======

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရုံးမွ သတင္းထုတ္ျပန္ခ်က္ အျပည့္အစံု

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရုံးမွ သတင္းထုတ္ျပန္ခ်က္

ယေန႔ ဇြန္ ၇ ရက္တြင္ ရန္ကုန္-ၿမိတ္-ဘုတ္ျပင္း-ၿမိတ္-ရန္ကုန္ ခရီးစဥ္အတိုင္း တပ္မေတာ္သားမ်ား
ႏွင့္ မိသားစုမ်ားအတြက္ သက္သာေခ်ာင္ခ်ိေရး ပို႔ေဆာင္ႀကိဳဆိုေသာ တပ္မေတာ္သယ္ယူ
ပို႔ေဆာင္ေရးေလယာဥ္ (Y-8 200 F အမ်ိဳးအစား၊ ေလယာဥ္အမွတ္-၅၈၂၀) သည္ စစ္သည္/
မိသားစု ၁၀၈ ဦးႏွင့္ ေလယာဥ္အမႈထမ္း ၁၄ ဦးအပါအ၀င္ ကုန္တန္ခ်ိန္ ၂.၄ တန္ခန္႔သယ္ေဆာင္
၍ မြန္းလြဲ ၁ နာရီ ၆ မိနစ္တြင္ ၿမိတ္ၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ စတင္ထြက္ခြာပံ်သန္းခဲ့သည္။
အဆိုပါေလယာဥ္သည္ အျမင့္ေပ ၁၈၀၀၀ မွ ပ်ံသန္းခဲ့ရာ မြန္းလြဲ ၁ နာရီ ၃၅ မိနစ္တြင္ ထား၀ယ္ၿမိဳ႕
၏ အေနာက္ေတာင္ဘက္ ၁၉၅ ဒီဂရီ၊ အကြာအေ၀းအားျဖင့္ ၄၃ မိုင္ခန္႔အေရာက္၌ ထား၀ယ္
ေလဆိပ္ႏွင့္ အဆက္အသြယ္ရရွိၿပီးေနာက္ပိုင္း ဆက္သြယ္မႈျပတ္ေတာက္သြားခဲ့သည္။
ထိုသို႔အဆက္အသြယ္ျပတ္ေတာက္ၿပီးေနာက္ မြန္းလြဲ ၂ နာရီမွစတင္၍ တပ္မေတာ္(ေလ)မွ
ေလယာဥ္မ်ား၊ တပ္မေတာ္(ေရ)မွ ေရယာဥ္မ်ား၊ ေျမျပင္တပ္မ်ားျဖင့္ အဆိုပါေလယာဥ္ႏွင့္
ေနာက္ဆံုးအဆက္အသြယ္ ရရွိခဲ့သည့္ ေျမာက္လတၱီတြဒ္ ၁၃.၄၈ ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္
၉၈.၀၂ ဒီဂရီ ေနရာတစ္၀ိုက္ႏွင့္ ေလယာဥ္ပ်ံသန္းရာ လမ္းေၾကာင္းတစ္ေလွ်ာက္ ရွာေဖြ
ကယ္ဆယ္ေရး လုပ္ငန္းမ်ားအား ေဆာင္ရြက္ခဲ့သည္။ ျဖစ္စဥ္ျဖစ္ပြားသည့္အခ်ိန္တြင္ ပင္လယ္ျပင္
လိႈင္းေလအတန္ငယ္ရွိေသာ္လည္း ညေန ၆ နာရီခန္႔တြင္ ရာသီဥတုေကာင္းမြန္သြားသျဖင့္ ေဒသခံ
ေရယာဥ္မ်ားပါ ပူးေပါင္း၍ ရွာေဖြျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိသည္။
လက္ရွိတြင္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားအား တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္ ၉ စီး၊
တပ္မေတာ္(ေလ)မွ ေလယာဥ္ ၃ စီးႏွင့္ ေျမျပင္တပ္မ်ား ေနရာျဖန္႔ခြဲ၍ ေဒသခံေရယာဥ္မ်ားႏွင့္ပါ
၀ိုင္း၀န္း ပူးေပါင္းလုပ္ေဆာင္လ်က္ရွိသည္။
အဆိုပါ Y-8 200 F ေလယာဥ္မွာ ၂၀၁၆ ခုႏွစ္၊ မတ္လတြင္ ေနာက္ဆံုးေရာက္ရွိခဲ့သည့္ ေလယာဥ္
ျဖစ္ၿပီး တပ္မေတာ္(ေလ)တြင္ ၈၀၉ နာရီ ပ်ံသန္းအသံုးျပဳခဲ့ၿပီးျဖစ္သည္။
ယခုခရီးစဥ္တြင္ ေလယာဥ္ပံ်သန္းမႈ အေတြ႕အႀကံဳမ်ားရွိသည့္ ေလယာဥ္မွဴးႀကီး ယာယီဒုတိယ
ဗိုလ္မွဴးႀကီး ၿငိမ္းခ်မ္း(ေလယာဥ္ေမာင္းႏွင္ပ်ံသန္းခ်ိန္ ၃၁၆၂ နာရီ)၊ တြဲဖက္ေလယာဥ္မွဴး ယာယီ
ဒုတိယဗိုလ္မွဴးႀကီး စိုးသူ၀င္း(ေလယာဥ္ေမာင္းႏွင္ပ်ံသန္းခ်ိန္ ၃၁၆၁ နာရီ)ႏွင့္ တြဲဖက္ေလယာဥ္မွဴး
ဗိုလ္မွဴး သန္႔ဇင္ေဌး(ေလယာဥ္ေမာင္းႏွင္ပ်ံသန္းခ်ိန္ ၂၄၀၃ နာရီ)၊ ပ်ံသန္းေရး အင္ဂ်င္နီယာ
ဗိုလ္ႀကီး ေက်ာ္စိုး တို႔က တာ၀န္ယူပ်ံသန္းေမာင္းႏွင္ခဲ့ျခင္းျဖစ္ၿပီး ေလယာဥ္အမႈထမ္း စုစုေပါင္း ၁၄
ဦးပါရွိသည္။ ေလယာဥ္ျဖင့္ လိုက္ပါလာသည့္ ခရီးသည္မ်ားမွာ အရာရွိ/စစ္သည္ ၃၅ ဦးႏွင့္
မိသားစု၀င္ ကေလး ၁၅ ဦး၊ လူႀကီး ၅၈ ဦးတို႔ျဖစ္ၿပီး စုစုေပါင္း ၁၀၈ ဦးပါရွိေၾကာင္း သတင္းရရွိသည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရုံး

==============

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်

ယနေ့ ဇွန် ၇ ရက်တွင် ရန်ကုန်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း တပ်မတော်သားများ
နှင့် မိသားစုများအတွက် သက်သာချောင်ချိရေး ပို့ဆောင်ကြိုဆိုသော တပ်မတော်သယ်ယူ
ပို့ဆောင်ရေးလေယာဉ် (Y-8 200 F အမျိုးအစား၊ လေယာဉ်အမှတ်-၅၈၂၀) သည် စစ်သည်/
မိသားစု ၁၀၈ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးအပါအဝင် ကုန်တန်ချိန် ၂.၄ တန်ခန့်သယ်ဆောင်
၍ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာပျံသန်းခဲ့သည်။
အဆိုပါလေယာဉ်သည် အမြင့်ပေ ၁၈၀၀၀ မှ ပျံသန်းခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ထားဝယ်မြို့
၏ အနောက်တောင်ဘက် ၁၉၅ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၄၃ မိုင်ခန့်အရောက်၌ ထားဝယ်
လေဆိပ်နှင့် အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ဆက်သွယ်မှုပြတ်တောက်သွားခဲ့သည်။
ထိုသို့အဆက်အသွယ်ပြတ်တောက်ပြီးနောက် မွန်းလွဲ ၂ နာရီမှစတင်၍ တပ်မတော်(လေ)မှ
လေယာဉ်များ၊ တပ်မတော်(ရေ)မှ ရေယာဉ်များ၊ မြေပြင်တပ်များဖြင့် အဆိုပါလေယာဉ်နှင့်
နောက်ဆုံးအဆက်အသွယ် ရရှိခဲ့သည့် မြောက်လတ္တီတွဒ် ၁၃.၄၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်
၉၈.၀၂ ဒီဂရီ နေရာတစ်ဝိုက်နှင့် လေယာဉ်ပျံသန်းရာ လမ်းကြောင်းတစ်လျှောက် ရှာဖွေ
ကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားသည့်အချိန်တွင် ပင်လယ်ပြင်
လှိုင်းလေအတန်ငယ်ရှိသော်လည်း ညနေ ၆ နာရီခန့်တွင် ရာသီဥတုကောင်းမွန်သွားသဖြင့် ဒေသခံ
ရေယာဉ်များပါ ပူးပေါင်း၍ ရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၉ စီး၊
တပ်မတော်(လေ)မှ လေယာဉ် ၃ စီးနှင့် မြေပြင်တပ်များ နေရာဖြန့်ခွဲ၍ ဒေသခံရေယာဉ်များနှင့်ပါ
၀ိုင်းဝန်း ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။
အဆိုပါ Y-8 200 F လေယာဉ်မှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် နောက်ဆုံးရောက်ရှိခဲ့သည့် လေယာဉ်
ဖြစ်ပြီး တပ်မတော်(လေ)တွင် ၈၀၉ နာရီ ပျံသန်းအသုံးပြုခဲ့ပြီးဖြစ်သည်။
ယခုခရီးစဉ်တွင် လေယာဉ်ပျံသန်းမှု အတွေ့အကြုံများရှိသည့် လေယာဉ်မှူးကြီး ယာယီဒုတိယ
ဗိုလ်မှူးကြီး ငြိမ်းချမ်း(လေယာဉ်မောင်းနှင်ပျံသန်းချိန် ၃၁၆၂ နာရီ)၊ တွဲဖက်လေယာဉ်မှူး ယာယီ
ဒုတိယဗိုလ်မှူးကြီး စိုးသူဝင်း(လေယာဉ်မောင်းနှင်ပျံသန်းချိန် ၃၁၆၁ နာရီ)နှင့် တွဲဖက်လေယာဉ်မှူး
ဗိုလ်မှူး သန့်ဇင်ဌေး(လေယာဉ်မောင်းနှင်ပျံသန်းချိန် ၂၄၀၃ နာရီ)၊ ပျံသန်းရေး အင်ဂျင်နီယာ
ဗိုလ်ကြီး ကျော်စိုး တို့က တာဝန်ယူပျံသန်းမောင်းနှင်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်အမှုထမ်း စုစုပေါင်း ၁၄
ဦးပါရှိသည်။ လေယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်များမှာ အရာရှိ/စစ်သည် ၃၅ ဦးနှင့်
မိသားစုဝင် ကလေး ၁၅ ဦး၊ လူကြီး ၅၈ ဦးတို့ဖြစ်ပြီး စုစုပေါင်း ၁၀၈ ဦးပါရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...