======

ေယာက္်ားစိတ္ ေပါက္ေနသူ အမ်ဳိးသမီးတစ္ဦး သားမယားျပဳက်င့္ခံရ


မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ မုပြန္နယ္ေျမရဲစခန္းသို႔ မုဒုံၿမိဳ႕နယ္ ေက်ာက္တစ္လုံးေက်းရြာေန မxxxx(၂၃ႏွစ္) ေယာက္်ားစိတ္ ေပါက္ေနသူေရာက္ရွိလာၿပီး ၄င္း အား မုဒုံၿမိဳ႕နယ္ ၿမိဳင္ကုန္းေက်းရြာ ဗ်ဳိင္းႏွစ္ေကာင္ ေစ်းဆိုင္တန္းေန ေအာင္ၿဖိဳးဝင္း(ခ) မာန္ေအာင္ (၂၅ႏွစ္) (လက္ေဝွ႕သမား)က ေမာ္လၿမိဳင္ၿမိဳ႕နယ္ ႐ိုးဂိုးေက်းရြာ သခ်ဳႋင္းေဘး၌ ဇြန္လ ၃ ရက္ေန ့ယမန္ေန႔နံနက္ ၁ဝ နာရီ ၁၅ မိနစ္တြင္ သားမယားျပဳ က်င့္ခဲ့ေၾကာင္း တိုင္တန္းသျဖင့္ ေအာင္ၿဖိဳးဝင္း(ခ)မာန္ေအာင္အေပၚ ရဲစခန္းမွ (ပ)၂၈၇/၂ဝ၁၇၊ ရာဇ သတ္ႀကီးဥပေဒပုဒ္မ ၃၇၆/၃၂၃ အရအမႈဖြင့္အေရးယူ ေဆာင္ရြက္ လ်က္ရွိေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မxxxx သည္ မုဒုံ ၿမိဳ႕နယ္ ေက်ာက္တစ္လုံးေက်းရြာ နဂါးေမာက္ဘုရားေတာင္လယ္ကြင္း အတြင္းေန ဦးျမင့္ေအာင္၏ဇနီးျဖစ္ သူ(အမည္မသိ)အား ၄င္းေမြးစား မိခင္ေနထိုင္ေသာ ေမာ္လၿမိဳင္ၿမိဳ႕သို႔ သြားေရာက္မည္ျဖစ္ေၾကာင္းေျပာ ဆိုေနစဥ္ ယခင္က ရင္းႏွီးခင္မင္ခဲ့ သည့္ ေအာင္ၿဖိဳးဝင္း(ခ)မာန္ေအာင္ က အရက္ေသာက္ေနရာမွ ၄င္း အားလိုက္ပို႔ေပးမည္ဟု ေျပာဆိုခဲ့ ေၾကာင္း၊ ယင္းေနာက္ ေအာင္ၿဖိဳး ဝင္း(ခ)မာန္ေအာင္သည္ ဆိုင္ကယ္ (ယာဥ္အမွတ္စိစစ္ဆဲ)ျဖင့္ မxxx အား လိုက္ပါပို႔ေဆာင္ခဲ့စဥ္ ေမာ္လ ၿမိဳင္ၿမိဳ႕နယ္ ႐ိုးဂိုးေက်းရြာအေရာက္ တြင္ ႐ိုးဂိုးေက်းရြာသခ်ဳႋင္းဘက္သို႔ ေကြ႕ဝင္ေမာင္းႏွင္သြားခဲ့ေၾကာင္း၊ ေအာင္ၿဖိဳးဝင္း(ခ)မာန္ေအာင္က သခ်ဳႋင္းေဘးတြင္ ဆိုင္ကယ္အား ရပ္တန္႔ခဲ့ၿပီး မxxxx၏ မ်က္ႏွာ အား လက္သီးျဖင့္လည္းေကာင္း၊ ဦးေခါင္းအား တံေတာင္ျဖင့္ လည္း ေကာင္းထု႐ိုက္ခဲ့ၿပီး ၄င္းအားအလို မတူဘဲ သားမယားအျဖစ္ ႏွစ္ႀကိမ္ ျပဳက်င့္ခဲ့သျဖင့္ ရဲစခန္းသို႔တိုင္ တန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ႏိုင္ႏိုင္(မြန္)
The Union Daily
Unicode
မွန်ပြည်နယ် မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းသို့ မုဒုံမြို့နယ် ကျောက်တစ်လုံးကျေးရွာနေ မxxxx(၂၃နှစ်) ယောကျာ်းစိတ် ပေါက်နေသူရောက်ရှိလာပြီး ၄င်း အား မုဒုံမြို့နယ် မြိုင်ကုန်းကျေးရွာ ဗျိုင်းနှစ်ကောင် ဈေးဆိုင်တန်းနေ အောင်ဖြိုးဝင်း(ခ) မာန်အောင် (၂၅နှစ်) (လက်ဝှေ့သမား)က မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ သင်္ချိုင်းဘေး၌ ဇွန်လ ၃ ရက်နေ ့ယမန်နေ့နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် သားမယားပြု ကျင့်ခဲ့ကြောင်း တိုင်တန်းသဖြင့် အောင်ဖြိုးဝင်း(ခ)မာန်အောင်အပေါ် ရဲစခန်းမှ (ပ)၂၈၇/၂ဝ၁၇၊ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၂၃ အရအမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မxxxx သည် မုဒုံ မြို့နယ် ကျောက်တစ်လုံးကျေးရွာ နဂါးမောက်ဘုရားတောင်လယ်ကွင်း အတွင်းနေ ဦးမြင့်အောင်၏ဇနီးဖြစ် သူ(အမည်မသိ)အား ၄င်းမွေးစား မိခင်နေထိုင်သော မော်လမြိုင်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်းပြော ဆိုနေစဉ် ယခင်က ရင်းနှီးခင်မင်ခဲ့ သည့် အောင်ဖြိုးဝင်း(ခ)မာန်အောင် က အရက်သောက်နေရာမှ ၄င်း အားလိုက်ပို့ပေးမည်ဟု ပြောဆိုခဲ့ ကြောင်း၊ ယင်းနောက် အောင်ဖြိုး ဝင်း(ခ)မာန်အောင်သည် ဆိုင်ကယ် (ယာဉ်အမှတ်စိစစ်ဆဲ)ဖြင့် မxxx အား လိုက်ပါပို့ဆောင်ခဲ့စဉ် မော်လ မြိုင်မြို့နယ် ရိုးဂိုးကျေးရွာအရောက် တွင် ရိုးဂိုးကျေးရွာသင်္ချိုင်းဘက်သို့ ကွေ့ဝင်မောင်းနှင်သွားခဲ့ကြောင်း၊ အောင်ဖြိုးဝင်း(ခ)မာန်အောင်က သင်္ချိုင်းဘေးတွင် ဆိုင်ကယ်အား ရပ်တန့်ခဲ့ပြီး မxxxx၏ မျက်နှာ အား လက်သီးဖြင့်လည်းကောင်း၊ ဦးခေါင်းအား တံတောင်ဖြင့် လည်း ကောင်းထုရိုက်ခဲ့ပြီး ၄င်းအားအလို မတူဘဲ သားမယားအဖြစ် နှစ်ကြိမ် ပြုကျင့်ခဲ့သဖြင့် ရဲစခန်းသို့တိုင် တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်နိုင်(မွန်)

The Union Daily

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...