======

ေပ်ာက္ဆံုးေနသည့္ တပ္မေတာ္ပို႔ေဆာင္ေရး ၀ိုင္-၈ ေလယာဥ္ႏွင့္ပတ္သက္သည့္ အစိတ္အပိုင္းႏွင့္ ရုပ္အေလာင္းတစ္ခ်ိဳ႕ စတင္ေတြ႕ရွိ


ေနျပည္ေတာ္၊ ဇြန္ ၈
ဇြန္လ ၇ ရက္ေန႔ မြန္းလြဲပိုင္းတြင္ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့သည့္ တပ္မေတာ္ပို႔ေဆာင္ေရး ၀ိုင္-၈ ေလယာဥ္ႏွင့္ပတ္သက္သည့္ အစိတ္အပိုင္းတစ္ခ်ိဳ႕ႏွင့္ ရုပ္အေလာင္းတခ်ိဳ႕အား ယေန႔ နံနက္ ၈ နာရီ ၁၈ တြင္ ေက်ာက္နီေမာ္၏ အေနာက္ဘက္ ၁၄ မိုင္၊ ေလာင္းလံုၿမိဳ႕၏ အေနာင္ေတာင္ဘက္ ၂၂ မိုင္အကြာ ပင္လယ္ျပင္အတြင္း စတင္ရွာေဖြေတြ႕ရွိခဲ့သည္။
ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေဆာင္ရြက္ေနသည့္ အျမန္သြားတိုက္ခိုက္ေရး စစ္ေရယာဥ္အမွတ္ ၅၅၈ မွ အဆိုပါေနရာတြင္ ေလယာဥ္ဘီးဟု ယူဆရသည့္ တာရာကြင္းတစ္ခု၊ အမ်ိဳးသားရုပ္အေလာင္း တစ္ေလာင္း၊ အမ်ိဳးသမီးရုပ္အေလာင္း တစ္ေလာင္း၊ ကေလးရုပ္အေလာင္း တစ္ေလာင္း ႏွင့္ အသက္ကယ္အက်ီၤ ၂ ထည္၊ အ၀တ္အစားထည့္သည့္ အိတ္အခ်ိဳ႕အား ဆယ္ယူရရွိခဲ့ၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားအား ဆက္လက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး
(Unicode Version)
ပျောက်ဆုံးနေသည့် တပ်မတော်ပို့ဆောင်ရေး ၀ိုင်-၈ လေယာဉ်နှင့်ပတ်သက်သည့် အစိတ်အပိုင်းနှင့် ရုပ်အလောင်းတစ်ချို့ စတင်တွေ့ရှိ
နေပြည်တော်၊ ဇွန် ၈
ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည့် တပ်မတော်ပို့ဆောင်ရေး ၀ိုင်-၈ လေယာဉ်နှင့်ပတ်သက်သည့် အစိတ်အပိုင်းတစ်ချို့နှင့် ရုပ်အလောင်းတချို့အား ယနေ့ နံနက် ၈ နာရီ ၁၈ တွင် ကျောက်နီမော်၏ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့၏ အနောင်တောင်ဘက် ၂၂ မိုင်အကွာ ပင်လယ်ပြင်အတွင်း စတင်ရှာဖွေတွေ့ရှိခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်အမှတ် ၅၅၈ မှ အဆိုပါနေရာတွင် လေယာဉ်ဘီးဟု ယူဆရသည့် တာရာကွင်းတစ်ခု၊ အမျိုးသားရုပ်အလောင်း တစ်လောင်း၊ အမျိုးသမီးရုပ်အလောင်း တစ်လောင်း၊ ကလေးရုပ်အလောင်း တစ်လောင်း နှင့် အသက်ကယ်အကျီင်္ ၂ ထည်၊ အဝတ်အစားထည့်သည့် အိတ်အချို့အား ဆယ်ယူရရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



ေပ်ာက္ဆံုးေလယာဥ္အား ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္လ်က္ရွိ
ေနျပည္ေတာ္၊ ဇြန္ ၈
တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္ ၉ စီး၊ တပ္မေတာ္(ေလ)မွ ေလယာဥ္ ၅ စီး၊ ရဟတ္ယာဥ္ ၂ စီး ႏွင့္ ေျမျပင္တပ္မ်ားသည္ ေဒသခံျပည္သူမ်ားႏွင့္ ပူးေပါင္း၍ အဆက္အသြယ္ျပတ္ေတာက္ခဲ့သည့္ ေနရာတစ္၀ိုက္ႏွင့္ ေလယာဥ္ပ်ံသန္းရာလမ္းေၾကာင္းတစ္ေလ်ာက္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိပါသည္။ ရွာေဖြကယ္ဆယ္မႈမ်ား၊ ထူးျခားမႈမ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီ သတင္းထုတ္ျပန္သြားမည္ ျဖစ္ပါသည္။
(Unicode Version)
ပျောက်ဆုံးလေယာဉ်အား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ ဇွန် ၈
တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၉ စီး၊ တပ်မတော်(လေ)မှ လေယာဉ် ၅ စီး၊ ရဟတ်ယာဉ် ၂ စီး နှင့် မြေပြင်တပ်များသည် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အဆက်အသွယ်ပြတ်တောက်ခဲ့သည့် နေရာတစ်ဝိုက်နှင့် လေယာဉ်ပျံသန်းရာလမ်းကြောင်းတစ်လျောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။ ရှာဖွေကယ်ဆယ်မှုများ၊ ထူးခြားမှုများအား အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။
5plusnews
Image may contain: one or more people and people standing
No automatic alt text available.
Image may contain: 1 person, standing

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...