======


9-6-2017 အချိန်မနက်10:30 ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့မြို့ ထောက်ကြံ့ဈေးရှေ့တွင် အမျိုးသမီးငယ် တစ် ဦး သတိလစ်လဲနေသည်ဟု ထောက်ကြံ့မြို့မ ရဲစခန်းမှ တာဝန်ကျရဲအရာရှိမှ ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့သို့ အကြောင်းကာ အကူညီတောင်ခံခဲ့။




Ph – 09-43171879
Htin Lin Aung
============

9-6-2017 အချိန်မနက်10:30 ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့မြို့ ထောက်ကြံ့စျေးရှေ့တွင် အမျိုးသမီးငယ် တစ် ဦး သတိလစ်လဲနေသည်ဟု ထောက်ကြံ့မြို့မ ရဲစခန်းမှ တာဝန်ကျရဲအရာရှိမှ ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့သို့ အကြောင်းကာ အကူညီတောင်ခံခဲ့။

သတိလစ်နေသူအား Taxi ကားဆရာ တဦးမှ ကူညီကာ ထောက်ကြံ့နယ်မြေ ရဲစခန်းသို့ ကူညီပို့ဆောင်ပေးခဲ့ ပြီး ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ အမျိုးသမီးအား မေဓါဝီဆေးရုံသို့ အချိန်မှီ ပို့ဆောင်ခဲ့ပြီး အသက်ကယ်တင်နိုင် ခဲ့ပါသည်။

ဖြစ်စဉ်မှာ ကလေးမြို့မှ ရန်ကုန်သို့ အလုပ်လာလုပ်တာ ဖြစ်ပြီး အလုပ်မှ ထွက်ပြီး သူငယ်ချင်းတွေနဲ့ ထောက်ကြံလမ်းဆုံ အရောက် လူစုကွဲသွားခဲ့။

လူနာသတိရချိန် ပြောပြချက်အရ ကော်ဖီမစ် (၁၀) ခွက် သောက်ထားသည်ဟု ပြောပြပါသည်။ မိသားစုနဲ့ပြန်လည် အဆက်အသွယ်ရအောင် ပုလဲမြို့ သစ် အရန်မီးသတ်တပ်ဖွဲ့မှ ထပ်မံကူညီလျှက် ရှိပါသည်။ ပုံပါလူနာအားသိရှိပါ ကလည်း ကူညီပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါတယ်။

Ph – 09-43171879
09-962233772 ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့
Htin Lin Aung

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...