======

ဒီေန႔ ျဖစ္သြားတဲ့ ႏွစ္ေလာင္းၿပိဳင္ လူသတ္မႈ

 တနသၤာရီတုိင္းေဒသႀကီး၊ ကၽြန္းစုၿမိဳ႕နယ္၊ ကမ္းႀကီးေက်းရြာတြင္ ႏွစ္ေလာင္းၿပိဳင္လူသတ္မႈ ျဖစ္ပြားခဲ့ၿပီး (၄)နာရီေက်ာ္ အတြင္းေဖာ္ထုတ္ ဖမ္းဆီးရမိခဲ့★ 

၁၈-၆-၂၀၁၇
(၁၈-၆-၂၀၁၇)ရက္ေန႔ (၀၉၀၀)အခ်ိန္ခန္႔တြင္ ကၽြန္းစုၿမိဳ႕နယ္၊ ကမ္းႀကီးေက်းရြာအုပ္စု၊ ကမ္းႀကီး ေက်းရြာအတြင္းပိုင္း ဥယ်ာဥ္မွ ကၽြန္းစု-ကမ္းႀကီး ကားလမ္းမသို႔ ထြက္ေသာ ေျမသားလမ္းေဘးရွိ အနက္ (၇)ေပခန္႔ ခ်ဳံေတာအတြင္း၌ လူေသ အေလာင္း(၂)ေလာင္း ေတြ႔ရွိေၾကာင္းသတင္းအရ ကၽြန္းစုၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး ညႊန္႔၀င္းဦးစီး အဖြဲ႔မွ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ ေၾကာင္း သိရသည္။ 
ေသဆံုးသူမ်ားအားစံုစမ္းရာ ေမာင္တူးတူး (၁၈) ႏွစ္၊ (ဘ) ဦးေမာင္ေအး၊ ကမ္းႀကီးေက်းရြာအုပ္စု၊ ကမ္းႀကီးေက်းရြာအတြင္းပိုင္းဥယ်ာဥ္ ေနသူႏွင့္ ေမာင္အာကာထြန္း (၁၅)ႏွစ္၊ (ဘ) ဦး၀င္းေဇာ္၊ ဆ႒မတန္းေက်ာင္းသား (အထက-ကၽြန္းစု) ကမ္းႀကီးေက်းရြာအုပ္စု၊ ကမ္းႀကီးေက်းရြာ အတြင္းပိုင္းဥယ်ာဥ္ ေနသူတုိ႔ျဖစ္ေၾကာင္း သိရွိရၿပီး အေလာင္းမ်ားအားစစ္ေဆးရာ ေမာင္တူးတူး၏ လည္ပင္း၀ဲဘက္တြင္ အလ်ား(၃)လက္မခြဲ၊ အနက္(၃)လက္မခန္႔ရွိ ျပတ္ရွဒဏ္ရာ(၁)ခ်က္နွင့္ ေမာင္အာကာထြန္း၏ ၀ဲဘက္ပါးတြင္ အလ်ား(၄)လက္မခန္႔၊ အနက္(၂)လက္မခြဲခန္႔ ျပတ္ရွဒဏ္ရာ(၁)ခ်က္တို႔ ျဖင့္ေသဆံုးေနေၾကာင္း ေတြ႔ရွိခဲ့ရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ စံုစမ္းရာ ေမာင္တူးတူးႏွင့္ ေမာင္အာကာထြန္းတို႔သည္ (၁၇-၆-၂၀၁၇)ရက္ေန႔ (၁၇၀၀)အခ်ိန္ခန္႔တြင္ ေနအိမ္မွ ဖုန္းအားသြင္းရန္ သြားေရာက္မည္ဟု ေျပာဆိုထြက္သားခဲ့ရာမွ ေနအိမ္သို႔ ျပန္ေရာက္ရွိလာျခင္းမရွိေၾကာင္း (၁၈-၆-၂၀၁၇)ရက္ေန႔ (၀၉၀၀)အခ်ိန္ ေမာင္တူးတူး၏ အစ္ကိုျဖစ္သူ ေမာင္စိုးႏုိင္ပါ (၄)ဦးသည္ ၿမိတ္သို႔သြားရန္ ဥယ်ာဥ္ၿခံေနအိမ္မွ ထြက္လာစဥ္ ေသဆံုးေနေသာ ေမာင္တူးတူးႏွင့္ ေမာင္အာကာထြန္းတုိ႔၏ အေလာင္းအား ေတြ႔ရွိ ခဲ့ရျခင္းျဖစ္ေၾကာင္းသိရွိရသျဖင့္ ေမာင္တူးတူး၏ ဖခင္ျဖစ္သူ ဦးေမာင္ေအးအသက္(၆၇)ႏွစ္၊ (ဘ) ဦးၾကြယ္ ကမ္းႀကီးေက်းရြာအုပ္စု၊ ကမ္းႀကီးေက်းရြာ အတြင္းပိုင္းဥယ်ာဥ္ ေနသူမွ သားျဖစ္သူ ေမာင္တူးတူး ႏွင့္ ေမာင္အာကာထြန္းတုိ႔(၂)ဦး အားသတ္သူကို ဥပေဒအရအေရးယူေပးရန္ (၁၂၁၅)အခ်ိန္ တရားလိုျပဳလုပ္တိုင္တန္းသျဖင့္ ကၽြန္းစုၿမိဳ႕မရဲစခန္း (ပ)၁၂၇/၂၀၁၇၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ျဖင့္ အမႈဖြင့္လွစ္ၿပီး အမႈအား ဒုရဲမွဴး ညြန္၀င္းမွ စစ္ေဆးေဆာင္ရြက္ခဲ့ေၾကာင္းသိရသည္။ 
အမႈႏွင့္ပတ္သက္၍ တရားခံအားဖမ္းဆီးရမိေရး နယ္ေျမတြင္းစံုစမ္းရာ ဦးေမာင္ေအး၏ ဥယ်ာဥ္ၿခံႏွင့္ ကပ္လ်က္ရွိေသာ ဦးေရႊ၀င္းပိုင္ ဥယ်ာဥ္ၿခံတြင္ ေတာခုတ္လုပ္ကိုင္ေနေသာ ၀င္းပိုင္(ခ)တုတ္ငယ္ (၄၁)ႏွစ္၊(ဘ) ဦးဘ၀င္း ဥယ်ာဥ္ၿခံလုပ္သားအား မသင္ကာသျဖင့္စံုစမ္းရာ ကၽြန္းစုၿမိဳ႕၊ အမွတ္(၁) ရပ္ကြက္၊ ေမယုလမ္းေန၊ ဦးဖိုးေဇာ္၏ ေနအိမ္တြင္ ေနထိုင္ေၾကာင္း သိရွိရသျဖင့္ သြားေရာက္ စစ္ေဆး ရာ ၀င္းပိုင္(ခ)တုတ္ငယ္အား အခင္းျဖစ္စဥ္က အသံုးျပဳေသာ အရုိးအသြား(၂၈)လက္မ၊ ဗ်က္(၂)လက္မရွိ ၀ါးရိုးတပ္ ေတာခုတ္ဓားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
၀င္းပိုင္အား စစ္ေဆးရာ (၁၇-၆-၂၀၁၇)ရက္ေန႔ (၁၇၀၀)အခ်ိန္တြင္ ဦးေရႊ၀င္း ဥယ်ာဥ္ၿခံမွ ေတာခုတ္ၿပီး အျပန္တြင္ တူးတူးႏွင့္အာကာထြန္း တို႔အား ေတြ႔ရ၍ “၄င္း၏ ပိုက္ဆံခဏခဏေပ်ာက္ ေနသျဖင့္ ယူသလား ေမးျမန္ရာ ” မွမယူဘူးဟု ျငင္းသျဖင့္ ေဒါသျဖစ္ၿပီး လက္ထဲတြင္အသင့္ ပါလာေသာ ေတာခုတ္ဓားျဖင့္ အာကာထြန္းအား ခုတ္ၿပီး တူးတူးအား ဆက္လက္ခုတ္ခဲ့ေၾကာင္း ၄င္းေနာက္တူးတူး၏ လက္ထဲတြင္ ကိုင္ထားေသာ လက္ကိုင္ဖုန္း(၂)လံုးႏွင့္ အာကာထြန္းကိုင္ ထားေသာ လက္ကိုင္ဖုန္းတစ္လံုးတုိ႔အား လမ္းေဘးခ်ဳံထဲသို႔လႊင့္ပစ္ၿပီး အေလာင္းမ်ားအား လမ္းေဘးေခ်ာက္ထဲသို႔ တြန္းခ်ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ ခဲ့ေၾကာင္းသိရသည္။
ၿမိတ္ခ႐ိုင္သတင္းႏွင့္မွဳခင္းမီဒီယာ
#Edkza
 တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာတွင် နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ပြီး (၄)နာရီကျော် အတွင်းဖော်ထုတ် ဖမ်းဆီးရမိခဲ့★

၁၈-၆-၂၀၁၇
(၁၈-၆-၂၀၁၇)ရက်နေ့ (၀၉၀၀)အချိန်ခန့်တွင် ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ကမ်းကြီး ကျေးရွာအတွင်းပိုင်း ဥယျာဉ်မှ ကျွန်းစု-ကမ်းကြီး ကားလမ်းမသို့ ထွက်သော မြေသားလမ်းဘေးရှိ အနက် (၇)ပေခန့် ချုံတောအတွင်း၌ လူသေ အလောင်း(၂)လောင်း တွေ့ရှိကြောင်းသတင်းအရ ကျွန်းစုမြို့မရဲစခန်းမှူး ဒုရဲမှူး ညွှန့်ဝင်းဦးစီး အဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရသည်။
သေဆုံးသူများအားစုံစမ်းရာ မောင်တူးတူး (၁၈) နှစ်၊ (ဘ) ဦးမောင်အေး၊ ကမ်းကြီးကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာအတွင်းပိုင်းဥယျာဉ် နေသူနှင့် မောင်အာကာထွန်း (၁၅)နှစ်၊ (ဘ) ဦးဝင်းဇော်၊ ဆဋ္ဌမတန်းကျောင်းသား (အထက-ကျွန်းစု) ကမ်းကြီးကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာ အတွင်းပိုင်းဥယျာဉ် နေသူတို့ဖြစ်ကြောင်း သိရှိရပြီး အလောင်းများအားစစ်ဆေးရာ မောင်တူးတူး၏ လည်ပင်းဝဲဘက်တွင် အလျား(၃)လက်မခွဲ၊ အနက်(၃)လက်မခန့်ရှိ ပြတ်ရှဒဏ်ရာ(၁)ချက်နှင့် မောင်အာကာထွန်း၏ ဝဲဘက်ပါးတွင် အလျား(၄)လက်မခန့်၊ အနက်(၂)လက်မခွဲခန့် ပြတ်ရှဒဏ်ရာ(၁)ချက်တို့ ဖြင့်သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းရာ မောင်တူးတူးနှင့် မောင်အာကာထွန်းတို့သည် (၁၇-၆-၂၀၁၇)ရက်နေ့ (၁၇၀၀)အချိန်ခန့်တွင် နေအိမ်မှ ဖုန်းအားသွင်းရန် သွားရောက်မည်ဟု ပြောဆိုထွက်သားခဲ့ရာမှ နေအိမ်သို့ ပြန်ရောက်ရှိလာခြင်းမရှိကြောင်း (၁၈-၆-၂၀၁၇)ရက်နေ့ (၀၉၀၀)အချိန် မောင်တူးတူး၏ အစ်ကိုဖြစ်သူ မောင်စိုးနိုင်ပါ (၄)ဦးသည် မြိတ်သို့သွားရန် ဥယျာဉ်ခြံနေအိမ်မှ ထွက်လာစဉ် သေဆုံးနေသော မောင်တူးတူးနှင့် မောင်အာကာထွန်းတို့၏ အလောင်းအား တွေ့ရှိ ခဲ့ရခြင်းဖြစ်ကြောင်းသိရှိရသဖြင့် မောင်တူးတူး၏ ဖခင်ဖြစ်သူ ဦးမောင်အေးအသက်(၆၇)နှစ်၊ (ဘ) ဦးကြွယ် ကမ်းကြီးကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာ အတွင်းပိုင်းဥယျာဉ် နေသူမှ သားဖြစ်သူ မောင်တူးတူး နှင့် မောင်အာကာထွန်းတို့(၂)ဦး အားသတ်သူကို ဥပဒေအရအရေးယူပေးရန် (၁၂၁၅)အချိန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ကျွန်းစုမြို့မရဲစခန်း (ပ)၁၂၇/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်လှစ်ပြီး အမှုအား ဒုရဲမှူး ညွန်ဝင်းမှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အမှုနှင့်ပတ်သက်၍ တရားခံအားဖမ်းဆီးရမိရေး နယ်မြေတွင်းစုံစမ်းရာ ဦးမောင်အေး၏ ဥယျာဉ်ခြံနှင့် ကပ်လျက်ရှိသော ဦးရွှေဝင်းပိုင် ဥယျာဉ်ခြံတွင် တောခုတ်လုပ်ကိုင်နေသော ဝင်းပိုင်(ခ)တုတ်ငယ် (၄၁)နှစ်၊(ဘ) ဦးဘဝင်း ဥယျာဉ်ခြံလုပ်သားအား မသင်ကာသဖြင့်စုံစမ်းရာ ကျွန်းစုမြို့၊ အမှတ်(၁) ရပ်ကွက်၊ မေယုလမ်းနေ၊ ဦးဖိုးဇော်၏ နေအိမ်တွင် နေထိုင်ကြောင်း သိရှိရသဖြင့် သွားရောက် စစ်ဆေး ရာ ဝင်းပိုင်(ခ)တုတ်ငယ်အား အခင်းဖြစ်စဉ်က အသုံးပြုသော အရိုးအသွား(၂၈)လက်မ၊ ဗျက်(၂)လက်မရှိ ၀ါးရိုးတပ် တောခုတ်ဓားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဝင်းပိုင်အား စစ်ဆေးရာ (၁၇-၆-၂၀၁၇)ရက်နေ့ (၁၇၀၀)အချိန်တွင် ဦးရွှေဝင်း ဥယျာဉ်ခြံမှ တောခုတ်ပြီး အပြန်တွင် တူးတူးနှင့်အာကာထွန်း တို့အား တွေ့ရ၍ “၄င်း၏ ပိုက်ဆံခဏခဏပျောက် နေသဖြင့် ယူသလား မေးမြန်ရာ ” မှမယူဘူးဟု ငြင်းသဖြင့် ဒေါသဖြစ်ပြီး လက်ထဲတွင်အသင့် ပါလာသော တောခုတ်ဓားဖြင့် အာကာထွန်းအား ခုတ်ပြီး တူးတူးအား ဆက်လက်ခုတ်ခဲ့ကြောင်း ၄င်းနောက်တူးတူး၏ လက်ထဲတွင် ကိုင်ထားသော လက်ကိုင်ဖုန်း(၂)လုံးနှင့် အာကာထွန်းကိုင် ထားသော လက်ကိုင်ဖုန်းတစ်လုံးတို့အား လမ်းဘေးချုံထဲသို့လွှင့်ပစ်ပြီး အလောင်းများအား လမ်းဘေးချောက်ထဲသို့ တွန်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ကြောင်းသိရသည်။
မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ
#Edkza






Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...