======

ေပါက္ကရနည္းေတြသံုးၿပီး အသက္ရွည္ေအာင္ လုပ္ခဲ့ၾကတဲ့ ေခတ္အဆက္ဆက္က နည္းေတြတဲ့..။

ေခတ္အဆက္ဆက္မွာ ဇရာကုိ ေပါက္ကရနည္းေတြနဲ႔ ဘယ္လုိအံတုခဲ့လဲ

ျမန္မာေတြမွာေတာ့ အမ်ိဳးသားတစ္ေယာက္ ကေလးရေအာင္ မစြမ္းေဆာင္ႏုိင္ဘူးဆုိရင္ ဆိတ္ေဝွးေစ့ စားရတာတုိ႔၊ ကေလးေတြ အသက္၅ႏွစ္ေလာက္ ေရာက္တဲ့အထိ စကားမေျပာတတ္ေသးရင္ ၾကက္ဖင္ဆီဖူး စားရတာေတြကေတာ့ ရွိခဲ့ဖူးပါတယ္။ သိပၸံပညာနဲ႔ၾကည့္ရင္ တျခားသူေတြက ေပါေၾကာင္ေၾကာင္လုိ႔ပဲျမင္ပါေစဦး ကုိယ့္ေတြကေတာ့ လုပ္ျမဲတုိင္း လုပ္ေနဦးမွာပဲ။ ဒီလိုပါပဲ သမုိင္းတစ္ေလ်ွာက္မွာလည္း အုိ ၊ နာ ၊ ေသကုိ အံတုခဲ့တဲ့ ေဆးပညာႀကိဳးပမ္းမႈေတြကုိ ေဖာ္ျပလုိက္ပါတယ္။

၁။ ျမည္းႏုိ႔နဲ႔ ေရခ်ိဳးခဲ့တဲ့ အီဂ်စ္ဘုရင္မ ကယ္လီယို ပတ္ထရာ (ဘီစီ ၁ရာစု)
လြန္ခဲ့တဲ့ ႏွစ္၂ေထာင္ေက်ာ္က အီဂ်စ္ဘုရင္မ ကယ္လီယို ပတ္ထရာ (Queen Cleopatra) ဟာ အသားအေရလွပဖုိ႔အတြက္ အခ်ဥ္ေဖာက္ထားတဲ့ ျမည္းႏုိ႔နဲ႔ ေရခ်ိဳးခဲ့ပါတယ္။ အခ်ဥ္ေဖာက္ထားတဲ့ ျမည္းႏုိ႔မွာ ပါဝင္တဲ့ လက္တစ္အက္ဆစ္ (Latic Acid) ဟာ အေရျပားရဲ႕အေပၚဆုံးအလႊာမွရွိတဲ့ ႏူးညံ့ေခ်ာေမြ႕ေစလုိ႔ပဲျဖစ္ပါတယ္။

ျမည္းႏုိ႔နဲ႔ ေရခ်ိဳးခဲ့တဲ့ အီဂ်စ္ဘုရင္မ ကယ္လီယို ပတ္ထရာ
ျမည္းႏုိ႔နဲ႔ ေရခ်ိဳးခဲ့တဲ့ အီဂ်စ္ဘုရင္မ ကယ္လီယို ပတ္ထရာ
ဘုရင္ႀကီး ဂ်ဴးလီးယက္ဆီဇာဟာ ဆံပင္အနည္းငယ္ေျပာင္လာတဲ့အတြက္ ဆံပင္ေတြျပန္ေပါက္ဖု႔ိ ေဆးဝါးေတြ သုံးခဲ့ပါေသးတယ္လုိ႔ သုေတသီေတြက ဆုိပါတယ္။ မိတ္ကပ္ကုိ မိေက်ာင္းေခ်းနဲ႔ ေဖာ္စပ္ၿပီးေတာ့ လိမ္းျခယ္ေလ့ရွိၿပီး မ်က္လုံးေတြကုိ ေၾကးစိမ္း၊ ခဲမဲေတြနဲ႔ အလွဆင္ထားပါတယ္။ သိပၸံနည္းက်ေတြးၾကည့္ရင္ ထူးဆန္းလွေပမယ့္ သူ႕ေခတ္သူ႕ခါတုန္းက အုိမင္းလာတဲ့ ဇရာကုိ အံတုခဲ့ပုံေတြပါပဲ။

၂။ ေသဆုံးသြားတဲ့ စစ္သည္ရဲ႕ ေသြးကုိ ေသာက္တဲ့ ေရာမေခတ္ (ေအဒီ ၁ရာစု)
ေရာမေခတ္တုန္းကဆုိရင္ လူထုကုိ ေဖ်ာ္ေျဖဖုိ႔ လူသတ္ကြင္းႀကီးထဲမွာ စစ္သည္အခ်င္းခ်င္း အေသအေၾကသတ္ျဖတ္ၾကတယ္။ ႏုိင္တဲ့စစ္သည္က ေသဆုံးတဲ့သူရဲ႕ ေသြးကုိ ေသာက္ေလ့ရွိတယ္။
ေသဆုံးသြားတဲ့ စစ္သည္ရဲ႕ ေသြးကုိ ေသာက္တဲ့ ေရာမေခတ္
ေသဆုံးသြားတဲ့ စစ္သည္ရဲ႕ ေသြးကုိ ေသာက္တဲ့ ေရာမေခတ္
ေရာမစစ္သည္ေတြက ေသြးေသာက္ရင္ ဝက္ရူးျပန္ေရာဂါကုိ ကုသႏုိင္တယ္လုိ႔လည္း ယုံၾကည္ခဲ့ၾကတယ္။ ရဲရင့္ျဖတ္လတ္ေစတယ္လုိ႔လည္း ထင္ထားတယ္။ ေအဒီ ၄ရာစုမွာ လူသတ္ပြဲႀကီးေတြ တားျမစ္ခဲ့ေပမယ့္ ေသြးေသာက္တဲ့ဓေလ့က က်န္းမာေရးေကာင္းမြန္ေစတယ္လုိ႔ ယုံၾကည္ထားလုိ႔ အခုခ်ိန္ထိ မေပ်ာက္ေသးပါဘူး။

၃။ တာအုိယုံၾကည္သူေတြက လိပ္ဥ၊ ႀကိဳးၾကာဥေတြ စားၾကတယ္ (ေအဒီ ၃ဝဝ)
ေအဒီ ၃ဝဝတုန္းက တာအုိသက္ဝင္ယုံၾကည္သူ (Taoists) ေတြဟာ သစ္သီးသစ္ရြက္နဲ႔ ဟင္းခတ္အေမႊးအႀကိဳင္ေတြသာမက လိပ္ဥနဲ႔ ႀကိဳးၾကာဥေတြကုိလည္း အသက္ရွည္က်န္းမာေစဖုိ႔နဲ႔ လိင္စိတ္နည္းပါးေစဖုိ႔ စားသုံးၾကပါတယ္။
လိင္စိတ္ေလ်ာ့နည္းဖုိ႔ လိပ္ဥနဲ႔ ႀကိဳးၾကာဥေတြကုိ စားၾကတဲ့ တာအုိဘာသာဝင္
လိင္စိတ္ေလ်ာ့နည္းဖုိ႔ လိပ္ဥနဲ႔ ႀကိဳးၾကာဥေတြကုိ စားၾကတဲ့ တာအုိဘာသာဝင္
တာအုိယုံၾကည္သူေတြက အသားငါး၊ ဆန္နဲ႔ ဖန္တီးထားတဲ့ အစားအေသာက္ေတြကုိ ေရွာင္ၾကဥ္ၾကပါတယ္။

၄။ ေရႊအရည္နဲ႔ ေမ်ာက္ဦးေႏွာက္ကုိ စားရင္ အသက္၅ဝဝအထိ ရွည္သတဲ့ (ေအဒီ ၄ရာစု)
တရုတ္အေတြးအေခၚပညာရွင္ ဂ်ီေဟာင္ (Ge Hong) ဟာ မအုိေဆးအေၾကာင္းအရာေတြကုိ ေရးသားေဖာ္ျပထားပါတယ္။ အစားအေသာက္၊ ေလ့က်င့္ခန္း၊ လိင္မႈကိစၥနဲ႔ အသက္ရွဴေလ့က်င့္ခန္းေတြကုိသာ ေပါင္းစပ္လုပ္ကုိင္သြားမယ္ဆုိရင္ လူတုိင္းအသက္ရွည္ႏုိင္ပါတယ္လုိ႔ ဆုိထားပါတယ္။
ေရႊနဲ႔ေမ်ာက္ဦးေႏွာက္ေပါင္းလုိက္ရင္ ႏွစ္၅ဝဝထိ အသက္ရွည္သတဲ့
ေရႊနဲ႔ေမ်ာက္ဦးေႏွာက္ေပါင္းလုိက္ရင္ ႏွစ္၅ဝဝထိ အသက္ရွည္သတဲ့
ဘယ္ေတာ့မွ မပ်က္စီးတဲ့ေရႊကုိ အရည္ေဖ်ာ္ၿပီးေတာ့ ေမ်ာက္ဦးေႏွာက္ကုိ ေပါင္းစပ္စားေသာက္မယ္ဆုိ ႏွစ္၅ဝဝအထိ အသက္ရွည္ႏုိင္ပါတယ္လုိ႔ ဂုရုႀကီး ဂ်ီေဟာင္က အခုိင္အမာေျပာထားပါေသးတယ္။

၅။ ေျမြေပြးဝုိင္ကုိ ေသာက္ရင္ အသက္ရွည္သတဲ့ ( ေအဒီ ၁၃ရာစု)
အဂၤလိပ္ေတြးေခၚပညာရွင္ ေရာဂ်ာဘာကြန္ (Roger Bacon) ဟာ အသက္ရွည္ေဆးႀကီးအေၾကာင္း ေရးသားခဲ့ပါေသးတယ္။ ေရႊ၊ သစ္ေတာ္သီး၊ ေက်ာက္မီးေသြး၊ သႏၱာေကာင္နဲ႔ သမင္အရုိးေတြကုိ ေရာစပ္ထားတဲ့ အမႈန္႔နဲ႔ ဝုိင္နဲ႔ ေရာေသာက္မယ္ဆုိရင္ “မအုိေဆး” ျဖစ္ပါတယ္လုိ႔ ဆုိပါတယ္။
ေျမြေပြးဝုိင္ကုိ ေသာက္ရင္ အသက္ရွည္သတဲ့
ေျမြေပြးဝုိင္ကုိ ေသာက္ရင္ အသက္ရွည္သတဲ့
သူနဲ႔ေခတ္ၿပိဳင္ ေတြးေခၚပညာရွင္ ဂယ္လန္ (Galen) ကလည္း အမႈန္႔ေတြကုိ ေျမြေပြးစိမ္ထားတဲ့ဝုိင္နဲ႔ ေရာေသာက္သင့္ပါတယ္လုိ႔ ထပ္ေလာင္းေျပာဆုိထားပါတယ္။

၆။ အသားအေရလွေအာင္ ေရႊနဲ႔ကလုိရင္းကုိ ေရာစပ္ေသာက္ခဲ့တဲ့ ျပင္သစ္မိဖုရားႀကီး (ေအဒီ ၁၆ရာစု)
၁၅၅ဝခုႏွစ္ဝန္းက်င္တုန္းက ျပင္သစ္ဘုရင္ဟင္နရီ-၂ (King Henry II) ရဲ႕မိဖုရားျဖစ္တဲ့ ဒုိင္ယာနီ ဒီပြိဳက္တီးယား (Diane de Poitiers) ဟာဆုိရင္ အရြယ္တင္ႏုပ်ိဳေအာင္လုိ႔ ေရႊနဲ႔ကလုိရင္းျဒပ္ေပါင္း (Gold Chloride) ကုိ Diethyl Ether နဲ႔ေရာစပ္ေသာက္ခဲ့ပါတယ္။ မိဖုရားႀကီးဟာ ဘုရင္ႀကီးထက္ အသက္၂ဝနီးပါးႀကီးတဲ့အတြက္ ရုပ္မရင့္ေအာင္လုိ႔ ေဆးဝါးမွီဝဲတဲ့ သေဘာပဲျဖစ္ပါတယ္။ ပင့္ကူအိမ္၊ တီေကာင္၊ ဖားဥနဲ႔ ကင္းဆီေတြကုိ ေရာေႏွာၿပီးေတာ့ ေသာက္သုံးခဲ့ပါတယ္။
Gold Chloride ေၾကာင့္ ေသဆုံးခဲ့တဲ့ မိဖုရားႀကီး Diane de Poitiers
Gold Chloride ေၾကာင့္ ေသဆုံးခဲ့တဲ့ မိဖုရားႀကီး Diane de Poitiers
မိဖုရားႀကီးဟာ ၆၆ႏွစ္အရြယ္မွာ ကြယ္လြန္ခဲ့ေပမယ့္ အသက္၃ဝေလာက္ပဲ ထင္ရေလာက္ေအာင္ ႏုပ်ိဳတယ္လုိ႔ စာဆုိေတာ္ေတြ ခ်ဲ႕ကားေရးသားၾကေပမယ့္ တကယ္တမ္းေတာ့ Gold Chloride ဟာ လူကုိ အဆိပ္ျဖစ္ေစတဲ့ျဒပ္ေပါင္းျဖစ္တယ္ဆုိတာ ေနာက္ပုိင္းမွသိခဲ့ရပါတယ္။ သုေတသနပညာရွင္ ဖီးလစ္ ခ်ာလီးယား (Philippe Charlier) ဦးေဆာင္တဲ့အဖြဲ႕ဟာ ျပင္သစ္ႏုိင္ငံ ေနာ္မန္ဒီေဒသ (Normandy) မွာရွိတဲ့ မိဖုရားႀကီးရဲ႕အုတ္ဂူကုိ တူးေဖာ္ခဲ့တဲ့အခ်ိန္မွာ မိဖုရားႀကီးမွာ ဆံပင္ေကာင္းရျခင္းရဲ႕အေၾကာင္းက Gold Chloride ရဲ႕ေဘးထြက္ဆုိးက်ိဳးျဖစ္ၿပီး အသားအေရျဖဴရတဲ့အေၾကာင္းက အဆိပ္ျဖစ္ၿပီး ေသြးအားနည္းလာတဲ့အတြက္ ျဖစ္ပါတယ္။

၇။ မရဏကုိ အံတုဖုိ႔ တိရိစာၦန္နဲ႔လူ ေသြးေရာရတယ္ (ေအဒီ ၁၇ရာစု)
၁၇ရာစုမွာလည္း အေတြးအေခၚပညာရွင္ေတြနဲ႔ သိပၸံပညာရွင္ေတြဟာ မရဏကုိ အံတုႏုိင္မယ့္နည္းလမ္းေတြကုိ တီထြင္ၾကံဆၾကပါေသးတယ္။ ၁၆၃၈ခုႏွစ္မွာ အဂၤလန္ဘုရင္ႀကီးခ်ာလ္-၂ (Charles II of England ) ရဲ႕ ရူပေဗဒပညာရွင္ တုိဘီရာစ္ ဝစ္တိတ္ကာ (Tobias Whitaker) ဟာ အသက္ရွည္က်န္းမာေစဖုိ႔ ဝုိင္ေသာက္ၾကပါလုိ႔ အခုိင္အမာတုိက္တြန္းထားေသးတယ္။
မရဏကုိ အံတုဖုိ႔ တိရိစာၦန္နဲ႔လူ ေသြးေရာရတဲ့ ေဒါက္တာ Jean Baptiste Denis
မရဏကုိ အံတုဖုိ႔ တိရိစာၦန္နဲ႔လူ ေသြးေရာရတဲ့ ေဒါက္တာ Jean Baptiste Denis
ဒီတစ္ခါ ၾကံခဲ့တာက တိရိစာၦန္ကေန လူဆီကုိ ေသြးေရာမယ့္အၾကံပါ။ ေသြးထြက္လြန္ေနတဲ့ ၁၅ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္ကုိ ေဒါက္တာ ဂ်င္ဘက္တက္စတီ ဒန္းနစ္ (Jean Baptiste Denis) ဟာ သုိးတစ္ေကာင္ဆီကေန ေသြးသြင္းၿပီး ကယ္ဆယ္ခဲ့ပါတယ္။

၈။ အသက္ရွည္ခ်င္ရင္ ေကာင္မေလးေဘးနားမွာ လဲေလ်ာင္းပါ (ေအဒီ ၁၈ရာစု)
ဂ်ာမန္ရူပေဒဗဒပညာရွင္ ခရစၥတုိဖာ ဟုလမ္း (Christoph Hufeland) ကေတာ့ အသက္ရွည္ေစမယ့္နည္းလမ္းေကာင္းႀကီးကုိ “The Art of Prolonging Life” မွာ ထည့္သြင္းေရးသားထားပါတယ္။
ပညာရွင္ႀကီး ခရစၥတုိဖာ ဟုလမ္း
ပညာရွင္ႀကီး ခရစၥတုိဖာ ဟုလမ္း
အသက္ငယ္ငယ္ေကာင္မေလးေဘးနားမွာ လိင္ကိစၥမလုပ္ဘဲ လဲေလ်ာင္းလုိက္မယ္ဆုိရင္ ႏုပ်ိဳမႈေတြကုိ ကူးစက္သလုိျဖစ္တဲ့အတြက္ အသက္ရွည္ေစပါတယ္လုိ႔ ေရးသားထားပါတယ္။

၉။ အသက္ရွည္ခ်င္ရင္ သုတ္ရည္ထုိးသြင္းပါ (ေအဒီ ၁၉ရာစု)
၁၈၈၉ခုႏွစ္မွေတာ့ ရူပေဗဒပညာရွင္ Charles Edouard Brown-Sequard ဟာ ေခြးနဲ႔ပူးေတြရဲ႕ေဝွးေစ့ေတြကုိ သုေတသနျပဳလုပ္ၿပီး ေဝွးေစ့ဟာ အသက္ရွည္ေဆးႀကီးတစ္ပါးျဖစ္တယ္လုိ႔ ဆုိလာျပန္ပါတယ္။ Charles Edouard Brown-Sequard ဟာ သုတ္ရည္၊ ေဝွေစ့၊ ေဝွးေစ့ေသြးေတြ ေရာစပ္ထားတဲ့အရည္ေတြကုိ ေျခေထာက္နဲ႔လက္ေတြမွာ ထုိးသြင္းလုိက္ပါတယ္။
သုတ္ရည္ထုိးသြင္းခဲ့တဲ့ Charles Edouard Brown-Sequard
သုတ္ရည္ထုိးသြင္းခဲ့တဲ့ Charles Edouard Brown-Sequard
ထုိးသြင္းၿပီးေနာက္မွာ ၇၂ႏွစ္ရွိတဲ့ Charles Edouard Brown-Sequard ဟာ ငယ္မူငယ္ေသြးျပန္ၾကြၿပီး လန္းဆန္းတက္ၾကြလုိ႔ေနပါတယ္။

၁ဝ။ အမ်ိဳးသား လိင္ပုိင္းဆုိင္ရာခြဲစိပ္ျပဳျပင္ခဲ့တဲ့ ေဒါက္တာ (ေအဒီ ၂ဝရာစု)
၁၉၂ဝခုႏွစ္မွာ အမ်ိဳးသားေတြ က်န္းမာသန္စြမ္းဖုိ႔အတြက္ လိင္ပုိင္းဆုိင္ရာခြဲစိပ္မႈေတြကုိ ေဒါက္တာ အူဂင္ စတိန္နာ (Eugen Steinach) က ဦးေဆာင္လႈပ္ရွားခဲ့တာ ေအာင္ျမင္မႈေတြရခဲ့ပါတယ္။
လိင္ပုိင္းဆုိင္ရာခြဲစိပ္ေနတဲ့ ေဒါက္တာ Serge-Voronoff
လိင္ပုိင္းဆုိင္ရာခြဲစိပ္ေနတဲ့ ေဒါက္တာ Serge-Voronoff
ေဒါက္တာ ဆာဂ်ီ ေဗာ္ရြန္ေနာ့ (Serge Voronoff) ဟာ ေမ်ာက္ေတြရဲ႕ေဝွးေစ့ေတြကုိ လူေပါင္း ၁ေထာင္ေက်ာ္ဆီ ေျပာင္းလဲတပ္ဆင္ေပးတဲ့အခါ ပုိၿပီးက်န္းမာလာတာကုိ ေတြ႕ရပါတယ္။

၁၁။ မ်က္ႏွာအေရျပားလွပဖုိ႔ ဆီးနဲ႔ စမ္းသပ္ေန (ေအဒီ ၂၁ရာစု)
ဟုိးေရွးေရွးကတည္းက အုိမင္းလာတဲ့ဇရာကို အံတုလာလုိက္ၾကတာ အခုဆုိရင္ ၂၁ရာစုေတာင္ ေရာက္လုိ႔လာပါၿပီ။ ၂၁ရာစုက သိပၸံပညာရွင္ေတြ အေရျပားပါရဂူေတြကလည္း ေခသူမဟုတ္ပါဘူး။ မ်က္ႏွာမွာ အေရျပားအက္ကြဲတာေတြ အေရးအေၾကာင္းေပၚမွာေတြ မွဲ႔ေျခာက္တင္းတိတ္ေတြကုိ အံတုဖုိ႔ မ်က္ႏွာသစ္ေဆးေတြမွာ ဆီးကုိ အသုံးျပဳလာပါၿပီ။ မ်က္ႏွာမွာရွိတဲ့ အေရျပားအေရာင္ျခယ္ပစၥည္းေတြ အေရာင္က်လာတာကုိ ဆီးက အေကာင္းဆုံးထိန္းခ်ဳပ္ေပးပါတယ္။

သုတ္ရည္ပါတဲ့ေဆးနဲ႔ မ်က္ႏွာလိမ္းေနတဲ့ ၂၁ရာစုမိန္းမပ်ိဳ
သုတ္ရည္ပါတဲ့ေဆးနဲ႔ မ်က္ႏွာလိမ္းေနတဲ့ ၂၁ရာစုမိန္းမပ်ိဳ

သုတ္မွာပါဝင္တဲ့ ဗီတာမင္ဓာတ္ေတြေၾကာင့္ သုတ္နဲ႔ ထုတ္လုပ္ထားတဲ့ ေဆးဝါးေတြကလည္း အေရျပားကုိ လွပတင့္တယ္ေစပါတယ္။ အေမရိကန္ႏုိင္ငံ ဖီလားယ္ဖီးရားၿမိဳ႕ (Philadelphia) မွာ အေျခစုိက္ထားတဲ့ Bioquark ကုမၸဏီဟာဆုိရင္ ေသဆုံးသြားတဲ့လူတစ္ေယာက္ရဲ႕ ဦးေႏွာက္ကုိေတာင္ ျပန္လည္အလုပ္လုပ္ႏုိင္စြမ္းရွိေအာင္ ေဆးထုိးႏုိင္တယ္လုိ႔ အခုိင္အမာေျပာဆုိထားပါေသးတယ္။

ကဲ . . . ဒါေတြကေတာ့ ေခတ္အဆက္ဆက္မွာ အုိမင္းရင့္ေရာ္မႈကုိ နည္းအမ်ိဳးမ်ိဳးနဲ႔ ထိန္းခ်ဳပ္ေနၾကတာျဖစ္ပါတယ္။ တခ်ိဳ႕နည္းေတြက ရယ္စရာေကာင္းသလုိ တခ်ိဳ႕နည္းေတြက နည္းလမ္းမက်ပါဘူး။ “အုိ၊ နာ၊ ေသ” ဆုိတာ လူတုိင္းေရွာင္လႊဲလုိ႔ မရႏုိင္တဲ့ ေလာကနိယာမတရားႀကီးပါ။ အသက္ရွင္သန္ေနတုန္း မေကာင္းမႈေတြ ေရွာင္ခြာၿပီး ေကာင္းမႈေတြ လုပ္ကုိင္ကာ စိတ္ထားေကာင္းနဲ႔ အသက္ရွင္ၾကပါလုိ႔ တုိက္တြန္းလုိက္ရပါတယ္။
ေက်ာ္စုိးေအာင္ (အခရာ)
www.akhayar.com
========

ခေတ်အဆက်ဆက်မှာ ဇရာကို ပေါက်ကရနည်းတွေနဲ့ ဘယ်လိုအံတုခဲ့လဲ

မြန်မာတွေမှာတော့ အမျိုးသားတစ်ယောက် ကလေးရအောင် မစွမ်းဆောင်နိုင်ဘူးဆိုရင် ဆိတ်ဝှေးစေ့ စားရတာတို့၊ ကလေးတွေ အသက်၅နှစ်လောက် ရောက်တဲ့အထိ စကားမပြောတတ်သေးရင် ကြက်ဖင်ဆီဖူး စားရတာတွေကတော့ ရှိခဲ့ဖူးပါတယ်။ သိပ္ပံပညာနဲ့ကြည့်ရင် တခြားသူတွေက ပေါကြောင်ကြောင်လို့ပဲမြင်ပါစေဦး ကိုယ့်တွေကတော့ လုပ်မြဲတိုင်း လုပ်နေဦးမှာပဲ။ ဒီလိုပါပဲ သမိုင်းတစ်လျှောက်မှာလည်း အို ၊ နာ ၊ သေကို အံတုခဲ့တဲ့ ဆေးပညာကြိုးပမ်းမှုတွေကို ဖော်ပြလိုက်ပါတယ်။

၁။ မြည်းနို့နဲ့ ရေချိုးခဲ့တဲ့ အီဂျစ်ဘုရင်မ ကယ်လီယို ပတ်ထရာ (ဘီစီ ၁ရာစု)
လွန်ခဲ့တဲ့ နှစ်၂ထောင်ကျော်က အီဂျစ်ဘုရင်မ ကယ်လီယို ပတ်ထရာ (Queen Cleopatra) ဟာ အသားအရေလှပဖို့အတွက် အချဉ်ဖောက်ထားတဲ့ မြည်းနို့နဲ့ ရေချိုးခဲ့ပါတယ်။ အချဉ်ဖောက်ထားတဲ့ မြည်းနို့မှာ ပါဝင်တဲ့ လက်တစ်အက်ဆစ် (Latic Acid) ဟာ အရေပြားရဲ့အပေါ်ဆုံးအလွှာမှရှိတဲ့ နူးညံ့ချောမွေ့စေလို့ပဲဖြစ်ပါတယ်။
မြည်းနို့နဲ့ ရေချိုးခဲ့တဲ့ အီဂျစ်ဘုရင်မ ကယ်လီယို ပတ်ထရာ
မြည်းနို့နဲ့ ရေချိုးခဲ့တဲ့ အီဂျစ်ဘုရင်မ ကယ်လီယို ပတ်ထရာ
ဘုရင်ကြီး ဂျူးလီးယက်ဆီဇာဟာ ဆံပင်အနည်းငယ်ပြောင်လာတဲ့အတွက် ဆံပင်တွေပြန်ပေါက်ဖို့ ဆေးဝါးတွေ သုံးခဲ့ပါသေးတယ်လို့ သုတေသီတွေက ဆိုပါတယ်။ မိတ်ကပ်ကို မိကျောင်းချေးနဲ့ ဖော်စပ်ပြီးတော့ လိမ်းခြယ်လေ့ရှိပြီး မျက်လုံးတွေကို ကြေးစိမ်း၊ ခဲမဲတွေနဲ့ အလှဆင်ထားပါတယ်။ သိပ္ပံနည်းကျတွေးကြည့်ရင် ထူးဆန်းလှပေမယ့် သူ့ခေတ်သူ့ခါတုန်းက အိုမင်းလာတဲ့ ဇရာကို အံတုခဲ့ပုံတွေပါပဲ။

၂။ သေဆုံးသွားတဲ့ စစ်သည်ရဲ့ သွေးကို သောက်တဲ့ ရောမခေတ် (အေဒီ ၁ရာစု)
ရောမခေတ်တုန်းကဆိုရင် လူထုကို ဖျော်ဖြေဖို့ လူသတ်ကွင်းကြီးထဲမှာ စစ်သည်အချင်းချင်း အသေအကြေသတ်ဖြတ်ကြတယ်။ နိုင်တဲ့စစ်သည်က သေဆုံးတဲ့သူရဲ့ သွေးကို သောက်လေ့ရှိတယ်။
သေဆုံးသွားတဲ့ စစ်သည်ရဲ့ သွေးကို သောက်တဲ့ ရောမခေတ်
သေဆုံးသွားတဲ့ စစ်သည်ရဲ့ သွေးကို သောက်တဲ့ ရောမခေတ်
ရောမစစ်သည်တွေက သွေးသောက်ရင် ဝက်ရူးပြန်ရောဂါကို ကုသနိုင်တယ်လို့လည်း ယုံကြည်ခဲ့ကြတယ်။ ရဲရင့်ဖြတ်လတ်စေတယ်လို့လည်း ထင်ထားတယ်။ အေဒီ ၄ရာစုမှာ လူသတ်ပွဲကြီးတွေ တားမြစ်ခဲ့ပေမယ့် သွေးသောက်တဲ့ဓလေ့က ကျန်းမာရေးကောင်းမွန်စေတယ်လို့ ယုံကြည်ထားလို့ အခုချိန်ထိ မပျောက်သေးပါဘူး။

၃။ တာအိုယုံကြည်သူတွေက လိပ်ဥ၊ ကြိုးကြာဥတွေ စားကြတယ် (အေဒီ ၃ဝဝ)
အေဒီ ၃ဝဝတုန်းက တာအိုသက်ဝင်ယုံကြည်သူ (Taoists) တွေဟာ သစ်သီးသစ်ရွက်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေသာမက လိပ်ဥနဲ့ ကြိုးကြာဥတွေကိုလည်း အသက်ရှည်ကျန်းမာစေဖို့နဲ့ လိင်စိတ်နည်းပါးစေဖို့ စားသုံးကြပါတယ်။
လိင်စိတ်လျော့နည်းဖို့ လိပ်ဥနဲ့ ကြိုးကြာဥတွေကို စားကြတဲ့ တာအိုဘာသာဝင်
လိင်စိတ်လျော့နည်းဖို့ လိပ်ဥနဲ့ ကြိုးကြာဥတွေကို စားကြတဲ့ တာအိုဘာသာဝင်
တာအိုယုံကြည်သူတွေက အသားငါး၊ ဆန်နဲ့ ဖန်တီးထားတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ကြပါတယ်။

၄။ ရွှေအရည်နဲ့ မျောက်ဦးနှောက်ကို စားရင် အသက်၅ဝဝအထိ ရှည်သတဲ့ (အေဒီ ၄ရာစု)
တရုတ်အတွေးအခေါ်ပညာရှင် ဂျီဟောင် (Ge Hong) ဟာ မအိုဆေးအကြောင်းအရာတွေကို ရေးသားဖော်ပြထားပါတယ်။ အစားအသောက်၊ လေ့ကျင့်ခန်း၊ လိင်မှုကိစ္စနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေကိုသာ ပေါင်းစပ်လုပ်ကိုင်သွားမယ်ဆိုရင် လူတိုင်းအသက်ရှည်နိုင်ပါတယ်လို့ ဆိုထားပါတယ်။
ရွှေနဲ့မျောက်ဦးနှောက်ပေါင်းလိုက်ရင် နှစ်၅ဝဝထိ အသက်ရှည်သတဲ့
ရွှေနဲ့မျောက်ဦးနှောက်ပေါင်းလိုက်ရင် နှစ်၅ဝဝထိ အသက်ရှည်သတဲ့
ဘယ်တော့မှ မပျက်စီးတဲ့ရွှေကို အရည်ဖျော်ပြီးတော့ မျောက်ဦးနှောက်ကို ပေါင်းစပ်စားသောက်မယ်ဆို နှစ်၅ဝဝအထိ အသက်ရှည်နိုင်ပါတယ်လို့ ဂုရုကြီး ဂျီဟောင်က အခိုင်အမာပြောထားပါသေးတယ်။

၅။ မြွေပွေးဝိုင်ကို သောက်ရင် အသက်ရှည်သတဲ့ ( အေဒီ ၁၃ရာစု)
အင်္ဂလိပ်တွေးခေါ်ပညာရှင် ရောဂျာဘာကွန် (Roger Bacon) ဟာ အသက်ရှည်ဆေးကြီးအကြောင်း ရေးသားခဲ့ပါသေးတယ်။ ရွှေ၊ သစ်တော်သီး၊ ကျောက်မီးသွေး၊ သန္တာကောင်နဲ့ သမင်အရိုးတွေကို ရောစပ်ထားတဲ့ အမှုန့်နဲ့ ဝိုင်နဲ့ ရောသောက်မယ်ဆိုရင် “မအိုဆေး” ဖြစ်ပါတယ်လို့ ဆိုပါတယ်။
မြွေပွေးဝိုင်ကို သောက်ရင် အသက်ရှည်သတဲ့
မြွေပွေးဝိုင်ကို သောက်ရင် အသက်ရှည်သတဲ့
သူနဲ့ခေတ်ပြိုင် တွေးခေါ်ပညာရှင် ဂယ်လန် (Galen) ကလည်း အမှုန့်တွေကို မြွေပွေးစိမ်ထားတဲ့ဝိုင်နဲ့ ရောသောက်သင့်ပါတယ်လို့ ထပ်လောင်းပြောဆိုထားပါတယ်။

၆။ အသားအရေလှအောင် ရွှေနဲ့ကလိုရင်းကို ရောစပ်သောက်ခဲ့တဲ့ ပြင်သစ်မိဖုရားကြီး (အေဒီ ၁၆ရာစု)
၁၅၅ဝခုနှစ်ဝန်းကျင်တုန်းက ပြင်သစ်ဘုရင်ဟင်နရီ-၂ (King Henry II) ရဲ့မိဖုရားဖြစ်တဲ့ ဒိုင်ယာနီ ဒီပွိုက်တီးယား (Diane de Poitiers) ဟာဆိုရင် အရွယ်တင်နုပျိုအောင်လို့ ရွှေနဲ့ကလိုရင်းဒြပ်ပေါင်း (Gold Chloride) ကို Diethyl Ether နဲ့ရောစပ်သောက်ခဲ့ပါတယ်။ မိဖုရားကြီးဟာ ဘုရင်ကြီးထက် အသက်၂ဝနီးပါးကြီးတဲ့အတွက် ရုပ်မရင့်အောင်လို့ ဆေးဝါးမှီဝဲတဲ့ သဘောပဲဖြစ်ပါတယ်။ ပင့်ကူအိမ်၊ တီကောင်၊ ဖားဥနဲ့ ကင်းဆီတွေကို ရောနှောပြီးတော့ သောက်သုံးခဲ့ပါတယ်။
Gold Chloride ကြောင့် သေဆုံးခဲ့တဲ့ မိဖုရားကြီး Diane de Poitiers
Gold Chloride ကြောင့် သေဆုံးခဲ့တဲ့ မိဖုရားကြီး Diane de Poitiers
မိဖုရားကြီးဟာ ၆၆နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပေမယ့် အသက်၃ဝလောက်ပဲ ထင်ရလောက်အောင် နုပျိုတယ်လို့ စာဆိုတော်တွေ ချဲ့ကားရေးသားကြပေမယ့် တကယ်တမ်းတော့ Gold Chloride ဟာ လူကို အဆိပ်ဖြစ်စေတဲ့ဒြပ်ပေါင်းဖြစ်တယ်ဆိုတာ နောက်ပိုင်းမှသိခဲ့ရပါတယ်။ သုတေသနပညာရှင် ဖီးလစ် ချာလီးယား (Philippe Charlier) ဦးဆောင်တဲ့အဖွဲ့ဟာ ပြင်သစ်နိုင်ငံ နော်မန်ဒီဒေသ (Normandy) မှာရှိတဲ့ မိဖုရားကြီးရဲ့အုတ်ဂူကို တူးဖော်ခဲ့တဲ့အချိန်မှာ မိဖုရားကြီးမှာ ဆံပင်ကောင်းရခြင်းရဲ့အကြောင်းက Gold Chloride ရဲ့ဘေးထွက်ဆိုးကျိုးဖြစ်ပြီး အသားအရေဖြူရတဲ့အကြောင်းက အဆိပ်ဖြစ်ပြီး သွေးအားနည်းလာတဲ့အတွက် ဖြစ်ပါတယ်။

၇။ မရဏကို အံတုဖို့ တိရိစ္ဆာန်နဲ့လူ သွေးရောရတယ် (အေဒီ ၁ရရာစု)
၁ရရာစုမှာလည်း အတွေးအခေါ်ပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေဟာ မရဏကို အံတုနိုင်မယ့်နည်းလမ်းတွေကို တီထွင်ကြံဆကြပါသေးတယ်။ ၁၆၃၈ခုနှစ်မှာ အင်္ဂလန်ဘုရင်ကြီးချာလ်-၂ (Charles II of England ) ရဲ့ ရူပဗေဒပညာရှင် တိုဘီရာစ် ဝစ်တိတ်ကာ (Tobias Whitaker) ဟာ အသက်ရှည်ကျန်းမာစေဖို့ ဝိုင်သောက်ကြပါလို့ အခိုင်အမာတိုက်တွန်းထားသေးတယ်။
မရဏကို အံတုဖို့ တိရိစ္ဆာန်နဲ့လူ သွေးရောရတဲ့ ဒေါက်တာ Jean Baptiste Denis
မရဏကို အံတုဖို့ တိရိစ္ဆာန်နဲ့လူ သွေးရောရတဲ့ ဒေါက်တာ Jean Baptiste Denis
ဒီတစ်ခါ ကြံခဲ့တာက တိရိစ္ဆာန်ကနေ လူဆီကို သွေးရောမယ့်အကြံပါ။ သွေးထွက်လွန်နေတဲ့ ၁၅နှစ်အရွယ်ကောင်လေးတစ်ယောက်ကို ဒေါက်တာ ဂျင်ဘက်တက်စတီ ဒန်းနစ် (Jean Baptiste Denis) ဟာ သိုးတစ်ကောင်ဆီကနေ သွေးသွင်းပြီး ကယ်ဆယ်ခဲ့ပါတယ်။

၈။ အသက်ရှည်ချင်ရင် ကောင်မလေးဘေးနားမှာ လဲလျောင်းပါ (အေဒီ ၁၈ရာစု)
ဂျာမန်ရူပဒေဗဒပညာရှင် ခရစ္စတိုဖာ ဟုလမ်း (Christoph Hufeland) ကတော့ အသက်ရှည်စေမယ့်နည်းလမ်းကောင်းကြီးကို “The Art of Prolonging Life” မှာ ထည့်သွင်းရေးသားထားပါတယ်။
ပညာရှင်ကြီး ခရစ္စတိုဖာ ဟုလမ်း
ပညာရှင်ကြီး ခရစ္စတိုဖာ ဟုလမ်း
အသက်ငယ်ငယ်ကောင်မလေးဘေးနားမှာ လိင်ကိစ္စမလုပ်ဘဲ လဲလျောင်းလိုက်မယ်ဆိုရင် နုပျိုမှုတွေကို ကူးစက်သလိုဖြစ်တဲ့အတွက် အသက်ရှည်စေပါတယ်လို့ ရေးသားထားပါတယ်။

၉။ အသက်ရှည်ချင်ရင် သုတ်ရည်ထိုးသွင်းပါ (အေဒီ ၁၉ရာစု)
၁၈၈၉ခုနှစ်မှတော့ ရူပဗေဒပညာရှင် Charles Edouard Brown-Sequard ဟာ ခွေးနဲ့ပူးတွေရဲ့ဝှေးစေ့တွေကို သုတေသနပြုလုပ်ပြီး ဝှေးစေ့ဟာ အသက်ရှည်ဆေးကြီးတစ်ပါးဖြစ်တယ်လို့ ဆိုလာပြန်ပါတယ်။ Charles Edouard Brown-Sequard ဟာ သုတ်ရည်၊ ဝှေစေ့၊ ဝှေးစေ့သွေးတွေ ရောစပ်ထားတဲ့အရည်တွေကို ခြေထောက်နဲ့လက်တွေမှာ ထိုးသွင်းလိုက်ပါတယ်။
သုတ်ရည်ထိုးသွင်းခဲ့တဲ့ Charles Edouard Brown-Sequard
သုတ်ရည်ထိုးသွင်းခဲ့တဲ့ Charles Edouard Brown-Sequard
ထိုးသွင်းပြီးနောက်မှာ ၇၂နှစ်ရှိတဲ့ Charles Edouard Brown-Sequard ဟာ ငယ်မူငယ်သွေးပြန်ကြွပြီး လန်းဆန်းတက်ကြွလို့နေပါတယ်။

၁ဝ။ အမျိုးသား လိင်ပိုင်းဆိုင်ရာခွဲစိပ်ပြုပြင်ခဲ့တဲ့ ဒေါက်တာ (အေဒီ ၂ဝရာစု)
၁၉၂ဝခုနှစ်မှာ အမျိုးသားတွေ ကျန်းမာသန်စွမ်းဖို့အတွက် လိင်ပိုင်းဆိုင်ရာခွဲစိပ်မှုတွေကို ဒေါက်တာ အူဂင် စတိန်နာ (Eugen Steinach) က ဦးဆောင်လှုပ်ရှားခဲ့တာ အောင်မြင်မှုတွေရခဲ့ပါတယ်။
လိင်ပိုင်းဆိုင်ရာခွဲစိပ်နေတဲ့ ဒေါက်တာ Serge-Voronoff
လိင်ပိုင်းဆိုင်ရာခွဲစိပ်နေတဲ့ ဒေါက်တာ Serge-Voronoff
ဒေါက်တာ ဆာဂျီ ဗော်ရွန်နော့ (Serge Voronoff) ဟာ မျောက်တွေရဲ့ဝှေးစေ့တွေကို လူပေါင်း ၁ထောင်ကျော်ဆီ ပြောင်းလဲတပ်ဆင်ပေးတဲ့အခါ ပိုပြီးကျန်းမာလာတာကို တွေ့ရပါတယ်။

၁၁။ မျက်နှာအရေပြားလှပဖို့ ဆီးနဲ့ စမ်းသပ်နေ (အေဒီ ၂၁ရာစု)
ဟိုးရှေးရှေးကတည်းက အိုမင်းလာတဲ့ဇရာကို အံတုလာလိုက်ကြတာ အခုဆိုရင် ၂၁ရာစုတောင် ရောက်လို့လာပါပြီ။ ၂၁ရာစုက သိပ္ပံပညာရှင်တွေ အရေပြားပါရဂူတွေကလည်း ခေသူမဟုတ်ပါဘူး။ မျက်နှာမှာ အရေပြားအက်ကွဲတာတွေ အရေးအကြောင်းပေါ်မှာတွေ မှဲ့ခြောက်တင်းတိတ်တွေကို အံတုဖို့ မျက်နှာသစ်ဆေးတွေမှာ ဆီးကို အသုံးပြုလာပါပြီ။ မျက်နှာမှာရှိတဲ့ အရေပြားအရောင်ခြယ်ပစ္စည်းတွေ အရောင်ကျလာတာကို ဆီးက အကောင်းဆုံးထိန်းချုပ်ပေးပါတယ်။

သုတ်ရည်ပါတဲ့ဆေးနဲ့ မျက်နှာလိမ်းနေတဲ့ ၂၁ရာစုမိန်းမပျို
သုတ်ရည်ပါတဲ့ဆေးနဲ့ မျက်နှာလိမ်းနေတဲ့ ၂၁ရာစုမိန်းမပျို

သုတ်မှာပါဝင်တဲ့ ဗီတာမင်ဓာတ်တွေကြောင့် သုတ်နဲ့ ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေကလည်း အရေပြားကို လှပတင့်တယ်စေပါတယ်။ အမေရိကန်နိုင်ငံ ဖီလားယ်ဖီးရားမြို့ (Philadelphia) မှာ အခြေစိုက်ထားတဲ့ Bioquark ကုမ္ပဏီဟာဆိုရင် သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့ ဦးနှောက်ကိုတောင် ပြန်လည်အလုပ်လုပ်နိုင်စွမ်းရှိအောင် ဆေးထိုးနိုင်တယ်လို့ အခိုင်အမာပြောဆိုထားပါသေးတယ်။

ကဲ . . . ဒါတွေကတော့ ခေတ်အဆက်ဆက်မှာ အိုမင်းရင့်ရော်မှုကို နည်းအမျိုးမျိုးနဲ့ ထိန်းချုပ်နေကြတာဖြစ်ပါတယ်။ တချို့နည်းတွေက ရယ်စရာကောင်းသလို တချို့နည်းတွေက နည်းလမ်းမကျပါဘူး။ “အို၊ နာ၊ သေ” ဆိုတာ လူတိုင်းရှောင်လွှဲလို့ မရနိုင်တဲ့ လောကနိယာမတရားကြီးပါ။ အသက်ရှင်သန်နေတုန်း မကောင်းမှုတွေ ရှောင်ခွာပြီး ကောင်းမှုတွေ လုပ်ကိုင်ကာ စိတ်ထားကောင်းနဲ့ အသက်ရှင်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ကျော်စိုးအောင် (အခရာ)
www.akhayar.com

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...