======

နာမည္ႀကီးေနတဲ့ အင္းစိန္ေထာင္အတြင္းမွ ဂႏၳ၀င္လူမိုက္ႀကီးမ်ား အေၾကာင္း

အင္းစိန္ေထာင္အတြင္းမွ ဂႏၳ၀င္လူမိုက္ႀကီးမ်ား အပိုင္း (၂၀) - ေဇာ္သက္ေထြး

credit:ေဇာ္သက္ေထြးးးးး
သစၥာရွိေသာ လူမိုက္ႀကီး ဗိုက္ေထာက္ေက်ာ္၀င္းနဲ႔ ပီတာ
ေတာ္ေတာ္စြမ္းတဲ့ လူမိုက္ႀကီးႏွစ္ေယာက္ကို နယ္ေထာင္မွာ လံုၿခံဳေရးအရ ဆက္လက္မထိန္းသိမ္းႏုိင္ေတာ့လို႔ ဗဟုိအင္းစိန္ အက်ဥ္းေထာင္ကို ပို႔လိုက္မယ္ဆိုတဲ့ သတင္းေၾကာင့္ အားလံုးက စိတ္၀င္တစား ေစာင့္ၾကည့္ခဲ့ၾကပါတယ္။ အဲဒီလူမိုက္ႀကီးႏွစ္ေယာက္ကေတာ့ ဗိုက္ေထာက္ေက်ာ္မင္းႏွင့္ ပီတာလို႔ ေခၚပါတယ္။
သူတို႔ႏွစ္ေယာက္ က်ဴးလြန္ခဲ့တဲ့အမႈက မီးခဲကို ဖင္ခုထိုင္လိုက္တဲ့အမႈပဲ။ အရင္ကေတာ့ သူတို႔ႏွစ္ေယာက္က နာမည္မရွိတဲ့ လူဆိုးေပါက္စနေလးေတြပါ။ သူတို႔ က်င္လည္က်က္စားတာက ရန္ကုန္-မႏၲေလး အစုန္အဆန္ ရထားတြဲေတြနဲ႔ ရန္ကုန္ဘူတာႀကီး။ ဗိုက္ေထာက္ေက်ာ္မင္းက ခႏၶာကိုယ္ ပိန္ပိန္ပါးပါး အရပ္ရွည္ရွည္။ ခပ္ေအးေအးေနတတ္တဲ့ ေသြးေအးသတၱ၀ါ။ ဒါေပမဲ့ သူ႔ခႏၶာကိုယ္မွာ ေမြးရာပါ ေၾကာင္နီအမွတ္ႀကီး တစ္ခုရွိတယ္။ ဘယ္ဘက္ခါးမွာ ေၾကာင္ရဲ႕ေခါင္းရွိၿပီး လက္ႏွစ္ဖက္က ဗိုက္ဘက္ကို ပစ္ထားၿပီး ေျခေထာက္ႏွစ္ဖက္က ေက်ာဘက္ကို ပစ္ထားတယ္။ အမွတ္တမဲ့လွမ္းၾကည့္ရင္ ေၾကာင္တစ္ေကာင္က သူ႔ခါးကို ဖက္ထားသလုိမ်ိဳး။ ဒီအမွတ္ေၾကာင့္လား မသိဘူး။ ေက်ာ္မင္းက လႈပ္ရွားရာမွာေပါ့ပါးတယ္၊ အရမ္းသြက္တယ္။ အရွိန္နဲ႔ ေမာင္းေနတဲ့ ရထားတြဲေပၚကေန ခုန္တက္၊ ခုန္ဆင္းႏုိင္တယ္။
ပီတာကေတာ့ ဟိႏၵဴလူမ်ိဳး။ အရပ္ပုပ်ပ္ပ်ပ္၊ ရယ္လိုက္ရင္ ေဖြးေနတဲ့ သြားေတြကုိ အရင္ျမင္ရလိမ့္မယ္။ ငယ္ငယ္က သူတို႔ဘာသာတရားအရ တစ္ကိုယ္လံုး မုန္ညင္းဆီ လိမ္းၿပီး အ႐ိုးအဆစ္ သန္မာေအာင္ ေနပူလွန္းတယ္။ သူ႔အေမက သားေလးတစ္ေယာက္ပဲရွိေတာ့ မုန္ညင္းဆီေတြ မ်ားမ်ားလိမ္းၿပီး ေနခပ္မ်ားမ်ား လွန္းလိုက္တယ္ထင္ပါတယ္။ ပီတာတစ္ကိုယ္လံုး မီးေသြးခဲလို မည္းနက္ေနၿပီး အရမ္းသန္မာတယ္။ လူတစ္ကိုယ္လံုးကို သူေကာက္ခ်ီလိုက္ရင္ ေလထဲကို ေစြ႕ခနဲပါသြားတယ္။ သူတို႔ႏွစ္ေယာက္အတြက္ကေတာ့ ရန္ကုန္-မႏၲေလး အစုန္အဆန္ရထားတြဲေတြဟာ ထမင္းအိုးပဲ။ ႀကံဳရင္ႀကံဳသလို ခရီးသည္ေတြဆီကေန ခုိးတယ္၊ လုယက္တယ္။ ပစၥည္းယူၿပီးရင္ ရထားတြဲေပၚကေန ရိပ္ခနဲခုန္ခ်သြားတာပဲ။ အရမ္းျမန္လြန္းေတာ့ ရထားရဲေတြလည္း သူတို႔ကို မဖမ္းႏုိင္ဘူး။ ဘူတာ႐ံုမွာ၊ တြဲေပၚမွာ လုပ္ကိုင္စားေသာက္ေနတဲ့ သူေတြကို ရဲေတြသိေနေပမယ့္ လက္ဆုပ္လက္ကိုင္ ဖမ္းဖို႔ကေတာ့ ခက္တယ္။
တစ္ေန႔ေတာ့ ေက်ာ္မင္းနဲ႔ ပီတာတို႔ ရန္ကုန္ဘူတာႀကီးထဲမွာထုိင္ၿပီး သားေကာင္လုိက္ရွာေနတယ္။ ဒီရက္ပိုင္းမွာ အလုပ္မျဖစ္တဲ့အတြက္ ဘိုင္ျပတ္ေနတယ္။ ဒီအခ်ိန္မွာပဲ ဘူတာႀကီးထဲကို ခမ္းခမ္းနားနား ၀တ္စားထားတဲ့ ခပ္ေတာင့္ေတာင့္ အမ်ိဳးသမီးႀကီးတစ္ဦး ၀င္လာတယ္။ ဒီအမ်ိဳးသမီးႀကီးကို ေက်ာ္မင္းနဲ႔ပီတာ ေတြ႕သြားၿပီးတဲ့ေနာက္ မ်က္ေတာင္မခတ္စတမ္း ေငးၾကည့္ေနရတယ္။ ဘာလို႔လဲဆိုေတာ့ အမ်ိဳးသမီးႀကီးရဲ႕ လည္ပင္းမွာ၀တ္ထားတဲ့ အေရာင္တဖ်တ္ဖ်တ္ လက္ေနတဲ့ ဘယက္ႀကီးေၾကာင့္ပဲ။ ဒါနဲ႔ ဒီအမ်ိဳးသမီးႀကီး ဘယ္အတြဲမွာတက္မလဲဆိုၿပီး လိုက္ၾကည့္ၾကတယ္။ အမ်ိဳးသမီးႀကီးကို ရထားရဲေတြက အ႐ိုအေသေပးၿပီး အထူးတြဲေပၚကို တင္ေပးတာ ေတြ႕လိုက္ေတာ့ သူတို႔ႏွစ္ေယာက္လံုး စိတ္ဓာတ္က်သြားတယ္။ အထူးတြဲဆိုတာက သာမန္ျပည္သူေတြ သြားခြင့္မရွိသလို၊ လံုၿခံဳေရးအေစာင့္အေရွာက္ေတြလည္း အျပည့္ပါတဲ့အတြဲ ျဖစ္ပါတယ္။ ပီတာက အေျခအေနကို ၾကည့္ၿပီး ေခါင္းကုတ္လုိက္တယ္။
“ေက်ာ္မင္းေရ ... အေျခအေနကေတာ့ မလွဘူး။ ၾကည့္ရတာ လူႀကီးတစ္ေယာက္ရဲ႕ မိန္းမလားမသိဘူး”
“ေအး ... ဟုတ္ေလာက္တယ္။ ရဲေတြၾကည့္ရတာ ပ်ာေနတာပဲ”
ပီတာက ေက်ာ္မင္းမ်က္ႏွာကို ေသခ်ာၾကည့္ရင္း လွမ္းေမးတယ္။
“ဒါဆို လက္ေလွ်ာ့လိုက္ရေတာ့မလား”
ေက်ာ္မင္းကေတာ့ အမ်ိဳးသမီးႀကီးရဲ႕ လည္ပင္းက ဘယက္ႀကီးကို အၾကည့္မခြာႏိုင္ဘဲ ျပန္ေျပာတယ္။
“မင္းသေဘာပဲ”
“ခက္ေတာ့ ခက္တယ္၊ ၾကည့္ရတာ ပစၥည္းတန္ဖိုးက မနည္းဘူး။ ဒီဘယက္ႀကီးသာ ငါတို႔ရလိုက္ရင္ ဒီေလာကထဲကထြက္ၿပီး ေအးေအးေဆးေဆး လုပ္ကိုင္စားေသာက္လုိ႔ရၿပီ”
ပီတာ့ စကားေၾကာင့္ ေက်ာ္မင္း ေလာဘတက္သြားတယ္။ အထူးတြဲေပၚမွာစီးမယ့္ အမ်ိဳးသမီးႀကီးရဲ႕ လည္ပင္းကဘယက္ကို လုဖုိ႔ဆိုတာ ေတာ္ေတာ္မလြယ္တဲ့ အလုပ္တစ္ခုပါ။ ဒါေပမဲ့ ေက်ာ္မင္းကေတာ့ ဘယ္လုိလုရမလဲဆိုတာ စစဥ္းစားေနၿပီ။ အထူးတြဲကို ႐ိုး႐ိုးလူေတြလည္း သြားလုိ႔မရဘူး။ မုန္႔သည္ေတြလည္း သြားလို႔မရဘူး။ ရထားရဲကလည္း အခ်ိန္ျပည့္ ေစာင့္ေရွာက္ေနတယ္။ ေက်ာ္မင္းက သက္ျပင္းခ်ရင္း ပီတာ့ကို လွမ္းေမးတယ္။
“ငါတို႔ ဘယ္လုိလုပ္ၾကမလဲ”
အဲဒီအခ်ိန္မွာပဲ ရထားထြက္ဖို႔ ၀ီစီသံကို ၾကားလိုက္ရတယ္။ သူတို႔ၾကည့္ေနတဲ့ အထူးတြဲရဲ႕ ျပတင္းေပါက္ကေန လည္ဆြဲ၀တ္ထားတဲ့ အမ်ိဳးသမီးႀကီးရဲ႕ မ်က္ႏွာေပၚလာတယ္။ ေက်ာ္မင္း ေသခ်ာစဥ္းစားေနရင္း ေခါင္းထဲမွာ ဖ်တ္ခနဲ အလင္းစတစ္စရသြားတယ္။ ပီတာ ေက်ာကုန္းကို ျဖန္းခနဲ႐ိုက္ခ်လိုက္တယ္။
“ငါ အႀကံရၿပီ ပီတာ၊ လာလိုက္သြားစို႔”
ဒီလုိနဲ႔ သူတို႔ႏွစ္ေယာက္လည္း ရန္ကုန္ဘူတာႀကီးထဲကေန မႏၲေလးကိုထြက္မယ့္ အဆန္ရထား ေပၚကိုပါသြားတယ္။ သူတို႔ ဘယက္လုမယ့္ အမ်ိဳးသမီးႀကီးဟာ အမွန္တကယ္ေတာ့ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ ပါတီေခတ္က ၾသဇာအာဏာရွိတဲ့ ဒု၀န္ႀကီးတစ္ပါးရဲ႕ကေတာ္ ျဖစ္ပါတယ္။ ေငြေၾကးဥစၥာလည္း ခ်မ္းသာတဲ့အျပင္ ဇာတိမႏၲေလးကို ေခတၱအလည္သြားတာ ျဖစ္ပါတယ္။
ရထားႀကီးကေတာ့ ပဲခူးဘူတာေရာက္တဲ့အထိ ေအးေအးေဆးေဆးပါပဲ။ နည္းနည္းအေမွာင္သန္း လာတာနဲ႔ ေက်ာ္မင္းနဲ႔ ပီတာတို႔ စတင္လႈပ္ရွားပါေတာ့တယ္။ ႐ိုး႐ိုးတြဲ ေခါင္မိုးေပၚကို ေၾကာင္တစ္ေကာင္လို ေပါ့ေပါ့ပါးပါးတက္သြားၾကၿပီး တြဲေခါင္မိုးေပၚကတစ္ဆင့္ အထူးတြဲရွိရာကို သတိထားၿပီး ခ်ဥ္းကပ္လာၾကပါတယ္။ ဒီေနရာမွာ အရပ္ပုၿပီး သန္မာတဲ့ပီတာက ပိုခရီးေရာက္တယ္။ အထူးတြဲေခါင္မိုးေပၚကို သူအရင္ေရာက္သြားၿပီး တြဲေခါင္မိုးအေပၚက အဲယားကြန္း တပ္ထားတဲ့ ဘုလံုးႀကီးကို ခြထိုင္လိုက္တယ္။ ၿပီးေတာ့ သူ႔နားကို ေရာက္လာတဲ့ ေက်ာ္မင္းရဲ႕ ေျခေထာက္ႏွစ္ေခ်ာင္းကို သူ၀တ္လာတဲ့ ပုဆိုးနဲ႔ ဘယ္ညာ ခ်ည္လိုက္တယ္။ ၿပီးေတာ့ ပီတာက အမိုးေပၚက ဘုကို အားျပဳၿပီး ေက်ာ္မင္းကို ထိန္းေပးထားတယ္။ ေက်ာ္မင္းက ပီတာထိန္းထားေပးထားတဲ့အတိုင္း အမ်ိဳးသမီးႀကီးထိုင္စီးတဲ့ ျပတင္းေပါက္ရွိရာကို ေခါင္မိုးကေန တျဖည္းျဖည္း ေဇာက္ထိုးဆင္းသြားတယ္။ ပီတာက သတိႀကီးႀကီးထားၿပီး တျဖည္းျဖည္းေအာက္ကို ေလွ်ာ့ခ်ေပးရတာပါ။ ေက်ာ္မင္းက အရပ္ရွည္တဲ့အတြက္ေၾကာင့္ အမ်ားႀကီး ေလွ်ာ့မေပးခင္မွာပဲ ျပတင္းေပါက္ဆီကို ေရာက္သြားတယ္။ ဒီအေျခအေနကို အသံုးခ်ၿပီး အျပင္ကို ေငးၾကည့္ေနတဲ့ အမ်ိဳးသမီးႀကီးရဲ႕ လည္ပင္းက ဘယက္ကို လွ်ပ္တစ္ျပက္ အားနဲ႔ဆြဲျဖဳတ္လုိက္တယ္။ ႐ုတ္တရက္ ႀကံဳေတြ႕လိုက္ရတဲ့ ျဖစ္ရပ္ေၾကာင့္ အမ်ိဳးသမီးႀကီးက မေအာ္မိဘဲ ေငးေၾကာင္ၾကည့္ေနတယ္။ ေက်ာ္မင္းက ေဇာက္ထိုးႀကီးျဖစ္ေနတာကေန ရထားအမိုးကို ဗိုက္နဲ႔ေထာက္ၿပီး အေပၚကို ျပန္တက္တယ္။ သူတို႔အထူးတဲြ ေခါင္မိုးေပၚကေန ႐ိုး႐ိုးတြဲ ေခါင္မိုးေတြဆီ ေနာက္ျပန္ျပန္ေျပးတယ္။ ၿပီးေတာ့ တြဲႏွစ္ခုၾကားကို ေလွ်ာဆင္းၿပီး အရွိန္နဲ႔ ခုတ္ေမာင္းေနတဲ့ ရထားေပၚကေန ကၽြမ္းကၽြမ္းက်င္က်င္ ခုန္ခ်လိုက္ၾကတယ္။ သူတို႔ခုန္ခ်တာကို ရထားေပၚက ခရီးသည္ေတြ ျမင္လိုက္ရေပမယ့္ ဘာမွန္းမသိၾကဘူး။ ဘယက္ အလုခံရလိုက္ရတဲ့ အမ်ိဳးသမီးႀကီးက သတိ၀င္လာၿပီး ေအာ္ေတာ့မွ အထူးတြဲေပၚက ခရီးသည္ေတြေရာ၊ ရဲေတြေရာ ပစၥည္းပါသြားတာကို သိလိုက္ၾကတယ္။ ေနာက္ဆံုး ရထားအေရးေပၚႀကိဳးကို ဆြဲလိုက္ေတာ့ ရထားရပ္သြားတယ္။ ရထားေပၚ ပါလာတဲ့ရဲေတြကလည္း ခရီးသည္ေတြ ၫႊန္ျပတဲ့လမ္းေၾကာင္းအတုိင္း ရထားလမ္းေဘးက ေတာထဲကို လိုက္ၾကတယ္။ ဒါေပမဲ့ ပီတာနဲ႔ ေက်ာ္မင္းရဲ႕ အရိပ္အေယာင္ေတာင္ မေတြ႕ရေတာ့ဘူး။
ပီတာနဲ႔ ေက်ာ္မင္းတို႔ ႏွစ္ေယာက္လည္း ရထားလမ္းေဘးက ေတာထဲကို ေရာက္သြားေပမယ့္ နယ္ေျမကို သိပ္မကၽြမ္္းက်င္ဘူး။ ဒါေၾကာင့္ သတိထားၿပီးသြားေနရတယ္။ ရထားေပၚမွာေတာ့ လူႀကီးကေတာ္ရဲ႕ ဘယက္အလုခံလိုက္ရတဲ့အတြက္ ကမၻာပ်က္ေနၿပီ။ ရထားရဲနဲ႔တင္ မလံုေလာက္ေတာ့လို႔ ခ႐ိုင္ရဲေတြ၊ တိုင္းရဲေတြပါ ဆင္းလာၾကတယ္။ အလုခံရတဲ့ ေနရာအနီးတစ္၀ိုက္ကို ေတာနင္းၿပီး ရွာတယ္။ ဒါေပမဲ့ ပီတာနဲ႔ ေက်ာ္မင္းတို႔ရဲ႕ အရိပ္အေယာင္ မေျပာနဲ႔၊ ေျခရာေတာင္ မေတြ႕ရဘူး။
ပီတာနဲ႔ ေက်ာ္မင္းတုိ႔လည္း အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္။ ညေမွာင္ေမွာင္မည္းမည္းထဲ သြားရတဲ့အတြက္ ေက်ာ္မင္းေျခေထာက္ကို ငုတ္စူးသြားတယ္။ ေဆးလည္းမပါေတာ့ ပုဆိုးစကို ၿဖဲၿပီး ပတ္တီးအျဖစ္ သံုးရတယ္။ ရဲလက္ကလြတ္ေအာင္ ေျပးေပမယ့္ ခရီးမတြင္ဘူး။ တခါတရံမွာ သားရဲေတြရဲ႕ရန္ေၾကာက္လို႔ သစ္ပင္ေပၚတက္ပုန္းၿပီး အိပ္ရတာလည္းရွိတယ္။ အဲဒီအခ်ိန္က နယ္ေျမ မေအးခ်မ္းေသးတဲ့အတြက္ သူပုန္ေတြနဲ႔ရင္ဆိုင္တိုးၿပီး အသက္နဲ႔ရင္းလုလာရတဲ့ ဘယက္ႀကီးကို ထုိးေပးလုိက္ရမွာလည္း စိုးရိမ္တယ္။ ေက်ာ္မင္းတို႔ကို လိုက္ရွာေနတဲ့ ရဲေတြကိုေတာ့ အေပၚက ဖိေထာင္းေနၿပီ။ ဘယ္လုိမွ မရွာႏုိင္ေတာ့တဲ့အတြက္ ရဲတပ္ဖြဲ႕က ဒီနယ္ေျမမွာ လႈပ္ရွားေနတဲ့တပ္ကို ထပ္ၿပီး အကူအညီေတာင္းရတယ္။ တပ္ကလည္း ရဟတ္ယာဥ္ပါ သံုးၿပီးေတာ့ ရွာေဖြတယ္။ တစ္ညနဲ႔ တစ္ရက္လံုး ေတာနင္းရွာေပမယ့္ ေက်ာ္မင္းနဲ႔ ပီတာကိုေတာ့ မမိေသးဘူး။
ကံဆိုးမႈကေတာ့ စတင္၀င္ေရာက္လာၿပီ။ ေက်ာ္မင္းေျခေထာက္မွာ ငုတ္စူးတဲ့ ဒဏ္ရာေၾကာင့္ ေျခေထာက္က ေရာင္ကိုင္းလာတယ္။ အဖ်ားလည္း တက္လာတယ္။ ပီတာက ေက်ာ္မင္းကို ေတာ္ေတာ္စိုးရိမ္ေနၿပီ။ သူ႔ေဘာင္းဘီအိတ္ထဲမွာ ထည့္ထားတဲ့ ဘယက္ႀကီးကိုလည္း စိတ္ေတာ္ေတာ္ကုန္ေနၿပီ။ ေက်ာ္မင္းက ပီတာရဲ႕ခံစားခ်က္ကို ရိပ္မိတယ္။ ဒီေတာ့ ေပၚတင္ပဲ ေျပာလိုက္တယ္။
“ပီတာ ငါ့ဒဏ္ရာက ေတာ္ေတာ္ဆိုးေနၿပီ။ မင္းဘယက္ႀကီးကိုယူၿပီး နယ္စပ္ေျပးေတာ့။ ငါအဖမ္းခံလိုက္မယ္”
ေက်ာ္မင္းစကား ၾကားလိုက္တဲ့အခါမွာ ပီတာက ခါးခါးသီးသီးပဲ ေခါင္းကို အဆက္မျပတ္ခါယမ္းလိုက္တယ္။
“မင္းကိုထားၿပီး ငါတစ္ေယာက္တည္း ဘယ္ေတာ့မွ ကိုယ္လြတ္ မ႐ုန္းဘူး ေက်ာ္မင္း”
ပီတာတို႔က ဟိႏၵဴလူမ်ိဳးေတြျဖစ္ေတာ့ သူငယ္ခ်င္းအေပါင္းအသင္းေတြအေပၚမွာ အျခားလူေတြထက္ သစၥာရွိတယ္။ သူက စံလည္းအတူ၊ ခံလည္းအတူဆိုတဲ့ သေဘာထားမ်ိဳးရွိတယ္။
“ငါက လူမွန္းသိတတ္စအရြယ္ကတည္းက ဆိုးတယ္၊ ေပတယ္၊ မိုက္တယ္။ ဒါေပမဲ့ သူငယ္ခ်င္းအေပါင္းအသင္းေတြအေပၚမွာ ဘယ္ေတာ့မွ သစၥာမေဖာက္ဘူး။ အခုလည္းဖမ္းခံရရင္ ႏွစ္ေယာက္အတူေပါ့ကြာ”
ပီတာ့စကားေၾကာင့္ ေက်ာ္မင္းလည္း ထပ္ၿပီးအတင္းအက်ပ္ မေျပာေတာ့ဘူး။ ဒါေပမဲ့ အနာက ရင္းလာေတာ့ အဖ်ားပိုႀကီးလာတယ္။ တစ္ညမွာ သတိလစ္သြားတယ္။ အေျခအေနကေတာ့ အသက္အႏၲရာယ္အတြက္ စိုးရိမ္ေနရတယ္။ ဒီအခိုက္မွာပဲ မလွမ္းမကမ္းက အသံေတြၾကားလိုက္ရတယ္။ မီးေရာင္ေတြလည္း တ၀င္း၀င္းနဲ႔ လွမ္းေတြ႕တယ္။ သူတို႔က ေက်ာ္မင္းတို႔ကိုရွာေနတဲ့ စစ္သားေတြပဲ။ ပီတာက သတိလစ္ေနတဲ့ ေက်ာ္မင္းကို ေပြ႕ၿပီးလွမ္းေအာ္တယ္။
“ကၽြန္ေတာ္တို႔ဒီမွာပါ။ အဖမ္းခံပါရေစ...”
“အဖမ္းခံပါရေစ...”
“အဖမ္းခံပါရေစ...”
ဒီအသံက တစ္ေတာလံုးကို ပဲ့တင္ထပ္သြားပါတယ္။ တပ္ကလည္း သူတို႔ဆီကိုေရာက္လာတယ္။ ေသနတ္ေတြနဲ႔ ၀ိုင္းခ်ိန္ထားရာကေန သတိလစ္ေနတဲ့ ေက်ာ္မင္းကိုၾကည့္ၿပီး အေျခအေနကိုသေဘာ ေပါက္သြားတယ္။ ပီတာက သူတို႔လုလာတဲ့ ဘယက္ကို အပ္လုိက္တယ္။ ရွာေဖြေရးအဖြဲ႕ထဲမွာပါတဲ့ ေဆးတပ္သားက ေက်ာ္မင္းကို ခ်က္ခ်င္းကုေပးတယ္။ တိုတုိေျပာရရင္ေတာ့ လုလာတဲ့ဘယက္လည္း ျပန္သိမ္းခံလိုက္ရၿပီး သူတို႔ႏွစ္ေယာက္လည္း ရမည္းသင္းေထာင္မွာ ခုနစ္ႏွစ္စီက်သြားတယ္။ ေနာက္ေတာ့ ေက်ာ္မင္းလည္း ဗိုက္ေထာက္ေက်ာ္မင္းဆိုၿပီး ေထာင္ထဲမွာ နာမည္ႀကီးသြားတယ္။ သူတို႔ကို ထိန္းသိမ္းထားေပမယ့္ နယ္ေထာင္က (ဂ) အဆင့္မို႔လို႔ သူတို႔ကို အင္းစိန္ေထာင္ပို႔လုိက္ရတယ္။
အင္းစိန္ေထာင္က ဇိုးေတြကလည္း ေက်ာ္မင္းတို႔ကို ဘယ္လိုအမ်ိဳးအစားလဲဆိုတာ စိတ္၀င္တစား သိခ်င္လို႔ နားစြင့္ေနတယ္။ ေျခက်င္းခတ္ၿပီး ေရာက္လာတဲ့ ဗိုက္ေထာက္ေက်ာ္မင္းနဲ႔ ပီတာကို တခ်ိဳ႕ကလည္း အင္းစိန္ေရာက္ရင္ အပိုးက်ိဳးေအာင္ လုပ္ျပမယ္ဆိုၿပီး ႀကံဳး၀ါးထားတယ္။ ပြဲႀကီးပြဲေကာင္း ၾကည့္ရမယ့္ အခ်ိန္မွာမထင္မွတ္တဲ့ အျဖစ္အပ်က္ေပၚလာတယ္။ အဲဒါကေတာ့ စိုးျမတ္ႀကီးကို ေက်ာ္သူက Request လုပ္ၿပီး “ဗိုက္ေထာက္ ေက်ာ္မင္းတို႔ ႏွစ္ေယာက္ကို ကၽြန္ေတာ့္ေပးပါ”လို႔ ဆိုလာတယ္။ ဒီစကားၾကားေတာ့ စိုးျမတ္ႀကီး ေတြေ၀သြားတယ္။ တခ်ိဳ႕ကလည္းေက်ာ္သူက အစြမ္းအစရွိတဲ့ ေက်ာ္မင္းတို႔ကို စည္း႐ံုးၿပီး ေနာက္ထပ္ အုပ္စုဖြဲ႕ေတာ့မလားလုိ႔ ေတြးတယ္။ စိုးျမတ္ႀကီးက သူ႔ကို ေထာင္ထဲမွာ တခါမွ မေတာင္းဆိုဖူးေသးတဲ့ ေက်ာ္သူ႔စကားကို အေလးထားၿပီး သူေတာင္းတဲ့အတုိင္း ေက်ာ္မင္းနဲ႔ ပီတာတို႔ကို ေက်ာ္သူေနတဲ့ အခန္းကို ပို႔လိုက္တယ္။ အားလံုးကေစာင့္ ၾကည့္ေနေပမယ့္ ေက်ာ္သူက ဗိုက္ေထာက္ေက်ာ္မင္းတို႔ကို စည္းလည္း မစည္း႐ံုးဘူး။ အုပ္စုလည္း မဖဲြ႕ဘူး။ တပည့္လည္း မေမြးဘူး။ ေက်ာ္မင္းတို႔ ပီတာတို႔ကို ဒီအတုိင္းပဲ ေစာင့္ေရွာက္ထားတယ္။
တကယ္ေတာ့ ေက်ာ္သူ (ခ) ေႁမြျဖဴေလးက ဆိုးေပမိုက္ေပမယ့္ အခ်င္းခ်င္းအေပၚမွာ သစၥာရွိတဲ့၊ အနစ္နာခံတဲ့ လူဆိုးေတြကို ေစာင့္ေရွာက္ခ်င္႐ံုသာျဖစ္ပါတယ္။ ဒီလုိလူမ်ိဳးေတြကို ေလးစားျမတ္ႏိုးပံုလည္း ရတယ္။ ဒါေၾကာင့္လည္း ေက်ာ္သူ႔ကိုသတ္ဖုိ႔ တာေမြအ႐ိုးစု စိန္ကုလားက ျငင္းခဲ့တာ ျဖစ္မွာေပါ့။
ေနာက္ဆံုးမွာ လူမိုက္ႀကီး ဗိုက္ေထာက္ေက်ာ္၀င္းနဲ႔ ပီတာတို႔ဟာ ဆြမ္ပရာဘြမ္မွာရွိတဲ့ အရမ္းကို ၾကမ္းတမ္းတဲ့ ရဲဘက္စခန္းကို အပို႔ခံလိုက္ရပါတယ္။
စိန္ကုလားႀကီးက ေက်ာ္သူ (ခ) ေႁမြျဖဴေလးကိုသတ္ဖို႔ ဘယ္လိုပဲ လက္ေရွာင္ခဲ့ လက္ေရွာင္ခဲ့ ေဆး႐ံုႀကီး စိန္၀င္းကေတာ့ ေက်ာ္သူ႔ကို ဘာေၾကာင့္ အေသသတ္ခ်င္ေနသလဲဆိုတာကေတာ့ အရမ္းစိတ္၀င္စားစရာ ေကာင္းပါတယ္။
(ဆက္လက္ေဖာ္ျပပါမည္)
ေဇာ္သက္ေထြး
=============

အင်းစိန်ထောင်အတွင်းမှ ဂန္ထဝင်လူမိုက်ကြီးများ အပိုင်း (၂၀) - ဇော်သက်ထွေး

credit:ဇော်သက်ထွေးးးးး
သစ္စာရှိသော လူမိုက်ကြီး ဗိုက်ထောက်ကျော်ဝင်းနဲ့ ပီတာ
တော်တော်စွမ်းတဲ့ လူမိုက်ကြီးနှစ်ယောက်ကို နယ်ထောင်မှာ လုံခြုံရေးအရ ဆက်လက်မထိန်းသိမ်းနိုင်တော့လို့ ဗဟိုအင်းစိန် အကျဉ်းထောင်ကို ပို့လိုက်မယ်ဆိုတဲ့ သတင်းကြောင့် အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ အဲဒီလူမိုက်ကြီးနှစ်ယောက်ကတော့ ဗိုက်ထောက်ကျော်မင်းနှင့် ပီတာလို့ ခေါ်ပါတယ်။
သူတို့နှစ်ယောက် ကျူးလွန်ခဲ့တဲ့အမှုက မီးခဲကို ဖင်ခုထိုင်လိုက်တဲ့အမှုပဲ။ အရင်ကတော့ သူတို့နှစ်ယောက်က နာမည်မရှိတဲ့ လူဆိုးပေါက်စနလေးတွေပါ။ သူတို့ ကျင်လည်ကျက်စားတာက ရန်ကုန်-မန္တလေး အစုန်အဆန် ရထားတွဲတွေနဲ့ ရန်ကုန်ဘူတာကြီး။ ဗိုက်ထောက်ကျော်မင်းက ခန္ဓာကိုယ် ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်။ ခပ်အေးအေးနေတတ်တဲ့ သွေးအေးသတ္တဝါ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်မှာ မွေးရာပါ ကြောင်နီအမှတ်ကြီး တစ်ခုရှိတယ်။ ဘယ်ဘက်ခါးမှာ ကြောင်ရဲ့ခေါင်းရှိပြီး လက်နှစ်ဖက်က ဗိုက်ဘက်ကို ပစ်ထားပြီး ခြေထောက်နှစ်ဖက်က ကျောဘက်ကို ပစ်ထားတယ်။ အမှတ်တမဲ့လှမ်းကြည့်ရင် ကြောင်တစ်ကောင်က သူ့ခါးကို ဖက်ထားသလိုမျိုး။ ဒီအမှတ်ကြောင့်လား မသိဘူး။ ကျော်မင်းက လှုပ်ရှားရာမှာပေါ့ပါးတယ်၊ အရမ်းသွက်တယ်။ အရှိန်နဲ့ မောင်းနေတဲ့ ရထားတွဲပေါ်ကနေ ခုန်တက်၊ ခုန်ဆင်းနိုင်တယ်။
ပီတာကတော့ ဟိန္ဒူလူမျိုး။ အရပ်ပုပျပ်ပျပ်၊ ရယ်လိုက်ရင် ဖွေးနေတဲ့ သွားတွေကို အရင်မြင်ရလိမ့်မယ်။ ငယ်ငယ်က သူတို့ဘာသာတရားအရ တစ်ကိုယ်လုံး မုန်ညင်းဆီ လိမ်းပြီး အရိုးအဆစ် သန်မာအောင် နေပူလှန်းတယ်။ သူ့အမေက သားလေးတစ်ယောက်ပဲရှိတော့ မုန်ညင်းဆီတွေ များများလိမ်းပြီး နေခပ်များများ လှန်းလိုက်တယ်ထင်ပါတယ်။ ပီတာတစ်ကိုယ်လုံး မီးသွေးခဲလို မည်းနက်နေပြီး အရမ်းသန်မာတယ်။ လူတစ်ကိုယ်လုံးကို သူကောက်ချီလိုက်ရင် လေထဲကို စွေ့ခနဲပါသွားတယ်။ သူတို့နှစ်ယောက်အတွက်ကတော့ ရန်ကုန်-မန္တလေး အစုန်အဆန်ရထားတွဲတွေဟာ ထမင်းအိုးပဲ။ ကြုံရင်ကြုံသလို ခရီးသည်တွေဆီကနေ ခိုးတယ်၊ လုယက်တယ်။ ပစ္စည်းယူပြီးရင် ရထားတွဲပေါ်ကနေ ရိပ်ခနဲခုန်ချသွားတာပဲ။ အရမ်းမြန်လွန်းတော့ ရထားရဲတွေလည်း သူတို့ကို မဖမ်းနိုင်ဘူး။ ဘူတာရုံမှာ၊ တွဲပေါ်မှာ လုပ်ကိုင်စားသောက်နေတဲ့ သူတွေကို ရဲတွေသိနေပေမယ့် လက်ဆုပ်လက်ကိုင် ဖမ်းဖို့ကတော့ ခက်တယ်။
တစ်နေ့တော့ ကျော်မင်းနဲ့ ပီတာတို့ ရန်ကုန်ဘူတာကြီးထဲမှာထိုင်ပြီး သားကောင်လိုက်ရှာနေတယ်။ ဒီရက်ပိုင်းမှာ အလုပ်မဖြစ်တဲ့အတွက် ဘိုင်ပြတ်နေတယ်။ ဒီအချိန်မှာပဲ ဘူတာကြီးထဲကို ခမ်းခမ်းနားနား ဝတ်စားထားတဲ့ ခပ်တောင့်တောင့် အမျိုးသမီးကြီးတစ်ဦး ဝင်လာတယ်။ ဒီအမျိုးသမီးကြီးကို ကျော်မင်းနဲ့ပီတာ တွေ့သွားပြီးတဲ့နောက် မျက်တောင်မခတ်စတမ်း ငေးကြည့်နေရတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးကြီးရဲ့ လည်ပင်းမှာဝတ်ထားတဲ့ အရောင်တဖျတ်ဖျတ် လက်နေတဲ့ ဘယက်ကြီးကြောင့်ပဲ။ ဒါနဲ့ ဒီအမျိုးသမီးကြီး ဘယ်အတွဲမှာတက်မလဲဆိုပြီး လိုက်ကြည့်ကြတယ်။ အမျိုးသမီးကြီးကို ရထားရဲတွေက အရိုအသေပေးပြီး အထူးတွဲပေါ်ကို တင်ပေးတာ တွေ့လိုက်တော့ သူတို့နှစ်ယောက်လုံး စိတ်ဓာတ်ကျသွားတယ်။ အထူးတွဲဆိုတာက သာမန်ပြည်သူတွေ သွားခွင့်မရှိသလို၊ လုံခြုံရေးအစောင့်အရှောက်တွေလည်း အပြည့်ပါတဲ့အတွဲ ဖြစ်ပါတယ်။ ပီတာက အခြေအနေကို ကြည့်ပြီး ခေါင်းကုတ်လိုက်တယ်။
“ကျော်မင်းရေ ... အခြေအနေကတော့ မလှဘူး။ ကြည့်ရတာ လူကြီးတစ်ယောက်ရဲ့ မိန်းမလားမသိဘူး”
“အေး ... ဟုတ်လောက်တယ်။ ရဲတွေကြည့်ရတာ ပျာနေတာပဲ”
ပီတာက ကျော်မင်းမျက်နှာကို သေချာကြည့်ရင်း လှမ်းမေးတယ်။
“ဒါဆို လက်လျှော့လိုက်ရတော့မလား”
ကျော်မင်းကတော့ အမျိုးသမီးကြီးရဲ့ လည်ပင်းက ဘယက်ကြီးကို အကြည့်မခွာနိုင်ဘဲ ပြန်ပြောတယ်။
“မင်းသဘောပဲ”
“ခက်တော့ ခက်တယ်၊ ကြည့်ရတာ ပစ္စည်းတန်ဖိုးက မနည်းဘူး။ ဒီဘယက်ကြီးသာ ငါတို့ရလိုက်ရင် ဒီလောကထဲကထွက်ပြီး အေးအေးဆေးဆေး လုပ်ကိုင်စားသောက်လို့ရပြီ”
ပီတာ့ စကားကြောင့် ကျော်မင်း လောဘတက်သွားတယ်။ အထူးတွဲပေါ်မှာစီးမယ့် အမျိုးသမီးကြီးရဲ့ လည်ပင်းကဘယက်ကို လုဖို့ဆိုတာ တော်တော်မလွယ်တဲ့ အလုပ်တစ်ခုပါ။ ဒါပေမဲ့ ကျော်မင်းကတော့ ဘယ်လိုလုရမလဲဆိုတာ စစဉ်းစားနေပြီ။ အထူးတွဲကို ရိုးရိုးလူတွေလည်း သွားလို့မရဘူး။ မုန့်သည်တွေလည်း သွားလို့မရဘူး။ ရထားရဲကလည်း အချိန်ပြည့် စောင့်ရှောက်နေတယ်။ ကျော်မင်းက သက်ပြင်းချရင်း ပီတာ့ကို လှမ်းမေးတယ်။
“ငါတို့ ဘယ်လိုလုပ်ကြမလဲ”
အဲဒီအချိန်မှာပဲ ရထားထွက်ဖို့ ဝီစီသံကို ကြားလိုက်ရတယ်။ သူတို့ကြည့်နေတဲ့ အထူးတွဲရဲ့ ပြတင်းပေါက်ကနေ လည်ဆွဲဝတ်ထားတဲ့ အမျိုးသမီးကြီးရဲ့ မျက်နှာပေါ်လာတယ်။ ကျော်မင်း သေချာစဉ်းစားနေရင်း ခေါင်းထဲမှာ ဖျတ်ခနဲ အလင်းစတစ်စရသွားတယ်။ ပီတာ ကျောကုန်းကို ဖြန်းခနဲရိုက်ချလိုက်တယ်။
“ငါ အကြံရပြီ ပီတာ၊ လာလိုက်သွားစို့”
ဒီလိုနဲ့ သူတို့နှစ်ယောက်လည်း ရန်ကုန်ဘူတာကြီးထဲကနေ မန္တလေးကိုထွက်မယ့် အဆန်ရထား ပေါ်ကိုပါသွားတယ်။ သူတို့ ဘယက်လုမယ့် အမျိုးသမီးကြီးဟာ အမှန်တကယ်တော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်က သြဇာအာဏာရှိတဲ့ ဒုဝန်ကြီးတစ်ပါးရဲ့ကတော် ဖြစ်ပါတယ်။ ငွေကြေးဥစ္စာလည်း ချမ်းသာတဲ့အပြင် ဇာတိမန္တလေးကို ခေတ္တအလည်သွားတာ ဖြစ်ပါတယ်။
ရထားကြီးကတော့ ပဲခူးဘူတာရောက်တဲ့အထိ အေးအေးဆေးဆေးပါပဲ။ နည်းနည်းအမှောင်သန်း လာတာနဲ့ ကျော်မင်းနဲ့ ပီတာတို့ စတင်လှုပ်ရှားပါတော့တယ်။ ရိုးရိုးတွဲ ခေါင်မိုးပေါ်ကို ကြောင်တစ်ကောင်လို ပေါ့ပေါ့ပါးပါးတက်သွားကြပြီး တွဲခေါင်မိုးပေါ်ကတစ်ဆင့် အထူးတွဲရှိရာကို သတိထားပြီး ချဉ်းကပ်လာကြပါတယ်။ ဒီနေရာမှာ အရပ်ပုပြီး သန်မာတဲ့ပီတာက ပိုခရီးရောက်တယ်။ အထူးတွဲခေါင်မိုးပေါ်ကို သူအရင်ရောက်သွားပြီး တွဲခေါင်မိုးအပေါ်က အဲယားကွန်း တပ်ထားတဲ့ ဘုလုံးကြီးကို ခွထိုင်လိုက်တယ်။ ပြီးတော့ သူ့နားကို ရောက်လာတဲ့ ကျော်မင်းရဲ့ ခြေထောက်နှစ်ချောင်းကို သူဝတ်လာတဲ့ ပုဆိုးနဲ့ ဘယ်ညာ ချည်လိုက်တယ်။ ပြီးတော့ ပီတာက အမိုးပေါ်က ဘုကို အားပြုပြီး ကျော်မင်းကို ထိန်းပေးထားတယ်။ ကျော်မင်းက ပီတာထိန်းထားပေးထားတဲ့အတိုင်း အမျိုးသမီးကြီးထိုင်စီးတဲ့ ပြတင်းပေါက်ရှိရာကို ခေါင်မိုးကနေ တဖြည်းဖြည်း ဇောက်ထိုးဆင်းသွားတယ်။ ပီတာက သတိကြီးကြီးထားပြီး တဖြည်းဖြည်းအောက်ကို လျှော့ချပေးရတာပါ။ ကျော်မင်းက အရပ်ရှည်တဲ့အတွက်ကြောင့် အများကြီး လျှော့မပေးခင်မှာပဲ ပြတင်းပေါက်ဆီကို ရောက်သွားတယ်။ ဒီအခြေအနေကို အသုံးချပြီး အပြင်ကို ငေးကြည့်နေတဲ့ အမျိုးသမီးကြီးရဲ့ လည်ပင်းက ဘယက်ကို လျှပ်တစ်ပြက် အားနဲ့ဆွဲဖြုတ်လိုက်တယ်။ ရုတ်တရက် ကြုံတွေ့လိုက်ရတဲ့ ဖြစ်ရပ်ကြောင့် အမျိုးသမီးကြီးက မအော်မိဘဲ ငေးကြောင်ကြည့်နေတယ်။ ကျော်မင်းက ဇောက်ထိုးကြီးဖြစ်နေတာကနေ ရထားအမိုးကို ဗိုက်နဲ့ထောက်ပြီး အပေါ်ကို ပြန်တက်တယ်။ သူတို့အထူးတွဲ ခေါင်မိုးပေါ်ကနေ ရိုးရိုးတွဲ ခေါင်မိုးတွေဆီ နောက်ပြန်ပြန်ပြေးတယ်။ ပြီးတော့ တွဲနှစ်ခုကြားကို လျှောဆင်းပြီး အရှိန်နဲ့ ခုတ်မောင်းနေတဲ့ ရထားပေါ်ကနေ ကျွမ်းကျွမ်းကျင်ကျင် ခုန်ချလိုက်ကြတယ်။ သူတို့ခုန်ချတာကို ရထားပေါ်က ခရီးသည်တွေ မြင်လိုက်ရပေမယ့် ဘာမှန်းမသိကြဘူး။ ဘယက် အလုခံရလိုက်ရတဲ့ အမျိုးသမီးကြီးက သတိဝင်လာပြီး အော်တော့မှ အထူးတွဲပေါ်က ခရီးသည်တွေရော၊ ရဲတွေရော ပစ္စည်းပါသွားတာကို သိလိုက်ကြတယ်။ နောက်ဆုံး ရထားအရေးပေါ်ကြိုးကို ဆွဲလိုက်တော့ ရထားရပ်သွားတယ်။ ရထားပေါ် ပါလာတဲ့ရဲတွေကလည်း ခရီးသည်တွေ ညွှန်ပြတဲ့လမ်းကြောင်းအတိုင်း ရထားလမ်းဘေးက တောထဲကို လိုက်ကြတယ်။ ဒါပေမဲ့ ပီတာနဲ့ ကျော်မင်းရဲ့ အရိပ်အယောင်တောင် မတွေ့ရတော့ဘူး။
ပီတာနဲ့ ကျော်မင်းတို့ နှစ်ယောက်လည်း ရထားလမ်းဘေးက တောထဲကို ရောက်သွားပေမယ့် နယ်မြေကို သိပ်မကျွမ််းကျင်ဘူး။ ဒါကြောင့် သတိထားပြီးသွားနေရတယ်။ ရထားပေါ်မှာတော့ လူကြီးကတော်ရဲ့ ဘယက်အလုခံလိုက်ရတဲ့အတွက် ကမ္ဘာပျက်နေပြီ။ ရထားရဲနဲ့တင် မလုံလောက်တော့လို့ ခရိုင်ရဲတွေ၊ တိုင်းရဲတွေပါ ဆင်းလာကြတယ်။ အလုခံရတဲ့ နေရာအနီးတစ်ဝိုက်ကို တောနင်းပြီး ရှာတယ်။ ဒါပေမဲ့ ပီတာနဲ့ ကျော်မင်းတို့ရဲ့ အရိပ်အယောင် မပြောနဲ့၊ ခြေရာတောင် မတွေ့ရဘူး။
ပီတာနဲ့ ကျော်မင်းတို့လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ ညမှောင်မှောင်မည်းမည်းထဲ သွားရတဲ့အတွက် ကျော်မင်းခြေထောက်ကို ငုတ်စူးသွားတယ်။ ဆေးလည်းမပါတော့ ပုဆိုးစကို ဖြဲပြီး ပတ်တီးအဖြစ် သုံးရတယ်။ ရဲလက်ကလွတ်အောင် ပြေးပေမယ့် ခရီးမတွင်ဘူး။ တခါတရံမှာ သားရဲတွေရဲ့ရန်ကြောက်လို့ သစ်ပင်ပေါ်တက်ပုန်းပြီး အိပ်ရတာလည်းရှိတယ်။ အဲဒီအချိန်က နယ်မြေ မအေးချမ်းသေးတဲ့အတွက် သူပုန်တွေနဲ့ရင်ဆိုင်တိုးပြီး အသက်နဲ့ရင်းလုလာရတဲ့ ဘယက်ကြီးကို ထိုးပေးလိုက်ရမှာလည်း စိုးရိမ်တယ်။ ကျော်မင်းတို့ကို လိုက်ရှာနေတဲ့ ရဲတွေကိုတော့ အပေါ်က ဖိထောင်းနေပြီ။ ဘယ်လိုမှ မရှာနိုင်တော့တဲ့အတွက် ရဲတပ်ဖွဲ့က ဒီနယ်မြေမှာ လှုပ်ရှားနေတဲ့တပ်ကို ထပ်ပြီး အကူအညီတောင်းရတယ်။ တပ်ကလည်း ရဟတ်ယာဉ်ပါ သုံးပြီးတော့ ရှာဖွေတယ်။ တစ်ညနဲ့ တစ်ရက်လုံး တောနင်းရှာပေမယ့် ကျော်မင်းနဲ့ ပီတာကိုတော့ မမိသေးဘူး။
ကံဆိုးမှုကတော့ စတင်ဝင်ရောက်လာပြီ။ ကျော်မင်းခြေထောက်မှာ ငုတ်စူးတဲ့ ဒဏ်ရာကြောင့် ခြေထောက်က ရောင်ကိုင်းလာတယ်။ အဖျားလည်း တက်လာတယ်။ ပီတာက ကျော်မင်းကို တော်တော်စိုးရိမ်နေပြီ။ သူ့ဘောင်းဘီအိတ်ထဲမှာ ထည့်ထားတဲ့ ဘယက်ကြီးကိုလည်း စိတ်တော်တော်ကုန်နေပြီ။ ကျော်မင်းက ပီတာရဲ့ခံစားချက်ကို ရိပ်မိတယ်။ ဒီတော့ ပေါ်တင်ပဲ ပြောလိုက်တယ်။
“ပီတာ ငါ့ဒဏ်ရာက တော်တော်ဆိုးနေပြီ။ မင်းဘယက်ကြီးကိုယူပြီး နယ်စပ်ပြေးတော့။ ငါအဖမ်းခံလိုက်မယ်”
ကျော်မင်းစကား ကြားလိုက်တဲ့အခါမှာ ပီတာက ခါးခါးသီးသီးပဲ ခေါင်းကို အဆက်မပြတ်ခါယမ်းလိုက်တယ်။
“မင်းကိုထားပြီး ငါတစ်ယောက်တည်း ဘယ်တော့မှ ကိုယ်လွတ် မရုန်းဘူး ကျော်မင်း”
ပီတာတို့က ဟိန္ဒူလူမျိုးတွေဖြစ်တော့ သူငယ်ချင်းအပေါင်းအသင်းတွေအပေါ်မှာ အခြားလူတွေထက် သစ္စာရှိတယ်။ သူက စံလည်းအတူ၊ ခံလည်းအတူဆိုတဲ့ သဘောထားမျိုးရှိတယ်။
“ငါက လူမှန်းသိတတ်စအရွယ်ကတည်းက ဆိုးတယ်၊ ပေတယ်၊ မိုက်တယ်။ ဒါပေမဲ့ သူငယ်ချင်းအပေါင်းအသင်းတွေအပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်ဘူး။ အခုလည်းဖမ်းခံရရင် နှစ်ယောက်အတူပေါ့ကွာ”
ပီတာ့စကားကြောင့် ကျော်မင်းလည်း ထပ်ပြီးအတင်းအကျပ် မပြောတော့ဘူး။ ဒါပေမဲ့ အနာက ရင်းလာတော့ အဖျားပိုကြီးလာတယ်။ တစ်ညမှာ သတိလစ်သွားတယ်။ အခြေအနေကတော့ အသက်အန္တရာယ်အတွက် စိုးရိမ်နေရတယ်။ ဒီအခိုက်မှာပဲ မလှမ်းမကမ်းက အသံတွေကြားလိုက်ရတယ်။ မီးရောင်တွေလည်း တဝင်းဝင်းနဲ့ လှမ်းတွေ့တယ်။ သူတို့က ကျော်မင်းတို့ကိုရှာနေတဲ့ စစ်သားတွေပဲ။ ပီတာက သတိလစ်နေတဲ့ ကျော်မင်းကို ပွေ့ပြီးလှမ်းအော်တယ်။
“ကျွန်တော်တို့ဒီမှာပါ။ အဖမ်းခံပါရစေ...”
“အဖမ်းခံပါရစေ...”
“အဖမ်းခံပါရစေ...”
ဒီအသံက တစ်တောလုံးကို ပဲ့တင်ထပ်သွားပါတယ်။ တပ်ကလည်း သူတို့ဆီကိုရောက်လာတယ်။ သေနတ်တွေနဲ့ ၀ိုင်းချိန်ထားရာကနေ သတိလစ်နေတဲ့ ကျော်မင်းကိုကြည့်ပြီး အခြေအနေကိုသဘော ပေါက်သွားတယ်။ ပီတာက သူတို့လုလာတဲ့ ဘယက်ကို အပ်လိုက်တယ်။ ရှာဖွေရေးအဖွဲ့ထဲမှာပါတဲ့ ဆေးတပ်သားက ကျော်မင်းကို ချက်ချင်းကုပေးတယ်။ တိုတိုပြောရရင်တော့ လုလာတဲ့ဘယက်လည်း ပြန်သိမ်းခံလိုက်ရပြီး သူတို့နှစ်ယောက်လည်း ရမည်းသင်းထောင်မှာ ခုနစ်နှစ်စီကျသွားတယ်။ နောက်တော့ ကျော်မင်းလည်း ဗိုက်ထောက်ကျော်မင်းဆိုပြီး ထောင်ထဲမှာ နာမည်ကြီးသွားတယ်။ သူတို့ကို ထိန်းသိမ်းထားပေမယ့် နယ်ထောင်က (ဂ) အဆင့်မို့လို့ သူတို့ကို အင်းစိန်ထောင်ပို့လိုက်ရတယ်။
အင်းစိန်ထောင်က ဇိုးတွေကလည်း ကျော်မင်းတို့ကို ဘယ်လိုအမျိုးအစားလဲဆိုတာ စိတ်ဝင်တစား သိချင်လို့ နားစွင့်နေတယ်။ ခြေကျင်းခတ်ပြီး ရောက်လာတဲ့ ဗိုက်ထောက်ကျော်မင်းနဲ့ ပီတာကို တချို့ကလည်း အင်းစိန်ရောက်ရင် အပိုးကျိုးအောင် လုပ်ပြမယ်ဆိုပြီး ကြုံးဝါးထားတယ်။ ပွဲကြီးပွဲကောင်း ကြည့်ရမယ့် အချိန်မှာမထင်မှတ်တဲ့ အဖြစ်အပျက်ပေါ်လာတယ်။ အဲဒါကတော့ စိုးမြတ်ကြီးကို ကျော်သူက Request လုပ်ပြီး “ဗိုက်ထောက် ကျော်မင်းတို့ နှစ်ယောက်ကို ကျွန်တော့်ပေးပါ”လို့ ဆိုလာတယ်။ ဒီစကားကြားတော့ စိုးမြတ်ကြီး တွေဝေသွားတယ်။ တချို့ကလည်းကျော်သူက အစွမ်းအစရှိတဲ့ ကျော်မင်းတို့ကို စည်းရုံးပြီး နောက်ထပ် အုပ်စုဖွဲ့တော့မလားလို့ တွေးတယ်။ စိုးမြတ်ကြီးက သူ့ကို ထောင်ထဲမှာ တခါမှ မတောင်းဆိုဖူးသေးတဲ့ ကျော်သူ့စကားကို အလေးထားပြီး သူတောင်းတဲ့အတိုင်း ကျော်မင်းနဲ့ ပီတာတို့ကို ကျော်သူနေတဲ့ အခန်းကို ပို့လိုက်တယ်။ အားလုံးကစောင့် ကြည့်နေပေမယ့် ကျော်သူက ဗိုက်ထောက်ကျော်မင်းတို့ကို စည်းလည်း မစည်းရုံးဘူး။ အုပ်စုလည်း မဖွဲ့ဘူး။ တပည့်လည်း မမွေးဘူး။ ကျော်မင်းတို့ ပီတာတို့ကို ဒီအတိုင်းပဲ စောင့်ရှောက်ထားတယ်။
တကယ်တော့ ကျော်သူ (ခ) မြွေဖြူလေးက ဆိုးပေမိုက်ပေမယ့် အချင်းချင်းအပေါ်မှာ သစ္စာရှိတဲ့၊ အနစ်နာခံတဲ့ လူဆိုးတွေကို စောင့်ရှောက်ချင်ရုံသာဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကို လေးစားမြတ်နိုးပုံလည်း ရတယ်။ ဒါကြောင့်လည်း ကျော်သူ့ကိုသတ်ဖို့ တာမွေအရိုးစု စိန်ကုလားက ငြင်းခဲ့တာ ဖြစ်မှာပေါ့။
နောက်ဆုံးမှာ လူမိုက်ကြီး ဗိုက်ထောက်ကျော်ဝင်းနဲ့ ပီတာတို့ဟာ ဆွမ်ပရာဘွမ်မှာရှိတဲ့ အရမ်းကို ကြမ်းတမ်းတဲ့ ရဲဘက်စခန်းကို အပို့ခံလိုက်ရပါတယ်။
စိန်ကုလားကြီးက ကျော်သူ (ခ) မြွေဖြူလေးကိုသတ်ဖို့ ဘယ်လိုပဲ လက်ရှောင်ခဲ့ လက်ရှောင်ခဲ့ ဆေးရုံကြီး စိန်ဝင်းကတော့ ကျော်သူ့ကို ဘာကြောင့် အသေသတ်ချင်နေသလဲဆိုတာကတော့ အရမ်းစိတ်ဝင်စားစရာ ကောင်းပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ဇော်သက်ထွေး

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...