတာ့ ဧရာမေက်ာက္လံုးႀကီးေတြနဲ႔ လွိမ့္ၿပီး ႀကိတ္ေနၾကတာပါ။ အရမ္းေၾကာက္စရာ ေကာင္းပါတယ္။ ေနာက္တစ္ေနရာကေတာ့ ဒယ္အိုးလို႔ ေျပာရမလားမသိပါဘူး။ ဒယ္အိုးလို႔သာ ေျပာရတာပါ၊ က်ေနာ္ျမင္ခဲ့ရတာကေတာ့ ျမစ္ႀကီးတစ္ျမစ္လိုပါပဲ၊ အခိုးတေထာင္းေထာင္းထေနတဲ့ သံရည္ပူေတြၾကားထဲမွာ လူေတြ အျပည့္ပါပဲ၊ ေအာ္ဟစ္ညည္းတြားၿပီး ကူးခပ္ေနၾကရပါတယ္။ ကမ္းေပၚတက္လာသူေတြကို ကမ္းထိပ္က ေစာင့္ေနတဲ့ ငရဲထိန္းေတြက လွံနဲ႔ထိုးခ်၊ တင္းပုတ္ေတြနဲ႔ရိုက္ခ်ၾကေတာ့ ျပန္ၿပီးဆင္းေျပးၾက၊ ျပန္ၿပီးကူးခပ္ၾကနဲ႔ တကယ္ကို ေၾကာက္စရာႀကီးပါ။

ေနာက္တစ္ေနရာကေတာ့ လူေတြရဲ႕ ေျခေတြလက္ေတြ ေခါင္းေတြကို ျဖတ္လိုျဖတ္၊ ရင္ကိုခြဲၿပီး အူေတြကို ထုတ္လိုထုတ္၊ နားနဲ႔မနာ ဖဝါးနဲ႔နာပါ၊ အဂၤါဇာတ္ေတြကို ျဖတ္လိုျဖတ္နဲ႔ ပိုၿပီးေတာ့ ေၾကာက္စရာ ေကာင္းပါတယ္၊ သူတို႔ဟာ လူ႕ဘဝတုန္းက ကာေမသုမိစၦာစာရကံကို က်ဴးလြန္ခဲ့သူေတြလို႔ သိရပါတယ္။ ေနာက္တစ္ေနရာမွာေတာ့ ဧရာမေျမျပင္က်ယ္ႀကီးမွာ လူေတြဟာ အတုန္းအရုန္းလူးလဲေအာ္ဟစ္ ေနၾကတာကို ေတြ႔ရပါတယ္၊ ငရဲထိန္းေတြက ဆူးခၽြန္ေတြတပ္ထားတဲ့ ဧရာမဒလိမ့္တုန္းႀကီးေတြနဲ႔ သူတို႔ကို ႀကိတ္ေခ်ေနၾကပါတယ္၊ ေသသြားလိုက္၊ ျပန္ရွင္လာလိုက္၊ ျပန္ခံရလိုက္နဲ႔ တကယ္ကို ေၾကာက္စရာႀကီးပါ။

ေနာက္ေတာ့ က်ေနာ့ကို ျပန္ေခၚလာၾကၿပီး တြန္းခ်လိုက္ၾကပါတယ္၊ က်ေနာ္လည္း သတိရလာၿပီး အေဖတို႔ဆီက ေရေတာင္းေသာက္ရပါတယ္။ အဲဒီေန႔မွာမွ သတိမရရင္ က်ေတာ့္ကို သၿဂၤိဳလ္ၾကေတာ့မယ္လို႔ ဆိုပါတယ္။ ေအာ္.. ေမ့လို႔၊ ငရဲထိန္းႀကီးႏွစ္ေယာက္က က်ေနာ့္ကို လာေခၚၾကတုန္းမွာ အဝတ္ျဖဴဝတ္ သူေတာ္စင္ႀကီးတစ္ေယာက္ကို ေတြ႔ခဲ့ရပါေသးတယ္။ သူက “ေကာင္းေကာင္းလိုက္သြားပါ၊ မင့္လက္ေတြကို ငါလႈပ္ေပးထားမယ္” လို႔ ေျပာပါတယ္။ က်ေနာ္ သတိလစ္ေနစဥ္ ခုနစ္ရက္အတြင္း အသက္လည္းမရွဴ၊ ႏွလံုးလည္း မခုန္ေပမဲ့ က်ေနာ့္လက္ေခ်ာင္းေလးေတြကေတာ့ ခုနစ္ရက္လံုးလံုး ေကြးလိုက္ျဖန္႔လိုက္ ျဖစ္ေနခဲ့တယ္လို႔ ဝိုင္းေျပာၾကပါတယ္။ ဒါေၾကာင့္မို႔ ေသၿပီလို႔ မဆံုးျဖတ္ရဲတာနဲ႔ ခုလို (၇) ရက္တိုင္တိုင္ ေစာင့္ၾကည့္ေနခဲ့ၾကေၾကာင္း ေျပာျပၾကပါတယ္။ က်ေနာ့္အေမကဆို “လက္ေတြမေညာင္းဘူးလား သားရယ္” လို႔ေတာင္ ေမးပါေသးတယ္။

က်ေနာ္လည္း ခုနစ္ရက္တိုင္တိုင္ သတိလစ္ေမ့ေမ်ာေနခဲ့ေတာ့ ေလသံသဲ့သဲ့ေလးနဲ႔ပဲ ေျပာႏိုင္ပါေတာ့တယ္။ ေအာင္ေက်ာ္ဦးနဲ႔ လူမွားေခၚခံရတာျဖစ္ေၾကာင္း၊ လကြယ္ေန႔ မြန္းတည့္ခ်ိန္မွာ သူ႔ကိုလာေခၚမယ္လို႔ မွာလိုက္တဲ့အေၾကာင္း အေမတို႔ကို ေျပာျပေတာ့ အေမတို႔က ျပန္မေျပာဖို႔ ေျပာပါတယ္။ မေတာ္ရင္ တရားစြဲခံရႏိုင္တယ္လို႔လည္း ေျပာၾကတဲ့အတြက္ေရာ၊ က်ေနာ္ကိုယ္တိုင္ကလည္း အားမရွိလို႔ ပင္ပန္းေနတဲ့အတြက္ေရာ၊ ေအာင္ေက်ာ္ဦးအေၾကာင္းကို ေနာက္ထပ္ မေျပာျဖစ္ေတာ့ပါဘူး။ တိုက္တိုက္ဆိုင္ဆိုင္ပဲ သူတို႔ေျပာလိုက္တဲ့အတိုင္း လကြယ္ေန႔၊ မြန္းတည့္ခ်ိန္မွာ ေအာင္ေက်ာ္ဦးတစ္ေယာက္ ထမင္းစားေနရင္းကေန ေနာက္ျပန္လန္က်ၿပီး ဆံုးပါးသြားခဲ့ရွာပါတယ္။ က်ေနာ့္အျဖစ္အပ်က္ကေတာ့ ဒါပါပဲခင္ဗ်ာ။ အားလံုးကို ေက်းဇူးတင္ပါတယ္။ ငရဲဆိုတာ တကယ္ရွိပါတယ္။ ငရဲေဘးကလြတ္ေအာင္ ႀကိဳးစားႏိုင္ၾကပါေစ ခင္ဗ်ာ..။
————————————————————————

ေယာဂီတစ္ဦး။ ။ ေနပါဦးညီေလး၊ ညီေလးကို လာေခၚတဲ့သူေတြက ဘယ္လိုပံုစံေတြလဲ။
ေအာင္ႏိုင္ဦး။ ။ အဝတ္အစားေတြ ဝင္းဝင္းဝါဝါနဲ႔ ေျပာင္ေျပာင္လဲ့လဲ့ေတြပါ။ လူေကာင္ကေတာ့ အႀကီးႀကီးေတြပါ။
ေယာဂီတစ္ဦး။ ။ ငရဲမွာ ဗိမာန္လွလွႀကီး တစ္ခု ေတြခဲ့တယ္ဆိုတာကေရာ ဘယ္လိုျဖစ္မလဲ။
စာေရးသူ။ ။ ေထာင္မွဴး ေထာင္ပိုင္ေတြလို၊ ငရဲျပည္မွာ အုပ္ခ်ဳပ္ႀကီးၾကပ္သူတစ္ဦးဦးရဲ႕ ေနရာဗိမာန္ ျဖစ္ပါလိမ့္မယ္။

ေအာင္ႏိုင္ဦး။ ။ အရွင္ဘုရား၊ ငရဲျပည္ကိုေရာက္သြားတာက တပည့္ေတာ္ရဲ႕ဝိဉာဏ္ကေရာက္သြားတာလား၊ စိတ္ကထင္ျမင္ေနတာမ်ားလား ဘုရား။
စာေရးသူ။ ။ ဂတိနိမိတ္ထင္တာလို႔ ေျပာရမွာပါ။ ဒါေပမယ့္ ဂတိနိမိတ္ထင္ၿပီးမွ ကံအဟုန္ မကုန္ေသးတဲ့ အတြက္ ျပန္ရွင္လာတယ္လို႔ ေျပာရမွာျဖစ္ပါတယ္။ ျပန္ရွင္လာသူေတြမွာလည္း အခ်ိဳ႕က နာရီပိုင္းေလာက္၊ အခ်ိဳ႕က ႏွစ္နဲ႔ခ်ီၿပီး ျပန္ရွင္လာသူေတြရယ္ဆိုၿပီး အစားစားရွိႏိုင္ပါတယ္။ ဝိဉာဏ္ေကာင္၊ အသက္ေကာင္၊ လိပ္ျပာေကာင္မ်ိဳးရွိၿပီး အဲဒီဝိဉာဏ္၊ အသက္၊ လိပ္ျပာက ငရဲကို ေရာက္ခဲ့တယ္လို႔ မယူရပါဘူး။ ဗုဒၶအဘိဓမၼာအလိုအရ စိတ္ဟာ သိပ္ကိုဆန္းၾကယ္ၿပီး အမ်ိဳးမ်ိဳးေသာ အာရံုကိုယူႏိုင္စြမ္း၊ ထင္ျမင္ႏိုင္စြမ္းရွိတယ္လို႔ မွတ္ရပါမယ္။

ေအာင္ႏိုင္ဦး။ ။ တပည့္ေတာ္လက္ေတြကို လွဳပ္ေပးေနမယ္လို႔ ေျပာခဲ့တဲ့သူေတာ္စင္ႀကီးကေရာ ဘယ္လိုပုဂၢိဳလ္မ်ိဳး ျဖစ္ႏိုင္ပါမလဲဘုရား။
စာေရးသူ ။ ။ ဒကာေလးရဲ႕ ကိုယ္ေစာင့္နတ္ ျဖစ္ႏိုင္ပါတယ္။

(မွတ္ခ်က္။ ။ မေလးရွားႏိုင္ငံ၊ ဂ်ိဳဟိုးဘာရုၿမိဳ႕၌ ၂၃-၁-၂၀၁၂ ေန႔တြင္ ဖြင့္လွစ္ခဲ့ေသာ မိုးကုတ္ဝိပႆနာ တရားစခန္းဝင္၊ ေယာဂီ ကိုေအာင္ႏိုင္ဦး၏ ေျပာျပခ်က္မ်ားႏွင့္ အေမးအေျဖအခ်ိဳ႔ကို အစီအစဥ္က်အာင္ ျပန္လည္ေရးသားမွ်ေဝျခင္း ျဖစ္ပါသည္။ ငရဲခန္းပန္းခ်ီမ်ားမွာ မံုရြာၿမိဳ႕၊ ရပ္ေတာ္မူဘုရားႀကီး၏ အတြင္းနံရံမ်ား၌ေရးဆြဲထားေသာ ပန္းခ်ီကားမ်ားျဖစ္ပါသည္။)

ေမတၱာျဖင့္
Credit:အရွင္ဝိသာရဒ (ရမၼာဝတီ)
=====
ကျနော့်နာမည် အောင်နိုင်ဦးပါ။ ကျနော် (၇)ရက်တိုင်တိုင် သတိလစ်ပြီး ငရဲပြည်ကို ရောက်သွားခဲ့တဲ့အကြောင်း တစ်နေ့ကပဲ ဆရာတော်ကို လျှောက်ထားဖြစ်ခဲ့ပါတယ်။ ခု ဆရာတော်နဲ့ အမှုဆောင်များရဲ့ တိုက်တွန်းမှုကြောင့် ယောဂီများ အားလုံးရဲ့ရှေ့မှာ ကျနော့်ကိုယ်တွေ့ ငရဲပြည်အကြောင်း ပြန်ပြောပြမှာ ဖြစ်ပါတယ်။ ကျနော့်အဖြစ်အပျက်တွေကို နားထောင်ပြီး ငရဲဘေးကလွတ်အောင် မကောင်းမှုတွေကိုရှောင်၊ ကောင်းမှုတွေကို ဆောင်နိုင်ကြစေဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

၂၀၀၂ ခုနှစ်၊ ဂျူလိုင်လ (၃)ရက်နေ့၊ (၁၃၆၄ -ခု၊ နယုန်လပြည့်ကျော် (၈)ရက်) နေ့က၊ ကျနော်ဟာ ဟုမ္မလင်းမြို့နယ်၊ မန်မော်ရွာမှာ ရောက်ရှိနေခဲ့ပါတယ်။ အဲဒီမှာ ရေချိုးမှားပြီး (၇) ရက်တိုင်တိုင် သတိလစ်သွားခဲ့ပါတယ်။ သတိလစ်သွားတယ်ဆိုပေမယ့် ကျနော်ကတော့ ကိုယ့်ကိုယ်ကို သတိလစ်တယ်လို့ မထင်မိပါဘူး။ ဧရာမ လူသန်ကြီးနှစ်ယောက်က ကျနေ့လက်မောင်းကို ကိုင်မပြီး ကျနော့်ကို ခေါ်သွားခဲ့တာပါ။ ကျနော်ဟာ သူတို့နောက်က ပါသွားချိန်မှာ ငိုနေတဲ့ ကျနော့်မိဘနှစ်ပါးနဲ့ သတိလစ်နေတဲ့ ကျနော့်ကိုယ်ခန္ဓာကိုယ်ကို ကျနော် အတိုင်းသား ပြန်မြင်နေခဲ့ရပါတယ်။

ကျနော့်ကို ကောင်းကင်ကနေ ဆွဲခေါ်သွားချိန်မှာ အောက်မှာ ရေပြင်ကြီးကို ဦးစွာ မြင်တွေ့ရပါတယ်။ ချင်းတွင်းမြစ်ရေပြင်ပါ။ ခဏကြာတော့ ဘာကိုမှ မမြင်ရတော့ပဲ ဟင်းလင်းပြင်ကြီးကိုသာ တွေ့မြင်ရပါတော့တယ်။ အဲဒီအချိန်မှာ သူတို့က ကျနော့်ကို တွန်းချလိုက်ကြပါတယ်။ ကျနော်ပြုတ်ကျသွားချိန်မှာပဲ ဧရာမခွေးကြီးနှစ်ကောင်က ကျနော့်နောက်ကို ပြေးလိုက်လာကြပါတော့တယ်။ ကျနော်ပြေးရင် သူတို့လိုက်တယ်၊ ကျနော်ရပ်ရင် သူတို့ရပ်နေတယ်။ ခွေးကြီးတွေရဲ့ မျက်လုံးတွေဟာ အနီရောင် တလက်လက်တောက်နေပါတယ်။ ကျနော်လည်း ကြောက်အားလန့်အားနဲ့ ပြေးရင်း ဗိမာန်တစ်ခုကို သွားတွေ့ပါတယ်။ အရမ်းလှတဲ့ဗိမာန်ကြီးတစ်ခုပါ။ ဗိမာန်ကြီးထဲကို ဝင်ပြေးမယ်လုပ်တော့ အစောင့်က ပေးမဝင်ပါဘူး။ ဗိမာန်ပိုင်ရှင်ဟာလည်း လူ့ပြည်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီလိုနဲ့ ပြေးရင်းလွှားရင်းကနေ ငရဲမင်းလို့ ပြောရမလားမသိပါဘူး။ အဝတ်အစားပြိုးပြိုးပြောင်ပြောင်ဝတ်ထားတဲ့ ခန့်ခန့်ငြားငြား လူကြီးတစ်ယောက်ရှေ့ကို ရောက်သွားပါတယ်။ သူ့လက်ထဲမှာ ရွှေရောင်စာအုပ်ကြီးတစ်အုပ်ကိုင်ထားပြီး နာမည်ဘယ်လိုခေါ်သလဲလို့ ကျနော့်ကို လှမ်းမေးပါတယ်။ အောင်နိုင်ဦးပါဆိုတော့ ကျနော့်ကိုခေါ်လာတဲ့သူတွေကို “မင်းတို့လူမှားခေါ်လာတယ်၊ သူ့ကို ပြန်ပို့ပေးလိုက်ပါ၊ ငရဲခန်းတွေကိုလည်း လိုက်ပြပေးလိုက်ဦး” ဆိုပြီး ပြောပါတယ်။ ပြီးတော့ “ မင်းသူငယ်ချင်း အောင်ကျော်ဦးကို ပြောလိုက်ပါ၊ လကွယ်နေ့၊ နေ့လည် မွန်းတည့်ချိန်မှာ သူ့ကို လာခေါ်မယ် လို့ ပြောလိုက်ပါ” ဆိုပြီးမှာပါတယ်။

အဲဒီမှာ ကျနော်ကို ပထမဆုံးလိုက်ပြကြတာက သန်းတုပ်ခဲ့တဲ့သူတွေ ခံစားနေရတဲ့နေရာပါ။ ငရဲခံရသူတွေကို ဧရာမ ကျောက်ပြင်ကြီးပေါ်ကို ပစ်တင်လိုက်ကြပြီးတော့ ဧရာမကျောက်လုံးကြီးတွေနဲ့ လှိမ့်ပြီး ကြိတ်နေကြတာပါ။ အရမ်းကြောက်စရာ ကောင်းပါတယ်။ နောက်တစ်နေရာကတော့ ဒယ်အိုးလို့ ပြောရမလားမသိပါဘူး။ ဒယ်အိုးလို့သာ ပြောရတာပါ၊ ကျနော်မြင်ခဲ့ရတာကတော့ မြစ်ကြီးတစ်မြစ်လိုပါပဲ၊ အခိုးတထောင်းထောင်းထနေတဲ့ သံရည်ပူတွေကြားထဲမှာ လူတွေ အပြည့်ပါပဲ၊ အော်ဟစ်ညည်းတွားပြီး ကူးခပ်နေကြရပါတယ်။ ကမ်းပေါ်တက်လာသူတွေကို ကမ်းထိပ်က စောင့်နေတဲ့ ငရဲထိန်းတွေက လှံနဲ့ထိုးချ၊ တင်းပုတ်တွေနဲ့ရိုက်ချကြတော့ ပြန်ပြီးဆင်းပြေးကြ၊ ပြန်ပြီးကူးခပ်ကြနဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တစ်နေရာကတော့ လူတွေရဲ့ ခြေတွေလက်တွေ ခေါင်းတွေကို ဖြတ်လိုဖြတ်၊ ရင်ကိုခွဲပြီး အူတွေကို ထုတ်လိုထုတ်၊ နားနဲ့မနာ ဖဝါးနဲ့နာပါ၊ အင်္ဂါဇာတ်တွေကို ဖြတ်လိုဖြတ်နဲ့ ပိုပြီးတော့ ကြောက်စရာ ကောင်းပါတယ်၊ သူတို့ဟာ လူ့ဘဝတုန်းက ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့သူတွေလို့ သိရပါတယ်။ နောက်တစ်နေရာမှာတော့ ဧရာမမြေပြင်ကျယ်ကြီးမှာ လူတွေဟာ အတုန်းအရုန်းလူးလဲအော်ဟစ် နေကြတာကို တွေ့ရပါတယ်၊ ငရဲထိန်းတွေက ဆူးချွန်တွေတပ်ထားတဲ့ ဧရာမဒလိမ့်တုန်းကြီးတွေနဲ့ သူတို့ကို ကြိတ်ချေနေကြပါတယ်၊ သေသွားလိုက်၊ ပြန်ရှင်လာလိုက်၊ ပြန်ခံရလိုက်နဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တော့ ကျနော့ကို ပြန်ခေါ်လာကြပြီး တွန်းချလိုက်ကြပါတယ်၊ ကျနော်လည်း သတိရလာပြီး အဖေတို့ဆီက ရေတောင်းသောက်ရပါတယ်။ အဲဒီနေ့မှာမှ သတိမရရင် ကျတော့်ကို သင်္ဂြိုလ်ကြတော့မယ်လို့ ဆိုပါတယ်။ အော်.. မေ့လို့၊ ငရဲထိန်းကြီးနှစ်ယောက်က ကျနော့်ကို လာခေါ်ကြတုန်းမှာ အဝတ်ဖြူဝတ် သူတော်စင်ကြီးတစ်ယောက်ကို တွေ့ခဲ့ရပါသေးတယ်။ သူက “ကောင်းကောင်းလိုက်သွားပါ၊ မင့်လက်တွေကို ငါလှုပ်ပေးထားမယ်” လို့ ပြောပါတယ်။ ကျနော် သတိလစ်နေစဉ် ခုနစ်ရက်အတွင်း အသက်လည်းမရှူ၊ နှလုံးလည်း မခုန်ပေမဲ့ ကျနော့်လက်ချောင်းလေးတွေကတော့ ခုနစ်ရက်လုံးလုံး ကွေးလိုက်ဖြန့်လိုက် ဖြစ်နေခဲ့တယ်လို့ ဝိုင်းပြောကြပါတယ်။ ဒါကြောင့်မို့ သေပြီလို့ မဆုံးဖြတ်ရဲတာနဲ့ ခုလို (၇) ရက်တိုင်တိုင် စောင့်ကြည့်နေခဲ့ကြကြောင်း ပြောပြကြပါတယ်။ ကျနော့်အမေကဆို “လက်တွေမညောင်းဘူးလား သားရယ်” လို့တောင် မေးပါသေးတယ်။

ကျနော်လည်း ခုနစ်ရက်တိုင်တိုင် သတိလစ်မေ့မျောနေခဲ့တော့ လေသံသဲ့သဲ့လေးနဲ့ပဲ ပြောနိုင်ပါတော့တယ်။ အောင်ကျော်ဦးနဲ့ လူမှားခေါ်ခံရတာဖြစ်ကြောင်း၊ လကွယ်နေ့ မွန်းတည့်ချိန်မှာ သူ့ကိုလာခေါ်မယ်လို့ မှာလိုက်တဲ့အကြောင်း အမေတို့ကို ပြောပြတော့ အမေတို့က ပြန်မပြောဖို့ ပြောပါတယ်။ မတော်ရင် တရားစွဲခံရနိုင်တယ်လို့လည်း ပြောကြတဲ့အတွက်ရော၊ ကျနော်ကိုယ်တိုင်ကလည်း အားမရှိလို့ ပင်ပန်းနေတဲ့အတွက်ရော၊ အောင်ကျော်ဦးအကြောင်းကို နောက်ထပ် မပြောဖြစ်တော့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ပြောလိုက်တဲ့အတိုင်း လကွယ်နေ့၊ မွန်းတည့်ချိန်မှာ အောင်ကျော်ဦးတစ်ယောက် ထမင်းစားနေရင်းကနေ နောက်ပြန်လန်ကျပြီး ဆုံးပါးသွားခဲ့ရှာပါတယ်။ ကျနော့်အဖြစ်အပျက်ကတော့ ဒါပါပဲခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ငရဲဆိုတာ တကယ်ရှိပါတယ်။ ငရဲဘေးကလွတ်အောင် ကြိုးစားနိုင်ကြပါစေ ခင်ဗျာ..။
————————————————————————

ယောဂီတစ်ဦး။ ။ နေပါဦးညီလေး၊ ညီလေးကို လာခေါ်တဲ့သူတွေက ဘယ်လိုပုံစံတွေလဲ။
အောင်နိုင်ဦး။ ။ အဝတ်အစားတွေ ဝင်းဝင်းဝါဝါနဲ့ ပြောင်ပြောင်လဲ့လဲ့တွေပါ။ လူကောင်ကတော့ အကြီးကြီးတွေပါ။
ယောဂီတစ်ဦး။ ။ ငရဲမှာ ဗိမာန်လှလှကြီး တစ်ခု တွေခဲ့တယ်ဆိုတာကရော ဘယ်လိုဖြစ်မလဲ။
စာရေးသူ။ ။ ထောင်မှူး ထောင်ပိုင်တွေလို၊ ငရဲပြည်မှာ အုပ်ချုပ်ကြီးကြပ်သူတစ်ဦးဦးရဲ့ နေရာဗိမာန် ဖြစ်ပါလိမ့်မယ်။

အောင်နိုင်ဦး။ ။ အရှင်ဘုရား၊ ငရဲပြည်ကိုရောက်သွားတာက တပည့်တော်ရဲ့ဝိဉာဏ်ကရောက်သွားတာလား၊ စိတ်ကထင်မြင်နေတာများလား ဘုရား။
စာရေးသူ။ ။ ဂတိနိမိတ်ထင်တာလို့ ပြောရမှာပါ။ ဒါပေမယ့် ဂတိနိမိတ်ထင်ပြီးမှ ကံအဟုန် မကုန်သေးတဲ့ အတွက် ပြန်ရှင်လာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ပြန်ရှင်လာသူတွေမှာလည်း အချို့က နာရီပိုင်းလောက်၊ အချို့က နှစ်နဲ့ချီပြီး ပြန်ရှင်လာသူတွေရယ်ဆိုပြီး အစားစားရှိနိုင်ပါတယ်။ ဝိဉာဏ်ကောင်၊ အသက်ကောင်၊ လိပ်ပြာကောင်မျိုးရှိပြီး အဲဒီဝိဉာဏ်၊ အသက်၊ လိပ်ပြာက ငရဲကို ရောက်ခဲ့တယ်လို့ မယူရပါဘူး။ ဗုဒ္ဓအဘိဓမ္မာအလိုအရ စိတ်ဟာ သိပ်ကိုဆန်းကြယ်ပြီး အမျိုးမျိုးသော အာရုံကိုယူနိုင်စွမ်း၊ ထင်မြင်နိုင်စွမ်းရှိတယ်လို့ မှတ်ရပါမယ်။

အောင်နိုင်ဦး။ ။ တပည့်တော်လက်တွေကို လှုပ်ပေးနေမယ်လို့ ပြောခဲ့တဲ့သူတော်စင်ကြီးကရော ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပါမလဲဘုရား။
စာရေးသူ ။ ။ ဒကာလေးရဲ့ ကိုယ်စောင့်နတ် ဖြစ်နိုင်ပါတယ်။

(မှတ်ချက်။ ။ မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရုမြို့၌ ၂၃-၁-၂၀၁၂ နေ့တွင် ဖွင့်လှစ်ခဲ့သော မိုးကုတ်ဝိပဿနာ တရားစခန်းဝင်၊ ယောဂီ ကိုအောင်နိုင်ဦး၏ ပြောပြချက်များနှင့် အမေးအဖြေအချို့ကို အစီအစဉ်ကျအာင် ပြန်လည်ရေးသားမျှဝေခြင်း ဖြစ်ပါသည်။ ငရဲခန်းပန်းချီများမှာ မုံရွာမြို့၊ ရပ်တော်မူဘုရားကြီး၏ အတွင်းနံရံများ၌ရေးဆွဲထားသော ပန်းချီကားများဖြစ်ပါသည်။)

မေတ္တာဖြင့်
Credit:အရှင်ဝိသာရဒ (ရမ္မာဝတီ)

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...